Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, January 28, 2014

နှစ်ယောက်သား တကယ်ချစ်ကြိုက်နေရင် တချို့စကားတွေကို လုံးဝ မပြောမိပါစေနဲ့…

အဲဒီနေ့မှာ သူတို့ ရန်ဖြစ်ကြပြန်ပြီ…
အိမ်ထောင်ကျပြီးတာ တစ်နှစ်ဘဲရှိသေးတယ်… နှစ်ယောက်သား သေးသေးကြီးကြီး ရန်ဖြစ်နေကြတာ အဆက်မပြတ်ပါဘဲ…သူတို့ နှစ်ယောက်လုံး စဉ်းစားလို့ မရဘူး… အိမ်ထောင်ရေးဟာ ဘာဖြစ်လို့ ဒီလိုပြောင်းလဲသွားရပါလိမ့်…သူတို့ထင်ထားတာက အိမ်ထောင်ရေးဟာ ချစ်သူဘ၀ရဲ့ အဆက်ဘဲ…
တကယ့်လက်တွေ့ဘ၀မှာတော့ နေနှင့်လ ၊ ရွှေနဲ့မြ လိုထင်ထားတာ မဟုတ်ဘဲ ကြောင်နဲ့ကြွက်လို တပူပူ တကြပ်ကြပ် ရန်ဖြစ်နေရတယ်…

ဒီတစ်ခေါက် ရန်ဖြစ်ရတဲ့ အကြောင်းရင်းကလဲ ရှင်းရှင်းလေးပါ… သူအိပ်ယာထတာ နည်းနည်းနောက်ကျသွားတော့ အိမ်အောက်ထပ်ဆင်ပြီး မနက်စာ မ၀ယ်ထားနိုင်လို့ပါတဲ့…
သူမကတော့ ရေချိုးခန်းထဲမှာ သန့်စင်လိမ်းကျော့ပြီး ထွက်လာတော့ သူအိပ်ယာမထသေးတာလဲ မြင်ရော် ကတောက်ကတောက်နဲ့ ရွတ်တော့တာဘဲ… “မထသေးဘူးလား… နင်ငါ့ကို ငတ်ပြီးသေစေချင်နေတာလား…”
“တစ်နပ်မစားရလို့ ငတ်ပြီးသေနိုင်လို့လား…” သူ မကျေနပ်တော့ဘူး…
“နင် မှန်ရှေ့မှာဘဲ အချိန်ဖြုန်းနေတတ်တယ်… နင်ဒီလို အား နေရင်လဲ စောစောဆင်းပြီး ၀ယ်ထားပေါ့…”
“ဟဲ့… ဒါက ငါ့ အလုပ်မဟုတ်ဘူးလေ… အစောကြီးကတည်းက ပြောထားပြီးသားဘဲ… ရှင်က မနက်စာ တာဝန်ယူ…. ကျုပ်က ညစာ တာဝန်ယူမယ်လို့ … ရှင်နော်…”

သူတို့ ဒီလိုနဲ့ စကားများကြပြီး… သူအင်္ကျီကို ကောက်ဝတ်လိုက်ပြီး မျက်နှာတောင် မသစ်တော့ဘဲ အပြင်ထွက်သွားတယ်… သူမကလဲ… ဘိုင်းကနဲ တံခါးကို စောင့်ပိတ်လိုက်ပြီး အော်ပြောလိုက်တယ်… “ရှင် ညကျရင် မပြန်လာနဲ့… ငါချက်တဲ့ ထမင်းဟင်း ရှင့်ကို မကျွေးနိုင်ဘူး…”

သူဆိုင်ကယ်စီးပြီး ထွက်သွားလိုက်တာ ပြန်တောင်လှည့်မကြည့်ဘူး…
ဟိုး ပူပူနွေးနွေး ချစ်သူဘ၀တုန်းကတော့ သူ့ကောင်မလေး စိတ်ဆိုးစိတ်ကောင်ရင်ဖြင့် သူ့ခမျာ လန့်တာ ၀ိဥာဉ်တောင်မကပ်ဘူး… ချက်ချင်းဘဲ စိတ်ကောက်ပြေတဲ့ အထိ ချော့တတ်တယ်… အခုတော့… သူဘယ်လောက်ထိ ဒေါသထွက်နေပါစေ… ဂရုတောင်မစိုက်တော့ဘူး…

သူ ၀ရံတာဘက်ကို ထွက်ပြီး ၀ရံတာမှာ တင်ထားတဲ့ ပန်းအိုးကို ပစ်ခွဲလိုက်တယ်… ပန်းအိုးလေးကတော့ မွမွကြေသွားရှာတယ်…
သူ့ ရင်ထဲမှာ နစ်နာမှု အပြည့်နဲ့ မျက်ရည်တွေ ယိုကျလာခဲ့တယ်…
ညဘက် ရုံးဆင်းပြီး ပြန်ရောက်တော့ မည်းမှောင်နေတဲ့ အခန်းလေးထဲမှာ တစ်ယောက်တည်း မှိုင်နေရှာတယ်…
မနက်က ရန်ဖြစ်ရတဲ့ အကြောင်းရင်းကို ပြန်စဉ်းစားတော့ တော်တော်လေးရယ်ဖို့ကောင်းတယ်…
သူအိပ်ယာထတာ ၅ မိနစ်လောက် နောက်ကျတာနဲ့ သူ့ကို ဒီလောက် အော်စရာလား?
ညက နက်တထက်နက်လာပြီ… အပြင်မှာလဲ မိုးတွေရွာလို့… ဒီလောက်ထိအေးစက်နေတဲ့ ညမှာ သူ ဘယ်များသွားနေပါလိမ့်…
အင်း မိုးအေးအေးနဲ့… သူပြန်ရောက်လာတာနဲ့ ညလယ်စာ ပူပူလေးစားလို့ရအောင် စွတ်ပြုပ်လေးတည်ထားလိုက်မယ်…

သူကတော့… အပြင်မှာ တနေကုန်လေနေတယ်… အပြင်မှာဘဲ ဆိုင်ကယ်ပတ်စီးနေတယ်…
သူအိမ်ကို ဖုန်းဆက်ချင်တယ်… “ရှင့်အတွက် ထမင်းဟင်းမချက်ထားဘူး… ဘာပြန်လာလုပ်တာလဲ…” လို့ အပြောခံရမှာလဲ စိုးတယ်…

ညဖက်ရောက်တော့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့… အဲ့မှာ သူလဲ စိတ်ညစ်ညစ်နဲ့ သောက်တာ နည်းနည်းများသွားတယ်…
သူမကတော့ သူပြန်လာမဲ့အချိန်ကို စောင့်နေတယ်…
စွတ်ပြုပ်က နွေးပြီးရင် ပြန်ပြန်နွေးနေရတယ်… ဆိုင်ကယ်သံတော့ မကြားသေးဘူး…
သူသူ့ဆီကို ဖုန်းခေါ်ချင်ပါရဲ့… ဟိုဘက်က မာနတက်နေမှာလဲ စိုးပြန်တယ်…

သန်းခေါင်ထိ သောက်စားပြီးတော့ သူဆိုင်ကယ်စက်နိုးပြီး ထွက်အလာမှာ မျက်နှာချင်းဆိုင်က လာနေတဲ့ ကုန်တင်ကားကြီး တိုက်မိပြီး သူမြေပေါ်လဲကျခဲ့တယ်… တခဏတွင်းမှာဘဲ သွေးသံရဲရဲ နဲ့… သူသတိရနေတုန်း သူ လက်ကိုင်းဖုန်းက ပထမ ဂဏန်းကို နှိပ်လိုက်တယ်… ဒါဟာ သူ့နံပါတ်ပါ…

သူကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာဘဲ ထိုင်ပြီး သူပြန်လာတာကို စောင့်နေတယ်… မျက်ခုံးကလဲ ခပ်လှုပ်လှုပ်ဘဲ…
ဟန်းဖုန်းမြည်သံလဲ ကြားရော… သူထခုန်ပြီး ဖုန်းပြေးကိုင်လိုက်တယ်… ဒါပေမဲ့ ဟိုးဘက်က အသံမကြားရဘူး….
သူမ ပြန်ခေါ်လိုက်တော့ ဟိုးဘက်က လက်ခံပြောနေတာက သူစိမ်းယောကျာ်းတစ်ယောက်ရဲ့ အသံ ဖြစ်နေတယ်…
“အခုဖုန်းပြောနေတာ ဘယ်သူပါလဲ?” သူမေးလိုက်တယ်…
“ကျနော်က တာဝန်ကျ ယာဉ်ထိန်းရဲပါ… ဒီအမျိုးသား ယာဉ်တိုက်မိလို့… ခင်ဗျားက ဘယ်သူပါလဲ?” သူစိမ်းယောက်ျားက သူ့ကို ပြန်ဖြေလိုက်တယ်…

သူမျက်နှာဟာ ချက်ချင်းကို ဖြူဖတ်သွားတယ်…
မနက်ထွက်သွားတုန်းက မှ အကောင်း… နောက်တစ်ကြိမ်ထပ်တွေ့ရတဲ့အချိန်မှာ ဘ၀ခြားသွားပါပြီ…
သူမ က အေးစက်နေတဲ့ အလောင်းကို အကြိမ်ကြိမ် ဆွဲဖက်ထားပေမဲ့လဲ အကြိမ်ကြိမ် ဆွဲခွာခံရတယ်…
သူငိုပြီးရင်ထပ်ငိုနေရှာတယ်… ချိုမြိန်တဲ့ စကား အချစ်ဆုံးစကားလေးတွေကို အကြိမ်းပေါင်းတစ်သိန်းပြောချင်နေပေမဲ့လဲ သူ မကြားနိုင်တော့ပါဘူး…

သူအခုမှ သဘောပေါက်လိုက်တယ်… သူ သူ့ကို ဘယ်လောက်ထိချစ်သလဲဆိုတာကို…
သူ့ကိုဆုံးရှုံးသွားပြီး နောက်မှာ သူလဲ သေဆုံးသွားသလိုပါဘဲ… လူတစ်ကိုယ်လုံး အားအင်တွေချိနဲ့လို့ ဒဏ်ရာ အပြည့်ရထားသလိုပါဘဲ…

သူ သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေတုန်း… ဖုန်းရဲ့ Draft message မှာ စာတစ်စောင်တွေ့လိုက်ရတယ်… သူ အရက်သောက်နေတုန်း ရေးထားတဲ့စာလေး… ဒါပေမဲ့ မပို့လိုက်ရဘူး…
ရေးထားတာက “ချစ်လေးရေ… ငါ့ကို စောင့်နေနော်… ခဏနေဆို အိမ်ပြန်လာမယ်…”
သို့ပေမဲ့လဲ… သူ ထပ်ပြီး မပြန်လာတော့ပါဘူး…

နှစ်အနည်းငယ်ကြာပြီးနောက်… သူ နောက်အိမ်ထောင် ထပ်ပြုလိုက်တယ်…
ဒီတစ်ခေါက်မှာတော့ သူ သူ့နောက် အမျိုးသားနဲ့ ရန်မဖြစ်သလောက်ပါဘဲ… နောက်ပြီး… ဒီလိုစကားမျိုးကိုလဲ ထပ်မပြောတော့ဘူး… “ရှင် မပြန်လာနဲ့…”
သူစဉ်းစားမိတယ်… အချင်းချင်း ချစ်ကြိုက်မိပြီ ဆိုရင် ကောင်းကောင်းအေးအေးလူးလူးနေတာဘဲ ကောင်းပါတယ်… လူတစ်ယောက်ကို ချစ်ရင် … ချစ်ကြောင်းပြသဖို့ ၀န်မလေးပါနဲ့… တစ်ချို့ အချစ်တွေက အချိန်မှီ မပြောလိုက်နိုင်ဘူးဆိုရင် တစ်သက်လုံး အခွင့်အရေး မရှိတော့ပါဘူး…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

No comments:

Post a Comment