Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, January 29, 2014

ယောက်ျား

တီဗီထိုင်ကြည့်နေသော ယောက်ျားအား မီးဖိုခန်းထဲမှ ထွက်လာသော မိန်းမက စလောင်းဖုံးဖြင့် ခေါင်းရိုက်လိုက်သည်။
“ဘာဖြစ်တာလဲ”
“ရှင့်အိတ်ကပ်ထဲက တွေ့တဲ့လက်မှတ်ပေါ်က လော်ရာဆိုတာ ဘယ်သူလဲ”
“ဟာ၊ အဲဒါ ငါမြင်းပွဲသွားတုန်းက လောင်းခဲ့တဲ့ မြင်းနာမည်ပါ”
မိန်းမက ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားသည်။ နောက်တစ်နေ့တွင် မိန်းမကယောက်ျားကို စလောင်းဖုံးဖြင့် ဆော်ပြန်သည်။ ပို၍ အားပြင်းပြင်းဖြစ်သည်။
“ဟ ဘာဖြစ်ပြန်ပြီလဲ”

“ရှင့်မြင်းမ အခုလေးတင် ရှင့်ဆီဖုန်းဆက်တယ်”

No comments:

Post a Comment