“အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား ”
ဆရာဝန် တစ်ဦးသည် နှလုံး အသစ် လဲလှယ်တပ်ဆင်မှ အသက်ရှင်နိုင်တော့မည့် လူမမာ သူဌေးကြီး တစ်ဦးကို ရှင်းပြရာ လူမမာသူဌေးကြီးမှ နှလုံး အသစ်ရှာပေးရန် ဆရာဝန်ကို ပန်ကြား တာဝန်ပေးလေသည်။ ငွေကြေး ကိစ္စ မပူရန်လည်း မှာကြား လိုက်သည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် လူမမာထံသို့ ဆရာဝန် ရောက်လာသည်။
ဆရာဝန်။ ။ သူဌေးမင်းရေ ၊ နှလုံး အသစ် ၃ စုံတော့ တွေ့ ထားပြီ။ လူမမာ။ ။ ၀မ်းသာလိုက်တာ ဒေါက်တာရယ်။ အကျိုး အကြောင်း ကြားပါရစေ။
ဆရာဝန်။ ။ပထမ နှလုံးသား ပိုင်ရှင်က အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ မာရသွန် အပြေးသမားရဲ့ နျလုံး။ ပိုင်ရှင်က ကျန်းမာရေး သိပ်ကောင်းတယ်။ တစ်နေ့ ကမှ ကားတိုက်ခံရပြိး ဆုံးသွားတာ။ ပေးရမယ့် တန်ဖိုးက တစ်သိန်း။
လူ မမာ။ ။နောက်တစ်ခုကရော။
ဆရာဝန်။ ။ နောက်တစ်ခုရဲ့ ပိုင်ရှင်က အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ တာဝေး ရေကား ချန်ပီယံ။ ရေကန်ထဲ ဒိုင်ဗင် ထိုးဆင်းလိုက်တာ ရေကန်ဘောင်နဲ့ ဆောင့်မိလို့ သေသွားတာ။
သူ့ နှလုံးသား အတွက် ဒေါလာ တစ်သိန်းခွဲကျမယ်။လူ မမာ။ ။ နောက်တခုကရောဗျာ။
ဆရာဝန်။ ။ပိုင်ရှင်က တစ်နေ့ ကို စီကရက် အကန့် အသတ်မရှိသောက်တယ်။ ကိုယ်အလေးချိန်က ပေါင် ၂၄၀။ ဘာလေ့ကျင့်ခန်းမှ မလုပ်ဖူး။ အရက်လဲ အကန့် အသတ်မရှိသောက်တယ်။ မဟုတ်တာ မှန်သမျှ အကုန်လုပ်တယ်။
ခေါ်ဈေး-တန်ဖိုးက ဒေါ်လာ ၅ သိန်း။
လူမမာ။ ။အမယ်လေး ဈေးကောင်းလှချည်လားဗျာ။ ဘာဖြစ်လို့လဲ။
ဆရာဝန်။ ။ ပိုင်ရှင်က စစ်ဗိုလ်ချုပ်သားလေ။ ဖအေ တန်ခိုး အရှိန်နဲ့ ရမ်းကားချင်တိုင်း ရမ်းကား၊ တွေ့ ရာလူ ၊လူလို့ မထင်တဲ့သူ၊ မနေ့ ကကပဲ နိုက်ကလပ်မှာ အန်ဖတ် ဆို့ပြီးသလား၊ ဦးနှောက်ကြောပြတ် သလား။ မသိဘဲ ရုတ်တရက် ကခုန်ရင်း သေသွားခဲ့တာ။
သူ့  နှလုံးသားက လူလို အလုပ်- တခါမှ လုပ်တာ မမြင်ခဲ့ကြရ ဘူးတဲ့။
အသုံး မပြုသေးတဲ့ လူ့ နှလုံးသား တဲ့။ အဲဒါကြောင့်ပါ။
လူမမာသူဌေးကြီးသည် အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း တတိယ မြောက်နှလုံးသားကို ရွေးချယ်လိုက်လေသည်။
( ဂျော်နီချက်ကြီး)
“စိုးရိမ်မှု”
သမားတော်ကြီး ၁ ဦး၊ လယ်သမား ၁ ဦး နှင့် အလုပ်သမား ၁-ဦးသည် NGO တစ်ခုမှ အမှု ဆောင်အရာရှိ ၁-ဦးနှင့်အတူ ကောင်းကင်ဘုံသို့ ရောက်ရှိလာသည်။ စိန့် ပီတာ နှင့်တွေ့ ၏။စိန့် ပီတာ။ ။ ကိုင်း --- အထဲကိုဝင်ခွင့်ရဖို့ အတွက် ခင်ဗျားတို့ လူ့ ပြည်မှာ ဘာတွေ လုပ်ခဲ့ကြတယ် ဆိုတာ ပြောပါဦး။
ပထမပုဂ္ဂိုလ်။ ။ ကျွန်တော်က ကလေး အထူးကုပါ။ ကလေးတွေရဲ့  အသက်ကို ကယ်ခဲ့တယ်။
စိန့် ပီတာ။ ။နောက်တစ်ယောက်။
ဒုတိယပုဂ္ဂိုလ်။ ။ ကျွန်တော်က လယ်သမားပါ။ လယ်ယာစိုက်ပျိုးရေး နိုင်သလောက် ကြိုးစား လုပ်ခဲ့ပါတယ်။
စိန့် ပီတာ။ ။နောက်တစ်ယောက်
တတိယပုဂ္ဂိုလ်။ ။ ကျွန်တော်က သာမန် အလုပ်သမားပါ။ ဆင်းရဲပါတယ်။ ကုန်ဈေးနှုန်း ကြီးတာကို မကြေနပ်လို့ ဆန္ဒပြတဲ့ လူတွေထဲ ၀င်ဆန္ဒပြရင်း လူအုပ်နှိပ်နင်းတဲ့ စစ်တပ်က ပစ်လို့ သေခဲ့ တာပါ။
စိန့် ပီတာ။ ။နောက်တစ်ယောက်
စတုတ္ထပုဂ္ဂိုလ်။ ။ ကျွန်တော်က NGO အနေနဲ့  အကျိုးပြု အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ လုပ်ခဲ့သမျှအားလုံး ခုထိ လက်စ မသတ် နိုင်သေးပါဘူး။ ဘာဖြစ်လို့ လက်စမသတ် နိုင်သေး တာလဲလို့ မေးစရာ ရှိပါတယ်။ ပရောဂျက် တစ်ခုမပြီးခင် နောက်-ပရောဂျက် တစ်ခု ထပ်လုပ်ခွင့် ရအောင် ကြိုးစားထားလို့ပါ။ ပရောဂျက်တွေ များများ လုပ်ရတော့မှ အဆင်ပြေမယ်ဆိုတာ စိန့် ပီတာလည်း သိသားပဲ။ ကျွန်တော့်အနေနဲ့ ---။
စိန့် ပီတာ။ ။တော်--ရပြီ။ ဟို သုံးယောက် အထဲကိုဝင်။ ခင်ဗျားက ငရဲ ပြည်ကိုသွား။ ဒီမှာ ခင်ဗျားကို လက်ခံထားရင် ခင်ဗျားရဲ့ မဆုံး နိုင်တဲ့ ပရောဂျက်အဆိုပြုလွှာတွေ ကျုပ်တို့ ဖတ်နေရဦးမယ်။
(The Voice)
“လွတ်လပ်ရေးကိုတိုက်ပေးတဲ့သူ”
တစ်ခါက ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းသည် ကျောင်း တစ်ကျောင်းသို့ရောက်ရှိစဉ် အတန်းများ ကိုလှည့်လည်စစ်ဆေး လေသည်။
ထို့နောက် သုံးတန်း အခန်း တစ်ခုသို့ဝင်ကာကလေးငယ် တစ်ယောက်ကို မေးလိုက်သည်။
ဝန်ကြီး။ ။ သားလွတ်လပ်ရေးကို ရအောင်တိုက်ပေးခဲ့တဲ့သူရဲ့နာမည်ကိုသိလား
ကျောင်းသား။ ။ ဟုတ်ကဲ့ သိပါတယ်ခင်ဗျာ
ဝန်ကြီး။ ။ ဒါဆိုပြောပြပါဦးကွယ်-
ကျောင်းသား။ ။ ဟုတ်ကဲ့ သီဟတင်စိုး ပါခင်ဗျာ ။
(မောင်ကောင်းထိုက်ဟာသများမှ )
၁။ ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့် စကားဝိုင်းသည် စိုပြည်လှသည်။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ ပြောသည်။
ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာ
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှ ကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးကင်းကို ဝိုင်းအော်ကြသည်/
ဟေ့ကာင်။ မင်းသွားတာ ကြာလှချည့်လားကွဟေ
အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့
ဘာဆိုင်းဘုတ်လဲ
ဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့
၂။ တော်တော်တုံးတဲ့ဝံပုလွေ
ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့် တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ゞင်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေပဲ- အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။
၃။ ကိုဘ မောင်တို့ လည်ပုံများ
ကိုဘမောင် တက္ကစီ စီးပြီး အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့သို့ ရောက်သောအခါ
စကားတစ်ခွန်းမှ မပြောဘဲ ကားထဲမှ ထွက်သည်။ ထို့နောက် အိတ်ထောင်ကို နှိုက်သည်။
ရှပ်အင်္ကျိင်္ီအိတ်၊ တိုက်ပုံအိတ်တိုကို တစ်ခုချင်း နှိုတ်သည်။ ကားဆရာ ゞင်းကို ကြည့်နေသည်။
ပိုက်ဆံထွက်မလာချေ။ ကိုဘမောင် စိတ်ပျက်သံဖြင့်ပြောသည်။
အက်ဖ်အီးစီတစ်ရာ ကားထဲကျနေတယ် ထင်တယ်။
ဤစာကားကို ကြားသည်နှင့် ကားဆရာသည် လီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး
မောင်းထွက်သွားတော့သည်။
ထွက်သွားသော ကားကိုကြည့်ပြီး ကျေနပ်သော အမူအရာဖြင့် ကိုဘမောင် အိမ်ခန်းထဲ
လှမ်းဝင်လိုက်လေသည်။
၎။ ပိုင်ပြီ
ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။
ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ရတယ်ပေါ့နော်။
၅။ သတင်းစကား
ယောကျာင်္းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာင်္း၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာင်္းကို
တွေ့ရင် ဘာပြောပေးရမလဲ ၊ ပြောလိုက်ပါ။
ကျွန်မအမေ ကျွန်မတို့အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့။
No comments:
Post a Comment