Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, January 28, 2014

အိမ်ထောင်ပြုပြီးတဲ့အချိန် ကျင့်သုံးကြည့်ပါ .. ကို့ချစ်သူထံမှ အချစ်များ မကုန်နိုင်မခမ်းနိုင် ရလာပါလိမ့်မယ် .

အိမ်ထောင်ပြုပြီးစ ယောင်္ကျားလေးများကိုအကြံဥာဏ်ပေးချင်လို့ပါ ... ကျွန်တော်အိမ်ထောင်ပြုပြီးရင်လဲ အဲ့လိုမျိုးကျင့်သုံးဖို့စဉ်းစားထား ပါတယ် .. ကျွန်တော့်သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်လို့ ကျွန်တော် သတိရရင်း ရေးလိုက်တာပါ သူနဲ့ကျွန်တော်နဲ့က ပြောမနာဆိုမနာဆိုတော့ သူ့အတွက်လဲ ရည်ရွယ်ရင်း ကျန်တဲ့သူများလဲ ဒီကဗျာလေးကို စံထားပြီး လိုက်နာကျင့်သုံး စေလိုပါတယ် .

ငါမင်းအချစ်ကို အဆုံးရှုံးမခံနိုင်လို့ပါ
ချစ်သူ .....
တစ်ကယ်တမ်းဆိုရင် ငါဟာလေ
ဇနကမင်းသားနဲ့များ အမျိုးတော်သလား
မပြောတတ်ပါဘူး .....

ဘာပဲလုပ်လုပ် ဇနကထုံး နှလုံးမူ၊
ဘုရင့်နောင်လို ဖောင်ဖျက်၊
မင်းကုသလို အချစ်မျိုးနှင့်
အသေရရ အရှင်ရရ ဇွဲနဘဲကြီးကြီးနဲ့
လုပ်တတ်တာ မင်းသိပါတယ် ..

ငါရဲ့အချစ်တွေကို တန်ဖိုးထားပေးပါချစ်သူ .....
မနက်မိုးလင်းတိုင်း ထထပြီး ဖွင့်တတ်တဲ့
ကြာနီကန်ဆရာတော် ဟောထားတဲ့ (အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တာ)
တရားလေးကိုသတိရတိုင်း
မင်းလေးကို ထထရိုက်မိတာ အပြစ်မယူပါနဲ့ ချစ်သူ
ဒါဟာ မင်းလေးကို ချစ်လွန်းလို့ပါကွယ် ...

အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တာတဲ့
ဒါ့ကြောင့် ကို့ကို မင်းလေးအသဲစွဲအောင်ချစ်ဖို့အတွက်
တစ်နေ့ကို ကြာနီကန်ဆရာတော်တရား
၃ကြိမ်နားထောင်ပြီး ၃ ကြိမ်ရိုက်ရိုက်နေမိတာလေးကို
အပြစ်မယူပဲ အချစ်တွေအဖြစ်ပဲ မှတ်ယူစေချင်ပါတယ်ချစ်သူ ..

ကို့ကို မချစ်ပဲ ပြစ်သွားမှာကို စိုးရိမ်စိတ်တွေ
လွန်ကဲရင်းဖြစ်သွားရတဲ့ အချစ်(အနှစ်)တွေပါကွယ် ...
အပြောင်းအလဲမြန်တတ်တဲ့ လူ့စိတ်တွေကို
ကြောက်လွန်းလို့ပါ ချစ်သူ
ကို့ကိုတော့ ပြစ်မသွားပါနဲ့နော် ...

အခုဆိုရင် ကြာနီကန်ဆရာတော် တရားခွေလေးလဲ တော်တော်လေး ပွန်းနေပြီ ...
မနက်ဖြန် ဈေးသွားရင်းနဲ့ တလက်စတည်း တစ်ခွေလောက် ထပ်ဝယ်ခဲ့ပါဦး ..

No comments:

Post a Comment