ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ 
ပြဋ္ဌာန်းချက် (ပုဒ်မ ၅၉) ကို ပြင်ရန် သင့်၊မသင့် 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေး၌ 
ဒီဇင်ဘာ ၃၀ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဟု ဗဟိုကော်မတီဝင် ဦးလှဆွေက ဒီဇင်ဘာလ 
၂၉ ရက်တွင် မဇ္ဈိမကို အတည်ပြုခဲ့သည်။
 
“ဒီနေ့ စီအီးစီအစည်းဝေးကနေပြီးတော့ ပြင်ဆင်ရေးအတွက် အချက်တွေကိုရွေးတယ်။ ဒီလိုရွေးတဲ့ထဲမှာ မကြိုက်သူတွေလဲ ရှိကြတယ်။ ဒီအတွက် အကြိတ်အနယ်ကို ဆွေးနွေးခဲ့ကြတယ်၊ ပြင်မယ့်ထဲမှာ ပုဒ်မ (၅၉)လဲ ပါတယ်။ ဒီဟာကို ပြင်၊ မပြင်က မနက်ဖြန် (ဒီဇင်ဘာ ၃၀) မှာ မဲခွဲဆုံးဖြတ်မယ်”ဟု ပြောသည်။
 
“ဒီနေ့ စီအီးစီအစည်းဝေးကနေပြီးတော့ ပြင်ဆင်ရေးအတွက် အချက်တွေကိုရွေးတယ်။ ဒီလိုရွေးတဲ့ထဲမှာ မကြိုက်သူတွေလဲ ရှိကြတယ်။ ဒီအတွက် အကြိတ်အနယ်ကို ဆွေးနွေးခဲ့ကြတယ်၊ ပြင်မယ့်ထဲမှာ ပုဒ်မ (၅၉)လဲ ပါတယ်။ ဒီဟာကို ပြင်၊ မပြင်က မနက်ဖြန် (ဒီဇင်ဘာ ၃၀) မှာ မဲခွဲဆုံးဖြတ်မယ်”ဟု ပြောသည်။
သို့သော် ပုဒ်မ(၅၉)မှာ ပုဒ်မခွဲ ခုနစ်ခုရှိသည့်အနက် မည်သည့် အချက်များ ပြင်ရန် ဆုံးဖြတ်မည်ကိုမူ အ သေးစိတ် ထုတ်ဖော်ပြော ဆိုခြင်းမရှိပေ။
“ဘယ်လိုအချက်တွေကို ပြင်မယ်ဆိုတာကိုတော့ နက်ဖြန်မှပဲ သိရမယ်”ဟု ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦး က ပြောသည်။
သမ္မတတာဝန်ယူလိုသည်ဟု ထုတ်ဖော်ပြောဆိုထားသူ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေသည့် ပုဒ်မ ၅၉(စ)ကို ပြင်ရန် ရှိ၊ မရှိ ကိုမူ ဒီဇင်ဘာ ၂၉ ရက် ညအထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပုဒ်မ ၅၉(စ)တွင် ကိုယ်တိုင်၊ မိဘ၊ အိမ်ထောင်ဖက်၊ သားသမီးနှင့် သားသမီး၏ အိမ်ထောင်ဖက်သည် တိုင်းတစ်ပါး နိုင်ငံသားမဖြစ်ရန်၊ အခွင့်အရေး၊ ကျေးဇူးခံစားခွင့်၊ ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရန်နှင့် နိုင် ငံခြားအစိုးရ၏ လက်အောက်ခံ မဖြစ်စေရန် သတ်မှတ်ချက် ပါဝင်နေခြင်းဖြစ်သည်။
အဆိုပါဥပဒေပြဋ္ဌာန်းချက်သည် ၁၉၄၇ ခုနှစ်နှင့် ၁၉၄၇ ခုနှစ်တို့ တွင် ပြဋ္ဌာန်းခဲ့ဖူးသော အခြေခံဥပဒေများ ထက် ပိုမိုကန့်သတ် ထားသကဲ့သို့ ဖြစ်နေသည်ဟု ဥပဒေပညာရှင်များ က ထောက်ပြ ပြောဆိုထားသည်။ အဆိုပါဥပဒေတို့တွင် ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်၌သာ ယင်းသို့ ပြဋ္ဌာန်းထားခြင်းဖြစ် သည်။
“ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်မယ်ဆိုရင် ပြင်လို့ရပေမယ့် အနာဂတ်မှာ ဒီအချက်က အားနည်းမှု တစ်ခုဖြစ်သွားမလားလို့ စိုးရိမ်တာတွေလည်းရှိတယ်”ဟု ပြည်ခိုင်ဖြိုးပါတီမှ အမည်မဖော်လိုသူ ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ဆိုသည်။
လက်ရှိဖွဲ့စည်းပုံတွင် ပြင်ဆင်သင့်သည်ဟုယူဆထားသည့် ၅၂ ချက်နှင့် အပြီးပယ်ဖျက်သင့်သည်ဟု ယူ ဆထားသည့် ၂၁ ချက်ကို ယနေ့အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းကို ဒီ ဇင်ဘာ ၂၄ ရက်တွင် စတင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်မှုရလဒ်ကို ပြည်ခိုင်ဖြိုး၏ အကြံပြုချက်အဖြစ် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့ရန် စီစဉ်ထားသည်။
ပယ်ဖျက်ရန်ဟု မဲခွဲဆုံးဖြတ်မည်ဖြစ်သည့် ပြဋ္ဌာန်းချက်များ တွင် ပြည်ထောင်စု ၀န်ကြီး၊ တိုင်း၊ ပြည်နယ် ၀န်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မအချို့၊ နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မအချို့အပါအ၀င် ၂၁ ချက် ပါဝင်သည်။
Mizzima - News in Burmese

 
 


 

 
 
No comments:
Post a Comment