skip to main |
skip to sidebar
ပူပြင်းသော နွေရက်များတွင် အသားအရေ လှပနေအောင်

နွေနေပူရှိန်ဟာ
အရေပြားကို အရွယ်မတိုင်ခင် အိုမင်းမှု၊ အရေးကြောင်းထင်တာ၊ အမည်းစက်နဲ့
တင်းတိပ်ပေါက်တာ၊ အရေပြား ခြောက်သွေ့တာနဲ့ အချိန်ကြာလာတဲ့အခါ
အရေပြားကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်တာရဲ့ အပူဆုံး
အချိန်ကာလဖြစ်တဲ့ နွေရာသီ အခါသမယမှာ သင့်အသားအရေကို ဂရုစိုက်ထိန်းသိမ်းဖို့
လိုအပ်ပါတယ်။
(၁) နေပူရှိန်နှင့် အသားအရေ ခရမ်းလွန်ရောင်ခြည် (အေ)
-
ခရမ်းလွန်ရောင်ခြည် အေရဲ့ လှိုင်းအလျားက ရှည်ပြီး အရေပြားရဲ့
အနက်ရှိုင်းဆုံး အလွှာထဲအထိတောင် ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။
ရေရှည်ထိခိုက်မှု ခံရတာကြောင့် ဖရီးရယ်ဒီကယ်တွေကို လှုံ့ဆော်ပေးပြီး အရေပြား
အိုမင်းမှုဖြစ်စေပါတယ်။
ခရမ်းလွန်ရောင်ခြည် (ဘီ)
-
ခရမ်းလွန်ရောင်ခြည်ဘီ လှိုင်းအလျားက အရေပြား အပေါ်ယံလွှာကို
ထိုးဖောက်ဝင်ရောက်နိုင်ပြီး ရေရှည်ထိခိုက်မှုကြောင့် နေလောင်တာ၊
ဓာတ်မတည့်တဲ့ တုံ့ပြန်မှုနဲ့ အရေပြားကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် (စီ)
- ခရမ်းလွန်ရောင်ခြည်စီ လှိုင်းအလျားက အိုဇုန်းအလွှာမှ စစ်ထုတ်လိုက်တာဖြစ်ပြီး အရေပြားကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။
Tip!
နေကာခရင်မ် မှန်မှန်လိမ်းပါ
ပင်လယ်ကမ်းခြေလို
နေရာမျိုးကို သွားမယ်ဆိုရင် နေကာနိုင်စွမ်း SPF ၄၅-၅၀ ဆလောက်ကို သုံးပါ။
သာမန်အတိုင်း သွားလာရာမှာတော့ နေကာနိုင်စွမ်း SPF ၁၅ ဆ ပါတာကို သုံးရင်
အဆင်ပြေပါတယ်။ ထိရှလွယ်သော အသားအရေ ပိုင်ရှင်ဖြစ်လျှင် နေကာခရင်မ်က
သင့်အသားအရေကို ပိုမို အပြစ်အနာအဆာ ထင်လွယ်စေတယ်ဆိုရင် ဇင့်အောက်ဆိုက်နဲ့
တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေကာခရင်မ်ကို ပြောင်းသုံးသင့်ပါတယ်။
အဆီပြန်သော အသားအရေ ပိုင်ရှင်ဖြစ်လျှင် အဆီပြန်တဲ့ အသားအရေ ရှိတယ်ဆိုရင်
နေကာနိုင်စွမ်း SPF ၂၀ ဆထက် ပိုများတာကို ရွေးသုံးပါ။ နေကာခရင်မ်မှာ
အဆီမပါသော (Oil-Free) ဒါမှမဟုတ် Non-Comedogenic စာတမ်းပါတဲ့ အမျိုးအစားကို
ရှာပါ။ ဒါမှသာ ချွေးပေါက်ပိတ်ဆို့မှု မဖြစ်စေမှာပါ။
(၂) နေပူရှိန်ပြင်းသော အချိန်တွင် အရိပ်ထဲ နေပါ
နံနက်
၁၀ နာရီနဲ့ ညနေ ၃ နာရီကြားအချိန်က နေပူရှိန်အပြင်းဆုံးအချိန်
ဖြစ်တာကြောင့် အသားအရေနဲ့ ခန္ဓာကိုယ်အပူချိန်ကို အထိခိုက်စေနိုင်ဆုံး
ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ တတ်နိုင်သမျှ အိမ်ပြင်မထွက်ပါနဲ့။
(၃) အရောင်နုနု ချည်သားကို ဝတ်ပါ
အရောင်ရင့်တဲ့
အဝတ်အစား၊ အထူးသဖြင့် အနက်ရောင်ဟာ အပူရှိန်ကို စုပ်ယူထားတာကြောင့်
ချွေးထွက်ပြီး အငွေ့ပြန်နိုင်စွမ်း မရှိပါဘူး။ အဲဒီအခါ ခန္ဓာကိုယ်
အပူရှိန်မြင့်တက်ကာ အပူဒဏ်သင့်နိုင်ပါတယ်။ ဒါကြောင့်
နေပူရှိန်ပြင်းတဲ့အချိန်မှာ အရောင်နုတဲ့ ချည်သားဝတ်စုံကို ဝတ်သင့်ပါတယ်။
အရေပြားကို ယားယံစေတဲ့ အဝတ်အစားတွေကိုလည်း ရှောင်သင့်ပါတယ်။
(၄) ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ
မျက်နှာ
အသားအရေသာမက ဆံပင်သားဟာ နေပူဒဏ်ကြောင့် ထိခိုက်ပျက်စီးရတတ်ပါတယ်။
ဒါကြောင့် အပြင်သွားရင် ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်ကတော့
မျက်ဝန်းတစ်ဝိုက် ထိခိုက်လွယ်တဲ့ အရေပြားကို အကာအကွယ်ပေးနိုင်ပါတယ်။
(၅) အရေပြားကို အနားပေးပါ
အပြင်ကို
မဖြစ်မနေ သွားရောက်ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ အသားအရေကို အနားပေးပြီး
ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက အိမ်ရောက်ပြီး မကြာခင်မှာ
မျက်နှာကို ဆေးကြောသန့်စင်ပြီး သခွားသီးပါးပါး လှီးပြီးကပ်တာမျိုး လုပ်ပါ။
ဒါမှမဟုတ် သနပ်ခါးလိမ်းပါ။
(၆) နေပူရှိန်ထိတွေ့ထားသော အရေပြားကို ရေမွှေးဖြန်းခြင်း ရှောင်ပါ
ရေမွှေးထဲက
ဓာတုပစ္စည်းတွေကနေ လောင်ဒဏ်ရာနဲ့ ဓာတ်ပြုကာ အရေပြားပေါ် အစွန်းအထင်း
ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူဒဏ်ခံထားရတဲ့အခါ ရေမွှေးပက်ဖျန်းတာကို
ရှောင်ပါ။
(၇) ရေကူးပြီးချိန် အရေပြားကို ဆေးကြောသန့်စင်ပါ
ကလိုရင်းခတ်ထားတဲ့
ရေထဲမှာ ရေကူးပြီးရင် အရေပြားကို ဆေးကြောဖို့ အရေးကြီးပါတယ်။ ကလိုရင်းက
အသားအရေကို ခြောက်သွေ့သွားစေတာကြောင့် တချို့လူတွေမှာ ဓာတ်မတည့်တဲ့
တုံ့ပြန်မှုကို ဖြစ်စေနိုင်ပါတယ်။
(၈) ရေများများ သောက်ပါ
နွေရာသီ
အချိန်အတောအတွင်းမှာ ရေဓာတ်ပြည့်ဝနေတဲ့ အရေပြားဖြစ်ဖို့ လိုပါတယ်။
ရေဓာတ်ခန်းခြောက်ရင် အရေပြားခြောက်တာ၊ အရေးကြောင်းထင်တာ၊ အသားအရေ
နွမ်းနယ်တာနဲ့ မွဲခြောက်တာတို့ကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့လုံး
ရေများများ သောက်ပေးသင့်ပါတယ်။
(၉) ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ပါ
နွေရာသီမှာ
သကြားနဲ့ ပြုပြင်ထားတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။ ဒါ့အပြင်
ဇီဝရုပ်ဖြစ်ပျက်မှုကို မြင့်တက်စေတဲ့ အပူအစပ်စာတွေကိုလည်း ရှောင်သင့်ပါတယ်။
အရွယ်မတိုင်ခင် အိုမင်းမှုကိုရှောင်လွှဲဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊
ဟင်းရွက်သုပ် စတာတွေကို စားသင့်ပါတယ်။ ဒိန်ချဉ်ကလည်း နွေရာသီမှာ အသားအရေ
ကျန်းမာလှပစေတဲ့ အစာပါ။ နွေရာသီမှာ အသားအရေ စိုပြည်တင်းရင်းနေစေဖို့
အခွံမာတဲ့ အစေ့အဆန်နဲ့ ငါးလိုပင်လယ်စာတွေကို စားသင့်ပါတယ်။
(၁၀) အရေပြားကို ပုံမှန်စစ်ဆေးပါ
အနည်းဆုံး
တစ်လတစ်ကြိမ် အရေပြားမှာ နေလောင်ဒဏ်ကြောင့် ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးပါ။
အထူးသဖြင့် မှဲ့တွေက အရောင်ပြောင်းလာလား၊ အရွယ်အစား ပြောင်းလဲလာသလား၊
နာကျင်လာသလား၊ ယားယံသလား၊ သွေးထွက်သလားဆိုတာကို စစ်ဆေးသင့်ပါတယ်။

No comments:
Post a Comment