မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူသရုပ်ဆောင်လူမင်းအပါအ၀င်ရုပ်ရှင်လောကအတွင်းမူးယစ်
ဆေးသုံးစွဲသူများအဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့်အဆိုတော်လောက WY ဆေးပြားသုံး စွဲသူ(၃)ဦးစာရင်းတို့ ကို(၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါအစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ်အရှေ့ အထူး အဖွဲ့ စစ်ဆေးချက်” ဆိုသည့်အမူမှတ်တမ်း တစ်စောင်အွန်လိုင်းတွင်ပျံ့ နှံလျှက် ရှိပါသည်။ အဆိုပါ အစစ်ခံချက် ပါအမည်စာရင်းတွင်၎င်း၏အမည်ပါရှိသည့်အတွက်ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်မည်ကိုစိုးရိမ်ခြင်းဟုဆိုကာအကယ်ဒမီလူမင်း
ကမူးယစ်ဆေးဝါးကိုယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါဟူ၍အွန်လိုင်းတွင်ရှင်းလင်းဖြေကြားချက်တစ်စောင်ကိုယမန်နေ့ ဒီဇင်ဘာ(၁)ရက်နေရက်စွဲဖြင့်ပြန်လည်ရှင်းလင်းပြောကြား
ထားပါသည်။(ဦး)လူမင်း၏ရှင်းလင်းချက်မှာ“မူးယစ်ဆေးဝါး...... ယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါ။မိတ်ဆွေအပေါင်းအသင်းပတ်ဝန်းကျင်အားလုံး
အသိပါ။ကျွန်တော်ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်နေမှာစိုးလို့ ပါ။ကျွန်တော်ကိုယ်တိုင်မူးယစ်ဆေးဝါးဆန့် ကျင် တိုက်ဖျက်ရေးအသင်း<MANA>ရဲ.သံတမန်တစ်ယောက်ပါ”ဟုပါရှိပါသည်။ထို့ အတူအဆိုပါရန်ကုန်မူးယစ်အရှေ့အထူး
အဖွဲ့စစ်ဆေးချက်စာရင်းပါအနုပညာရှင်များအနေဖြင့်လည်း၎င်းတို့ သာအမှန်တကယ် မူယစ်ဆေးဝါး သုံးစွဲခဲ့ခြင်းမရှိကပရိသတ်အထင်အမြင်မမှားစေခြင်းအလို့ ငှာပြန်လည်ငြင်းချက်ထုတ်မူများအသီးသီးပြုလာဖွယ် ရှိကြောင်းရုပ်ရှင်ဂီတအနုပညာ အသိုင်းအ၀ိုင်းကဆိုပါသည်။
Popular Myanmar News Journal
No comments:
Post a Comment