Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, December 4, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို စက်ဘီးစီး၍ ဂုဏ်ပြု ကြိုဆိုသော အဘဦးပြူး နေပြည်တော်သို့ ဝင်ရောက် သတင်းပို့

နေပြည်တော် အောက်တိုဘာ ၃၁
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ မောလိတ် ရပ်ကွက်နေ အဘအမည် ဦးဖြူ နိုင်ငံသား မှတ်ပုံတင် အမှတ် ၁၁/စတန(နိုင်) ဝဝ၆၉၆၁ ကိုင်ဆောင်သူ အဘ ဦးပြူး အသက် ၈၇ နှစ်သည် (၇)ကြိမ်မြောက်အဖြစ် တစ်ကိုယ်တော် မိမိ အစီအစဉ်ဖြင့် စက်ဘီးစီး၍ မိုင်ပေါင်း ၂၅ဝဝ ကွာဝေးသည့် ခရီးစဉ်ဖြစ်သော စစ်တွေမှ အမ်း၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးမှ နေပြည်တော်ထိ ခရီးစဉ် အား အောက်တိုဘာ ၂၄ ရက်မှ စ၍ စစ်တွေ အစိုးရရုံးမှ စတင် ထွက်ရှိလာရာ စစ်တွေ၊ အမ်း၊ မကွေး၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့ကို ဖြတ်၍ နေပြည်တော်သို့ ယနေ့ နံနက် ၁၁ နာရီတွင် အားကစား ဝန်ကြီးဌာန ရုံးအမှတ် (၃၁)သို့ တာဝန်ရှိသူများအား လာရောက် သတင်း ပေးပို့သည်။
အဘ ဦးပြူးသည် တစ်ကိုယ်တော် ဂုဏ်ပြုစက်ဘီး စီးနှင်ခြင်းမှာ သတ္တမ အကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် အဖြစ် ၂ဝဝဝ ပြည့်နှစ်တွင် စစ်တွေမှ ရန်ကုန်၊ ရန်ကုန်- စစ်တွေ လမ်းမကြီး ဖွင့်ပွဲကို ဂုဏ်ပြုကြိုဆို သောကြောင့် လည်းကောင်း၊ ဒုတိယ အကြိမ်မြောက် အဖြစ် ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် မှ ၂ဝဝ၃ ခုနှစ် မတ်လအထိ ပြည်နယ်/ တိုင်းဒေသကြီး ၁ဝ ခု ကို လည်းကောင်း၊ တတိယ အကြိမ်မြောက် အဖြစ် ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂ဝဝ၅ ခုနှစ် ဧပြီလ အထိ ကျောက်ဖြူမြို့မှ စ၍ ပြည်နယ်/ တိုင်းဒေသကြီး ၁၄ ခု ကို လည်းကောင်း၊ စတုတ္ထ အကြိမ်မြောက် အဖြစ် ၂ဝဝ၆ ခုနှစ် ဒီဇင် ဘာ ၁၆ ရက်မှ ၂ဝဝ၇ ခုနှစ်မတ် လ ၂၉ ရက်အထိ ကျောက်ဖြူမြို့မှ စ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုကို လည်းကောင်း၊ ပဉ္စမ အကြိမ်မြောက် အဖြစ် ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂ဝဝ၈ ခုနှစ် မတ်လ ၈ ရက်အထိ ကျောက်ဖြူမှစ၍ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးများကို ဖြတ်၍ မွန်ပြည်နယ်မှ ရခိုင်ပြည်နယ် ထိလည်းကောင်း၊ ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် စီးနင်းခဲ့ပြီး ဆဋ္ဌမ အကြိမ်မြောက် အဖြစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ မတ်လ ၆ ရက်အထိ ကျောက်ဖြူမှ စ၍ တောင်ကုတ် - သံတွဲ - အမ်း - မကွေး - စစ်ကိုင်း- မန္တလေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) -ရန်ကုန်-ပဲခူး-ကျောက်ဖြူထိ လည်းကောင်း တစ်ကိုယ်တော် စက်ဘီး စီးခဲ့သူ ဖြစ်ကြောင်းနှင့် ၄င်းသည် ရခိုင်အမျိုးသား တစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ်နေ့ ဖြစ်သော ဒီဇင်ဘာ ၁၆ ရက်တွင် ခရီးစတင်ကြောင်းနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်း ဂုဏ်ပြု ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment