Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, December 5, 2013

မန်ချက်စတာ ယူနိုက်တက် နှင့် အဲဗာတန်တို့ ပွဲအပြီး နည်းပြ နှစ်ဦးရဲ့ ပြောစကား

ယနေ့မနက် အစောပိုင်းက ကစားခဲ့သည့် ပရီးမီးယားလိဒ်ပွဲစဉ် (14)အပြီးတွင် မန်ချက်စတာ ယူနိုက်တက် သည် အဲဗာတန် အသင်းကို အိမ်ကွင်း အရှုံးနှင့် အတူ ဇယားထိပ်မှာ ဦးဆောင်နေသည့် အာဆင်နယ်နှင့် (12)မှတ် အကွာသို့ ရောက်ရှိ သွားခဲ့ပြီဖြစ်သည်။အဲဗာတန်အား ရှုံးခဲ့သည့် ပွဲအပါအ၀င်လက်ရှိ ချန်ပီယံသည် ပရီးမီးယားလိဒ် နောက်ဆုံး (3)ပွဲတွင် (2)မှတ်သာ ရခဲ့သည် သလို ဝေဖန်မှု့များ ကိုလည် ဒေးဗစ်မိုယက်စ် ရင်ဆိုင်လာခဲ့ရပြီဖြစ်သည်။

အဲဗာတန်နှင့် ပွဲအပြီးတွင် မိုရက်စ်က ပြောကြားခဲ့ရာမှာ “ကျွန်တော်တို့ရင်ဆိုင်ရမည့် နောက်ပွဲတွေမှာ great football ဖြစ်နေဖို့ လို သလို၊ ခတ်ခတ်ခဲခဲ အနေအထား ကနေ အံ့သြဘနန်း ပြန်လာတဲ့ နိုင်ပွဲ ရလိုက်တာ မျိုးတွေ ရရှိနေဖို့ လိုနေပါပြီ” ဟု ပြောဆိုခဲ့သလို မည်သို့ ပြင်ဆင် ဆောင်ရွက်ရန် စိတ်ကူး ရှိသလဲဟူသည့် အမေးကို “အဲ့ဒါနဲ့ ပါတ်သတ်ပြီး ဘာမှ ပြောစရာမရှိပါဘူး”ဟု ပြန်လည် ဖြေကြား သွားခဲ့ သည်။

ထို့အတူ အဲဗာတန်တွင် ဒေးဗစ်မိုယက်စ် နေရာကို ဆက်ခံခဲ့သည့် နည်းပြ ရောဘတ်တို မာတီနတ်ဇ် ကလည်း မီဒီယာများနှင့် တွေ့စုံရာတွင် “ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ အသင်းဟာ ပရီးမီးယားလိဒ်ရဲ့ ဇယားထိပ်နားကို ရယူနိုင်စွမ်းရှိတဲ့ ဖီလင်မျိုး ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ လက်စုတ် လက်ကိုင် အောင်မြင်မှု့ရနေတာမှ မဟုတ်တာ၊ ဒီ့ထပ်တိုးတက်ဖို့နဲ့ ဒီထက်ကောင်းတဲ့ပုံစံနဲ့ ဆက်သွားနိုင်မှု့တွေ အများကြီးလိုနေပါသေးတယ်” ဟု ပွဲအပြီးတွင် ပြောဆိုသွားခဲ့သည်။

အဲဗာတန်အသင်းသည် ဇယားထိပ်မှ အာဆင်နယ်နှင့် (7)မှတ် အကွာ အဆင့် (5)တွင်ရပ်တည်လျှက်ရှိပြီး အခုလာမည့် Sunday တွင် အာဆင်နယ်ကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မန်ယူအသင်းသည် ယခုတပါတ် စနေနေ့တွင် နယူးကာဆယ်ကို အိမ်ကွင်း ၌ ဧည့်ခံ ကစားရမည်ဖြစ်သည်။

No comments:

Post a Comment