Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, December 4, 2013

ခေတ်သစ်ရည်းစားစာ

ခေတ်သစ်ရည်းစားစာ

သို့ ချစ်ရပါသော ညီမလေး
ဒီစာကို ရေးဖို့ ကြိုးစားခဲ့တာကြာပါပြီ...Connection က ခဏ ခဏ
Down...မီးကလည်း ပျက်တစ်လှည့် မလာတစ်လှည့်မို့
ခုမှရေးနိုင်ပို့နိုင်... ဒါတောင် ရေးရင်းတန်းလန်း
ဘုရားတနေရတယ်... ဒါကြောင့် ကို ရည်းစားစာရေးရင်း
ကုသိုလ်တော်တော်ရလိုက်တယ်... သာဓုခေါ်ပေတော့ ..ဟီး..
ကိုယ် မင်းကို စတွေ့တွေ့ချင်း ကိုယ့်ရဲ့ နှလုံးသားထဲကို Virus
ရုတ်တရတ်ဝင်သလို.. နေမထိထိုင်မသာ ဖြစ်ခဲ့ရတယ်...
ကိုယ့်ရင်ထဲကို Spy Virus လို့..Trojan လို တိတ်တဆိတ်ဝင်လာတဲ့ အချစ်တွေက
ကိုယ့်ရဲ့ Firewall ကို Hack လုပ်ပြီးဝင်လာတော့ ကိုယ့်မတားဆီးနိုင်တော့ဘူး...
ကိုယ့်ရဲ့ အချစ်ကို အဖိုးမတန်ဘူးဆိုပြီး delete လုပ်ပြီး...Recycle Bin ကို
မပို့ပါနဲ့...{Shift Delete မလုပ်တာကံကောင်းလို့လည်းမပြောလိုက်ပါနဲ့)
ကိုယ့်ရဲ့ စာကိုလည်း Spam mail ထဲ မှာလည်း မ add လိုက်ပါနဲ့..
Trash ထဲ ကိုလည်း တန်းပြီး Forward လုပ်မထားပါနဲ့...
နောက်တစ်ကြိမ် ပို့လို့မရအောင်လို့ ရည်ရွယ်ပြီးတော့လည်း Block လုပ်မထားပါနဲ့...
ကိုယ့်မှာ ဒီစာကို ပို့ဖို့ရာ မလွယ်ဘူး...Connection
ကောင်းစောင့်ရတယ်...Wed mail နဲ့ ဆိုတော့ Page က တက်မလာလို့...Refresh
လုပ်ရတာ အကြိမ်ကြိမ်...၀ိုး...ခြေကျင်တာ ပြေးပြောလိုက်ချင်တော့တယ်...
ဒါကြောင့် ကိုယ့်ရဲ့ အချစ်ကို အသိအမှတ်ပြုသောအားဖြ**့ ကိုယ့်အချစ်ကို Reject
မလုပ် Accept လုပ်ဖို့ Request လုပ်ပါရစေ...ကိုယ့် နှလုံးသားပိုင်စိုးသော
ကောင်မလေးရယ်...

No comments:

Post a Comment