Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, November 20, 2013

ကဲနောက်တစ်ခု ပဟေဋ္ဌိ အဖြေညှိကြရအောင်နော်

၁။ညံ့တာကိုလူတွေကမကြိုက်ကြဘူး။
ဒါပေမယ့်ဒီညံ့တာကိုတော့ကြိုက်ကြတယ်
အဲဒါဘာညံ့တာလဲ။

၂။ကိုယ်လုံးလေးကအရမ်းလှတယ်၊
အသံလေးလည်းနားထောင်လို့ကောင်းတယ်၊
ဒါပေမယ့်လည်ပင်းကအရမ်းရှည်လွန်းတာဘာလဲ။

၃။အပြင်မှာလင်းပြီးအထဲမှာမှောင်နေတဲ့ဥဟာဘာဥလဲ။

၎။လက်နဲ့ရေးပြီးခြေနဲ့ဖျက်သတဲ့၊သူ့ကျမှခြေနဲ့
ရေးပြီးခေါင်းနဲ့ဖျက်တာဘာလဲ။

၅။ဘယ်တော့မှမဟောင်းနွမ်းတဲ့အ၀တ်အထည်
လို့ပြောတဲ့အထည်ကဘာလဲ။

၆။ခြေနှစ်ချောင်းသတ္တ၀ါကိုမှောက်ထားတယ်ဆိုတဲ့
မီးဖိုချောင်သုံးပစ္စည်းတစ်ခုကဘာလဲ။

၇။တ(၁၄)လုံးနဲ့ဖွဲ့နွဲ့ထားတဲ့အဓိပ္ပာယ်.။

၈။တန်ဖိုးရှိတဲ့အရာဝတ္ထုရဲ့အမည်ကိုရှေ့မှာတပ်ပြီး
မှည့်ထားတဲ့အသီးနှစ်မျိုးဟာဘာသီးတွေလဲ။

၉။သဲအများဆုံးရှိတဲ့နေရာကဘယ်နေရာလဲ။

၁၀။အသီးတွေထဲမှာ ပါဝါရှိတဲ့အသီးကဘာလဲ။

၁၁။ဆောင်းမှာဖြစ်ပေါ်တဲ့အရာနဲ့ လူသုံးကုန်ပစ္စည်း
ပေါင်းပြီးမှည့်ထားတဲ့ပန်းဟာဘာပန်းလဲ။

၁၂။လေယာဉ်ပျံလိုအရှိန်ယူပြီးသွားတဲ့ငှက်ဟာ
ဘာငှက်လဲ။

၁၃။ပြာလို့ပြောတယ်။အမှုန့်မဟုတ်ဘူးအဲ့ဒါဘာလဲ။

၁၄။ကျောင်းနဲ့မနေရပဲ စင်နဲ့နေရတဲ့သူဟာဘယ်သူလဲ။

၁၅။တစ်နေရာထဲမှာအတူနေပြီးနီးရက်နဲ့ဝေးနေရတာ
ဘယ်သူတွေလဲ။

၁၆။ခြေထောက်ကိုတန်ဆာဆင်နေတာဘယ်သူလဲ။

၁၇။နေ့တွေရက်တွေကိုသူကဆရာကြီးလုပ်ပြီးပြ
နေတာဘယ်သူလဲ။

၁၈။သစ်သားတွေကိုဖျက်ဆီးပြီးတော့သူ့ကိုယ်
သူတော့ဂုဏ်ယူစွာပြောတတ်တဲ့အရာကဘာလဲ။

၁၉။လူတွေဒုက္ခတွေ့ရင်အားကိုးတကြီးနဲ့သွား
တွေ့ရတဲ့သူဟာဘယ်သူလဲ။

၂၀။မှောက်ခုံပိန်ရဲ့ဆန့်ကျင်ဘက်မြို့။

၂၁။အရည်မဟုတ်တဲ့သွေးစက်ဟာဘာ
သွေးစက်လဲ။

၂၂။သတ္တ၀ါတစ်ကောင်ဖြစ်အောင်ဘယ်
ဂဏန်းနှစ်လုံးကိုပေါင်းရမလဲ။

၂၃။မယဉ်ကျေးဘူးလို့အဓိပ္ပာယ်ရတဲ့ငါးဟာ
ဘာငါးလဲ။

၂၄။တစ်ယောက်နဲ့တစ်ယောက်ကတိစကား
ပြောတိုင်းပါတဲ့ တိရစ္ဆာန်ဟာဘာလဲ။

၂၅။အဲ့ဒီမြို့မှာရှိတဲ့လူတွေကပိုက်ဆံရှိတဲ့လူ
ကိုမှရွေးပေါင်းတယ် အဲ့ဒါဘာမြို့လဲ။

၂၆။သူအိပ်နေတာကိုတစ်ဖက်ကလက်နဲ့
နှိုးလိုက်လို့အော်ငိုနေတာကို ပွေ့ချီလိုက်
တော့မှ အသံတိတ်သွားတာအဲ့ဒါဘာလဲ။

၂၇။သူများအတွက်ကျန်းမာရေးမကောင်း
ပေမယ့်သူ့အတွက်ကောင်းတာဘာလဲ။

၂၈။လူတိုင်းမရွံ့မရှာနဲ့ကိုင်နေတဲ့ချေးဟာ
ဘာချေးလဲ။

၂၉။နယ်ထဲမှာ အမှောင်ဆုံးနယ်ဟာဘာနယ်လဲ။

၃၀။မူလတန်းကလေးတွေသူ့ရှေ့မှာမမှားစေ
နဲ့မှားလို့ကတော့သူ့ကိုယ်လုံးနဲ့ဝင်တိုက်ပစ်
တာဘာလဲ။

၃၁။လူတိုင်းရဲ့ကိုယ်အင်္ဂါမှာလက်သန်း၊ခြေသန်း
နှစ်သန်းပဲရှိတယ်သူ့ကျမှသုံးသန်းရှိနေတာဘာ
ကြောင့်လဲ။

၃၂။သူကလူတွေကိုရောဂါမရအောင်ကာကွယ်
ပေးပေမယ့်တစ်ဘက်ကလည်းရောဂါရအောင်
လုပ်တတ်တာဘာလဲ။

၃၃။မ(၂၁)လုံးနဲ့ဖွဲ့နွဲ့ထားတာဘာလဲ။

အထက်တွင်ဖော်ပြထားသော ပဟေဋ္ဌိများ ၏အဖြေကို fateboy.net@gmail.com  တွင်တောင်းယူနိုင်ကြပါကြောင်း သတင်းကောင်း
ပါးအပ်ပါသည်။သတိ - နံပါတ်နှင့်တကွ တောင်းယူရန်။E-mail -ပို့၍လည်းတောင်းယူနိုင်ပါသည်.။ကြိုးစားလျက် - ချမ်းမြေ့အောင်

No comments:

Post a Comment