Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, November 21, 2013

ချစ်သူများအတွက် အမှတ်တရကဗျာများ


ထာဝရ

ထာဝရ
ပွင့်လျှင်လည်းနမ်းနွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်းတိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာတစ်ပွင့်သာလေ…
စွဲလမ်းနေမည်ဝေေ၀ကြွေကြွေမြတ်နိုး၏…

 



သံယောဇဉ်

သံယောဇဉ်
နှောင်ကြိုးရစ်ငင်
လှုပ်တိုင်းနင်သည်
ရှေ့တိုးလည်းနစ်
နောက်ဆုတ်ခက်မို့
တန့်လည်းအဆိုး
သည်အမျိုးသည်
ရင်၌တည်၏။


အကြီးမားဆုံး ဆုံးရှုံးမှု

အကြီးမားဆုံး ဆုံးရှုံးမှု
နင့်ဒုက္ခတွေကို ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့ဒုက္ခတွေကိုတော့နင်မသိချင်ပါနဲ့
နင့်စိတ်ညစ်မှုတွေ ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့စိတ်ညစ်မှုတွေကိုတော့ နင်မသိချင်ပါနဲ့
နင့်လိုအပ်ချက်တွေငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့လိုအပ်မှုတွေကိုတော့နင်မသိချင်ပါနဲ့
နင့်မျက်ရည်တွေ ငါ့ရင်ခွင်မှာငိုကြွေးပါ
ဒါပေမယ့်
ငါ့မျက်ရည်တွေကိုတော့ နင်ဘယ်တော့မှ မတွေ့စေရပါဘူး
နင့်မကျေနပ်ချက်တွေငါ့အပေါ်ပုံချပါ
ဒါပေမယ့်
ငါ့မကျေနပ်ချက်တွေကို နင်မသိစေရပါဘူး
နင့်အတ္တတွေနဲ့ငါ့ကိုရိုက်ချိုးပါ
ဒါပေမယ့်
ငါ့မှာတော့ နင့်အတွက် ဘာအတ္တမှ မရှိပါဘူး
နင့်ဆုံးရှုံးမှုတွေအတွက် ငါဟာ ကွပ်လပ်အဖြည့်ခံပါ
ဒါပေမယ့်
နင်နဲ့ဝေးခြင်းကသာ ငါ့အတွက်အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါ
သက်တန့်ချို့............။

No comments:

Post a Comment

Thursday, November 21, 2013

ချစ်သူများအတွက် အမှတ်တရကဗျာများ


ထာဝရ

ထာဝရ
ပွင့်လျှင်လည်းနမ်းနွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်းတိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာတစ်ပွင့်သာလေ…
စွဲလမ်းနေမည်ဝေေ၀ကြွေကြွေမြတ်နိုး၏…

 



သံယောဇဉ်

သံယောဇဉ်
နှောင်ကြိုးရစ်ငင်
လှုပ်တိုင်းနင်သည်
ရှေ့တိုးလည်းနစ်
နောက်ဆုတ်ခက်မို့
တန့်လည်းအဆိုး
သည်အမျိုးသည်
ရင်၌တည်၏။


အကြီးမားဆုံး ဆုံးရှုံးမှု

အကြီးမားဆုံး ဆုံးရှုံးမှု
နင့်ဒုက္ခတွေကို ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့ဒုက္ခတွေကိုတော့နင်မသိချင်ပါနဲ့
နင့်စိတ်ညစ်မှုတွေ ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့စိတ်ညစ်မှုတွေကိုတော့ နင်မသိချင်ပါနဲ့
နင့်လိုအပ်ချက်တွေငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့လိုအပ်မှုတွေကိုတော့နင်မသိချင်ပါနဲ့
နင့်မျက်ရည်တွေ ငါ့ရင်ခွင်မှာငိုကြွေးပါ
ဒါပေမယ့်
ငါ့မျက်ရည်တွေကိုတော့ နင်ဘယ်တော့မှ မတွေ့စေရပါဘူး
နင့်မကျေနပ်ချက်တွေငါ့အပေါ်ပုံချပါ
ဒါပေမယ့်
ငါ့မကျေနပ်ချက်တွေကို နင်မသိစေရပါဘူး
နင့်အတ္တတွေနဲ့ငါ့ကိုရိုက်ချိုးပါ
ဒါပေမယ့်
ငါ့မှာတော့ နင့်အတွက် ဘာအတ္တမှ မရှိပါဘူး
နင့်ဆုံးရှုံးမှုတွေအတွက် ငါဟာ ကွပ်လပ်အဖြည့်ခံပါ
ဒါပေမယ့်
နင်နဲ့ဝေးခြင်းကသာ ငါ့အတွက်အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါ
သက်တန့်ချို့............။

No comments:

Post a Comment