"♥♥♥ ကောင်မလေး...သို့ အိပ်ဖွင့်စာ ♥♥♥"
သို့......♥♥♥
ကောင်မလေးရေ....♥♥♥
သို့......♥♥♥
ကောင်မလေးရေ....♥♥♥
အဝေးတမြေရောက် အကိုတို့ဘ၀မှာ အားလပ်ချိန်ဆိုတာ အရမ်းနည်းပါးပေမယ့်..... နည်းပါးတဲ့ အားလပ်ချိန်တွေ ကနေ ကောင်မလေး ကို အရမ်းလွမ်းဆွတ် တမ်းတ လို့ ဒီစာလေး ကိုရေးလိုက် တာပါ..... ။
ကောင်မလေးကို ပြောချင်တဲ့ စကားတွေ များနေပေမယ့် အခွင့်မသာနိုင်သေးတဲ့အတွက် ပြောချင်တာတွေထက် ပြောနိုင်တာ လေးကို ဦးစားပေး ရေးလိုက်တယ်နော်...... အဝေးရောက် အကို့ ဘ၀ကို ရွှေပြည်တော် ဆီက ကောင်မလေး နားလည် ပေးနိုင်မယ် လို့ မျှော် လင့်ပါတယ်....။
ကောင်မလေးရေ.... ♥♥♥
ဘ၀မှာ ဖြစ်ချင်တာတွေထက် ....ဖြစ်သင့်တာတွေကို ဦးစားပေးပါ.... ဖြစ်ချင်တာတွေ ဖြစ်မလာနိုင် တဲ့အချိန် မှာ ဖြစ်ခဲ့ တာတွေနဲ့ ရောင်ရဲ တင့်တိမ် ကျေနပ်နိုင်အောင် ...ကြိုးစားပါ...။
လောကမှာ လိုချင်တာတွေများလာရင် အန္တရာယ် ဆိုတာ ကြုံလာရတတ်သလို အဲဒီအန္တရာယ်တွေက ပဲ ကောင်မလေးဘ၀ကို ဆုံးဖြတ်ပေး သွားပါလိမ့်မယ်....။
ကောင်မလေးရေ.....♥♥♥
ဘ၀မှာ အခက်ခဲတွေနဲ့ ကြုံလာရင် စိတ်ဓါတ် မကျပါနဲ့...အခုချိန်မှာ အောင်မြင်ကျော်ကြားနေ တဲ့ လူတိုင်းဟာ.... တချိန်တုန်းက အခက် ခဲတွေနဲ့ နပန်းလုံးခဲ့ကြရတာလေ.....။
အောင်မြင်မှု့ကိုလိုချင်ရင် အခက်ခဲတွေကို ရင်ဆိုင်ကျော် လွှားနိုင်ရမယ်....အခက်ခဲတွေကိုစိတ်ပျက်ငြီးငွေ့လာခြင်းဟာ....ကျဆုံးခြင်း
ရဲ့ နမိတ်ဆိုတာ ကောင်မလေး နားလည်းထားပါ.....။
ကောင်မလေးရေ.....♥♥♥
ဘယ်နေရာ..ဘယ်ဒေသမဆို ခေတ်နဲ့ပတ်ဝန်းကျင်ကို လိုက်လျောညီထွေအောင် နေထိုင်စားသောက်၊၀တ်ဆင်ပါ....ခေတ်ဆန်
တာများလွန်းရင် ကောင်မလေးရဲ့ တန်ဖိုးတွေ ကျလာ တတ်သလို ... .ခေတ်နောက်ကျ လွန်းနေရင်လည်း ရိုး အ လွန်းသူလို့ အပြော ခံရတတ်ပါတယ်...။
ဒါကြောင့် မလျော့လွန်း မတင်းလွန်း တဲ့ မူကိုကျင့်သုံးပါ....။
ကောင်မလေးရေ.....♥♥♥
လူတိုင်းကို အလေးထားပါ...လူတိုင်းကို အရေးပါ အရာရောက်တဲ့ လူတွေလိုမြင်ပေးပါ... ဒီလူက ဆရာဝန် ..ဟိုလူက ကူလီထမ်း(porter) သမားဆိုပြီး ခွဲခြားမဆက်ဆံပါနဲ့...တိုင်းပြည် တခု နယ်ပယ် တခုမှာ..အားလုံးဆရာဝန်တွေဖြစ်နေလို့ မရသလို... ကူလီထမ်း(porter) သမားမရှိရင်လဲ အဒီ တိုင်းပြည်က မပြည့်စုံနိုင်ပါဘူး.........။
အုန်းရေ သောက်ချင်ရင်...အုန်းတက်သမားရဲ့ အကူအညီလိုတယ်ဆိုတာ....ကောင်မလေး နားလည်ပေးပါ....။
ကောင်မလေးရေ.... ♥♥♥
အချိန်တိုင်း နေရာတိုင်းမှာ အပျော်တွေကို မရှာပါနဲ့....၊ လက်ရှိ အချိန်တွေကို ဘဲ ပျော်တတ်အောင်ကြိုးစားပါ....။အပျော်တွေ မက်တာများလွန်းရင် ကောင်မလေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းလာတတ်ပါတယ်....။
အိနြေ္ဒရေ နဲ့ပြည့်စုံတဲ့ ပြီး ကုဋောတစ်သန်းခြေလှမ်းပိုင်ရှင် မြန်မာ မိန်းကလေးတွေ အတွက်.. အပျော်တွေကို အမြဲရှာဖွေနေလို့
မသင့်တော် ဘူးဆိုတာ ...ကောင်မလေးနားလည်ထားပါ......။
ကောင်မလေးရေ....♥♥♥
အရာရာကို ပေါ့ပေါ့ဆဆ မလုပ်ဘဲ စဉ်းစားချင့်ချိန် ပြီး မှ ဆုံးဖြတ်ပါ...ဘယ်အရာကို မဆို အသေးအဖွဲ ဟူ၍ မထားဘဲ...အလေးအနက်ထားပြီး လုပ်ကိုင်ပါ...........။
ပုခတ်လွှဲတဲ့ လက်ပိုင်ရှင် ကောင်မလေးတို့ဘ၀တွေက တချိန်မှာ ကမ္ဘာ ကိုအုပ်စိုးနိုင်လို့လေ....။
ကောင်မလေးရေ.....♥♥♥
နှလုံးသားရေးရာ ကိစ္စနဲ့ ပက်သတ် လာရင်လည်း....တစ်ယောက်ထဲကနေ အများကြီးကို မချစ်တတ်ဘဲ.. တစ်ယောက်ကို ပဲ အ များကြီးချစ် တတ်အောင်ကြီုးစားပေးပါ..... ဒါမှ ကောင်မလေးက... ချစ်သူအတွက် ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ဖြစ်မှလေ.....။
ကောင်မလေးရေ....♥♥♥
စကားအများကြီးပြောပြီး ...ဟားတိုက် ရယ်မောခြင်းတွေကို တတ်နိုင်သ၍ ရှောင်ကြဉ်ပါ... .ဖြစ်ချင်တာ အများကြီးကို......ဖြစ်သင့်တဲ့စကားတချို့နဲ့ ထိရောက် နိုင်အောင်ပြောပါ.........။ ဟားတိုက်ရယ်မော ခြင်းဟာ အပြစ်ကင်းစင်တဲ့ ကောင်မလေးရဲ့ အပြုံးလှလှတွေကို ဖုံးကွယ်သွားတတ်တယ်.....ဆိုတာ အထူးသတိပြုပါ................။
ကောင်မလေးရေ....♥♥♥
တနေ့တာ ဖြတ်သန်း ကုန်ဆုံးခဲ့ တာတွေကို.... ညအိပ် ရာဝင်ခါနီး အချိန်တိုင်း... .သေချာပြန် လည်စဥ်းစား သုံးသပ်ပါ.. အမှားအမှန်တွေကို ဝေခွဲ ပိုင်းခြား ပါ.. စဉ်းစားတွေးခေါ်ပါ......။
အမှား အမှန်ကို နားလည် သိမြင်နိုင်ခြင်း ဟာ.. .အောင်မြင်ခြင်းရဲ့ အဓိက သော့ချက် ဆိုတာ ကောင်မလေး သိထားပေးပါ..............။
ကောင်မလေးရေ.....♥♥♥
အနေနီးခြင်း...ဝေးခြင်းဟာ...အချစ်စစ်ကို ပိုင်ဆိုင် ထားသူတွေ အတွက် မပြောင်းလဲ နိုင်ပါဘူး............၊နှလုံးသားတွေ အတူရှိနေခြင်း..... မရှိခြင်း ဘူးအပေါ် မူတည်ပြီး.... အချစ်စစ်တွေကိုပြောင်းလဲတတ်ပါတယ်.......။
ဒါ့ကြောင့်...ကောင်မလေး လူတစ်ယောက်ကို တကယ် ချစ်မိနေပြီဆိုရင်....နှလုံးသား ခြင်း အတူ ရှိနေ အောင်ကြိုးစားပေးပါ............။
ကောင်မလေးရေ.....♥♥♥
အနားမှာ မရှိနိုင်တဲ့အချိန်တွေမှာ စိတ်တွေလေလွင့်ပြီး နှလုံးသားကို ရှေ့တန်းမတင်မိပါစေနဲ့.......ငယ်ရွယ်နုနယ်တဲ့ကောင်မလေး
တို့တွေက နှလုံးသားကိုရှေ့တန်းတင်မိရင် မလိုလားအပ် တဲ့ ပူဆွေးသော ကတွေ ကို ကြုံတွေ့ရတတ်ပါတယ်.....။
နှလုံးသားက ဦနှောက်ရဲ့ထိန်းချုပ်မှု့အောက်မှာဘဲ ရှိသင့်တဲ့အရာဆိုတာ ကောင်မလေး သိထားပေးပါ.....။
ကောင်မလေးရေ.....♥♥♥
နောက်ဆုံး အနေနဲ့ မှာချင်တာကတော့.... အချိန်တိုင်းမဟုတ်တောင် တိုက်ဆိုင်းမှု့လေးတွေရှိတိုင်း သတိရပေးပါ....ဘ၀နှစ်ခု ပေါင်းစပ်နိုင်ဖို့အတွက် .... တခဏတာ ဝေး ကွာနေရတဲ့ နေ့ရက်တွေ ကို သည်းခံပေးပါ......။
ခိုင်မြဲတဲ့ အချစ်... .နွေးထွေးတဲ့ မေတ္တာတွေနဲ့.. .ပြန်လာမယ့် နေ့ရက် ကို...ယုံကြည်စောင့်စားပေးပါ........။
♥♥♥အချိန်မရလို့ ဒီလောက်နဲ့ဘဲ ကျေနပ်ပေးပါ ကောင်မလေးရယ်....
ကောင်မလေး ဘ၀မှာ စိတ်ကူးနဲ့ လက်တွေ့ တစ်ထပ် တည်းကျပါစေလို့.... အမြဲဆုတောင်းလျှက်
ဝေးတမြေ မှ
♥♥♥ချစ်သော......ကိုကို♥♥♥
No comments:
Post a Comment