Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, November 21, 2013

ရင်တွင်းခံစားချက် (ကိုယ်ပိုင်ခံစားချက်) ချမ်းမြေ့မှရေးသားသည်

ဥယျာဉ်မှူးတွေဟာ

ပန်းတွေကိုတော့ ဖူးပွင့်ဝေဆာလာအောင်

ဖန်းတီးနိုင်ကြပါတယ် ဒါပေမဲ့

ပန်းတွေကိုတော့ မွှေးကြိုင်တဲ့ ရနံ့ထည့်ပေးဖို့ကတော့

မစွမ်းသာကြပါဘူး အဲဒီလိုပါပဲ

ကျွန်တော်ရင်ဘတ်ထဲက နှလုံးသားဆိုတာ

ကျွန်တော်ကိုကျွန်တော်ပဲ ချစ်တတ်စေတယ်

တခြားတစ်ယောက်ရဲ့ နှလုံးသားကိုတော့.................

ချစ်တတ်လာအောင် လုပ်ဆောင်နိုင်ဖို့က

အတော်ကိုခဲယဉ်းပါတယ် အဲဒီထက်

အခဲယဉ်းဆုံး ကိစ္စကတော့ ချစ်တတ်ပြီးသား

နှလုံးသားကို ပိုပြီးပိုပြီး ချစ်တတ်လာအောင်

ဖန်းတီးနိုင်ဖို့ကိစ္စပါ၊

ကဲ........ဒါလေးများလွယ်လွယ်လေးပါလို့

ကျွန်တော်မပြောရဲ့ပါဘူး သူငယ်ချင်းတို့ရယ်

သူငယ်ချင်းရယ် ချစ်တတ်ပြီးသား နှလုံးသားဆိုတာ

တခြားတစ်ယောက်ကို ချစ်နေတဲ့ နှလုံးသားက

ကျွန်တော်နှလုံးသားကို ပြောင်းချစ်လာဖို့ဆိုတာ

လွယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်

ဒါပေမဲ့.....

ကျွန်တော်တို့မှာ ကိုယ့်ချစ်ရတဲ့ ချစ်သူကို

ချစ်သူရှိပြီးသား မိန်းကလေးတစ်ယောက်အဖြစ်

နောက်ကျမှ တွေ့ဆုံခဲ့ရပေမယ်

ချစ်ဖို့အခွင့်အရေးကတော့ အပြည့်အဝရှိတယ်

မဟုတ်လား ပြီးတော့ သူငယ်ချင်းတို့လည်း

ကြားဖူးမှာပါ.....

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလေ

ကိုယ့်ချစ်တဲ့ ချစ်သူကို ဘယ်လိုပဲဖြစ်ဖြစ် ထာဝရချစ်နေမှာပဲ

အချစ်ဟာ ဆန်းကြယ်ပါတယ် သူငယ်ချင်းတို့ရယ်......

စာဖတ်သူတွေလည်း အချစ်စစ် အချစ်မှန်နဲ့ တွေ့ကြပါစေလို့

ကျွန်တော်ချမ်းမြေ့က ဆုတောင်းပေလိုက်ပါတယ်ဗျာ။

No comments:

Post a Comment