Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, July 21, 2014

Ooredoo Myanmar ကမြို့ပေါင်း ၆၀ ကျော်နှင့် မြို့နယ်ပေါင်း ၇၀ ကျော်တို့တွင် မိုဘိုင်းဆင်းမ်ကတ်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချမည်

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက မကြာမီရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ငါးခုရှိ မြို့နယ်ပေါင်း ၇၂ ခုနှင့်  ပြည်နယ်နှစ်ခုတို့ရှိ မြို့ပေါင်း ၆၄ မြို့တို့တွင် ၎င်းတို့၏ မိုဘိုင်းဆင်းမ်ကတ်များနှင့် အခြားဝန်ဆောင်မှုများကို ကနဦးအနေဖြင့် ရောင်းချသွားမည်ဖြစ်သည်။

မကြာမီလအတွင်း စတင်အသုံးပြုနိုင်တော့မည့် Ooredoo ဆင်းမ်ကတ်များနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးများရှိ မြို့နယ်ပေါင်း ၇၂ မြို့နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ မြို့ပေါင်း ၆၄ မြို့နယ်တို့နှင့် နေပြည်တော်ကောင် စီနယ်မြေဒေသများတွင် ကနဦးအနေဖြင့် စတင်ရောင်းချသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်  မြို့နယ်ပေါင်း ၄၀၊ မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၂၇ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၂ မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ မြို့၊ မကွေးတိုင်းဒေသကြီးတွင် ၉  မြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၇ မြို့နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ မြို့ ၁၀ မြို့တွင်ရောင်းချ သွားမည်ဖြစ်သည်။

ထို့အပြင် မိုဘိုင်းဆင်းမ်ကတ်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချရန် ရက်သတ္တပတ် အနည်းငယ်အလို ယနေ့တွင် Ooredoo Myanmar ကုမ္ပဏီက၎င်းတို့ ရွေးချယ်ထားသည့် တရားဝင်ဖြန့်ချိရေး ကုမ္ပဏီများကို အသိပေးကြေညာလိုက်ပြီ ဖြစ်သည်။

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ်များနှင့် အခြားဝန်ဆောင်မှုများကို အလွယ်တကူ ဝယ်ယူရရှိစေနိုင်ရန်အတွက် ဖြန့်ချိရေးကုမ္ပဏီ ၆ ခုကို ရွေးချယ်ထားခြင်းဖြစ်ပြီး အဆိုပါ တစ်ဆင့်ခံဖြန့်ချိရေး ကုမ္ပဏီများက အထက်ပါ နေရာဒေသများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

ကာတာဆက်သွယ်ရေးကုမ္ပဏီ၏ တစ်ဆင့်ခံဖြန့်ချိရေးကုမ္ပဏီများမှာ Grate Ayerwaddy ကုမ္ပဏီလီမိတက်၏ လက်အောက်ရှိ Great Ayerwaddy Telecom ကုမ္ပဏီ လီမိတက်၊ Myanmar Distribu-tion Group ၏ MDG မိုဘိုင်း ကုမ္ပဏီလီမိတက်၊  Consumer Group Myanmar လီမိတက်ပိုင် Direct Consumer လီမိတက်၊ Capital Dimond Star Group ပိုင် Capital Connect လီမိတက်၊ Myanmar Golden Star နှင့် MDR ကုမ္ပဏီတို့၏ ကုမ္ပဏီခွဲဖြစ်သည့် MDR Golden Myanmar Sea နှင့် UMG ကုမ္ပဏီပိုင် Kiwi & I ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြသည်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment