Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, July 10, 2014

နှလုံးရောဂါတွက် ကာကွယ်ရန် စားမယ် ရှောင်မယ် စားကြမယ်

 နေ့ စဉ်စားသောက်နေသည့် အစားသောက်များတွင် ကျန်းမာရေးအတွက် အထောက်အကူမပြု့ သည့်အပြင် ဆိုးကျိုးများကိုဖြစ်ပေါ်စေသည့် အစားအစာများလည်း များစွာရှိနေကြပါသည် ။ အစားအစာကြောင့် ဘေးဒုက္ခများစွာဖြစ်ပေါ်ခဲ့ကြတာလည်း ရှိပါတယ် ။ အရက်မသောက် ဆေးလိပ်မသောက် ဘီယာမသောက်သောလည်း အစားအစာများကြောင့် ရောဂါတွေများ ကင်ဆာတွေဖြစ် ဆိုးဝါးသည့် ကျန်းမာရေးဆိုင်ရာပြသနာများစွာဖြစ်ပေါ်ကြရပါသည် ။

စားသုံးသင့်သည်မှာ နှလုံးရောဂါမဖြစ်ပေါ်စေရန်အပြင် နှလုံးအတွက် အကျိုးရှိစေမည့် ပေါင်မုန့် ကြမ်း ၊ ပန်းသီး ၊ မုန့် လာဥ ၊ ကန်စွန်း ၊ ငါး ၊ ကြက်သား ၊ အသီးအနှံ နှင့် အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများကို ပိုမိုစားသောက်ပေးသင့်ပါသည် ။ ခန္ဓာကိုယ့်အတွင်း သွေးများလည်ပတ်မှု့ အတွက် မကောင်းသည့်အပြင် လူကိုလေးလံထိုင်းမှိုင်းစေသည့် ဆီပါသော အစားအစာများကို အထူးရှောင်ရှားရပါလိမ့်မည် ။ အဆီများကြောင့် နှလုံးအခန်းများသွေးလည်ပတ်မှု့ အတွက် ဆိုးဝါးစေပါသည် ။

ရှောင်ရှားသင့်သည့်မှာ နီမြန်သောအသားများဖြစ်သော အမဲသား ၊ ဆိတ်သား နှင့်အသားအစားများခြင်းသည့် နှလုံးရောဂါဖြစ်ပေါ်စေနိုင်ပါသည် ။ အသားများကိုအလွန်အကြူးစားသောက်ခဲ့သောကြောင့် သွေးထဲ့တွင် အိုင်းယွန်းဓာတ်များ များနေပါက ကင်ဆာဖြစ်ပွားစေနိုင်သလို့  နှလုံးရောဂါကိုလည်း ဖြစ်ပေါ်စေပါသည် ။ အသားများကို အလွန်အကြူးစားသောက်မည့်အစား အသီးအရွက်ကြော်များ ၊ အရွက်သုပ်များ နှင့် ပဲသီးမျိုးစုံတို့ ကို ပိုမိုစားသောက်ခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှု့ နည်းပါစေပါသည် ။

နှလုံးသည့် လူသားတစ်ယောက်ဖြစ်ဖို့ မိခင်ဝမ်းအတွင်းအသက်ရှင်နေသည့်အချိန်ကစပြီး လူဘဝအဆုံးထိ မရပ်မနားလှုပ်ရှားနေရသည့် အရေးကြီးသော အဓိကကိုယ့်တွင်းအင်္ဂါအစိတ်ပိုင်းလည်းဖြစ်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment