Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Sunday, August 10, 2014

Ooredoo(ကာတာအခြေစိုက်) နှင့် MPT(မြန်မာ့ဆက်သွယ်ရေး) တို့အပေါ် ကျွန်တော့်၏အမြင်

Ooredoo ကဒ်နဲ့ MPT ကဒ်ရဲ့ အင်တာနက်အကြောင်းအရင်ပြောရအောင်ဗျာ

- အင်တာနက်လိုင်းဆွဲအားက ပြောစရာမလိုအောင်ကိုကောင်းပါတယ် ကျွန်တော်တို့မြန်မာပြည်မှာ အင်တာနက်လိုင်းမှာလောလောဆယ်အနေအထားအရဆိုရင်တော့ လိုင်းအကောင်းဆုံးလို့ပြောရမယ်ဗျ ဒါပေမဲ့ Ooredoo က အင်တာနက်ကို မိနစ်နဲ့ ပိုက်ဆံမဖြတ်ပဲ MB နဲ့ဖြတ်တယ်။ 1000 MB ကို 12500 ကျပ်ကျတယ်။ စဉ်းစားကြည့်တော့ 100 MB ဆိုရင် 1250 ကျပ်ကုန်မယ်။ 10MB ကို 125 ကျပ်ကုန်မယ်။ 1 MB ကို 12.5 ကျပ်ဆိုတော့ 13 ကျပ်ပဲထားပါတော့ ကုန်တယ်ပေါ့ အခုဆိုရင် 20 MB တနေ့ကို free ပေးထားတယ်။ 8 မိနစ်လောက်ပဲသုံးလို့ရတယ်။ 8 မိနစ်ကို 20 MB ဆိုတော့ 100 MB ဆိုရင် 40 မိနစ်သုံးလို့ရမယ်။ အဲတော့ 1 MB ကို 13 ကျပ်ကျတယ်။ ကျွန်တော့တို့ Ooredoo ကဒ်နဲ့ တစ်နေ့ကို အင်တာနက် မိနစ် 40 သုံးမယ်ဆိုရင် ပိုက်ဆံ 1250 ကျပ်ကုန်မယ်နော် သတိထားဗျ။
MPT နဲ့သုံးရင်တော့ အလွန်ဆုံးကုန်မှ 160 ကျပ်ပေါ့ စဉ်းစားသာကြည့်ပေတော့ ဗျာ
အဲတော့ Ooredoo ကဒ်ရဲ့  အင်တာနက်အနေနဲ့ကတော့ လိုင်းကောင်းတယ် ဒါပေမဲ့ ပိုက်ဆံကတော်တော်ကုန်မယ်။
MPT ရဲ့ အင်တာနက်လိုင်းဆွဲအားကတော့ မကောင်းဘူး ဒါပေမဲ့ ပိုက်ဆံက Ooredoo ကဒ်လောက်မကုန်ဘူး ဘယ်ဟာနဲ့သုံးမလဲစဉ်းစားနော် Telenor ကလည်း မလာသေးဘူးနော် သူလာရင်ဘယ်လိုတွေများဖြစ်မလဲ စိတ်ဝင်စားစရာပဲ...................။

- နောက် ဖုန်းပြောတဲ့ကဏ္ဍကို သွားရအောင်
Ooredoo ကဒ်အချင်းချင်းကို 25 ကျပ် တခြား Operator (MPT) တို့ဆိုရင်တော့ 35 ကျပ် ကုန်မယ်
ဒါကတော့ အရင်တုန်းကလိုဆိုရင်တော့ ကျွန်တော်တို့အဖို့ တော်တော်သက်သာလာတယ်ပြောရမယ်။ ဘာလို့လဲဆိုတော့ MPT က 1 မိနစ်ကို 50 ကျပ်နဲ့ လုပ်စားနေတာလေ ည 11 နာရီနဲ့ နံနက် 6 နာရီကြားမှာသာ 25 ကျပ်တဲ့။ ဘာပဲပြောပြောပိုက်ဆံပေးရတာများတာပေါ့ ကိုယ့်ချစ်သူနဲ့ ဖုန်းပြောမယ်ပေါ့ ပိုက်ဆံကဖုန်းထဲမှာသိပ်မကျန်ဘူးဆိုရင် ကိုယ်ကလည်း အများကြီးပြောချင်တာပေါ့ ကိုယ့်ချစ်သူနဲ့ပဲ
သူငယ်ချင်းသက်နိုင်ဆိုရင် သူ့ကောင်မလေးဆီကိုဖုန်းပြောဖို့ဆိုပြီး ညညဆို 12 ကျော်ကျော်လောက်မှအိပ်တယ်တဲ့ အခုတော့သူက အိပ်ရေးမပျက်တော့ဘူးတဲ့ အရင်တပါတ်ကပြောလို့ပါ ဟုတ်တယ်ဗျ အခုတော့ ညဆိုရင် 11 အထိစောင့်စရာမလိုတော့ဘူး အားလုံးအတွက်အဆင်ပြေသွားတယ်ပေါ့ အခုရှေ့လ တယ်လီနော ၀င်လာရင် ဘယ် Operator ကိုဆက်ဆက် 25 ကျပ်ပဲကုန်မယ်လို့ပြောတယ် ဒါပေမဲ့ အင်တာနက်အတွက် ဘယ်လိုပိုက်ဆံဖြတ်မလဲတော့မသိခြင်းများစွားနဲ့ စောင့်စားနေကြရင်း ကျွန်တော်တို့တတွေ စိတ်ဝင်စား......။

အခုလောလောဆယ်အနေအထားကိုသုံးသပ်ရမယ်ဆိုရင် Ooredoo ကဒ်ဟာ အင်တာနက်သုံးရာတွင် ဘယ်လိုမှ မသုံးသင့် MPT ကိုသာသုံးသင့်သည်ဟု ထင်မြင်မိပါတယ် ဖုန်းပြောရာတွင် Ooredoo ကဒ်ကို အနည်းငယ်သုံးသင့်သလို MPT ကိုလည်းသုံးသင့်ဟု သုံးသပ်မိပါသည်။        ။
ရေးသူ - ချမ်းမြေ့(ကောင်းကင်ကောင်လေးများ)

No comments:

Post a Comment