Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, August 20, 2014

မျက်လှည့် ပညာရှင် ဒိုင်နမိုရဲ့ အံ့အားသင့်ဖွယ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ခန့်မှန်းချက်ပါ အံသြစရာကောင်းပါတယ်

ကမ္ဘာ့ဖလား ပြိုင်ပွဲက ပြီးဆုံး သွားခဲ့ပြီ ဖြစ်သလို ဂျာမနီ အသင်း ဗိုလ်စွဲခဲ့တာကိုလည်း ပရိသတ်တွေ အားလုံး သိပြီးသားပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ အတူ နောက်ထပ် အံ့အားသင့်စရာ ဖြစ်ရပ် တစ်ခု ပေါ်ထွက်လာ ခဲ့ပါတယ်။
ဒီအံ့အားသင့်ဖွယ် ဖြစ်ရပ်ကို နာမည်ကျော် ရုပ်သံ တစ်ခုဖြစ်တဲ့ Sky Sport က ဖော်ထုတ် ခဲ့တာ ဖြစ်ပြီး ကမ္ဘာကျော် မျက်လှည့် ပညာရှင် ဒိုင်နမိုရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက် တွေပါ။ ဒိုင်နမို ဆိုတာ ပရိသတ်တွေ အားလုံး မင်သက် အံ့သြ စရာတွေ လုပ်ပြ တတ်လွန်းလို့ နာမည်ကြီး နေခဲ့သလိုပဲ ဒီတစ်ခါ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သူ့ရဲ့ခန့်မှန်းချက် တွေကလည်း သြချ လောက်စရာ ဖြစ်ခဲ့ရ ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ် အကြာက ဒိုင်နမိုဟာ Sky Sport ရုပ်သံလွှင့် ဌာနကို ရောက်ရှိ လာခဲ့ပြီး သူ့ရဲ့ ခန့်မှန်းမှု ပါဝင်တဲ့ စာအိတ် တစ်ခုကို ပေးထား ခဲ့ပါတယ်။ အဲဒီ စာအိတ်ထဲမှာ သူ့ရဲ့ ခန့်မှန်းမှုကို စီဒီတစ်ချပ် ထဲမှာ အသံသွင်း ထားခဲ့တာ ဖြစ်ပြီး Sky Sport အနေနဲ့လည်း အဲဒီစာအိတ်ကို လုံခြုံရေး အစောင့်အကြပ် တွေနဲ့ သေသေ ချာချာ စောင့်ထိန်း ထားခဲ့ ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးချိန် မှာတော့ Sky Sport က ဒိုင်နမိုကို ပြန်လည် ဖိတ်ခေါ်ခဲ့ပြီး စာအိတ်ကို ဖွင့်ဖောက်ကာ သူ့ရဲ့ ခန့်မှန်း မှု တွေကို ဖော်ထုတ် ခဲ့ပါတယ်။
ဒိုင်နမိုရဲ့ ခန့်မှန်းမှုတွေ ထဲမှာ အချက်သုံးချက် ပါဝင်ခဲ့ပြီး ပထမ အချက်ကတော့ ကမ္ဘာ့ထိပ်သီး အဆင့် ကစားသမား တစ်ဦးဦး(နေမာ၊ ရော်နယ်ဒို၊ မက်ဆီ)တို့ထဲက တစ်ဦးဦး ဟာ ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်ရ နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ဘရာဇီး တိုက်စစ်မှူး နေမာဟာ ကျောရိုး ဒဏ်ရာ ရရှိမှုကြောင့် ကွာတား ဖိုင်နယ်က စပြီး နောက်ပွဲစဉ် တွေ ကို လွဲချော် ခဲ့တာကြောင့် ဒိုင်နမိုရဲ့ ခန့်မှန်းမှု မှန်ကန်ခဲ့ ပါတယ်။
ဒုတိယ ခန့်မှန်းမှု ကတော့ ဗိုလ်လုပွဲကို ဥရောပ အသင်း တစ်သင်းနှင့် လက်တင် အမေရိက အသင်းတစ်သင်း တက်ရောက် မယ်လို့ ဆိုပါတယ်။ ဥရောပ အသင်း ကတော့ ဂျာမနီ ဒါမှမဟုတ် အီတလီ ဖြစ်နိုင်ပြီး လက်တင် အမေရိက အသင်းက အာဂျင်တီးနား ဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဗိုလ်လုပွဲမှာ ဂျာမနီနှင့် အာဂျင်တီးနား တွေ့ဆုံခဲ့ တာကြောင့် ဒိုင်နမိုရဲ့ ဒုတိယ ခန့်မှန်းမှု ကလည်း မှန်ကန်ခဲ့ ပြန်ပါတယ်။
တတိယ ခန့်မှန်းမှု ကတော့ ဗိုလ်လုပွဲမှာ သွင်းဂိုးက တစ်ဂိုးတည်းသာ ရှိမှာ ဖြစ်ပြီး အဲဒီဂိုးကို ပါဝင် ကစားခဲ့တဲ့ ကစားသမား တွေထဲက အသက် အငယ်ဆုံး ကစားသမားက ပွဲချိန် ၁၁၃ မိနစ် ကျော်မှာ သွင်းမယ်လို့ ဆိုထား ပါတယ်။ ဂျာမနီ အသင်းရဲ့အသက် အငယ်ဆုံး ကစားသမား ဖြစ်တဲ့ အသက် ၂၂ နှစ် အရွယ် ဂေါ့ဇီက ပွဲချိန် ၁၁၃ မိနစ်မှာ အာဂျင်တီးနား ဖက်ကို တစ်လုံး တည်းသော အနိုင်ဂိုး သွင်းယူခဲ့ တာကြောင့် ဒိုင်နမိုရဲ့ ခန့်မှန်းချက်က အံ့အားသင့် စရာ ဖြစ်ခဲ့ရ တာတော့ အမှန်ပါပဲ။
Ref: Sky Sport

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment