skip to main |
skip to sidebar
အရှေ့ တောင်အာရှက မြွေဟောက်ဘုရင်
မြွေဟောက်ဘုရင်သာ
ဆိုပါတယ်။ အမှန်တော့ သူက မြွေဟောက်မျိုးရိုး ထဲမှာမရှိပါဘူး။ King Cobra
ဆိုပြီး သူ့ Gene က သက်သက်ရှိနေ ပါတယ်။ မြွေဟောက်ဘုရင်လို့ခေါ်ရတဲ့
အကြောင်းကတော့ သူဟာ မြွေကို မှ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်လို့
ဖြစ်ပါတယ်။
နေထိုင်ကျက်စားမှု
အိန္ဒိယ၊
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ အရှေ့ တောင်အာရှဒေသတွေမှာ
အတွေ့များတဲ့ မြွေမျိုး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တောင်ဘက်ပိုင်းတွေမှာတောင်
တွေ့ရတတ်တယ်လို့ဆိုပါတယ်။ အဓိကကတော့ မြစ်ချောင်း၊ အင်းအိုင် ရှိတဲ့
နေရာတွေမှာ ပိုအတွေ့များတဲ့ မြွေ ဖြစ်ပါတယ်။
အရွယ်အစား နှင့် အသက်ပိုင်းခြား
အရှည်
၉ ပေမှ ၁၃ ပေလောက်ထိ ရှည်နိုင်ပြီး ကမ္ဘာ့အရှည်ဆုံး မြွေဟောက် လို့လည်း
မှတ်တမ်းတင်ပါတယ်။ လန်ဒန်က ဥယျာဉ်တစ်ခုမှာမွေးထား
တဲ့မြွေဟောက်ဘုရင်ဟာဆိုရင် ၁၈ ပေလောက်ရှိပါတယ်။ ဒီလိုပဲ ၁၇ ပေ၊ ၁၈
ပေလောက်ထိ ရှည်တဲ့ ရှားရှားပါးပါး ကော်ဘရာတွေလည်း ရှိပါတယ်။ အလေးချိန်ကတော့
၁၃ ပေါင် ဝန်းကျင် ရှိတတ်ပြီး ၂၆ ပေါင်အထိလေးတဲ့ ကမ္ဘာ့အလေးဆုံး
ကင်းကော်ဘရာကိုတောင် အမေရိကန်နိုင်ငံက တိရစ္ဆာန် ဥယျာဉ်တစ်ခုမှာ
မွေးမြူထားပါတယ်။ အသက်ကတော့ အရှည် ဆုံး နှစ် ၂၀ ပါပဲ။ နှစ် ၂၀ ကာလအတွင်း
အသက်ကြီးလေလေ စွမ်းအင်ပို များလေလေ ဖြစ်တဲ့ ကြောက်စရာ မြွေမျိုး ဖြစ်ပါတယ်။
အဆိပ်
ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေလို့လည်း
ပြောစမတ်ပြုပါတယ်။ အနောက်တိုင်းအကူအညီနဲ့ ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်းက
King Cobra မြွေဆိပ်ဖြေဆေး တစ်မျိုး တီထွင်ဖန်တီးပါသေးတယ်။
ဈေးအင်မတန်ကြီးပြီး၊ လူတိုင်း မသုံးနိုင်တဲ့အတွက် King Cobra ကိုက်ရင်
သေဖို့လမ်းစ အများဆုံးပဲ ဖြစ်ပါတယ်။ တစ်ခါကိုက်ရင် အဆိပ် ၂၀၀
မီလီဂရမ်လောက်ထုတ်ပြီး နာရီပိုင်းအတွင်းကို သေစေနိုင်ပါတယ်။
အမဲလိုက်ခြင်း
ပေ
၃၃၀ ဝေးတဲ့ အကွာအဝေးက သားကောင်ကိုတောင်မြင်နိုင် တယ်ဆိုတော့ အံ့မခန်း
အမြင်ကောင်းတဲ့ သတ္တဝါ ဖြစ်ပါတယ်။ အမောက်ထောင်ထားလည်း မြေပေါ်မှာ
လျင်လျင်မြန်မြန်သွား လာ နိုင် ပါတယ်။ အာရုံခံ စနစ် အလွန်ကောင်းပြီး
သားကောင်ရဲ့  သဲလွန်စကို လျှာနဲ့ တို့ပြီးရင် ဘယ်လမ်းကိုသွားတယ်။
ဘယ်နေရာမှာ ရှိမယ်ဆိုတာကအစ ခန့်မှန်းနိုင်တဲ့ ဥာဏ်ကောင်း တိရစ္ဆာန်
ဖြစ်ပါတယ်။ သူအများဆုံးစားတာ ကတော့ မြွှေတွေပါပဲ။ မြွေဟောက်အချင်းချင်းတောင်
တိုက် ခိုက်ပြီး ပြန်းစား ရလောက်အောင် ကြောက်ဖို့ ကောင်းတဲ့ သတ္တဝါ
ဖြစ်ပါတယ်။ လိပ်၊ ပုတက်၊ ယုန်၊ ဖွတ်၊ မြွေငယ်၊ စပါးကြီးမြွှေ၊ မြွှေဟောက်၊
မြွှေပေါက်စမျာ၊ မြွှေဥများနဲ့ အခြား ဥများကိုလည်း စားသုံးပါတယ်။
လူသားကိုလည်း အန္တရာယ်ပြုနိုင် ပါတယ်။ သူနဲ့ထိတ်တိုက်တွေ့ရင် လွတ်လမ်းရှိရှိ
မရှိရှိ အကောင်းဆုံး က ပြေးတာပဲလို့ တိုက်တွန်းထားပါတယ်။
ရှင်သန်ပေါက်ဖွားမှု
အထီးတွေက
အမထက်ပိုအရွယ်ကြီးပါတယ်။ သို့ပေမယ့် အမလည်း အားကြီးတဲ့ မြွေဟောက်တွေပါပဲ။
ဥတစ်ခါ ဥရင် အလုံး ၂၀ မှ ၄၀ အထိ ရှိပါတယ်။ ယင်ဥတွေကို အခြားတိရစ္ဆာန်နဲ့
အခြားမြွေဟောက်ဘုရင်များ လာမစားရအောင်လည်း ကာကွယ်ပေးထားပါတယ်။ အများဆုံး
ရက်ပေါင်း ၆၀ နဲ့ ၉၀ ကြားပါပဲ။ ဥမှ အကောင်ပေါက်ပြီဆိုရင် မြွေဟောက်ဘုရင်
အမအနေနဲ့ သားကောင်လိုက်ဖို့စရပါတော့တယ်။ မဟုတ်ရင် သူမွေးထား တဲ့ မြွှေကိုပဲ
ပြန်စားမိမှာစိုးလို့ ဖြစ်ပါတယ်။ မြွှေဟောက်ဘုရင်က အစားတစ်ခါစားပြီးရင်
လအတော်ကြာနေနိုင်တဲ့ တိရစ္ဆာန်များ ဖြစ်ပါတယ်။ သူတို့ ဝမ်းက အစာခြေစနစ်
နှေးကွေးလို့ ဖြစ်ပါတယ်။
အနာဂတ်နှင့် မြွှေဟောက်ဘုရင်
သစ်တောပြုန်းတီးခြင်းက
မြွေဟောက်ဘုရင်တို့ နန်းကျမယ့်အဓိက အကြောင်းအရင်းပါပဲ။
ကမ္ဘာ့မျိုးသုန်းတော့မယ့် တိရစ္ဆာန်များစာရင်းမှာ
မကြာမီထည့်သွင်းရတော့မယ်လို့ ဆိုပါတယ်။ မြွှေဟောက်ဘုရင် ဘယ်လောက်ပဲ ဆိုးဆိုး
လူနဲ့တော့ ဝေးအောင်နေပါတယ်။ တောတွေထဲမှာပဲ ဗိုလ်ကျပြီး တိတ်တဆိတ်
အမဲလိုက်နေထိုင်တတ်သူများ ဖြစ်ပါတယ်။ ယင်းမြွှေဟောက်မျိုးသုန်းမှာကို
စိုးရိမ်နေကြပါတယ်။ ကမ္ဘာ့ဂေဟစနစ်ကြီး ပုံမှန်အတိုင်းလည်ပတ်ဖို့ဆိုတာ
တိရစ္ဆာန်အားလုံး သူ့ဟာနဲ့သူတော့ ရှိနေဖို့လိုအပ်တာ အမှန်ပါပဲ။
သစ်တောနည်းလေလေ၊ မြွှေဟောက်ဘုရင်နည်းလေလေ ဖြစ်လာဆိုတော့ အနာဂတ်မှာ
မြွှေဟောက်ဘုရင်တွေ ဆက်လက်တွေ့ရဖို့အတွက် ခဲယဉ်းနေပါတယ်။
မြွေဟောက်နှင့် ရိုးရာယဉ်ကျေးမှု
မြန်မာပြည်မှာ
မြွေဟောက်နဲ့ ကတဲ့ အကက ကမ္ဘာကျော်ပါပဲ။ မြွှေဟောက် ဘုရင်ကို မြွေအလာပ္ပာယ်
ဆရာက မဟုတ်ပဲ သာမန် အမျိုးသမီးများ က ပွေ့ပြီး ကတဲ့ အကကို တစ်ကမ္ဘာလုံး
အံ့သြ ကြပါတယ်။ ဒီလိုပဲ မြွှေဟောက်နဲ့ ပက်သက်လို့ အစွဲတွေလည်း ရှိပါတယ်။
အထူးသဖြင့် အိန္ဒိယမှာဆိုရင် မြွှေဟောက်ကိုသတ်ရင် ခေါင်းကို
မီးရှို့တာမျိုးတွေ လုပ်ပါတယ်။ မီးမရှို့ ရင်တောင် ခေါင်းကို
အခြားနည်းလမ်းတွေနဲ့ ဖျက်ဆီးပါတယ်။ အဓိကကတော့ မျက်လုံးဖြစ်ပြီး မြွှေဟောက်
မျက်လုံးနဲ့ အစိုက်ကြည့်ခံရသူဟာ ရောက်လေရာ ဘယ်ဘဝကနေပဲ ဖြစ်ဖြစ် ပြန်လည်
ကလဲ့စားချေတတ်တယ်လို့ဆိုပါတယ်။ သူတင်မကပဲ အခြား မြွှေဟောက် ဘုရင် များကလည်း
ကလဲ့စားချေတယ်လို့ဆိုပါတယ်။ တကယ် ယုံကြည် ရလောက်အောင ဖြစ်ရပ်ဆိုးတွေလည်း
များလာတော့ အိန္ဒိယမှာ ကင်းကော်ဘရာသတ်ရင် ခေါင်းကို မီးရှို့ တဲ့ ဓလေ့က
စွဲသွားပါတယ်။
King Cobra ဟာ အရှေ့ တောင်အာရှကို ကိုယ်စားပြုတဲ့ မြွှေဘုရင်အဖြစ် ကမ္ဘာက သတ်မှတ်ထားကြောင်း သိရပါတယ်။
ချမ်းမြေ့မှတင်ပြထားသည်။

No comments:
Post a Comment