Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့
Showing posts with label အနုပညာ. Show all posts

Wednesday, June 25, 2014

အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။  ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါတစ်လေ  အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက်ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ်တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

Monday, April 28, 2014

သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်

အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။
ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက်စကားပြောဆိုမှုထဲကနေ စကားလုံးတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသနသစ်က သက်သေပြလိုက်ပါတယ်။
“ကလေးငယ်တွေဟာ သူတို့ကြားလိုက်တာနဲ့ သူတို့ ဆက်စပ်မှုရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ်တတ်တယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှုရှိစေတာပါ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ်ပညာ၊ အကြား နဲ့ ဘာသာစကား တွဲဖက်ပါမောက္ခ Amada Seidl က ပြောခဲ့ပါတယ်။

ဟင်္သာတို့ရဲ့နန်းတော်ရှေ့ သီချင်းကလွဲပြီး ကိုယ်ပိုင် သီချင်းတွေနဲ့ချည်း ဖျော်ဖြေသွားမယ့် အဆိုတော်မာရဇ္ဇရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ

တစ်ချိန်က ဆွဲအား၊ မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး၊ ရွှေရတီ၊ ဝေးဝေးကလွမ်း သီချင်းတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော်မာရဇ္ဇက သူ့ရဲ့ဂီတသက်တမ်း နှစ်နှစ်ဆယ်မှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေဖို့ တစ်ကိုယ်တော်လိုက်ရှိုး ကျင်းပသွားမယ့်အကြောင်း ခုလို ပြောပြပေးခဲ့ပါတယ်။
‘ အစ်ကိုအနေနဲ့ လာမဲ့ မေလ သုံးရက်နေ့ ၊ ည ၇နာရီ၊ အမျိုးသားဇာတ်ရုံ(မြို့မကျောင်းလမ်း)မှာ တစ်ကိုယ်တော် လိုက်ရှိုးပွဲလေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲလေး လုပ်ဖြစ်ဖို့ကြိုးစားခဲ့တာ သုံးလေးနှစ်လောက်ရှိပါပြီ။ အခုမှပဲ အကောင်အထည် ဖော်ဖြစ်တော့တယ်။ ဒီလိုက်ရှိုးလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ ဒီပွဲလေးကို လုပ်ခြင်းဖြစ်တယ်။ နောက်ပြီး အစ်ကို့ရဲ့ပရိသတ်တွေကို သီချင်းတွေ အများကြီး ဆိုပြချင်တာလည်း ပါပါတယ်။ အစ်ကို့ရဲ့တစ်ကိုယ်တော်လိုက်ရှိုးမှာ သီချင်းအပုဒ် သုံးဆယ်လောက် ဆိုသွားမယ်။ သီချင်းအပုဒ်သုံးဆယ်ထဲမှာ အစ်ကို့ရဲ့နှစ်နှစ်ဆယ်မှာ ပရိသတ်ကြိုက်ခဲ့ပြီး၊ နာမည်ကြီးအောင်မြင်ခဲ့တဲ့ သီချင်းဟောင်းလေးတွေ ဆိုသွားမယ်။ ပြီးတော့ အစ်ကို အရမ်းဆိုပြချင်တဲ့ သီချင်းတွေရှိပါသေးတယ်။ ကျွန်တော်ရဲ့ တစ်ကိုယ်တော် လိုက်ရှိုးဖြစ်တာကြောင့် အမှတ်တရဖြစ်စေချင်လို့ သူများ သီချင်းတွေ မဆိုပဲ ကိုယ့်သီချင်းတွေပဲ ကိုယ်ဆိုသွားမှာပါ။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ ပြောရရင် ကျွန်တော် အင်မတန်ချစ်သော၊ အင်မတန်လေးစားရသော ကိုလွှမ်းမိုးရဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့ သီချင်း တစ်ပုဒ်ကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဆိုချင်တာပါတယ်။ ကိုလွှမ်းမိုးကိုလည်း ဂုဏ်ပြုချင်တာကြောင့် ဆိုမှာပါ။ အစ်ကို့ရဲ့ လိုက်ရှိုးလက်မှတ်ကို ဈေးကြီးကြီး မရောင်းထားဘူး။ အစ်ကို့ရဲ့ ပရိသတ်တွေ အများကြီး လာကြည့်စေချင်တယ်။ လူတိုင်းတတ်နိုင်လောက်တဲ့ငွေကြေး တစ်ခုဖြစ်ရမယ်။ တကယ်တော့ အလကား ဖျော်ဖြေပေးချင်တာပါ။ တန်ဖိုးတရားအရ တန်ဖိုး ထားတတ်အောင်လို့ သတ်မှတ်လိုက်တာပါ။ လိုက်ရှိုးလက်မှတ်တွေကို မန်းသီရိတေးသံသွင်း၊ KOKO beauty saloon( Dagon Center)၊ 1876(Call Centre) တွေမှာဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းတွေ ကတော့ ၂၀၀၀၀၊ ၁၀၀၀၀၊ ၇၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ အစ်ကို့ရဲ့ လိုက်ရှိုးပွဲလေး ပြီးသွားရင် အစ်ကို့ရဲ့တစ်ကိုယ်တော်အခွေ ထွက်ဖို့ရှိပါမယ်။ သီချင်း၇ပုဒ်လောက်တော့ ပြီးနေပါပြီ။ တစ်ကိုယ်တော်အခွေမှာ သီချင်းဆယ့်နှစ်ပုဒ်ပါမယ်။ သီချင်းတွေအားလုံးကို အစ်ကို တစ်ယောက်တည်းပဲ ရေးထားပါတယ်။ အောက်တိုဘာမှာ ထွက်ရှိဖို့ ကြိုးစားသွားမှာပါလို့ ဆိုပါတယ်’လို့ သူက ပြောသွားပါတယ်။                   

ဇာတ်ကားတွေကို ရိုက်ရပြီးရော မဟုတ်ပဲ သေချာစီစစ်ပြီး ရိုက်ကူးနေတဲ့ နိုင်းနိုင်း

 အနုပညာလောကထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့ပြီး ဖြစ်သလို သူမသူဆိုပြီး ပရိသတ်တွေ စွဲလန်းခဲ့ရတဲ့ သရုပ်ဆောင်နိုင်းနိုင်းနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ အကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘အစ်ကို အခုရိုက်နေတာ ဝိဥာဉ်များ၏အိမ်မက်များ ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ အစ်ကို့ရဲ့ ကာရိုက်တာက ကျောင်းဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားပြီးသွားရင် စံပယ်မင်းထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါတယ်။ နောက်ပိုင်းမှာ ဇာတ်ကားတွေကလည်း ရိုက်ရပြီးရောဆိုပြီး ပြီးပြီးရော မရိုက်ချင်တာကြောင့် သေချာစီစစ်ပြီးမှ ဇာတ်လမ်းကြိုက်မှ ရိုက်ဖြစ်သွားမှာပါ။ ဇာတ်ကား တစ်ကားနဲ့တစ်ကား ဇာတ်အိမ်ထပ်တာ မျိုးတွေ မဖြစ်စေချင်ဘူး။ ကြည့်ရတဲ့ ပရိသတ်တွေအတွက်လည်း ငြီးငွေ့ပြီး ရိုးအီစေတယ်။’လို့ သူက ပြောပါတယ်။

ကာရိုက်တာနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားသရုပ်ဆောင်တယ်လို့ ပြောတဲ့ ကောင်းပြည့်

အနုပညာ ဖန်တီးမှုများနဲ့ ပတ်သတ်ရင် တစ်ကားနဲ့တစ်ကားမှာ မတူတဲ့ဇာတ်ရုပ်တွေနဲ့ မတူတဲ့ အိုက်တင်တွေကို ပရိသတ်တွေ အတွက် ကြိုးစားချပြလာတဲ့ ကောင်းပြည့်က လက်ရှိ သူရိုက်ကူးနေတဲ့ ဗီဒီယိုကားလေး အကြောင်းကို ပရိသတ်အားပြောပြလာပါတယ်။ ‘ခုရိုက်နေတဲ့ကားလေးက ဒါရိုက်တာက ကျော်ဇောလင်း (အတွေးပုံရိပ်) မင်းသမီးက မိုးယုစံပေါ့။ ကားနာမည်လေးက ချစ်သူနှင့်သင့်မြတ်ရေးပေါ်လစီတဲ့။ အဲဒီကားလေးထဲမှာ ကျွန်တော်က စပ်စပ်ထိမခံဘူး။ ကိုယ့်ကို တစ်ခုခုလုပ်သွားရင် ငြိမ်ခံနေတတ်ပေမဲ့ နောက်မှ ကလဲ့စားချေတတ်တဲ့ ကာရိုက်တာမျိုးပေါ့။ လူငယ်ဆန်ဆန် ကာရိုက်တာပေမဲ့ အစပိုင်းမှာအချစ်ကို မသိဘူး။ နောက်ကျမှ နားလည်သွားတဲ့ ပုံစံလေးပေါ့လို့ပြောပါတယ်။  သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး အခုနောက်ပိုင်းမှာတော့ ဇာတ်ရုပ်အတိုင်းကို စိတ်နှစ်ပြီး သေသေချာချာလေး ကြိုးစားဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုကိုယ့် ကောင်းပြည့်ဆိုတာကို သရုပ်ဆောင်တဲ့ချိန်မှာ စိတ်ထဲကနေ ထုတ်ထားလိုက်တယ်။ ကိုယ့်စိတ်ထဲမှာ ဖျောက်ထားလိုက်တယ်။ အဲဒီလိုသရုပ်ဆောင်ရင် ပိုပြီး ကာရိုက်တာ ၀င်အောင်လုပ်လို့ ကောင်းသလိုပဲ ခံစားရတယ်။ အရင်စစချင်းတုန်းကတော့ ထွက်တဲ့ကား တစ်ချို့တလေမှာ နဲနဲလိုနေသလိုလို ဘယ်နားကလိုလို့လိုမှန်းလဲ မသိဘူး။ လိုနေသလိုလိုတော့ ခံစားရတယ်။ ခုနောက်ပိုင်းတော့ ကြည့်တဲ့ ပရိသတ်တွေ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကာရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားသရုပ်ဆောင်ဖြစ်တယ်။ ဒီကားပြီးရင်တော့ မကြည်ဖြူရှင်နဲ့တစ်ကားရိုက်ဖို့ရှိပါတယ်’လို့  ကောင်းပြည့်က ပြောပါတယ်။

Tuesday, April 22, 2014

သဘာဝအတိုင်း ကြည့်ကောင်းတဲ့ ကိုရီးယားအမျိုးသမီး အနုပညာရှင် (၁၀) ဦး

ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေအပါအ၀င် အရွယ်ရောက်ပြီးသား မိန်းကလေးတွေဟာ မျက်နှာခွဲစိပ်မှုတွေ ပြုလုပ်လာကြတဲ့အပြင် အပြင်ထွက်တော့မယ်ဆိုရင် ပြင်ဆင်ခြယ်သမှုတွေကိုလည်း အချိန်ပေးပြုလုပ်လာကြပါတယ်။ ခုဖော်ပြပေးမယ့် အမျိုးသမီးအနုပညာရှင်တွေကလည်း ပလပ်စတစ်ဆာဂျူရီ ပြုလုပ်ထားတယ်၊ မထားဘူးဆိုတာကို ၁၀၀ ရာခိုင်နှုန်း မပြောနိုင်ပေမယ့် မပြင်ဆင်ဘဲ သဘာဝအတိုင်းနေရင်တောင် လှကြတဲ့သူတွေလို့ ပရိသတ်တွေရဲ့ မဲပေးခြင်း ခံရသူတွေပါ။ သူတို့တွေက ဘယ်သူတွေလဲဆိုတာ ကြည့်ကြရအောင်။
၁။ 2ne1 အဖွဲ့ဝင် Dara

၂။အဆိုတော် Younha

၃။မင်းသမီး Gong Hyo Jin

၎။Miss A အဖွဲ့ဝင် Min

၅။F(X) အဖွဲ့ဝင် Amber

၆။ မင်းသမီး Moon Geun Young

၇။Wonder Girls အဖွဲ့ဝင် Sohee

၈။Jeon Ji Hyun

၉။Lee Hi

၁၀။Yoon Mi Rae

သရုပ်ဆောင်လုပ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးပါဘူးလို့ ဆိုတဲ့ မော်ဒယ်Mဆိုင်းလူ

 စူပါမော်ဒယ်လည်းဖြစ်၊ ဖိုတိုမော်ဒယ်လည်း ဖြစ်တဲ့ မော်ဒယ်Mဆိုင်းလူကို လတ်တလောအနုပညာ လှုပ်ရှားမှုနဲပတ်သက်ပြီးတော့ မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘ညီမ လတ်တလောမှာတော့ ဖိုတို မော်ဒယ်အဖြစ်နဲ့ပဲ ရပ်တည်ဖြစ်နေပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ အတွဲလေးတွေ ရိုက်ဖြစ်တယ်။ ညီမအနေနဲ့ လက်ရှိမှာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ပဲ ရပ်တည်ဖြစ်သွားမှာပါ။ သရုပ်ဆောင်အနေနဲ့ကတော့ ညီမအတွက် အခွင့်အရေးရရင် ရသလို လုပ်သွားမှာပါ။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်တဲ့ အလုပ်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးပါဘူး။ သရုပ်ဆောင်လုပ်ဖို့အတွက် အများကြီး ကြိုးစားဖို့လိုပါသေးတယ်’လို့ သူမက ဆိုပါတယ်။

ကိုယ့်အနုပညာလုပ်တွေနဲ့ ပတ်သက်ပြီး အားမရသေးဘူးလို့ ပြောတဲ့ သရုပ်ဆောင် ခရစ္စတီးနား

 အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ တစ်ယောက်ပီပီ သူ့အတွက်လက်ရှိမှာ ကိုယ့်ကိုကိုယ် အောင်မြင်မှုရရှိဖို့ထက် အနုပညာနဲ့ ပတ်သက်ပြီး အခွင့်အရေး တစ်ခုရရှိဖို့ကိုသာ မျှော်လင့်နေရပါတယ်လို့ ဆိုလာသူကတော့ ခရစ္စတီးနားပဲဖြစ်ပါတယ်။ သူမကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ အနုပညာ အခွင့်အရေးအနေနဲ့ အပြည့်အဝရရှိခြင်း၊ မရရှိခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘ခရစ် လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။ သင်္ကြန်ပြီးနောက်ပိုင်း မေလလောက်မှာ ဘန်ကောက်ကို သွားဖို့ရှိပါမယ်။ မကြာခင် ထွက်ရှိထားတဲ့ သရဲမြို့တော်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇာတ်ကားလေး ရိုက်တုန်းက ခရစ်ကိုယ်တိုင်လည်း ကြိုးစား အားထုတ်ခဲ့ပါတယ်။ အဲဒီ့ သရဲမြို့တော်ကားလေးနဲ့ ပတ်သက်ပြီး အရမ်းကြီးတော့ ခရစ် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ ကြိုက်ကြတယ်၊ အားပေးတယ်လို့ သိရတော့ ခရစ်ကြိုးစားရကျိုး နပ်ပါတယ်။ ကျေနပ်မိပါတယ်။ ခရစ်ကတော့ ဒီထက်မက ကြိုးစားချင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အားမရသေးပါဘူး။ အနုပညာ အခွင့်အရေးတွေ အပြည့်အဝရရဲ့လားဆိုတာနဲ့ ပတ်သက်ပြီး ခရစ်ကတော့ ဇာတ်ရုပ်တွေ အများကြီး ရိုက်ချင်ပါတယ်။ အဲဒီ့လိုမျိုး ဇာတ်ရုပ်တွေ ရိုက်လာရဖို့အတွက် အခွင့်အရေးတွေကို စောင့်နေတာပါ’လို့ သူမက ပြောပြသွားပါတယ်။

အနုပညာ အလုပ်ပေါ်မှာ စိတ်နှစ်ထားတော့ လူမှုရေးအပိုင်းမှာ အားနည်းတာတွေ ရှိတယ်လို့ ဆိုတဲ့ အကယ်ဒမီ သက်မွန်မြင့်

 အနုပညာလမ်းကြောင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ သက်မွန်မြင့်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တော့ ‘သက်မွန် သင်္ကြန်မတိုင်ခင်က ကိုလူမင်းနဲ့ ရေချိုပင်လယ်ဆိုတဲ့ ကားလေးရိုက်ထားတယ်။ ဒါရိုက်တာ ကိုနေပိုင်ပါ။ အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ခင်ပွန်းကလည်း သူ့ရဲ့အလုပ်ပေါ်မှာ အရမ်းကြိုးစားတဲ့သူ ၊ သက်မွန်ကလည်း ကိုယ့်ရဲ့ အလုပ်ပေါ်မှာအရမ်းကိုကြိုးစား လုပ်ကိုင်တတ်တဲ့သူ ဆိုတော့ သူက သဘောကျတယ်လေ။ သက်မွန် ကာရိုက်တာ အစုံတော့ လုပ်ကြည့်ဖူးပါတယ်။ ဒါပေမဲ့ သက်မွန်ရိုက်ချင်တဲ့ ဇာတ်ရုပ်က အက်ရှင်ကားတွေ မရိုက်ဖူးသေးဘူး ဆိုတော့ ရိုက်ကြည့်ချင်တယ်။ အနုပညာသမား တော်တော်များများက အနုပညာအလုပ်ပေါ်မှာ လောဘရှိကြတာများတယ် ဆိုတော့ သက်မွန်အနေနဲ့ကရော လောဘဆိုတာက မှန်ကန်တဲ့ လောဘဖြစ်ရင်တော့ အကုန်အဆင်ပြေ ပါတယ်။ ကိုယ်ကလည်း လောဘရှိတဲ့သူထဲမှာ ပါပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံး ဖြစ်ချင်တယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ ကြည့်တဲ့အခါမှာလည်း သက်မွန်မြင့် သရုပ်ဆောင်တာကို သဘောကျတယ်ဆိုတာမျိုးပဲ ဖြစ်ချင်တယ်။ ကိုယ်က အနုပညာထဲမှာ တအားစိတ်နှစ်ထားတဲ့ အခါကျတော့ တစ်ခါတစ်လေ လူမှုရေးပိုင်းမှာ အားနည်းတာတွေရှိတယ်။ သင်္ကြန်ပြီးသွားတာနဲ့ မေမြို့မှာ ဗီဒီယိုကားရိုက်ဖို့ရှိပါမယ်။ အားပေးကြတဲ့ ပရိသတ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ သက်မွန်အိမ်ထောင်ကျပြီးပြီ ဆိုပေမဲ့ ကိုယ့်ရဲ့အနုပညာအလုပ် ကိုကြိုးစားပြီးတော့ ဆက်လုပ်သွားမှာပါ။ ပရိသတ်က ဆက်ပြီးအရင်လိုပဲ အားပေးချစ်ခင်ပေးကြပါ။’ လို့ သူမက ပြောပါတယ်။

ပရိသတ်ကသာ နံပတ်တစ် ဦးစားပေးပါလို့ ဆိုတဲ့ သရုပ်ဆောင် ဟိန်းဝေယံ

 လူငယ် ပရိသတ်တွေကြားမှာ အချစ်၊ ဖန်စီဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်တွေလက်ခံအားပေး နေတဲ့ စူပါမင်းသား ဟိန်းဝေယံကို အချစ်၊ဖန်စီကာရိုက်တာတွေနဲ့ အများဆုံး တွေ့မြင်ရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘ကျွန်တော့်ကို အချစ်၊ ဖန်စီကားတွေနဲ့ပဲ ပရိသတ်အများဆုံး တွေ့နေရတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖိုက်တင်ကား အဆန်းလေးတွေလည်း ရိုက်ပါတယ်။ ကိုယ်တိုင် ကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ကာရိုက်တာမျှအောင်တော့ ရိုက်ပါတယ်။ တစ်ချို့ဇာတ်ကားလေးတွေကတော့ ပရိသတ်တွေဆီ မရောက်သေးလို့ပါ။ ကာရိုက်တာ ကြမ်းကြမ်းနဲ့ ဟိန်းဝေယံဆိုတာ ဖျောက်ပြီး ရိုက်ထားပါတယ်။’လို့ သူက ပြောပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် တစ်ချို့အနုပညာရှင်တွေက မျှော်လင့်ချက်တွေထားပြီး အလုပ်လုပ်ကြတာကို တွေ့ရတယ်။ ဟိန်းဝေယံကရော အနုပညာနဲ့ ပတ်သက်ရင် ဘယ်လို မျှော်လင့်ချက်တွေ ထားလဲဆိုတော့ သူက ‘ကျွန်တော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီး ဟိုဟာကြီးဖြစ်ရမှ၊ ဒါဖြစ်မှရယ်လို့တော့ မျှော်လင့်မထားပါဘူး။ အဓိကကတော့ ပရိသတ်ကိုသာ နံပတ်တစ် ဦးစားပေးပါတယ်’တဲ့။

မကြာခင်မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ဇာတ်ကားတွေ ရိုက်သွားမယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ဘေဘီမောင်

 ခန္ဓာကိုယ် အချိုးအဆစ်အလှတွေနဲ့ သူမရဲ့ဖိုတိုရိုက်ချက်အလန်းစားတွေက ပရိသတ်တွေကို အရမ်းဆွဲဆောင်နိုင်ခဲ့တဲ့ မော်ဒယ်လ် ဘေဘီမောင်ကို လတ်တလော အနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ သူမက ‘ညီမ လတ်တလောမှာ သင်္ကြန်မရောက်ခင် နှစ်ပတ်လောက်က ကိုဟိန်းဝေယံ၊ မမိုးဟေကိုတို့နဲ့ ဇာတ်ကားတစ်ကား ရိုက်ထားပါတယ်။ ပြီးတော့ ကိုပြေတီဦး၊ မချစ်သုဝေတို့နဲ့လည်း ရိုက်ထားပါတယ်။ တစ်ခြား နောက်ထပ်ရိုက်ပြီးသွားလို့ ထွက်ထားတဲ့ ကားတွေရှိသလို၊ မထွက်ရသေးတာတွေလည်း ရှိပါတယ်။ ရှိုးပွဲတွေ တော်တော်များများ လျှောက်ဖြစ်တယ်။ မဝိုင်းစုရဲ့ အာဘွားဗီစီဒီအတွက် ရိုက်နေပါတယ်။ သင်္ကြန်ပြီးရင် ခေါင်းဆောင်မင်းသမီး နေရာကနေ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါမယ်။ ဘယ်ထုတ်လုပ်ရေးနဲ့ဆိုပြီး စာချုပ်ချုပ်ပြီး ရိုက်တာတော့ မဟုတ်ပါဘူး။ လပ်ကီးပဲလေ့စ် ထုတ်လုပ်ရေးကနေ ညီမကို တစ်ကားလောက် ရိုက်ကြည့်ချင်တယ်။ အဲဒီ့ကနေမှ ညီမရဲ့ကြိုးစားအားထုတ်မှု ရလာဒ်ကို ကြည့်ပြီးတော့ ဆက်ပြီး စီစဉ်ပေးသွားမယ်လို့တော့ ပြောပါတယ်’တဲ့။

Tuesday, April 1, 2014

အသည်းကွဲခြင်းကို ပြန်လည်ကုစားပေးနိုင်မယ့် အချက် (၃) ချက်

အသည်းကွဲရောဂါကို ခံစားဖူးတဲ့ လူတိုင်းဟာ အဲ့ဒီလို ခံစားနေရချိန်ကို ငရဲလို့ တင်စားလေ့ရှိကြပါတယ်။ မအိပ်နိုင်၊ မစားနိုင်၊ ဘယ်မှ မသွားချင်မလာချင် ဖြစ်လေ့ဖြစ်ထ ရှိကြပေမယ့် ဒီရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာမျိုးကိုတော့ သူတို့သေချာမသိကြပါဘူး။ အချိန်က ကုစားသွားမယ်ဆိုတာမျိုးက မှန်ပေမယ့် အဲ့ဒီအချိန်တွေကုန်အောင် ဘယ်လိုဖြတ်ကျော်မလဲဆိုတာက အရေးကြီးနေပြန်ပါရော။ အဲ့ဒီတော့ ရောဂါကို ခံစားရတာ မှန်ပေမယ့် သက်သက်သာသာလေးနဲ့ ဖြတ်ကျော်သွားနိုင်မယ့် နည်းလမ်း (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အလုပ်အပြင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပရဟိတလုပ်ငန်းလေးတွေ လုပ်ပေးပါ။ မိဘမဲ့ကလေးတွေဆီ သွားပေးတာမျိုး၊ ဘုန်းကြီးကျောင်းမှာ သွားပြီးကူညီပေးတာမျိုး၊ တိရိစ္ဆာန်ထိန်းသိမ်းရေး စင်တာတွေမှာ သွားကူညီတာမျိုး စသဖြင့် ကိုယ်နဲ့နီးစပ်ရာအသိုင်းအ၀ိုင်းကို အကူအညီတောင်းပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပေးပါ။ ကိုယ့်ဘာသာကိုယ်လည်း စိတ်ချမ်းမြေ့နိုင်သလို ခံစားနေရတာတွေကိုလည်း အထိုက်အလျောက် သက်သာစေမှာပါ။ အချိန်ကို အကျိုးရှိစွာ အသုံးချနည်းတစ်မျိုးပဲပေါ့။

၂။လေ့ကျင့်ခန်းလုပ်ပေးပါ။ မနက်ဖြစ်ဖြစ်၊ ညနေ ကျောင်း၊ ဒါမှမဟုတ် အလုပ်ပြီးတဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ အားကစားလုပ်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတဲ့အပြင် ညဘက် ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့အတွက် အသည်းကွဲနေလို့ ညဘက်အိပ်မပျော်တာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

၃။အိမ်ထဲ အောင်းမနေဘဲ အပြင်သွားပါ။ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး၊ ဆွေမျိုးတွေဆီ သွားလည်တာမျိုးတွေအတွက် အချိန်ပေးလိုက်ပါ။ အဲ့ဒီလိုမှ မလုပ်ချင်ဘူးဆိုရင်တော့ တစ်ယောက်တည်း လေကောင်းလေသန့် ထွက်ရှုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အခန်းအောင်းပြီး တစ်ယောက်တည်းနေခြင်းက စိတ်ကျရောဂါ ဖြစ်နိုင်တာကြောင့်ပါ။

အက်ရှင်ဇာတ်ကား ရိုက်ကူးတော့မယ့် ထားထက်ထက်

Miss Grand Myanmar  ထားထက်ထက်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ထက်ထက် အခု ဒီလအတွင်းကတော့ ပရဟိတအလုပ်တွေ လုပ်ဖြစ်တာ များတာပေါ့။ ဇာတ်ကားရိုက်ကူးဖို့ရှိတယ်။ အဲဒီ့အတွက် ရိုက်ကွင်းတွေကို သွားရောက်လေ့လာတယ်။ အက်ရှင်ကား ရိုက်ကူးမှာပါ။ ဒီနှစ်ထဲမှာပဲ ရိုက်ဖြစ်သွားမှာပါ။ အက်ရှင်ဇာတ်ကား ရိုက်ကူးမှုက ကိုယ့်အတွက် ပထမဦးဆုံး ဖြစ်တာကြောင့် တကယ်ရိုက်တဲ့အခါမှာ ကိုယ့်အတွက် အစိမ်းသက်သက် မဖြစ်ရအောင်လို့ ရိုက်ကွင်းတွေကို လေ့လာတယ်။ အဲဒီ့အတွက် အခက်အခဲတွေ အများကြီး မရှိတော့ဘူးလို့  ထင်တယ်။ နောက်ပြီး ဖိုက်တင်ပိုင်းကျတော့ အရင်ကတည်းက ကိုယ်က ကျွမ်းဘားကစားတယ်။ ကိုယ်လည်း တကယ်လုပ်နိုင်မယ် ထင်တယ်။ အခက်အခဲတွေ မရှိအောင်လို့လည်း ထက်ထက်ဘက်က ကြိုတင် ပြင်ဆင်နေပါတယ်။’လို့ သူမက ပြောပြသွားပါတယ်။         

သင်္ကြန်ရောက်ရင် အိမ်မှာပဲ နေဖြစ်တာများပါတယ်လို့ဆိုတဲ့ အဆိုတော်သီရိဆွေ

 R&B သီချင်းတွေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးမှုကိုရရှိခဲ့တဲ့ အဆိုတော် သီရိဆွေကို လတ်တလော အနုပညာလှုပ်ရှားမှု နဲ့သင်္ကြန်အကြောင်းကို မေးဖြစ်ခဲ့တဲ့အခါ ‘သီရိ လတ်တလောမှာတော့ စိုင်းစိုင်းရဲ့ မန္တလေးရှိုးပွဲပြီးတော့ ရန်ကုန်ရှိုးမှာဖျော်ဖြေဖို့ရှိပါမယ်။ နောက်ထပ် တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး အချိန်နည်းနည်း ယူရဦးမယ်။ ဒီအခွေလေးထဲမှာတော့ မြူးဇစ်ပိုင်းနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ အကုန်လုပ်ကြည့်နေတုန်းပါပဲ။ ထွက်လာမှ အခွေထဲမှာ ဘယ်လိုပုံစံမျိုးတွေ ပါတယ်ဆိုတာကို နားထောင်ကြည့်စေချင်ပါတယ်။ အခွေ Title ပေးဖို့ကလည်း ဘယ်သီချင်းက အဆင်ပြေမှန်း မသိသေးဘူး။ နီးမှပဲဖြစ်တဲ့ ဖီလင်ပေါ်မူတည်ပြီး ပေးဖြစ်သွားမှာပါ။ ဒီနှစ်သင်္ကြန်တော့ ရန်ကုန် Alpine စိုင်းစိုင်းမဏ္ဍပ်မှာပဲ ရှိပါမယ်။ သင်္ကြန်မှာ နှစ်တိုင်း ဖျော်ဖြေဖြစ်ပါတယ်။ ဟိုးအရင်နှစ် သင်္ကြန်အချိန်တွေတုန်းကတော့ အိမ်မှာပဲ နေဖြစ်တာများပါတယ်။ မဏ္ဍပ်ထိုင်ရတာပျင်းလို့ မနက်ပိုင်းပဲ ထိုင်ဖြစ်တယ်။ ညနေပိုင်းရောက်ရင် အိမ်ပြန်တယ်။ ဒါမှမဟုတ် မနက်တစ်နေ့ခင်းလုံး အိမ်မှာနေပြီးတော့ ညနေရောက်မှ မဏ္ဍပ်ထိုင်ဖြစ်ပါတယ်’လို့ သူမက ဆိုပါတယ်။

သင်္ကြန်နီးလာရင် စိတ်တွေ လန်းဆန်းလာတယ်လို့ ပြောတဲ့ နန်းဆုဦး

 အနုပညာခြေလှမ်းတွေ ပိုစိပ်လာတဲ့ နန်းဆုဦးဟာ ခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ မနားတမ်းရိုက်ကူးလာရသူပါ။ သရုပ်ဆောင်ပိုင်းရော၊ ဖက်ရှင်ဘက်မှာပါ ပရိသတ်တွေ အားပေးလက်ခံလာတဲ့ သူမနဲ့ တွေ့ဆုံခိုက် သင်္ကြန်နဲ့ပတ်သက်တဲ့ ဖီလင်လေးတွေရယ်၊ ငယ်ဘ၀ စိတ်ခံစားချက်အကြောင်းလေးတွေပါ မေးမြန်းဖြစ်တဲ့အခါ ‘သင်္ကြန်နား ရောက်ခါနီးကျတော့ စိတ်တွေ လန်းဆန်းတယ်။ ဥပမာ ခရီးထွက်ခါနီး နားရတော့မဲ့ စိတ်ခံစားမှုလေးဆိုတော့ စိတ်လန်းဆန်းမှုကို ဖြစ်စေတယ်။ ဖြစ်နေကျ ဖီလင်တွေမျိုးတော့ မဟုတ်ဘူးပေါ့။ ထူးခြားနေတယ်။ အရင်နှစ်တွေတုန်းကတော့  သင်္ကြန်ဆိုရင် သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာ များတယ်။ ကားနဲ့လျှောက်လည်တယ်။ မဏ္ဍပ်တွေ ထိုင်ဖြစ်တယ်။ ဒီအလုပ်လုပ်တဲ့အခါ သူငယ်ချင်းတွေကို အချိန်သိပ်မပေးနိုင်တော့ဘူး။ အလုပ်က တနေကုန်ဆိုတဲ့အခါကျတော့လေ။ အလုပ်ဆက်တိုက် လုပ်ဖြစ်နေတဲ့ခါကျတော့ အလုပ်နဲ့ပတ်သတ်တာတွေကို ခေါင်းထဲထည့်ထားပြီး ပြန်စဉ်းစားတာမျိုးတွေပဲ ရှိပါတယ်။ ငယ်ဘ၀အမှတ်တရတုန်းကတော့ မှတ်မှတ်ရရ တစ်နှစ်ရှိခဲ့ဖူးတယ်။ အသက်၁၃နှစ်တုန်းက ဗုံးပေါက်တဲ့နှစ်ပေါ့။ မေမေက စိတ်မချလို့အပြင်ပေးမလွှတ်တော့ စိတ်ကောက်ပြီး သီချင်းနှစ်ပုဒ် ရေးဖြစ်သွားတယ်။ အဲ့ဒါကတော့ စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်နေမိတယ်။ ဒီနှစ်သင်္ကြန်က ဒီမှာပဲရှိရင်ရှိမယ်။ မရှိရင် ခရီးသွားဖြစ်မယ်ထင်တယ်။ မသေချာသေးဘူး။’လို့ သူမက ပြောပါတယ်။

Wednesday, March 26, 2014

မြန်မာလူမျိုးတိုင်း တက်ညီလက်ညီ သောင်းကျန်းတဲ့ပွဲမို့ သင်္ကြန်ဆိုရင် ပျော်တယ်လို့ ပြောတဲ့ ကျော်ထွဋ်ဆွေ

 အားလုံးသိပြီးသားဖြစ်တဲ့ Rock Star အဖွဲ့ဝင် ကျော်ထွဋ်ဆွေကတော့ သင်္ကြန်ဖီလင်၊ သင်္ကြန်ဘယ်မှာရှိမယ်ဆိုတဲ့အကြောင်း ခုလို ဖွင့်ဟသွားပါတယ်။ ‘အခုလတ်တလောက ပုဂံက ပြန်လာတယ်။ သင်္က်ြန်အခွေကလောလောဆယ်ထွက်ထားတယ်။ Hello Music သင်္ကြန်ခွေပေါ့။ သင်္ကြန်ကတော့ ရန်ကုန်မှာပဲရှိဖို့များမယ် ထင်တယ်။ ရန်ကုန်တစ်ခုနဲ့ မန်းလေးတစ်ခုက စကားပြောနေတုန်း မို့လို့လေ။ အရင်နှစ်တုန်းက 69.4မဏ္ဍပ်လုပ်ဖြစ်တယ်။ ဒီနှစ်က မလုပ်ဖြစ်တော့လို့ပါ။ သင်္ကြန်နဲ့ပတ်သတ်ပြီး ပျော်တယ်။ မြန်မာလူမျိုးတိုင်း တက်ညီလက်ညီသောင်းကျန်းကြတဲ့ပွဲပေါ့။ ဒီနှစ်ကတော့ သင်္ကြန်ဖက်ရှင်နဲ့ပတ်သတ်ပြီး အဟောင်းတွေပဲ ၀တ်ဖြစ်မှာပါ။ အသစ်ဝယ်ရမှာ နှမြောတယ်လေ။ ပြီးတော့ ဒီနှစ်က အလုပ်နဲ့ပဲ ထိုင်ဖြစ်မယ်။ ချစ်သူနဲ့မဏ္ဍပ်တူမတူတော့ မပြောတတ်သေးဘူး။ သင်္ကြန်နဲ့ပတ်သတ်ပြီး အရင်နှစ်ကတော့တာဝန်ကြီးတယ်။ ဒီနှစ်ကတော့ ကိုယ်ကအလုပ်နဲ့ပဲဆိုတော့လေ။ မနှစ်ကတော့ကိုယ်က လုပ်တာဆိုတော့ တာဝန်ကြီးတာပေါ့။ သင်္ကြန်မှာ အပြင်ထွက်ရင် ခေါင်းလိမ်းဆီနဲ့ မျက်မှန်ကတော့ ကျွန်တော့် အတွက် မပါမဖြစ်ပါပဲ။ ဆိုမှာကတော့ သင်္ကြန်သီချင်းတွေများမယ်။ နောက်ပြီးတော့ သင်္ကြန်နဲ့လိုက်တဲ့ ဒီမိုကရေစီသီချင်းတွေ ဆိုမယ်။ နိုင်ငံရေးမပါတဲ့ လွတ်လွတ်လပ်လပ် သီချင်းတွေဆိုမယ်။ သင်္ကြန်မှာ ပရိသတ်ကြီး အားလုံးနှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောနိုင်ကြပါစေ။ အလုပ်မရှိသေးတဲ့လူတွေလဲ အလုပ်အကိုင်တွေ အဆင်ပြေပါစေ။ ၀င်ငွေတွေ အများကြီးတိုးပါစေ။ အလုပ်ရှိတဲ့သူတွေလဲ ရာထူးတွေတိုးပါစေလို့ဆုတောင်းပေးပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ကတော့ အိမ်မှာပဲအိပ်ဖြစ်မယ်ထင်ပါတယ်။’လို့ သူက ပြောပြသွားပါတယ်။

သင်္ကြန်က သူမအတွက် ပုံမှန်ပါပဲလို့ဆိုတဲ့ မော်ဒယ် Mဆိုင်းလူ

 ချစ်စဖွယ်ကောင်းတဲ့ မျက်နှာဟန်ပန်လေးရော၊ အင်တာနေရှင်နယ်အဆင့်မီ ကိုယ်နေဟန်ထား ကြောင့်ပါ မော်ဒယ်လောကမှာ နာမည်ရရှိနေသူ မော်ဒယ်လ် Mဆိုင်းလူကို သူမရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက် တစ်ချို့ကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘ညီမ အခု လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာမှသိပ်မလုပ်ဖြစ်ဘူး။ ပြီးတော့ သင်္ကြန်အတွက်လည်း သိပ်မသေချာသေးဘူး။ ခရီးထွက်ဖြစ်ရင်လည်း ထွက်ဖြစ်မယ်။ မဏ္ဍပ်ထိုင်ဖြစ်ရင်လည်း ထိုင်ဖြစ်မယ်။ သေချာပြောလို့တော့ မရသေးပါဘူး။ အရင်နှစ် သင်္ကြန်တွေ တုန်းကဆိုရင် ညီမက ခရစ်ယာန် ဖြစ်တဲ့အတွက် ကန့်ပဲ အမြဲတမ်းဝင်ဖြစ်တာများပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး စိတ်ခံစားချက် ပြောရမယ် ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ခံစားချက်ကတော့ ဘယ်တူနိုင်မလဲနော်။ တစ်ယောက်တစ်မျိုးစီပေါ့။ ညီမအတွက်ကတော့ သင်္ကြန်ဆိုတာ မြန်မာနှစ်သစ်ကူး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပုံမှန်ပါပဲ။ ပျော်တော့ပျော်ပါတယ်။ တအားကြီးတော့ မဟုတ်ဘူးပေါ့။ သင်္ကြန်မှာ ရေပက်ခံတော့ မထွက်ဖြစ်ဘူး။ ဒါပေမဲ့ မဏ္ဍပ်တော့ ထိုင်ဖူးပါတယ်။ မဏ္ဍပ်ထိုင်ရတာလည်း နေအရမ်းပူတယ်လို့ ခံစားရတယ်။ ပြီးတော့ နေပူပူထဲမှာ ရေပက် နေရတယ်ပေါ့။ သင်္ကြန်မှာဖြတ်သန်းကြမယ့် ပရိသတ်ကြီးအားလုံးပဲ ပျော်သာပျော်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် မပျက်စီးစေပါနဲ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ြပီးနေထိုင်၊ သွားလာ၊ ပျော်ကြပါ’လို့ သူက ဆိုပါတယ်။

ဒီနှစ်သင်္ကြန် မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူရှိမယ်လို့ပြောတဲ့ နန်းဆုရတီစိုး

 အနုပညာစာမျက်နှာတွေပေါ် တွေ့ရနည်းလာတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး ခုလတ်တလောဘာတွေ အလုပ်ရှုပ်နေတယ်ဆိုတာရော၊ သူမအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ ၂၀၁၄ အတွက်သင်္ကြန်ရင်ခုန်သံတွေကို မေးမြန်းကြည့်ဖြစ်တဲ့အခါ သူမက ‘နန်းဆု အခုက ပုသိမ်ပြီးမယ်၊ နောက် ၀ါးခယ်မပြီးသွားရင် ဖားကန့်ထပ်သွားရမယ်၊ အဲ့ဒါတွေပြီးရင် မန္တလေးမြို့တော်ဝန်မှာသီချင်းတွေလိုက်ဆိုမယ်။ နန်းဆုအခွေလေးက အဲဒါတွေပြီးမှဆက်ရိုက်ကူးမှာပါ။ ကြားရက်လေးတွေမှာတော့ အမ်တီဗီရိုက်ကူးဖို့အတွက် ပြင်ဆင်မှုလေးတွေ လုပ်နေရတာပေါ့နော်။ သင်္ကြန်ကျရင်တော့ မန္တလေးမြို့တော်ဝန်မှာ ပရိသတ်တွေနဲ့ အတူတူ သီချင်းတွေဆိုမယ်။ သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုက လူတိုင်းရင်ခုန်သလို နန်းဆုလဲ ရင်ခုန်ပါတယ်။ ပရိသတ်တွေနဲ့တူတူ နှစ်သစ်ကို ကူးရမယ်ဆိုတော့ ပိုပြီးလဲရင်ခုန်တယ်။ ပိုပြီးလဲ ၀မ်းသာတယ်။ အကျေနပ်ဆုံးပါပဲ။ ပရိသတ်တွေနဲ့ နှစ်သစ်ကို တူတူကူးရတယ်ဆိုတော့ ဘ၀မှာ မင်္ဂလာရှိတာပေါ့နော်။ နှစ်တိုင်းက နန်းဆု မန္တလေးမြို့တော်ဝန်မှာကြီးပဲ။ မနှစ်က တစ်နှစ်ထဲ ရန်ကုန်မှာ နေချင်လို့လေ။ ရန်ကုန်မှာ သူငယ်ချင်းတွေက နိုင်ငံခြားကပြန်ရောက်နေလို့လေ။ သင်္ကြန်ပြီးရင် အပန်းဖြေ ခရီးထွက်ဖို့ရှိတယ်။ ပရိသတ်ကြီးအားလုံးနှစ်သစ်မှာစိတ်သစ်လူသစ်နဲ့အသစ်အသစ်တွေအားလုံးဖန်တီးနိုင်ကြပါစေ။ ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။ သင်္ကြန်မှာ မိုးမမြင်လေမမြင်ပျော်နိုင်ကြပါစေလို့နန်းဆုက ဆုတောင်းပေးပါတယ်’တဲ့။

သင်္ကြန်မှာ ချစ်သူနဲ့ သူငယ်ချင်းတွေအားလုံးကို ရေလောင်းချင်တယ်လို့ဆိုတဲ့ လွှမ်းပိုင်

ရက်ပ်ပါတွေထဲမှာ ပရိသတ်တွေ နှစ်ခြိုက်တဲ့ ဘိုကေအဆိုတော် လွှမ်းပိုင်ရဲ့ သင်္ကြန်ဖီလင်အကြောင်း နည်းနည်းမေးမြန်းဖြစ်တဲ့အခါ သူက ‘ဒီနှစ် သင်္ကြန်က ရန်ကုန်ကမြို့တော်ဝန်မဏ္ဍပ်မှာ ရှိပါမယ်။ သင်္ကြန်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က အရမ်းပျော်ပါတယ်။ သင်္ကြန်ရောက်ခါနီးမှာ ပြောင်းလဲသွားတတ်တဲ့ ရာသီဥတုလေးကို ကြိုက်တယ်။ မနှစ်က Sky Net ,69.4ရယ်ထိုင်တယ်။ ဒီနှစ်က အကူးတွေ ရှိဦးမယ်ထင်တယ်။ မြို့တော့ဝန်အပြင်ကို မသေချာသေးဘူး။ သီချင်းကိုတော့ အမြူးတွေကို ဦးစားပေးဆိုပါမယ်။ အရင်နှစ်တွေတုန်းကနဲ့ ဒီနှစ်ကသင်္ကြန်ကို စိတ်ထဲမှာ သိပ်မရောက်ဖူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ နေ့နဲ့ညမှားနေလို့။ သင်္ကြန်မကျခင်မနက်ခင်းလေးက အဓိပ္ပါယ်ရှိတာကို အခုကျွန်တော်က မနက်မှာအိပ်၊ညမှာနိုး အဲလိုဖြစ်နေတယ်။ သင်္ကြန်မှာ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်သူငယ်ချင်းအားလုံးကို ရေလောင်းချင်တယ်။ သင်္ကြန်ကတော့သူငယ်ချင်းတွေနဲ့နှစ်တိုင်းဖြတ်သန်းတာများတယ်။ ကိုယ့်ချစ်သူပါတော့ ပိုဂရုစိုက်ရတယ်။ အာရုံနောက်ရတယ်။ သူ့ကိုစတဲ့သူတွေနဲ့ဆိုတော့လေ။’လို့ သူက ပြောပါတယ်။
ငယ်ဘ၀အကြောင်းကိုလည်း သူက ‘သူငယ်ချင်းတွေနဲ့လည်တယ်။ ကျွန်တော်က မဏ္ဍပ်ထိုင်ရတာမကြိုက်ဘူး။ တစ်နေရာထဲမှာ နေရတာထက်စာရင် လျှောက်လည်ရတာကို ပိုကြိုက်တယ်။ သင်္ကြန်အပြင်သွားရင် မျက်မှန်တို့၊မျက်နှာဖုံးတို့ကို အမြဲယူတယ်။ အသားမဲမှာ စိုးလို့လေ။ ဒီနှစ်ကတော့ ကျွန်တော်ပေါ့ပေါ့ပါးပါးနဲ့ရေစိုရင်ခြောက်မြန်မဲ့ဟာမျိုးပေါ့။ အသားအရေပိုင်းကတော့ ဂရုစိုက်ရပါတယ်။ ထူတဲ့ဟာဝတ်တာမျိုးရှိတယ်။ပေါ့ပေါ့ပါးပါးဝတ်တာမျိုးလဲရှိတယ်။စိတ်ကူးပေါက်ရင် ပေါက်သလိုပေါ့။ သင်္ကြန်နဲ့ပတ်သတ်တဲ့ အမှတ်တရက ကျွန်တော်သီချင်းစဆိုခါစ အချိန်တုန်းက Sky Net မဏ္ဍပ်မှာ Sound Box အောက်ကို ခြေထောက်ချလိုက်တာ ချော်ကျသွားတယ်။ အဲဒါလေးကတော့ အမှတ်တရပါပဲ။ သင်္ကြန်မှာ ပရိသတ်အားလုံး သူငယ်ချင်းတွေနဲ့ လည်မဲ့သူပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မဲ့သူပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းမူးတဲ့ခါကျရင် အဖွဲ့ထဲမှာဆွဲဖို့ အတွက်တစ်ယောက်ကတော့ အရက်မသောက်ပဲ နေပေးပါ’တဲ့။

Friday, March 21, 2014

နွေရာသီမှာ အရောင်တောက်တောက်တွေ ၀တ်တာမျိုးရှောင်စေချင်တယ်လို့ ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

 နှလုံးသားအရင်းအနှီး သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်ကို သူ့ရဲ့ နွေရာသီစိတ်ခံစားချက်၊ ဖက်ရှင်နဲ့ အသားအရေအတွက် မေးမြန်းကြည့်လိုက်တဲ့အခါ ‘နွေရာသီနဲ့ ပတ်သက်တဲ့ ခံစားချက်က ငယ်ငယ်တုန်းကနဲ့တော့ မတူတော့ဘူးပေါ့။ ငယ်ငယ်တုန်းကဆို နွေရာသီရောက်ပြီဆိုရင် ကျောင်းသုံးလပိတ်တော့ ပျော်တယ်။ အခုချိန်နွေရာသီ ကတော့ အရင်ကနဲ့ကို မတူတော့ပဲ၊ တအား ပိုပူပြင်းလွန်းပါတယ်။ အလုပ်လုပ်ရတာလည်း အဆင်မပြေ ဖြစ်စေပါတယ်။ လူရဲ့ အင်အားတွေကို ပိုပြီးပင်ပန်းစေတယ်။ နွေရာသီမှာ အရောင် တောက်တောက်တွေ ဝတ်ဆင်တာကို ရှောင်စေချင်တယ်။ အိုင်းရင်းကတော့ သီချင်းသွင်းဖို့ သွားရမယ်ဆိုရင် ကိုယ်ပေါ်မှာ လွတ်လွတ် လပ်လပ်ရှိပြီး ချောင်ချောင်ချိချိဖြစ်မယ့် အဝတ်အစားမျိုးတွေ ဝတ်ပြီးသွားတယ်။ ရှိုးပွဲဖျော်ဖြေဖို့ ရှိရင်တော့ အရောင်တွေ ဘာတွေမရွေးတော့ပဲ ရှိုးပွဲအတိုင်း ဝတ်ဆင်ပါတယ်။ အပြင်သွားရင်တော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ လုံခြုံမှုရှိတဲ့ပုံစံမျိုးပဲ ဝတ်ဖြစ်ပါတယ်။ အပြင်သွားမယ် ဆိုရင်တော့ Lotion ကတော့ လိမ်းဖြစ်ပါတယ်။ နွေရာသီမှာက Lotion လိမ်းရင်တောင် ချွေးပြန်တတ်တော့ အဆင်မပြေဘူး။ အဲဒီ့တော့လိုအပ်မှ လိမ်းဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်တော်ညက အိုင်းရင်းနဲ့ အိမ်မက်ထဲမှာတွေ့တုံး နည်းနည်းဗျူးတာဗျ အဲဒါတွေကိုပရိသတ်တွေသိအောင် ပြန်တင်ပေးတာနော် ....မယုံမရှိနဲ့ဗျတကယ်ပြောတာ။

(ချမ်းမြေ့)