Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့
Showing posts with label ဟာသများ. Show all posts

Wednesday, June 25, 2014

ယနေ့အကြိုက်ဆုံး ဟာသ

 "ဆန္ဒမစောပါနဲ့"

မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...

"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...

"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"

"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"

"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."
ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...

"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"... တဲ့ဗျာ ကောင်းရော ပြောလိုက်ပုံများ

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

ဒီလ ကမ္ဘာ့ဖား ဘောလုံးပွဲစဉ်များ

“ကိစ္စချောကုန်ပြီ” ဆိုတဲ့ ၁၆ ပွင့်ဆိုင် အချစ်ဇာတ်လမ်းကြီး

ဇာတ်လမ်း အကျဉ်း
==========
မင်းသားက မင်းသမီးရဲ့ညီမကို ချစ်နေတယ်
မင်းသမီးက မင်းသားရဲ့အဖေကို မျက်စိကျနေတယ်
လူဆိုးက မင်းသားရဲ့ အဒေါ်ကြီးကို ကြိတ်ကြံနေတယ်
ခက်တာက မင်းသမီးရဲ့ညီမက မင်းသားကို မချစ်ဘူး။ သူကဆေးစွဲနေတာ။
လူဆိုးရဲ့ဦးလေးက ဆေးရောင်းတော့ မင်းသမီးညီမက လူဆိုးရဲ့ဦးလေးဆီ ဆေးသွားသွားဝယ်ရင်း ညားကုန်ရော…
ဒါပေမယ့် လူဆိုးရဲ့ဦးလေးက မင်းသမီးကို လိုချင်တာ၊
မင်းသားရဲ့အဖေက မထင်မှတ်ပဲ လူဆိုးရဲ့အမေကြီးကို ကားတင်ပြေးတယ်။
အဲဒီမှာ လူဆိုးရဲ့ဦးလေးက ဒေါသထွက်ပြီး မင်းသားကိုလာပြီး သေနတ်နဲ့ပစ်တယ်
ကံဆိုးချင်တော့ ကျည်ဆံက မင်းသားရဲ့အဒေါ်ကိုမှန်ပြီး ကိစ္စချောပါလေရော
လူဆိုးက သူ့ချစ်သူ မင်းသားရဲ့ အဒေါ်ကို သေနတ်နဲ့ပစ်ရပ့ါမလားဆိုပြီး သူ့ဦးလေးကို ဗုံးနဲ့ပစ်တယ်။
မချစ်သော်ညားလည်း မင်းသမီးညီမမှာက ကိုယ်ဝန်ကြီးနဲ့
သူ့ယောက်ျား လူဆိုးရဲ့ဦးလေးကို လူဆိုးက လက်ပစ်ဗုံးနဲ့ပစ်တော့ မင်းသမီးညီမက ဗုံးပေါ်ကို မှောက်ချလိုက်တာ ဗိုက်ထဲကကလေးပါ အစရှာမရတော့ဘူး။
အဲဒါ ရဲက အထင်မှားပြီး မင်းသားနဲ့ မင်းသမီးဖမ်းတယ်၊ လူသတ်မှု၊ လက်နက်မှု၊ မူးရစ်ဆေးဝါးရောင်းဝယ်မှုနဲ့ သေဒဏ်ပေးလိုက်တယ်။========
နောက်ဆက်တွဲ
========
-ဇာတ်ကားရိုက်နေတုန်း တဝက်လောက်ပဲရှိသေးတယ် သူ့ဇာတ်သူ မနိုင်လို့ ဒါရိုက်တာ ကြိုးဆွဲချသေသွားတယ်။
-ဇာတ်ကားစဖြန့်ချီပြီး တစ်ပတ်အတွင်း ထုတ်လုပ်သူ ချောက်ထဲခုန်ချသွားတယ်။

Monday, June 23, 2014

သူငယ်ချင်း သက်နိုင်ထွန်းဆီသို့..............

 သူငယ်ချင်း မင်းဘယ်ရောက်နေလဲ

ငါမင်းဆီကဖုန်းမရလို့လေကွာ မင်းကိုလည်း ဖုန်းဆက်တာမရဘူး အွန်လိုင်းပေါ်မှာလည်းမတွေ့ဘူး

မင်းမိန်းမတစ်ယောက်အတွက်နဲ့ အဲလောက်မခံစားနေပါနဲ့ကွာ

မင်းကိုလည်း ထက်ကောင်းဝေက အရင် လွန်ခဲ့တဲ့ 1 လလောက်ကလည်း ပြောခဲ့ပြီးပြီတဲ့လေ

မင်းအရမ်းမခံစားပါနဲ့ကွာ နောက်တခါ မိန်းကလေးတစ်ယောက်က အခုလို့ဖြစ်အောင်လုပ်သွားတာမျိုး မဖြစ်စေနဲပေါ့ကွာ

မင်းအခုလုပ်နေတဲ့ လုပ်ရပ်တွေက မကောင်းဘူးဆိုတာမင်းသိလား

သူငယ်ချင်းချင်း စေတနာနဲ့ပြောတာပါကွာ မင်းကအမြဲတမ်းအရက်ပဲသောက်နေတာ

အရက်ကမကောင်းဘူးလေကွာ

စိတ်ကယောင်ချောက်ချားတွေဖြစ်နေရင် တရားလေးဘာလေးထိုင်ပေါ့ကွာ

ဘုရား၊ တရား တော့မမေ့လျော့နဲ့သူငယ်ချင်း

ငါတို့ကမင်းအတွက် ပြောတာပါကွာ မင်းအဖြစ်ကလည်း တော်တော်ဆိုးဝါးတာကိုး

ငါကတော့ မင်းအခုလိုဖြစ်နေတာတွေကို မကြည့်ရက်ဘူးကွာ

မင်းအခု ဆေးခန်းသွားသွားပြနေရတယ်ဆို မင်းရွာဘက်ကလူတစ်ယောက်ပြောလို့ပါ

သူငယ်ချင်း ကျန်းမာရေးဂရုစိုက်ပါ

သေခြင်းတရားဆိုတာဘယ်သူမှရှောင်လို့မရပါဘူးကွာ

ဘာမှအားမငယ်ပါနဲ့ကွာ ငါတို့ မင်းနဲ့အနီးဆုံးရှိပါတယ်ကွာ

ဒါပေမဲ့ မင်း ကျန်းမာရေးအခြေအနေက ဒီနေ့လားမနက်ဖြန်လားဆိုတာကိုပဲ စောင့်ရမယ့်ပုံစံမျိုးပြောသွားတယ်ကွာ

မင်း ကျန်းမာရေးကောင်းပါတယ်နော် သက်နိုင် ငါမင်းကျန်းမာရေးကောင်းနေတာပဲမြင်ချင်တယ်ကွာ

မင်းငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကထဲကနေ .......... ဟာတော်ပြီကွာ ဆက်မပြောချင်တော့ဘူး ငါပြောရတာ စိတ်မကောင်းဖြစ်လာပြီ

သူငယ်ချင်း မင်းအတွက် အကောင်းဆုံးတွေဖြစ်အောင်စီမံပေးမယ်နော် ကိုထက်နဲ့လည်းတိုင်ပင်ထားပါတယ် မင်းသေရင် မင်းတို့ရွာက ဘုန်းကြီးကျောင်းမှာ မင်းအတွက် ရည်စူးပြီး KTV ရှစ်ခန်းတွဲ တစ်လုံး လှူပေးပါမယ်ကွာ မင်းအတွက် ဘ၀ကူးကောင်းအောင်လို့ပါကွာ သူငယ်ချင်း မင်း ကျန်းမာရေးဂရုစိုက်ပါကွာ ငါကစေတနာနဲ့ပြောတာပါ အမှားပါခဲ့ရင်တော့ခွင့်လွှတ်ပါကွာ......

သတိရစွာဖြင့်
ချမ်းမြေ့

မယ်မြ ( မြန်မာတိုင်းဖတ်သင့်သည့် ၀တ္ထုတို တစ်ပုဒ်ဖြစ်ပါကြောင်း)

 လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက်သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်းကုလား (ခေါ်တော)များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။
ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲ ကြည့်ရှု၍ ငေးမော နေသူနေ၊တွေးတောနေသူနေရှိကြကုန်၏

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ဌင်း၏ယောင်္ကျားကုလားက

“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ” ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။

“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော်ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကားတက်ရဲ့လား”

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “ တတ်လား၊မတတ်လား ခင်ဗျားဘဲမေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟုဖော်ရွေစွာပြော၏။

မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့်ဆိုသည်ကား-

“ရှင်ကဘယ်ကလဲ၊ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွာမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲရှိပါ သေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကိုစိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂-ယောက်သားစိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-

“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ငါ-မောင်ကျားရယ်လေ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်က ရုပ်တစက်ကမှမရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာအဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေ ဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်းစကားပြောကြားအုံး” ဟုဆို၍ထသွား၏။
ဇာတ်ရင်းကိုလှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြား တွင် လောကဓာတ်ဘုန်းကြီးကျောင်းရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ် ကနေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလိုနေကြ၏။

၎င်းကျောင်း ၆-တန်း တွင် အတူနေကြ၏။
ကျွန်ုပ်တို့လူစုတွင်မယ်မြနှင့်ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦး မည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သ လောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန်သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား ၏။ သူ့လက်အောက်ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြကစားစရာရှိလျှင် မိမိကနဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြ ဖွယ်ကောင်း၏။

“မယ်မြရယ်၊နင်ဘယ်အဖြစ်ရောက်လာတာလဲ၊နင်ဟာတော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းကလူဟုတ်ကြီးထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့သာနုံသေးတယ်၊ သူ့ကိုမချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့်ကုလားကကော၊ဘယ်လောက်များလူစကောင်းလို့လဲဟဲ့။” (မခံချင်၍ဒေါသနှင့်မေးသည်။)

အပိုင်း (၂) မျှော်........

Monday, June 16, 2014

အမျိုးသမီးများ၏ ရယ်စရာကောင်းသော အလေ့အထလေးများ

၁။ ကျွန်မတို့တွေက နိုးစက်ကိုလိုတာထက် (၁၀) မိနစ်ကြိုပေးတတ်ကြတာတောင်ဘယ်လို
ပဲဖြစ်ဖြစ် အိပ်ပျော်သွားမြဲပါပဲ။
 ၂။ မျက်တောင်ကော့တိုင်းပါးစပ်ဟထားကြတယ်။ ပါးစပ်ပိတ်ဖို့ ကြိုးစားပြန်တော့လည်းမျက်တောင်ကော့ဆေးတွေ စွန်းထင်းကုန်ပါတယ်။
၃။ ကျွန်မတို့ရဲ့ ကြီးမားလှတဲ့ လက်ကိုင်အိပ်ထဲကို ဖုန်းကိုပစ်ထည့်တတ်ကြပါတယ်။ အဲဒါနဲ့ ဖုန်းမြည်လာတဲ့အခါဖုန်းကိုရှာမတွေ့လို့ ကမန်းကတန်းဖြစ်တတ်ကြတယ်။

၎။ တစ်ချိန်ချိန်ကျလိုအပ်လာမလားဆိုပြီးလက်ကိုင်အိပ်ကြီးထဲမှာဘယ်တော့မှမသုံးတဲ့ ပစ္စည်းတွေထည့်ပြီးနေရာတကာသယ်သွားတတ်ကြပါတယ်။
၅။ ပစ္စည်းတွေကိုသူ့နေရာနဲ့သူစီကာစဉ်ကာထားတတ်ကြပါတယ်။ ပြီးတော့ ထားတဲ့နေရာမေ့နေတတ်ကြတယ်။
၆။ ခေါင်းပေါ်မှာတင်ထားတဲ့ မျက်မှန်ပျောက်လို့ လိုက်ရှာနေတတ်ပါတယ်။
၇။ မှန်ကြည့်တိုင်းစဉ်းစားမိတာတစ်ခုကတော့ ဒီပုံစံလေးဓာတ်ပုံရိုက်ထားရင် လှမှာပဲလို့ပေါ့။
၈။ အလောတကြီးဖြစ်နေတဲ့အခါမျိုးမှာလက်ထဲမှာအခုလေးတင် ကိုင်လိုက်တဲ့သော့ကိုပျောက်ပြီဆိုပြီးလိုက်ရှာနေမိတတ်ကြတယ်။
၉။ ကျွန်မတို့အားလုံးခေါင်းလျှော်ရည် နှစ်မျိုးသုံးမျိုး၊ ကွန်ဒီရှင်နာ (conditioner) အမျိုးမျိုးအပြင် ရေချိုးဆပ်ပြာရည်များစွာရေချိုးခန်းထဲမှာထားတတ်ကြတယ်။
၁၀။ ဘယ်အချိန်အခါမဆိုအပြင်မထွက်ခင် ကိုယ့်ကိုယ်ကိုဘယ်လိုနေလဲဆိုတာမှန်ထဲကြည့်လေ့ရှိကြတယ်။
၁၁။ အဝတ်ဘီရိုထဲမှာအဝတ်အစားတွေပြည့်နက်နေပေမယ့် ဝတ်စရာဘာမှမရှိဘူးဖြစ်နေပြန်တယ်
၁၂။ အိပ်ယာမဝင် ခေါင်းဖြီးတတ်သေးတယ်။
၁၃။ အများသုံးသန့်စင်ခန်းတွေသွားတဲ့အခါ အတင်းအဖျင်းလေးပြောရအောင် အုပ်စုလိုက်သွားတတ်ကြတယ်။
၁၄။ ဘီယာတွေအားလုံးအရသာတူတူပဲလို့ ထင်နေတတ်ကြတယ်။
၁၅။ ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ အမှိုက်သွားပြစ်တာပဲဖြစ်ဖြစ် လှလှပပဝတ်ဆင်ပြီး၊ မိတ်ကပ်လိမ်းပြီးမှ ထွက်လေ့ရှိပါတယ်။
၁၆။ ကျွန်မတို့ အမျိုးသားတစ်ယောက်ကို “ဘာမှမဟုတ်ပါဘူး” လို့ပြောတဲ့အခါ အမှန်တကယ်ကတော့ ဆန့်ကျင်ဘက်ကိုဆိုလိုတာပါ။
၁၇။ ကျွန်မတို့ ဘယ်တော့မှ အမှားမလုပ်ပါဘူး။ အမျိုးသားတွေ စပြီးတောင်းပန်တာကိုပဲစောင့်တာပါ။
၁၈။ ဖြတ်လမ်းကသွားရမှာကိုကြောက်လို့ အမြဲတမ်းရှည်ရှည်ဝေးဝေးလမ်းကပဲသွားလာလေ့ရှိပါတယ်။
၁၉။ ကျွန်မတို့ငိုတဲ့အခါမှာထွေးပွေ့ထားပေးမယ့် တစ်ယောက်ယောက်ကို မြင်စေချင်ကြပါတယ်။
၂၀။ ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေအနေနဲ့တော့ လက်တွေ့ဘဝကနေခဏလွတ်မြောက်မှုကိုရှာဖွေတတ်ကြပါတယ်။
ကျွန်မတို့အမျိုးသမီးတွေကတော့ လက်တွေ့ဘဝအကြောင်းနဲ့ တိုက်ဆိုင်လောက်တာတွေကို စိတ်ကူးရင်ဆန်ဆန် ရှာနေတတ်ကြပါတယ်။
၂၁။ ကျွန်မတို့အားလုံး ပိုးကောင်၊ ပင့်ကူ၊ ပိုးဟပ်နဲ့ ကြွက်တွေကိုကြောက်ကြတယ်။
၂၂။ (၃) ရက်ကြာခရီးသွားဖို့အတွက် အဝတ်အစား (၇) စုံပြင်ဆင်လေ့ရှိတယ်။ ဘာဝတ်ရမလဲဆိုတာရွေးချယ်ရအောင်လို့ပါ။
အမျိုးသမီးတွေရဲ့ ရယ်စရာကောင်းတဲ့ အလေ့အထလေးတွေကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

Monday, June 9, 2014

Wednesday, May 14, 2014

အမတ်ကြီးဦးပေါ်ဦး၏ ဖြတ်ထိုးဥာဏ်

အပျိုချောရဲ့ခြေသလုံး
ဖန်နန်းရှင် ဘကြီးတော်မင်းတရားကြီးအနေနဲ့ အင်းဝမြို့တော်ဟောင်းကို မွမ်းမံပြုပြင်တော်မူရာမှာ လမ်းတွေကို ချဲ့ထွင်တာလည်း ပါဝင်တာပေါ့။   လမ်းတွေကို ချဲ့ထွင်ပြုပြင်တဲ့အခါ စေတီတော်တစ်ဆူအနေနဲ့ လမ်းနဲ့မလွတ်ဘူး၊ စေတီတော်ကို ဖျက်ပြီးရွေ့မှ လမ်းဖြောင့်မယ်။ ကျယ်ဝန်းလာမယ်။

…သာသနာ့ဒါယကာ မင်းတစ်ပါးအနေနဲ့ ဘာသာရေးကို ထိခိုက်လို့ မဖြစ်ဘူး။ အရေးတယူ အလေးမူရလိမ့်မယ်။ ဒါကြောင့် ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ဆွမ်းကပ်တယ်။ လမ်းနဲ့မလွတ်တဲ့ စေတီတော်အကြောင်း မေးမြန်း လျှောက်ထားတယ်။ ဘယ်ဆရာတော်ကမှ ဖျက်တာမဟုတ်ဘူး။ ရွှေ့တာပဲ၊ ရွှေ့ကောင်းတယ်လို့ မိန့်တော်မမူကြဘူး။ မရွှေ့ကောင်းရယ်လို့သာ မိန့်တော်မူကြတယ်။

…ဖန်နန်း၇ှင်မင်းတရားကြီးကတော့ စေတီတော်ကို ရွှေ့ချင်တယ်။ ရွှေ့မှသာ လမ်းကြီးကျယ်ဝန်း ဖြောင့်တန်းသွားမှာကိုး။ သို့သော်လည်း သူတစ်ဦးတည်း သဘောနဲ့ လုပ်ရာလည်း အရောက်မခံချင်ဘူး။ ကြံဖော်ကြံဖက် အနည်းဆုံး တစ်ယောက်လောက်တော့ ရှိနေစေချင်တယ်။

…ဒီအတွက် ညီလာခံသဘင်မှာ ဗိုလ်ပုံစုံလင်တဲ့ အခိုက်မေးတော်မူတယ်။

…“ ကိုယ့်တော်မှာ ဆရာတော် သမားတော်များရဲ့ စကားကို ပယ်လှန်ရန်အခက်၊ စေတီတော် လမ်းနဲ့မလွတ်တာ မရွှေ့ဘဲ ထားရအခက် ဖြစ်နေတယ်မင်းကြီး၊ မင်းကြီးသဘောတင်ပါဘိ…”

…အမတ်ကြီး ဦးပေါ်ဦး သိတယ်လေ။ ငါ့အရှင် မင်းတရားကြီးဟာ မရွှေ့ကောင်းဘူး သံဃာတော်တွေ မိန့်သွားပါလျက်နဲ့ မေးနေတာဟာ သူ့ဘက်က အဖော်လိုနေလို့သာ ဖြစ်ရမယ်ဆိုတာ သိတယ်လေ၊ သိတဲ့အတွက် မင်းလိုလိုက်ပြီး မင်းကြိုက် တင်တယ်။

…“ မှန်လှပါ ဘုန်းတော်ကြောင့် ဘုရင်မင်းတရားကြီးဟာ ဘုရားကို ရွှေ့ပြောင်းချင်တဲ့ ဆန္ဒတော်ပြင်းပြနေခြင်းမှာ ကောင်းမြတ်သော စိတ်နဲ့ရွှေ့လိုခြင်းသာ ဖြစ်ပါသောကြောင့် စိတ်ထားမြတ်လျှင် ကုသိုလ်လို့ နှလုံးတော်ပိုက်ပြီး ရွှေ့သာ ရွှေ့တော်မူပါဘုရား…”

…အမတ်တွေ အံ့အားသင့်သွားသော်လည်း ဖန်နန်း၇ှင်မင်းတရားကြီး ကြည်သာရွှင်ပြုံး ဖြစ်သွားတော်မူတယ်။ အဲ…ပြုံးပြုံးရယ်ရယ် ဖြစ်သွားပေမယ့် မင်းလိုလိုက်ပြီး မင်းရဲ့အကြိုက်ကိုလိုက်ပြီး တင်တာဖြစ်နိုင်ကြောင်းလည်း သတိမလစ်ဘူး။ ဒါကြောင့်ဦးပေါ်ဦးကိုပဲ မေးတော်မူတယ်။

…“ ကောင်းပြီ၊ မင်းကြီး အခုမင်းကြီးတင်တဲ့အတိုင်း ကောင်းမြတ်တဲ့စေတနာနဲ့ ဘုရားကို ရွှေ့မယ်၊ ရွှေ့တဲ့နေရာမှာ မင်းကြီးကိုပဲ ဘုရားဖျက်ပြီး ရွှေ့ဖို့စေခိုင်းရင် မင်းကြီးက ဘုရားဖျက်သူ၊ ကိုယ်တော်ရှင်မြတ်က အဖျက်ခိုင်းသူ၊ ဒီသူ နှစ်ဦးအပါယ်လားရင် ဘယ်သူခံမည်နည်း မင်းကြီး…”
…ရယ်ရယ်မောမောနဲ့ အမေးတော်ရှိတာ ဖြစ်လေတယ်။ ဒါကြောင့် ဦးပေါ်ဦးက တင်လျှောက်တယ်။
…“ မှန်လှပါ၊ ဘုန်းတော်ကြောင့် ဘ၀ရှင်မင်းတရားကြီး မေးတော်မူတဲ့ အမေးကို ရှေးရှေးတုန်းက သားအဖနှစ်ယောက် ပုံပြင်စကားနဲ့ ဥပမာထားပြီး သံတော်ဦးတင်ပါရစေဘုရား…”
… “ သားအဖနှစ်ယောက် ပုံပြင်ကို ရွှေနားဆင်တော်မူမည် မင်းကြီး…”
…“ ရွှေနားဆင်တော်မူပါဘုရား…”
…“ ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ
သားအဖနှစ်ယောက်ရှိကြပါသတဲ့ ဘုရား၊ ဖအေက တည်တည်တန့်တန့်  က္ကနြေ္ဒ သိက္ခာနဲ့နေတတ်ပေမယ့် သားကတော့ ဘလွတ်ရွတ်တ ပြောပြီး နောက်နောက်ပြောင်ပြောင် ရယ်ရယ်မောမော နေတတ်တဲ့ ၀ါသနာရှိသတဲ့ဘုရား…”
…တစ်နေ့ကျတော့ သားအဖနှစ်ယောက် ခရီးတစ်ခုကို အတူသွားဖြစ်ကြပါတယ်ဘုရား။ သူတို့ရှေ့မှာလည်း အပျိုချောကလေးတစ်ယောက်ကို လှုပ်လီလှုပ်လဲ့နဲ့သွားနေတာ မြင်တဲ့အခါ သားဖြစ်သူရဲ့ရင်ထဲက ယားကျိကျိဖြစ်လာင်္ပြိး…

“ အဖေ…အဖေ…ရှေ့ကသွားနေတဲ့အပျိုကို သရော်ရရင် အတော်ရယ်စရာကောင်းမှာဘဲ အဖေ…” လို့
သားဖြစ်သူက အဖေကို ပြောပါတယ်ဘုရား။ ဖအေက သူ့ထုံးစံ သူ့ဝသီအတိုင်း…

“ ဟဲ့…သား…သူတစ်ပါးကို မသရော်ချင်နဲ့ကွယ်၊ မတော်တဆ ပြန်ပြီး ဆဲလို့ရှိရင် အရှက်ကွဲတတ်တယ်ကွဲ့…”  ရယ်လို့ပြောပြီး တားမြစ်တဲ့အခါ…

“ စိုးရိမ်မနေစမ်းပါနဲ့ အဖေရာ၊ ဒီအပျိုကို ဘာပြုလို့ နိုင်အောင် မပြောနိုင်ရမှာတုန်း…”

ဆိုပြီးတော့ ရှေ့ကသွားနေတဲ့ မိန်းကလေးကြားအောင် မကြားတကြား လေသံနဲ့ ပြောပါသတဲ့ဘုရား။

“ ဘယ်လိုများ ပြောလိုက်ပါလိမ့်မင်းကြီး၊ ဆက်ပြီး တင်စမ်းပါအုံး…”

…မင်းတရားကြီးလည်း သိချင်ဇော များနေပြီလေ။

“ မှန်ပါ၊ သားဖြစ်သူ လှမ်းပြီး မကြားတကြား ပြောလိုက်ပုံကတော့ …”

“ အဖေ….အဖေ ရှေ့ကသွားနေတဲ့ မိန်းကလေးကို ကြည့်စမ်းပါအုံးဗျာ၊  မိန်းကလေး လှချင်ပါလျက်နဲ့ ခြေသလုံးကြီးက တုပ်ပွပွနဲ့ဗျာ၊ အကြည့်ရဆိုးလိုက်တာ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား၊ မိန်းကလေးက ဆတ်ဆတ်ကျဲနဲ့ သွားတိုးတာကိုးဘုရား၊ မိန်းကလေးက ချာကနဲ လှည့်ကြည့်ပြီး…

“ ကျုပ်ခြေသလုံးတုပ်တာ မောင့်အပူလား၊ မောင့်ပခုံးနဲ့ ထမ်းထားလို့ မောင်က ပြောနေတာလား…”

ပြန်ရန်တွေ့တဲ့အခါမှာ လူရွှတ်လူနောက် ကောက်ကာငင်ကာ ပြောလိုက်ပုံကတော့…

“  အို…အမိငယ်၊ အမိရဲ့ ခြေသလုံး တုပ်တုပ်ပွပွကို ငါကတော့ မထမ်းဘူးဟေ့၊ ထမ်းချင်းထမ်းရင် ငါ့အဖေ ထမ်းလိမ့်မဟ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား။ ဖအေလည်း မျက်ထောင့်ကြီးနီလာပြီး ဒေါသတကြီးနဲ့…

“ အံမာ…နှုတ်သရမ်းတာကမင်း၊ ခြေသလုံး ထမ်းဖို့ကျတော့ ငါ၊ အတော်မတရားတဲ့ကောင်…” လို့ သားကို မာန်ပါသတဲ့ဘုရား၊ ဒီအခါမှာ သားကလည်း အလျှော့မပေးသေးဘဲ…

“ အဲဒါကြောင့် အစကတည်းက အဖေ့ကို တိုင်ပင်သားပဲ၊ မထူးပါဘူး အဖေရာ၊ ဒီအခြေဆိုက်မှတော့ ခြေသလုံး တုပ်ပွပွကို ကြိုးစားပြီးသာ ထမ်းလိုက်ပေတော့…” လို့ ပြောလိုက်ကြောင်း ရှိခိုး သံတော်ဦးတင်ရကြောင်းပါဘုရား…

…အဲဒီလို အမတ်ကြီး ဦးပေါ်ဦးရဲ့  ပုံပြင်အဆုံးမှာ ဖန်နန်းရှင်မင်းတရားကြီး ရယ်ရယ်မောမောနဲ့…

“ တော်တော့…တန်တော့၊ မင်းကြီးရဲ့ စကား အပါယ်လားရင် ကြိုးစားပြီး ကိုယ်တော်ခံ ဆိုတဲ့ အဓိပ္ပာယ် ရောက်နေပြီ၊ စေတီတော်လည်း မရွှေ့ပါနဲ့တော့၊ ခြေသလုံး တုပ်ပွပွ ထမ်းတဲ့ အဖေလည်း မဖြစ်ပါရစေနဲ့…” ရယ်လို့ မိန့်တော်မူတဲ့ အတွက် မှူးတော် မတ်တော်များ ရွှင်ကြည်မစဲ တသဲသဲ ရယ်မောကြတော့တာကိုး……။

Tuesday, May 6, 2014

ဟာသလေးတွေမတင်ရတာကြာပြီနော် အခုတော့တင်ပေးလိုက်တယ်

မြဲမြဲကိုင်
စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင်မွမ်းမံနေသည်။ ဆေးသုတ်သမားသည် နံရံကိုဆေးသုတ်နေသည်။ထိုအချိန်တွင်
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။
“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာကိုင်ထားရဲ့လား ”
“ ကိုင်ထားပါတယ် ”
“ ဒီလိုဆိုရင် လှေခါးကိုဖြုတ်လိုက်တော့မယ်နော် ”
မမူးချင်ပါဘူး
အရက်မူးပြီးအိမ်ပြန်လာသော ယောကျားင်္ကို မိန်းမဖြစ်သူကမြည်တွန်တောက်တီးနေသည်။
“ ရှင်ဘာဖြစ်လို့ ဒီလောက်တောင် မူးအောင်သောက်ရတာလဲ ”
“ မများပါဘူးကွာ ၊ တို့သူငယ်ချင်းသုံးယောက်စာ တစ်ပုလင်းပဲ ယူလိုက်တာပါ ”
“ ဒါဖြင့်ရင် ရှင်ဘာဖြစ်လို့ ဒီလောက်တောင် မူးလာရတာလဲ ”
“ ကျန်တဲ့နှစ်ယောက် ရောက်မလာလို့ပါ ”
စွန့်လွှတ်ခြင်း
အနာဂတ် အိမ်ထောင်ရေးအကြောင်းကို ချစ်သူနှစ်ဦးတိုင်ပင် ဆွေးနွေးနေကြသည်။
“ လက်ထပ်ပြီးရင် ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ကတိကို ပေးနော် ”
“ ပေးပါတယ်အချစ်ရယ် ”
“ အရက်လည်း မသောက်ရဘူး ”
“ မသောက်ပါဘူးကွာ ”
“ ညနေတိုင်း ကလပ်သွားတာကိုလည်း ရှောင်ရမယ် ”
“ ဒါအကုန်ပဲလား ”
“မောင်က ဒီ့ပြင် ဘာကိုများ ရှောင်ချင်သေးလို့လဲ ”
“လက်ထပ်မည့်အစီအစဉ် ”
မလိုတာမလုပ်ပါနဲ့
မင်းသမီးသစ်ကို ဒါရိုက်တာက ရှင်းပြနေသည်။
“ အခုအခန်းမှာ မင်းဆိုဖာပေါ်မှာထိုင်နေရမယ် ၊ အဲ့အချိန်မှာ အနုကြမ်းသမား ၀င်လာလိမ့်မယ်၊ မင်းကိုတွေ့တဲ့အခါ သူ မင်းကိုကြိုးနဲ့တုပ်ပြီး အနိုင်ကျင့် လိမ့်မယ် ၊နားလည်တယ်နော် ”
“ဟုတ်ကဲ့ ၊ ဒါနဲ့ အဲ့ဒီအနုကြမ်းသမားက ရုပ်ချောလားဟင် ”
“ ချောတယ် ”
“ဒါဖြင့် ကျွန်မကို ဘာကြိုးနဲ့တုတ်စရာ လိုသလဲရှင့် ”
သမီးရဲ့အရှက်ကို ကာကွယ်လိုက်တဲ့အမေ
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့
“အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ” ဆိုတဲ့စာကြောင့်
လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။
ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ
ရေးထားတာက “အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ” ဆိုတာဖြစ်တယ်။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က “လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး”
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ
ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။
ဆိုင်းပုဒ်ပေါ်ရေးထားတာက “မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့်
သန့်ရှင်းမှုကို ဦးစားပေးပါ” ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။
ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။
ဆိုင်းပုဒ်ပေါ်မှာ
ရေးထားတာက “အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ
အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ” တဲ့။
အတွေးကိုယ်စီ
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။*
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။
ဒါကိုမြင်သော အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။
လူပျိုလေး
အတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ်သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်တဲ့။ အင်း.. ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။င်္
————————————————————————————————–
-*ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။*
ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။
အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင် တော့ ထပ်ရှာရဦးမှာပဲ။
အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့်လိုက်တာကိုး။ သေတာတောင်နည်းသေး။
လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။
လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ်သက်လုံးနေရခက်ပြီ။
————————————————————————————————–
-*ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။*
ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။
ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။
အပျိုလေးအတွေး – အစက တည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။
အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။
လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။
လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္
————————————————————————————————–
-*ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။*
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးနေတာ သိပ်များမြန်နေလားမသိ။
ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။

Tuesday, April 8, 2014

ဇာတ်သိမ်းခန်းလေး ရောက်တော့မှ - ဟာသ

အမျိုးသမီးနှစ်ယောက် လမ်းမှာတွေ့တော့ တယောက်က မေးတယ်... ...

"ညည်း... ရပ်ကွက်ထဲက ခပ်ချောချောကောင်လေးကို ဆော်ပလော်တီးလွတ်လိုက်တယ်ဆို"

"အင်း..."
"ဘာလို့လဲ .. အေ့"

"သူက င့ါကို အခန်းထဲ ဆွဲခေါ်တယ်လေ"
"ဟောတော်..."

"ဒါလောက်က ကိစ္စမရှိပါဘူး၊ အထဲရောက်တော့ င့ါအဝတ်အစားတွေကို ဆွဲချွတ်တယ်လေ"
"ဘုရား ဘုရား..."

"ဒါလည်း ခွင့်လွတ်လို့ ရပါသေးတယ်၊ င့ါကို ကုတင်ပေါ် တွန်းလှဲတယ်လေ"
"အမယ်လေးနော်..."

"ဒါလည်း ပြသနာမဟုတ်ပါဘူး၊ နောက်ဆုံး သူပြောတဲ့ စကားတစ်ခွန်းကြောင့် တီးထည့်လိုက်တာ"
"ဘာပြောတာလဲ... သူက"

"ဟေး... April fool တဲ့"
"ဟင်.... "

(April Fool နေ့ ကအမှတ်တရလေး တစ်ခုကို ပြန်တင်လိုက်တာပါ၊ အဲဒီ့နေ့ကမတင်ဖြစ်လိုက်တာဗျာ အဲလိုတော့ သွားမလုပ်ကြနဲ့နော်)

Wednesday, March 26, 2014

တွဲဖက်မစားသင့်သော အစာများ (ဟာသ)

 အရင်တင်ပေးပြီးသားလေးပါ သဘောကျလို့နောက်တစ်ခေါက်ထပ်တင်လိုက်တာနော်

၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်
အားလုံးလိုက်နာရမယ်နော်......... ရီမောပျော်ရွှင်ပါစေ  ...........။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (စနေသားသမီးများအတွက်)

  *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့် ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြ**့ သတိရှိစေချင်သည်။ နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။ နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း ထပ်ရရန်ရှိနေသဖြ**့ အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။

ပျော်စေချင်သောဆန္ဒနဲ့သာ ရေးလိုက်ပါတယ်ဗျာ အများကို ထိခိုက်အောင်ပြောဆိုလိုခြင်း ဆန္ဒအလျင်းမရှိပါကြောင်း . . .(ချမ်းမြေ့)

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (သောကြာသားသမီးများအတွက်)

သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။ အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။ အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင် သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့် ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက “ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန် ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု မာန်နဲ့ဘာနဲ့ သွားခေါက်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (ကြာသပတေးသားသမီးများအတွက်)

 မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြ**့ ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင် ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။ ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြ**့ ဘုရားတရားလုပ်ချိန်တန်ပြီဟု ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြ**့ ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင် “ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (ဗုဒ္ဒဟူးသားသမီးများအတွက်)

 ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း မဟုတ်သဖြ**့ ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက် အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (အင်္ဂါသားသမီးများအတွက်)

 ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့် အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင် ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန် ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။ နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊ ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြ**့ ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း (တနင်္လာသားသမီးများအတွက်)

 “ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊ ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့် တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြ**့ ဘာအလုပ်မှ မရနိုင်သဖြ**့ ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ် ချောင်းရိုက်ခံရတတ်သဖြ**့ သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို ခွေးကျကျခြင်းများဖြစ်တတ်သဖြ**့ ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။ ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။ အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့ အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု သက်စေ့ကြွေးကြော်ပါ။

ဗေဒင်ကို ရင်ထဲရောက်သွားမယ် ယတြာအစွမ်းအံ့မခန်း

 ခုနှစ်ရက်သားသမီးများ ရှေ့ဘာဖြစ်မလဲ သေမလား လေဖြတ်မလား ဖြစ်ချင်တာဖြစ် ချက်ချင်းအကောင်းပကတိစွမ်းတယ့် ယတြာ တွေနဲ့ မှန်ကန်တယ့် အနာဂတ်ကို သိချင်ပါသလား အောက်မှာ ဖတ်ပါ

တနင်္ဂနွေသားသမီးများအတွက် အထူးယတြာ
 “နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို ထင်ရှားစွာတွေ့မြင်နေရသဖြ**့ အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့် ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။ အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့် အကြောင်းပါသွားသဖြ**့ အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြ**့ အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။

Tuesday, March 25, 2014

ယောင်္ကျား ၊ မိန်းမတို့အကြောင်း

"လူ့လောကကြီးဟာ ၊ ယောင်္ကျားတွေနဲ့ မိန်းမတွေ အလုပ်ရှုပ် နေကြတာပါ" တဲ့။

ဒီစကားကို ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်စဉ်ကာလက "မိ ၊ မော် ၊ မေ ၊ မ" ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ "ကာတွန်းဝင်းမောင်" ပြောခဲ့တာပါ။ အစက သိပ်သဘောမပေါက်ဘူး။ နောက်ပိုင်း အသက်အရွယ် ရလာလေလေ ၊ ဒီစကားလေးကို ပိုပြီး သဘောပေါက်လာပါတယ်။

ဟုတ်တာပေါ့ဗျာ။ လူ့လောကကြီးမှာ "ယောင်္ကျားတွေ အလုပ်ရှုတ်နေရတာ ၊ မိန်းမတွေ အတွက် ဖြစ်သလို ၊ မိန်းမတွေ အလုပ်ရှုတ်နေကြတာလည်း ယောင်္ကျားတွေ အတွက်" မဟုတ်ဘူးလားဗျာ။

ယောင်္ကျားတွေ ပညာတွေကို သင် ၊ စီးပွားရေးတွေ လုပ် ၊ ငွေကို ကြိုးစားရှာနေကြတာ မိန်းမတွေ အတွက်မဟုတ်ဘူးလား။ မိဘအတွက် ရှာဖွေနေတဲ့သူကတော့  မရှိသလောက် ရှားပါတယ်။ မိန်းမတွေ အလှပြင်ဆိုင်သွားကြ ၊ အ၀တ်အစားအမျိုးမျိုး ၊ ဖက်ရှင် အမျိုးမျိုး နဲ့ ၀တ်ကြ စားကြ ၊ လှသထက် လှအောင် အမျိုးမျိုး လုပ်နေကြတာကလည်း ယောင်္ကျားတွေကို ဆွဲဆောင်ဖို့ ၊ ကိုယ့်ရီးစား ကိုယ့်လင်ယောင်္ကျား ကိုယ့်ကို အမြဲ စိတ်ဝင်စားနေအောင် အလုပ်ရှုတ်နေကြတာ မဟုတ်ဘူးလား ။

ဒါကြောင့် ဆိုရိုးစကား တစ်ခုဖြစ်ပေါ်လာတယ် မဟုတ်လား။ လောကကြီးဟာ ယောင်္ကျားနဲ့ မိန်းမ (၂)မျိုးတည်း ရှိနေလို့သာ ။
(၃)မျိုး ရှိရင်မလွယ်ဘူး ဆိုတဲ့ စကား။ ကြားဘူးမှာပေါ့။

ယောင်္ကျားတို့အကြောင်း ၊ မိန်းမတို့အကြောင်းကို ဟာသနှောထားတဲ့ စာတိုပေစ တွေကို ကျွန်တော့်ဘ၀ တစ်လျှောက်လုံး အတော်
များများ ဖတ်ခဲ့မှတ်ခဲ့ဘူးတဲ့ အထဲက ထိထိမိမိ ရှိလှတဲ့ အကြောင်းအရာ နှစ်ခုကို ဖောက်သည်ပြန်ချ လိုက်ပါတယ်။

(၁) မိန်းမတို့ အကြောင်း
-------------------------

အိမ်နီးနားချင်း အိမ်ထောင်သည် အမျိုးသမီး (၂)ယောက် ဈေးအသွားလမ်းမှာ တွေ့ကြရင်း စကားရပ်ပြောနေကြပါတယ်။ ဈေးက ပြန်လာတဲ့ မိန်းမနာမည်က ဒေါ်ဝ ၊ ဈေးကို သွားနေတဲ့ မိန်းမက ဒေါ်လှ ဆိုပါစို့။

ဒေါ်လှ ။ ။ ဟော ၊ မ၀တို့တော့ ဈေးတောင် ပြန်လာပြီ။ ကျွန်မကတော့ ခုမှ ဟန်ပြင်တုန်း။ ဒါထက် စကားမစပ် မနေ့ညက ဘာဖြစ်ကြတာတုန်း။ ညသန်းကောင်ကြီး ဆူလို့ညံလို့ . . . ရှင်တို့အိမ်ဖက်က ။

ဒေါ်ဝ ။ ။ မပြောချင်ပါဘူး မလှ ရေ။ အိမ်က အကောင်ပေါ့။ အလုပ်တော့ ကောင်းကောင်း မလုပ်ဘဲ ဟိုအရေတွေကို နေ့တိုင်းသောက် ၊ ပြီးတော့ မူးရင်လည်း ကောင်းကောင်းမနေဘဲ ၊ မိန်းမကို ဟိုလူနဲ့ စွပ်စွဲ ဒီလူနဲ့ စွပ်စွဲ နဲ့ ၊ ညကတော့ ကျုပ်လည်း မခံနိုင်လွန်းလို့ ပြန်ပြီး လုပ်တာ ၊ ဘာပြောကောင်းမလဲ ။ သူတစ်ပြန်ကိုယ်တစ်ပြန်ပေါ့။ သူကလည်း ကျမကို ရိုက် ၊ ကျမကလည်း ပြန်ပြီး ကုတ်ဆွဲ နဲ့ ၊ နပမ်းလုံးကြတာ ၊ တော်သေးတယ် ၊ ရက်ကွက်လူကြီးတွေ ရောက်လာလို့။

ဒေါ်လှ ။ ။ ဟုတ်ပါ့တော် ။ ကျမတို့တောင် အိပ်ပျော်နေရာက လန့်နိုးလာတယ်။ အင်း - ရှင့်မလည်း ဒီယောင်္ကျား နဲ့ တစ်ဒုက္ခနော်။ ပြောရရင် ယောင်္ကျားတွေလည်း ဘယ်ယောင်္ကျားမှ ကောင်းပါဘူးတော်။ ဒီပုပ်ထဲ ဒီပဲတွေ ချည်းပါဘဲ။ ဒါနဲ့ ဈေးက ဘာတွေ ၀ယ်ပြီး ပြန်လာတုန်း။

ဒေါ်ဝ ။ ။ မှိုလေးတွေတော်ရေ့ ။ ရာသီပေါ် ဖက်သွပ်မှိုလေးတွေလေ ။ သူများတွေ ၀ိုင်းဝယ်နေတဲ့ကြားက ကျုပ်ဖြင့် အတင်းလု ၀ယ်လာရတယ်။ ''အိမ်ကလူက မှိုဟင်းဆို သိပ်ကြိုက်တာလေ'' ။

ဒေါ်လှ ။ ။ သြော် သြော် ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။

-----------------------------------------------------------

အဲဒါကတော့ မိန်းမတွေရဲ့ သဘာဝပါဗျား။ သဘောပေါက်ပါရဲ့နော်။ လာဦးမယ်ဗျာ ၊ ယောင်္ကျားတို့ သဘာဝ ။ ဆဲတော့ မဆဲကြနဲ့နော်။

အချိန်ကတော့ ဆောင်းအကုန် နွေအကူးကာလ နေ့လည်ပိုင်း အချိန်အခါလေးမှာပေါ့ဗျာ။

ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ "ဆံသဆရာ" နဲ့ "ဆံပင်ညှပ်သူ" နှစ်ဦး ဆံပင်ညှပ်ရင်း ထွေရာလေးပါး ဟိုအကြောင်း ဒီအကြောင်း ပြောဆိုနေကြပါတယ်။ အဲဒီအချိန်မှာ ဆိုင်ရှေ့နေပူကျဲကျဲမှာ လေပွေ လေရူးလေးတစ်ချက် တိုက်ခတ်လိုက်ပြီး ဖုန် နဲ့ အမှိုက်တွေဟာ လေပွေလေရူးနဲ့အတူ လွင့်ပျံ တက်နေတာကို ကြည့်ရင်း ဆံပင်ညှပ်ဆရာက ပြောလိုက်ပါတယ်။

ဆံသ ဆရာ ။ ။ ဟိုမှာတွေ့လား ။ နွေရောက်မယ် မကြံသေးဘူး ၊ လေရူးတွေ တိုက်နေတာ။ မနေ့က အဖြစ်ကို ခင်ဗျားကို ပြောရဦးမယ်။ မနေ့က လည်း ကျွန်တော် ခုလိုဘဲ လမ်းဘက်ကို လှည့်ပြီး ဆံပင်ညှပ်ပေးနေတုန်းပေါ့ဗျာ။ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာတယ်ဗျ။

ကောင်မလေးက ကိုယ်လုံးကိုယ်ပေါက်က လှသလား မပြောနဲ့၊ တစ်တစ်ရစ်ရစ်ကလေး ။
အသားက ဖြူဖြူ ၊ ထမီအနီလေးကို တင်းရင်းနေအောင် ၀တ်ပြီး လမ်းလျှောက်လာတာ ကျွန်တော်ဖြင့် ဆံပင်ညှပ်တာတောင် ရပ်ထားရတယ် ၊ ကြည့်ကောင်းလို့။

အဲဒီတုန်းဗျာ ၊ ခုနကလို လေပွေပေါ့ ၊ ကောင်မလေးနား ကပ်ပြီး တိုက်ချ လိုက်တာ ဘာပြောကောင်းမလဲ ၊ ကောင်မလေး ၀တ်ထားတဲ့ ထမီ တိုတိုလေးဟာ လေပွေနဲ့ အတူ အပေါ်ကို လွင့်ပျံ တက်သွားတော့တာဘဲဗျာ ။

ဆံပင် ညှပ်သူ ။ ။ ဟာ ! ဟုတ်လား ။ ကောင်မလေးတော့ တော်တော့်ကို ရှက်သွားမှာပေါ့နော်။ လူတွေက အများကြီး မဟုတ်လား။

ဆံသ ဆရာ ။ ။ ရှက်မှာပေါ့ဗျာ။ အို ဒီနားမှာ ရှိတဲ့ ယောင်္ကျားမှန်သမျှ ၀ိုင်းကြည့်ကြတာ ။ ကောင်မလေးလည်း ထမိန်ကို ကဗျာကယာ ဆွဲချပြီး ပြေးလိုက်တာဆို လုံးနေတာဘဲ။

ဆံပင် ညှပ်သူ ။ ။ ကျွန်တော်ထင်တယ်ဗျ။ ကောင်မလေးက အသားကဖြူဖြူဆိုတော့ အဲဒီအချိန်မှာ ရှက်လွန်းလို့ သူ့မျက်နှာဟာ နီရဲနေမှာဘဲ နော်။ ဟုတ်လား။

ဆံသ ဆရာ ။ ။ အင်း အဲ အဲ ။ မျက်နှာ နီရဲနေလားတော့ မသိဘူးဗျ။ ဘာပြုလို့လည်း ဆိုတော့ အဲဒီ အချိန်မှာ ကျွန်တော် ကောင်မလေး မျက်နှာကိုတော့ မကြည့်မိလိုက်ဘူးဗျ။

ဆံပင် ညှပ်သူ ။ ။ သြော် ဟုတ်လား ။ အင်းပေါ့ ။ မျက်နှာကို ဘယ်ကြည့်မိပါ့မလဲ။ ဟုတ်တာပေါ့ဗျာ။

--------------------------------------------------------------------------

ဒါကတော့ ယောင်္ကျားတို့အကြောင်း ပေါ့ဗျာ။ ခင်ဗျား ၊ ကျွန်တော် ၊ ကြီးကြီး ငယ်ငယ် ယောင်္ကျားတွေ အားလုံး ဒီလို ချည်းပါဘဲဗျာ။ မဟုတ်ဘူးလား။ မဆဲနဲ့နော်။

ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။

Friday, March 21, 2014

ချစ်သူတွေအတွက် ဟာသလေးတွေပါ....

 တုံးလို့ကြိုက် 
ဧဒင်ဥယျာဉ်တွင်ဖြစ်သည်။
အာဒံက ဘုရားသခင်ကိုမေး၏ ။
" ဘာကြောင့်များ ဧဝကို သိပ်လှအောင်ဖန်တီးခဲ့ရတာလည်း ဘုရား"
" မင်း အာရုံစိုက်မိအောင်လို့"
"ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှ မင်း သူ့ကိုချစ်မိမှာပေါ့"
ဤအချက်ကို အာဒံသည် ခေတ္တမျှစဉ်းစား၏ ။
"ဒါဖြင့် ဘာကြောင့်များ ဧဝကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှပဲ မင်းကို ကြိုက်တော့မှာပေါ့ကွာ"ဟူသတည်း...။

 ငါ့ဟာကွ 
ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်အိပ်ခန်းကို
ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြငွေသည်
တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏ ။မန်နေဂျာက ထိုအခန်းသို့
သမီးရည်းစား စုံတွဲတတွဲအတွက် နေရာပေးလိုက်၏ ။ မိမိနေရမည့်
အခန်းသို့ရောက်ခါမှ ယခင်အခန်းတွင် ကုတင်ခြေရင်း၌ မိမိ၏
ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏။ထို့ကြောင့် ထီးပြန်ယူရန်
ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက် တံခါးသို့အရောက်တွင် အတွင်းမှ
သမီးရည်းစားစုံတွဲ၏ စကားပြောသံများကို ကြားရသဖြင့် ခေတ္တနားစွင့်မိ၏ ။
" ခင်ရယ်၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလည်းဟင်"
" အို...မောင့်ဟာပေါ့ မောင်ကလည်း.."
" ဟောဒီ သမင်မျက်လုံးလေးကရော"
" မောင့်ဟာပဲပေါ့"
" ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်"
" မောင့်ဟာ၊မောင့်ဟာ"
" ဒီဆင်ဆွယ်လို လက်မောင်းလေးကရော"
" အို ...မောင့်ဟာပဲပေါ့"
ထိုကဲ့သို့ မေးလာရာ ပဉ္စငါးပါး ကုန်ခါနီးလာ၏ ။ အပြင်ကနားထောင်နေသော
ကိုမြငွေ အတော်ကို စိုးရိမ်စိတ်ဝင်လာ၏ ။ ထို့ကြောင့် အပြင်မှ နေ၍
လှမ်းအော်ပြောလိုက်လေ၏ ။
"အထဲက ကျေးဇူးရှင်လေး၊ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့
မင်းဟာမဟုတ်ဘူးနော်၊ အဲ့ဒါ ငါ့ဟာကွ" တဲ့.....

 ကျုပ်ကိုလည်း ကုပေးပါလား 

ပန်းခြံတစ်ခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ
ထိုင်နေ၏ ။ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏ ။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို အဘိုးကြီး အတိုင်းသား
ကြားနေရ၏ ။
"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်.."
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏ ။ ထို့နောက်..
"မူးသေးလားဟင်..."
"ဟင့်အင်း၊ ပျောက်သွားပြီ..."
အတန်ကြာသောအခါ မိန်းခလေးက..
"မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ..."
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ ။
"ဘယ်လိုနေသေးလည်း"
"အင်း၊ သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏ ။ တစ်ဖက်တွင် ထိုင်နေသော
အဖိုးကြီး အတော်ကို နားကြားပြင်းကပ်လာ၏ ။ ထို့ကြောင့် လှမ်းပြောလိုက်၏ ။
"ဟေ့ ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွာ၊ ဦးမှာ
လိပ်ခေါင်းဖြစ်နေလို့" တဲ့

လှောင်တာလေလား 
ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူးချစ်နေကြ၏ ။
ချစ်စကားလေးတွေလည်း တီတီတာတာပေါ့။
"ဟိုအရင်ကလေ မောင်က တစ်ယောက်ထည်းသီးသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ၊
အခုတော့ မောင့်စိတ်တွေပြောင်းလာရပါပြီ။ မောင့်အတွက် သစ္စာရှိတဲ့
အဖော်တစ်ယောက်ကို လိုချင်လာပြီ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့
ကြိုနေမဲ့သူ တစ်ဦးဦး ရှိနေစေချင်ပြီ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့
မောင့်ကို ကြည့်မယ့် တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ်"
မိန်းခလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏်...
"လာမောင်၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင်
သွားဝယ်ကြမယ်နော် "တဲ့......

လက်တွေ့သမားကွ   

"ရှင်က ကျွန်မကို တစ်ကယ်ချစ်လို့လား"
"ချစ်တာပေါ့"
"ကျွန်မသေရင် ရှင်ငိုမှာလား"
"ငိုမှာပေါ့"
"ဘယ်လောက်ငိုမှာလည်း၊ မယုံပါဘူးနော်..၊ လက်တွေ့ငိုပြ..."
"ဒါဆို အရင်သေပြလေ"

 ရေလာမြောင်းပေး
"ရှင် ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော်"
"ကိုယ် မင်းကို မနမ်းရပါလား"
"ဟုတ်ပါတယ်၊ တကတည်းမှပဲ....နမ်းမယ်ဆိုရင်ပြောတာပါ...."