Social Icons
ကောင်းကင်ကောင်လေးများအဖွဲ့
Showing posts with label ဘာသာရေး. Show all posts
Thursday, March 27, 2014
အောင်ခြင်းရှစ်ပါး
jas
ဗားရှင်း - ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - အန်းဒရိုက် - ၂.၂ နှင့် အထက်
လိုအပ်သော အန်းဒရိုက် - ၈၂.၀ မီဂါဘိုက်
ကူးယူသည့် အရေ အတွက် - 10 
 ယနေ့အချိန် ကလေးငယ်လေးများ ဟာ မြတ်စွာဘုရားရှင်လက်ထပ် ဟောကြားအောင်မြင်တော်မူခဲ့သော အောင်ခြင်းရှစ်ပါးအကြောင်းကို အသေချာမသိရှိကြချေ။ထို့ကြောင့် ဤအသုံးချပရိုဂရမ်တွင် မြတ်စွာဘုရားရှင်လက်ထပ် အောင်မြင်တော့မူခဲ့သော ပုဂ္ဂိုလ် (၈) ဦးအကြောင်းကို ရုပ်ပုံလေးများ နှင့်တကွ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ဖြင့် သိရှိနားလည်လွယ်ရန်ဖော်ပြထားပါတယ်။ ရုပ်ပြပုံများကိုလည်း ချုံ့/ချဲ့၍ ကြည့်နိုင်ပါသည်။
http://www.jas.com.mm/upload/screenshot/aungchineightpar1.png 
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
Tuesday, March 4, 2014
သင့်ဘဝရဲ့  လက်ကျန် အချိန်ကို သင် ဘယ်လို အသုံးချသင့်သလဲ ?
မိတ်ဆွေ !!!
သင်၏ မိသားစုနှင့် စည်းစိမ်ဥစ္စာ ရာထူးတို့ ကို ဘယ်အချိန် အတိုင်းအတာထိ သင် ပိုင်ဆိုင်ရန် ကျန်ရှိသည်ကို
သန့် ရှင်းဖြူစင်အောင်ထား၍ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုဆောင်ကာ တစ်ခဏလေး ဖြစ်ရသော
လူ့ ဘဝတွင်  အကျိုးရှိရှိ အသုံးချ နေထိုင်နိုင်ကြပါစေ ။။။
ချစ်သော မိတ်ဆွေ !!!!!
                                { လုပ်သင့်တာကို အချိန်မဆိုင်းပဲ ချက်ချင်းလုပ်ပါ  }
သင့်အသက်          သင်သုံးခဲ့ပြီးသောအချိန်          ၇၅ နှစ်မတိုင်မီ သင့်ဘဝ လက်ကျန်အချိန်
၃၀ နှစ်                       ၁၀၉၅၀ ရက်                                       ၁၆၄၂၅ ရက်
၃၅ နှစ်                       ၁၂၇၇၅ ရက်                                       ၁၄၆၀၀ ရက်
၄၀ နှစ်                       ၁၄၆၀၀ ရက်                                       ၁၂၇၇၅ ရက်
၄၅ နှစ်                       ၁၆၄၂၅ ရက်                                       ၁၀၉၅၀ ရက်
၅၀ နှစ်                       ၁၈၂၅၀ ရက်                                       ၉၁၂၅   ရက်
၅၅ နှစ်                       ၂၀၀၇၅ ရက်                                       ၇၃၀၀   ရက်
၆၀ နှစ်                       ၂၁၉၀၀ ရက်                                       ၅၄၇၅   ရက်
၆၅ နှစ်                       ၂၃၇၂၅ ရက်                                       ၃၆၅၀   ရက်
၇၀ နှစ်                       ၂၅၅၅၀ ရက်                                       ၁၈၂၅   ရက်
၇၅ နှစ်                       ၂၇၃၇၅ ရက်                          ... တရား မမေ့ပါနှင့်....
                                                  """  ဆန္ဒမွန် """
မဆုံချင်လို့ မရတဲ့ သဘောတရား
မကြုံချင်လို့ မရတဲ့ သဘောတရား
မည်သူမဆို နေ့ စဉ်နှင့်အမျှ ကြုံတွေ့ ကြရမှာပါ.....
သေချာတာကတော့ သဘောတရားတွေကို တရားသဘောအဖြစ် မပြောင်းလဲနိုင်သမျှ
ပူပန်မှုဆိုတဲ့ အရိပ်အောက်မှာ နေကြရဦးမှာပါ မိတ်ဆွေ .....
ပြီးခဲ့တာတွေ မစဉ်းစားပဲ....
မရောက်သေးတာကို ကြိုမတွေးပဲ .....
လက်ရှိ ပစ္စုပ္ပန် အချိန်တိုင်း နေရာတိုင်းမှာ  မိမိစိတ်ကိုထားနိုင်ခြင်းဟာ သဘောတရားတွေကို
တရားသဘောအဖြစ် ပြောင်းလဲနိုင်ဖို့  အခြေခံ အကျဆုံး အချက်ပါပဲ ။ ။
တရားသဘောအဖြစ် ပြောင်းလဲနိုင်ကြပါစေ ။ ။ ။
                                           """ ယောနိသောမနသီကာရ """
၁ ။ လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် ၊
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း ။  ။ ။
ချမ်းသာ ချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ  ရှိမည်နည်း ။ ။ ။
၃ ။ အာရုံ ဟူသမျှ  မတောင်းတနှင့် ၊
အာရုံ တိုင်းသာ တောင်းတပါက ဘယ်မှာ လောဘ ဆုံးမည်နည်း ။ ။ ။
၎ ။ ပြောတိုင်းမရ ဒေါမထနှင့် ၊
ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တ  ရှိမည်နည်း ။ ။ ။
၅ ။ သိဥာဏ်မလိုက် သင်မမိုက်နှင့် ၊
သိဥာဏ်မရ မိုက်နေပါက  ဘယ်မှာ မောဟ ဆုံးမည်နည်း ။ ။ ။
၆ ။ ပျက်စီးတိုင်းလျှင် မပူပင်နှင့် ၊
မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာ အနိစ္စ ရှိမည်နည်း ။ ။ ။
၇ ။ ဗုဒ္ဓ တရား မေ့မထားနှင့် ၊
ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း ။ ။ ။
                                                 ရွှေပေါ်ကျွန်း ဆရာတော်ဘုရား၏                                                                                                                                            သြဝါဒ စကားစုမှ.........
Sunday, February 23, 2014
ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိ
ုအပ်လာတယ်၊
အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊
သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊
သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။
အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊
ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။
ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။
(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။
ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။
ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊
အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။
မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊
မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊
အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )
ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊
ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။
ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊
ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊
ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။
သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။
အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။
လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။
မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။
ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။
ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။
စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --
ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula
ဒေါက်တာ ၀ါလ်ပိုလ်လာ ရာဟုလာ ရဲ့ အမြင်များကိုလည်း ဒီနေရာမှာ http://www.kusala.org/udharma3/theramaya.htmlလေ့လာနိင်ပါသေးတယ်
ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင်.သည်ထင်၍ ပြန်လည်မျှဝေခြင်းသည်ဖြစ်ပါသည်။
သူရဲဝင်စီးခြင်းဆိုင်ရာ အမေးအဖြေများ ( ပထမပိုင်း) နှင့် (ဒုတိယပိုင်း)
ဘုန်းဘုန်းရေသိချင်တာ နဲနဲမေးချင်လို့ပါဘုရား။
ဘုန်းဘုန်း တခါက သိုက်အကြောင်းတွေ ရေးဖူးလို့ တပည့်တော် သရဲဝင်ပူးတာနှင့် ပတ်သက်ပြီး မေးချင် ပါတယ်။ဘာသာရေးအထောက်အထားတွေအရ (သို့) တခြား ခိုင်လုံတဲ့ အထောက်အထားတွေအရ (သို့) ဘုန်းဘုန်းကိုယ်ပိုင်အတွေ့အကြုံအရ ဖြေပေးစေလိုပါတယ်။တပည့်တော် သရဲစီးတာနှင့် ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံ ပို့စ်တစ်ပုဒ်ရေးချင်လို့ပါဘုရား။ အဲဒါ မရေးခင် ဘုန်းဘုန်းဆီက သဘောထားအမြင်လေး မေးကြည့်တဲ့သဘောပါဘုရား။ ကိုယ်ကြုံတွေ့ခဲ့ရတာ တကယ် ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ချိန်ညှိကြည့်ချင်လို့ပါဘုရား။ဘုန်းဘုန်းအားရင် ပြန်ဖြေပေးပါအုံးနော်ဘုရား။
ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
(၁) လူကို သရဲဝင်ပူးတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ဖြစ်နိုင်ပါသလား။
(၁)ဖြေ။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူရဲ၊ တစ္ဆေဆိုတဲ့အခေါ်အဝေါ်တွေဟာ ဘုရား ဟောစာပေများမှာတော့ ကမ္မဇိဒ္ဓိတန်ခိုးအသင့် အတင့်ရှိကြတဲ့ ပြိတ္တာတွေကိုရော၊ မြေပြင် မှာနေတဲ့ဘုမ္မစိုးနတ်လေးတွေ၊ သစ်ပင် မှာနေတဲ့ရုက္ခစိုးနတ်သေးနတ်မွှားတွေ( နတ်သေး နတ်မွှားဆိုတာ သူတို့လဲလူတွေလိုပါပဲ၊ တစ်ချို့ကတောက် တောက်ပြောင်ပြောင်၊ တစ်ချို့က မှိန်စုတ်စုတ်ပုံစံမျိုးဖြစ်နေတဲ့ စတုမဟာရာဇ်နတ်ဘုံအနွယ်ဝင်) အားလုံးကို သိမ်းကျုံးရောပြီးခေါ်တာ၊ ယနေ့ခေတ်မှသာ သူရဲတစ္ဆေလို့ အဆင့်ဆင့်ပြောင်းလဲခေါ်ခဲ့ကြ တာဖြစ်ပါတယ်၊
တန်ခိုးကြီးမားတဲ့ရုက္ခစိုး၊ ဘုမ္မစိုးတွေကတော့ ၀င်မပူးတတ် ကြဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့သူတို့မှာစားစရာ၊ နေစရာဗိမာန် အားလုံးပြည့်စုံနေလို့ လူတွေဒုက္ခရောက်ရင်သာ ကူညီတတ်ကြတယ်၊အလှူပေးခြင်း၊ သီလ စောင့်ထိန်းခြင်း၊ ၀ိပဿနာတရားအားထုတ် ခြင်းစတာတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူမှ မသိရင် နေပါစေ၊ သူတို့က သတိထားစောင့်ကြည့်နေပြီး လိုအပ်တာ မှန်သမျှအစစအရာရာ စောင့်ရှောက် ပေးတတ် ကြတယ်။
(၂) အဲဒီလို ၀င်ပူးတဲ့အခါမှာ မူလလူရဲ့ စိတ်ဟာ ဘယ်လိုဖြစ်နေပါသလဲ။
(၂)ဖြေ။ ။ ကိုယ့်မျက်စိရှေ့မှာပဲ ၀င်ပူးခံရသူကိုမေးကြည့်ဖူးတယ်။ သူ့စကားအရတော့ အပူးခံရသူရဲ့ စိတ်က ခန္ဓာကိုယ်အပြင်ပကို ထွက်ပေးရတယ်၊ ၀င်စီးမယ့်နာနာဘာဝရဲ့ စိတ်က ၀င်လာတယ် လို့ဆိုတယ်၊
သို့သော် ဗုဒ္ဓအဘိဓမ္မာရှုထောင့်ကနေ သုံးသပ်ရရင် စိတ်က လူ့ခန္ဓာကိုယ်ကနေ ဘယ်လိုအကြောင်းနှင့်မှ ထွက်ခွါလို့ မရနိုင်ဘူး၊ထွက်ခွာတယ် ဆိုတာနဲ့သေတာပဲ၊ လူတစ်ယောက်သတ္တ၀ါတစ်ယောက်ဟာဘ၀ တစ်ခုမှာ-ပဋိသန္ဓေစိတ်စဖြစ်လာ ကတည်း က(မွေးဖွားလာကတည်းက) ခန္ဓာကိုယ်နှင့် စိတ်ဟာ ဘာကြောင့် ပဲဖြစ်ဖြစ် ကင်းလို့မရဘူး၊ သေဆုံးချိန်စုတိစိတ် ကျသွားမှသာ တစ်ဘ၀ချုပ်ငြိမ်းတယ် လို့ ဆိုတယ်
တစ်ချို့လူတွေ သေရွာပြန်-လူသားဆိုတာ တကယ်သေတာလို့ မဆိုနိုင်ဘူး၊ ခံစားမှုကင်းတဲ့သတိလစ်ခြင်း၊ မေ့မြောခြင်း ( တရားအားထုတ်သူတွေအတွက် သတိလစ် ချုပ်ငြိမ်းနေခြင်းမျိုး) လို့ ဆိုရင် သင့်လျော် မယ်ထင်တယ်၊ ဒီအဘိဓမ္မာအဆိုကို ထောက်ပြီး သူရဲတစ္ဆေ၀င်ပူးချိန်မှာ စိတ်က ထွက်ခွါပေးရတယ် ဆိုရင် ( နိရောဓသမာပတ် ၀င်စားနိုင်သူအနာဂါမ်၊ ရဟန္တာများများမှ လွဲ၍) ကျန်ကာမဘုံသား သတ္တ၀ါအားလုံး သေသွားပါလိမ့်မယ်၊အဘိဓမ္မာသဘောအရပြန်လည်အသက်ရှင်စရာအကြောင်းမရှိနိုင်ဘူး။
စာပေမှာ အရှင်အာနန္ဒာကြီးကို မာနတ်ကြီးက ၀င်ပူးတော့ ကြောက်စရာရူပါရုံကို ဖန်ဆင်းပြတယ်၊ ဒါကိုမြင် တဲ့ အရှင်အာနန္ဒာက သတိလက်လွတ်ဖြစ်ကာထိတ်လန့်ပြီး ပါးစပ်ဟမိတယ်၊ ဘုရားရှင်ပြောစကားကို လိုက် မမှတ်နိုင်ပဲ သတိလက်လွတ်ငေးမော တွေဝေနေတယ်လို့ ဆိုတယ်၊
အရှင်အာနန္ဒာလို သောတာပန်ပုဂ္ဂိုလ် မို့သာ ရူပါရုံ လောက်ဖြင့် ခြိမ်းခြောက်နိုင်တာ၊ အခြားဘုန်းကံနိမ့်သူများရဲ့နှလုံးသားကိုတော့ မာနတ်ကြီး က လက်နဲ့တောင်ဆုပ်ညှစ်ထားနိုင်တယ် လို့ ဆိုတယ်၊ဒီစာပေနဲ့ အဘိဓမ္မာသဘောနှစ်မျိုးလုံးဟာ တထပ်ထဲ ကျနေတဲ့အတွက် သံသယဖြစ်စရာ မရှိဘူး၊ ၀င်ပူးခံရသူတွေ ပြောကြသလို၊ထင်နေသလို စိတ်က ခဏလေးထွက်ခွါပေးရတယ် ဆိုတာ မဖြစ်နိုင်ဘူး၊မြန် လွန်းလို့ စိတ်အထင်သက်သက်နဲ့ ပြောကြတာဖြစ်ပါလိမ့်မယ်။
(၃) သရဲဝင်စီးခံရတဲ့သူဟာ အစီးခံနေရချိန်မှာ သူဘာဖြစ်နေတယ်ဆိုတာကို သိနေ နိုင်ပါသလား။
(၃)အဖြေ။ ။ ၀င်မပူးခင်နဲ့ ထွက်သွားပြီးနောက်ပိုင်းမှာပဲ သိနိုင်ပါတယ်၊ ၀င်ပူးနေ ချိန်မှာ သူ့ဘာဖြစ်နေတယ် ဆိုတာ မသိတော့ဘူးလို့ ဆိုတယ်။
(၄) သရဲဝင်စီးနေတဲ့အချိန်မှာ ခန္ဓာကိုယ်က ဘယ်လို ပြောင်းလဲမှုမျိုးတွေ ဖြစ်နိုင်ပါသလဲ။ ဥပမာ- body temperature အပြောင်းအလဲ၊ မျက်နှာအနေအထား၊ မျက်လုံးအနေအထား၊ စကားပြောပုံအမူအရာ စသည် ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ။
(၄)အဖြေ။ ။ မိမိရှေ့မှာ မြင်ဖူးသလောက်တော့ ၀င်စီးခါနီးမှာ အစီးခံရမယ့်သူက ကောင်း ကောင်း သိပါတယ်၊ မျက်နှာအနေအထား၊ မျက်လုံးအနေအထား၊ စကားပြောပုံအမူအရာ အားလုံးဟာ တစ်စုံတစ်ခုကို မြင်ရလို့ အရမ်းထိတ်လန့်သည့် ပုံစံမျိုးလည်းမဟုတ်၊ အံ့သြသည့်အမူအရာ၊ ထူးခြားသည့်အမူအရာ သက် သက်မျှသာ ဖြစ်တယ်၊ အနားပတ်ဝန်း ကျင်က လူတွေကလည်း သူ့ကို တကူးတက စိုက်ကြည့်နေချိန်နဲ့ ဆုံရင်ထူးခြားတာကို သိနိုင်ပါတယ်၊
(၅) သရဲဝင်ပူးပြီး အစားတောင်းစားခြင်း၊ ရေတောင်းသောက်ခြင်း စသည် ပြုလုပ်တတ် ပါသလား။ ထိုသို့ တောင်းစားချိန်မှာ အစားအသောက်ကို မည်သို့စားသောက် တတ်ပါ သလဲ။
(၅)အဖြေ။ ။ ဒီမေးခွန်းကတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြေမှဖြစ်မယ်၊ လူသေကောင်ကိုဖုတ် ၀င်ပြီး တောင်းစား တာမျိုးဆိုလျင် တိုက်ရိုက်စားတာပေါ့၊ တစ်ချို့ကတော့ ၀င်ပူးချိန်မှာ သူ မည်သူမည်ဝါဖြစ်ကြောင်း၊ ဘယ်မှာ နေကြောင်း၊ ဘာအစားအသောက်စားချင်လို့ ကျွေးမွေး ပါ၊ ဆိုပြီး ပြောဆိုကာ ထွက်သွားတယ်၊ သူပြောတဲ့ နေရာကို သွားပြီးအစားအသောက်များ သွားပစ်ထားရင် အရင်က မတွေ့ဖူးမမြင်ဖူးတဲ့ခွေးတကောင်၊ ကြောင် တကောင်က လာရောက်စား သောက်တာမျိုး၊ တခါတလေလဲ ဘယ်သတ္တ၀ါမှ မလာပါပဲလျက် ယင်ကောင် များ လာရောက်စားသောက်တာမျိုး၊ ထူးခြားချက်က အဆိုပါအစားအစာများ ဟာ အဆင်းရော၊ အနံ့ရော လုံးဝမရှိတော့လောက်အောင် ကုန်ခန်းသွားတာမျိုးလဲရှိတယ်။
(၆) ပရလောကသားများဟာ မည်သည့်ဘာသာစကားကို သုံးစွဲပြောဆိုပါသလဲ။ (သို့မဟုတ်) မည်သည့် ဘာသာစကားနှင့် သူတို့ကို ပြောဆိုလျှင် သူတို့ နားလည်တတ်ပါသလဲ။
(၆) အဖြေ။ ။ ပရလောကသားတွေမှာ ဘယ်ဘာသာစကားရပ်မှ မလိုဘူး လို့ မိမိကတော့ယူဆတယ်၊ သူတို့ရဲ့သဘာဝ ဘ၀ပေးကုသိုလ်အခြေအနေအရ ကမ္မဇိဒ္ဓိတန်ခိုး ကြောင့် အလိုလိုသိနိုင်တယ်လို့ ယူဆမိ တယ်၊ လူတွေကြားထဲမှာ ကျင်လည်နေပြီး သူတို့က လူတွေကိုမြင်ရတယ်၊ လူတွေက သူတို့ကို မမြင်နိုင်ဘူး ဆိုကတည်းက တန်ခိုးအသင့်အတင့်ရှိတယ် ဆိုတာ မြင်နိုင်ပါတယ်၊
ဟိုတလောကသတင်းလေးတစ်ခုကြားလိုက်မိတယ်၊ အနောက်ဥရောပ အင်္ဂလန်နိုင်ငံဖြစ် မယ်ထင်တယ်၊အဲဒီ မှာ ခရစ်ယာန်ဘာသာ ၀င်မိသားစုအိမ်မှာ အိမ်သားတစ်ယောက် မကျွတ်မလွတ်ပဲ သူရဲဖြစ်နေတယ် တဲ့၊ ခရစ်ယာန်ဓလေ့ထုံးစံအရ နည်းမျိုးစုံသုံးကာ ပထုတ်သော်လည်း ပုံမှန်ပဲ ဆက်လက်ခြောက်လှန့်နေခဲ့တယ်၊
နောက်တော့ မြန်မာ လူမျိုးဗုဒ္ဓဘာသာ အမျိုးသမီးတယောက်နဲ့တွေ့ပြီး အကူအညီတောင်း ရာက သံဃာ လေးပါးပြည့်အောင် တကူးတက ပင့်ဆောင်ပြီး ပရိတ်ရွတ်၊ ကမ္မ၀ါစာဖတ် ပေးလိုက်တော့ ကျွတ်လွတ်သွား တယ် လို့ သိရတယ်၊ နောက်ပိုင်းတော့ အဆိုပါ ခရစ်ယာဉ်အမျိုးသမီးဟာ ဘာသာပြောင်း လာပါသတဲ့၊ ဒါကိုထောက်ဆပြီး မြန်မာ ဘုန်းတော်ကြီးများ ရွတ်ဖတ်တဲ့ပရိတ်၊ ကမ္မ၀ါစာများကို နားမလည်ဘူး ဆိုလျင် ကျွတ်လွတ်စရာအကြောင်းမရှိဘူး၊ နားလည်လို့သာလျင် ကျွတ်လွတ်တယ်လို့ သုံးသပ် မိတယ်၊
နောက်တစ်ချက်က ဂုဏ်တော်ပွား၊ ပုတီးစိပ်စသော အကျင့်စရဏကို နှစ်ပေါင်းများစွာ အားထုတ်နေသော ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရဲ့ အတွေ့အကြုံကလဲ အံ့သြစရာပဲ၊ အဲဒီဆရာတော်က နေရာအရပ်ဒေသ တစ်ခုခု၊ အိမ်၊ ကျောင်း၊ ရွာ စသည်ဘယ်နေရာပဲ ရောက်နေပါစေ၊ ဥပမာ-သူနဲ့ဆက်စပ်တဲ့အိမ်တစ်အိမ် ဆိုပါစို့၊ ကြွသွားလျင် မကျွတ် မလွတ်တဲ့သူတစ်ယောက်ယောက်ရှိနေလျင် အလိုလို သိရပါသတဲ့၊ မကျွတ် မလွတ်သူ တောင် မဟုတ်ဘူး၊ ဘီလူးတို့၊ ရုက္ခစိုးတို့ စတာတွေရှိနေရင်လဲ သိရတယ် တဲ့၊ အဲဒီလိုပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်းဆက်သွယ်နေရတာ များတယ် လို့ ဆိုတယ်။
တနေ့မှာ အိမ်တစ်အိမ်ကို ဆွမ်းစားကြွရင်း သီလပေးရေစက်ချ တရားဟောနေတုံးပေါ့၊ မျက်စိမှိတ်ပြီး သီလ ပေးတာ မပြီးသေးဘူး၊ အိမ်မကြီး တံခါးဝမှာ လူရွယ်တစ်ယောက် ပုဂံခေတ်က အ၀တ်အစားမျိုးတွေ ၀တ် ဆင်ထားပြီး မတ်တပ်ရပ်နေတာကို မျက်စိမှိတ် ထားရင်းက မြင်နေရတယ်တဲ့၊ သူလဲ လာပြီးတရားနာ ချင်ပါတယ်၊ ခွင့်ပြုပါ တဲ့၊ ပါးစပ်လှုပ်ရုံမျှသာ လှမ်းစကားပြောနေတာနော်၊ ဒါကို ပါးစပ်က သီလပေးနေတဲ့ ဆရာတော်ကလဲ မြင်တယ်၊ စိတ်နဲ့ပဲပြန်ဖြေလိုက်တယ်၊ လာခဲ့ပါ၊ ရပါတယ်ပေါ့၊ သူတစ်ယောက်ထဲ မဟုတ် ဘူး၊ အဖော်တစ်ယောက်ပါလာသေးတယ် ဆိုတော့ ရတယ် နှစ်ယောက်လုံး လာနိုင်ပါတယ် ဆိုပြီး ခွင့်ပြု လိုက်တယ်၊ စိတ်ချင်းပဲ စကားပြောနေတာ နော်၊ ပါးစပ်ကတော့ သီလပေးနေတာ..
ခွင့်ပြုချက်လဲ ရပြီးရော.. မိန်းကလေးတစ်ယောက်နဲ့အတူဝင်လာပြီး ပရိသတ်ရှေ့ဆုံး ဆရာတော့်ရှေ့တည့် တည့်နားအထိ လာထိုင်တယ်၊ ထိုင်ပြီးတာနဲ့ မြင်ကွင်းက ပျောက်သွား တယ်၊ နောက်ထပ်မမြင်ရတော့ဘူးတဲ့၊ ပရိသတ်လဲတယောက်မှမသိလိုက်ဘူးလို့အဲဒီဆရာတော်ကိုယ်တိုင်ပြောပြဖူးတယ်။ဒီအချက်ကိုထောက်ဆ
လျင် ပရလောကသား တွေအတွက်ဘယ်ဘာသာ စကားမှ မလိုအပ်ဘူး လို့ ယူဆမိပါတယ်။
(၇) သူတို့တွေအနေနှင့် မိမိတို့နှင့် အယူဝါဒ၊ ဓလေ့ထုံးစံမတူညီသော အခြား ဘာသာ၊ လူမျိုးတစ်ခုရဲ့  ဓလေ့ထုံးစံများကို နားလည်သိရှိနေတတ်ပါသလား။
(၇) အဖြေ။ ။ အထက်က ခရစ်ယာန်မိသားစုအဖြစ်အပျက်ကို ထောက်ဆရင် နားလည်ပြီးသား ဖြစ်နိုင် တယ်လို့ ယူဆသင့်တယ်၊
(၈) သရဲစီးရာမှ ပြန်ထွက်သွားတဲ့အခါမှာ မူလအစီးခံရတဲ့ လူရဲ့  ခန္ဓာကိုယ်အခြေအနေ၊ သူပြန်သတိရပုံ စတာတွေ ဘယ်လိုမျိုးရှိတတ်ပါသလဲ။
(၈)အဖြေ။ ။အခြားသူတွေ အတွေ့အကြုံနဲ့ ခြားနားနေမလား မသိဘူး၊ မိမိအတွေ့ အကြုံအရတော့ ၀င်မစီး ခင်မှာ ၀င်စီးမယ့်သူရဲ့မျက်နှာမှာ တစ်ခုခုဖြစ်တော့မည့်ဟန် အနေဖြင့် ထူးခြားလာပြီး ခန္ဓာကိုယ်က အရုပ်ကြိုးပြတ်ပမာ လူသေကောင်ပမာ လဲကျ သွားတယ်၊ အလွန်ဆုံး နှစ်စက္ကန့်လောက်ပဲကြာမယ်၊ ပြန်လည်အသက်ဝင်လာပြီး စကားပြောတယ်၊ ပြီးလျင် ပြန်ထွက်တော့မယ် ဆိုတဲ့အကြောင်းပြောပြီး စက္ကန့် ပိုင်းအတွင်း ဘုန်းကနဲ ခန္ဓာကိုယ်ကြီးက လဲကျသွားပြန်တယ်၊ ၂စက္ကန့်လာက်ပဲကြာပြီးရင် သတိရ လာတယ်၊ ဒါပေမယ့်သူတို့ကို မေးရင် ဘာမှ မသိလိုက်ဘူး လို့ပဲ လူတိုင်းက ဖြေလေ့ရှိကြတယ်။
(၉) သရဲစီးနေစဉ် ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေမှာရော ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ရှိတတ်ပါသလားဘုရား။
(၉)အဖြေ။ ။ လူတစ်ချို့ကတော့ ကြက်သီးမွေးညှင်းထလာတာမျိုး၊ အကြောင်းမဲ့ စိတ်ခံစားမှုထူးခြား လာတာမျိုး စတဲ့ထူးခြားမှုလေးတွေ ပေါ်တတ်တယ် လို့ ဆိုကြတယ်၊ ကိုယ်တိုင်ကြုံဖူးတာတော့ တစ်ခုခုထူး တော့မယ် ဆိုတာသိလိုက်တယ်၊ အနားမှာ ထိုင်နေရင်း အန္တရာယ်ပေးခဲ့ရင်ကြိုတင်ကာကွယ်ရအောင် ခန္ဓာကိုယ်ကလဲ အသင့်အနေ အထား လုပ်နေခဲ့မိတယ်၊ ပါးစပ်ကလဲ သမ္ဗုဒ္ဓေဂါထာရော၊ သရဏဂုံသုံးပါးရော ရွတ်ဆိုနေမိတယ်၊ မိမိအတွက်တော့ ဘာမှ ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး။
ဘုန်းဘုန်းရေ
တပည့်တော် နဲနဲ ထပ်ဆွေးနွေးချင်သေးတယ်။
မေးခွန်း နံပါတ် (၂)ကို တချို့ ကိုမေးကြည့်တော့ သူတို့က အစီးခံရတဲ့သူက ဘ၀င်စိတ်ကျသွားတယ်လို့ပြော တယ်။ နောက် အိပ်ငွေ့ချခံရတဲ့သူနှင့်လည်း တူတယ်လို့ပြောတယ်။ အဲဒါ ဘုန်းဘုန်း ဖြေပေးထားတဲ့ အဖြေ နှင့် သဘောတရားချင်းတူတယ် လို့ ပြောလို့ရလားဘုရား။
ဘုန်းဘုန်း ရှင်းထားတာ ဖတ်ရင်းက တပည့်တော် မြေဇင်းနည်းနှင့် တရားအားထုတ်တဲ့ကိစ္စ ခေါင်းထဲဝင်လာ တယ်။ သူတို့နည်း မှာ ယောဂီတွေကို နတ်ပြည်၊ ငရဲပြည် သွားကြည့်ခိုင်းတယ်ဆိုတာမှာ ဘယ်လိုပုံစံမျိုး အဲဒီ ယောဂီက သွားတာလဲဆိုတာ နောက်မှ တပည့်တော်ကို စာပေနှင့် ကိုက်ပြပေးပါအုံးဘုရား။
(၂) အဖြေ။ ။ ဘ၀င်စိတ်ကျတယ် ဆိုတာတော့စဉ်းစားရအုံးမယ်ကိုဝိ၊ ဘ၀င်စိတ်ကျနေ ချိန်မှာ လူတစ် ယောက်ရဲ့စိတ်ဟာ လုံးဝမသိနိုင်တော့ဘူးလို့ သတ်မှတ်ကြတယ်၊ ပုံမှန်လန်း ဆန်းနေချိန်နဲ့ ဘ၀င်ဇောစိတ် လုံးဝမကျသေးချိန်စပ်ကြား အခြေအနေ မှာ ဖြစ်နိုင်မယ် လို့ ခန့်မှန်းမိတယ်၊ စာစကားနဲ့ဆို ဟဒယ၀တ္ထုရုပ်အား နည်းနေချိန်လို့ ဆိုရမလားပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဘ၀င်စိတ်ကျသွားတယ် ဆိုရင် ဘာဆိုဘာမှ မသိနိုင် တော့ဘူး၊ အဲဒီဘ၀င်စိတ်မကျခင်လေးရှေ့ နား ဇောစိတ်လေးတွေ မှာ ဖြစ်နိုင်တယ် လို့ သုံးသပ်မိတယ်၊ အိပ်ငွေ့ချခံရသူ အခြေအနေကိုတော့ နားမလည်လို့ မဆွေးနွေးတော့ပါဘူး၊
မြေဇင်းနည်းနဲ့ တရားအားထုတ်ပြီး နတ်ပြည် ဗြဟ္မာ့ပြည်ကိုသွားကြတယ် ဆိုတဲ့ကိစ္စမှာ စာပေနဲ့ ကိုက်ညီ နိုင်ပါတယ်၊ သူတို့က ခန္ဓာကိုယ်ကြီးကိုထားခဲ့ပြီး စိတ်နဲ့လှည့်လည်နေတာ လို့ လူတွေက ထင်နေကြတာ၊ တကယ်ဆို စိတ်က အာရုံတစ်ခု( အထူးသဖြင့် ရူပါရုံတစ်မျိုးမျိုး)ကို လှမ်းညွတ်လိုက်တာလို့ ဆိုနိုင်တယ်၊ စိတ်ကရူပါရုံဆီကို သွားတာမဟုတ်ဘူး၊ လှမ်းပြီး အာရုံပြုလိုက် တာသက်သက်ပဲ၊ ဘုရားရဟန္တာများရဲ့ အဘိဥာဉ်တန်ခိုးနဲ့ လှမ်းကြည့်တဲ့ပုံစံမျိုးပဲ၊ ဒါပေမယ့် အာရုံမရှိပဲ စိတ်က ညွတ်ကိုင်းလို့ မရနိုင်ဘူး၊ တရား အားထုတ်နေချိန်မှာ စိတ်ကလဲသန့်ရှင်းစင်ကြယ်နေ၊ သမာဓိကလဲ အားကောင်းနေလေတော့ မြင်ချင်တယ် လို့ စိတ်က ညွတ်ကိုင်းလိုက်တာနဲ့ ပုံဖော်ပြီးမြင်ကြရတယ် ပေါ့။
ဒီနေရာမှာ ပုံဖော် ဆိုတဲ့ စကားလုံးကို သတိထားစေချင်တယ်၊ တစ်ချို့ယောဂီတွေ တာဝတိံသာက စူဠာမဏိ စေတီတော်ကို ဖူးရတယ် တဲ့၊ မြင်ဖူးတယ် ဆိုတဲ့ ယောဂီနှစ်ယောက်ကို တချိန်စီ မေးကြည့်တော့ မြင်ရတဲ့ အနေအထားချင်း မတူညီကြပြန်ဘူး၊ ဒါဟာ ရှေးက မမြင်ဖူးသေးတဲ့အရာတခုကို ပုံဖော်ကြည့်တယ်၊ စိတ်နဲ့ အာရုံပြုကြည့်တယ် လို့ ပြောရမယ်၊
ဦးနှောက်ထဲမှာ ရှေးက မှတ်သားထားတဲ့သညာသိ ဆိုတာ မရှိသေးလို့ပါ၊ ယခုခေတ်အခြေအနေနဲ့ဆိုရင် ကွန်ပြူတာတခုမှာ ဆော့ဝဲလ်အသစ်တခု install မမောင်းရသေးဘူး ဆိုရင် အစိမ်းသက်သက် မမှတ်မိသေးသလိုပေါ့၊ အဲ. မှတ်သားထားဖူးရင်တော့ တခုခုအလုပ်လုပ်တော့မယ် ဆိုတာ နဲ့ ကွန်ပြူတာက သတိပေးတော့တာပဲ။ သူမှတ်မိနေတယ် ဆိုတဲ့သဘောပဲ၊
သညာသိ ဆိုတာလဲအတူတူပဲ၊ ဥပမာအနေနဲ့.. မွေးရာပါ မျက်စိကန်းနေသူတစ်ယောက်ဟာ ဆင်သတ္တ၀ါ ဆိုတာ မမြင်ဖူးသေးတော့ သူများပြောစကားနဲ့ ပုံဖော်ပြီးသာ သိနိုင်တယ်၊ ဆင်ကိုမြင်ဖူးသူကတော့ ဆင် ဆိုတဲ့စကား ကြားလိုက်တာနဲ့ မျက်လုံးထဲမှာ ဆင်ပုံစံကြီးပေါ်နေပြီ။ ဒါဟာ ဦးနှောက်နဲ့ ရှေးယခင်က သညာ သိအနေနဲ့ memorized လုပ်ထားခဲ့ဖူး လို့ ပေါ်နေ နိုင်တာ ဖြစ်ပါတယ်။
နံပါတ် (၃) မေးခွန်းနှင့်ပတ်သက်ပြီး တပည့်တော် အခုကြုံရတဲ့ တစ်ယောက်ကို မေးကြည့်တာမှာတော့ သူက လုံးဝ Unconscious ဖြစ်သွားတာမျိုး မဟုတ်ပဲ sub conscious ပုံစံဖြစ်နေတာတွေ့ရတယ်။ သူ့ကိုဝင်ပူးပြီး ပြောနေတာတွေကို အချို့ ကို သူသိနေတယ်။ နောက် သူ့ကို ၀င်စီးတဲ့သူနှင့်ပါလာတဲ့ တခြားသူတွေကိုပါ သူက မြင်နေရတယ်လို့ ပြောတယ်။ (အဲဒီအပေါ်မှာ တပည့်တော်က သံသယဖြစ်နေတယ်။)
(၃)အဖြေ။ ။ ဒါကလဲ ၀င်စီးမယ့်တစ္ဆေသူရဲ ရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနဲ့ ၀င်ပူးခံရမယ့်သူရဲ့ စိတ်ခံစားချက် အခြေအနေပေါ်မှာ မူတည်လိမ့်မယ်၊ ဥပမာအနေနဲ့. ကြောက်စရာကောင်းတဲ့ movie တခုကိုကြည့်နေတာ ချင်းအတူတူ တချို့က တကယ်ပဲ mood၀င်ပြီးခံစားနေလေတော့တကယ်ထိတ်လန့်ကြောက်ရွံ့နေကြတယ်၊ တစ်ချို့ကတော့ ပေါ့ပေါ့ပါးပါ့း စားရင်းသောက်ရင်း ရယ်လိုက်မောလိုက်ကြည့်နေနိုင်ကြတယ်၊ အဲဒီသဘော အတိုင်း ၀င်စီးခံရမယ့်သူရဲ့ လက်ခံခြင်းစိတ်အခြေအနေပေါ်မူတည်ပြီး Unconscious/ Subconscious နှစ်မျိုးလုံး ဖြစ်နိုင်မယ် လို့ ထင်မိတယ်။
နောက်တချက် သူ့ကိုဝင်စီးတဲ့သူနဲ့ပါလာတဲ့တခြားသူတွေကိုပါ သူကမြင်နေရတယ် ဆိုတာလဲ မိမိမေးဖူး သလောက် သူတို့လဲ မြင်ရပါတယ် တဲ့။ စိတ်ချင်းဆက်သွယ်နေခြင်း၊ စကားအပြန်အလှန်ပြောခြင်း၊ ရုပ်ရည် ချောမောတာ၊ လှပတာ၊ ရုပ်ဆိုးတာ စတာတွေလဲ မြင်ရပါသတဲ့။
နံပါတ် (၄) မေးခွန်းမှာ body temperature က တပည့်တော် သူ့ကို ၀င်ပူးနေတဲ့အချိန်မှာ လက်ဖ၀ါးတွေကို ကိုင်ကြည့်တော့ ပုံမှန်အတိုင်း နွေးနေတယ်ဘုရား။ မျက်လုံးတွေကိုတော့ ပူးနေစဉ်တစ်လျှောက်လုံးမှာ မှိတ်ထားတယ်။ (လက်တွေပုံမှန် အတိုင်းနွေးနေတာအပေါ်မှာ တပည့်တော် သံသယဖြစ်မိလို့ဘုရား)
(၄)အဖြေ။ ။ လူတစ်ယောက်သေဆုံးသွားပြီဆိုရင် ဆေးပညာအရ အနည်းဆုံး(၂)နာရီ လောက်ကြာမှ ခန္ဓာကိုယ်ကြီးတောင့် တင်းအေးစက်သွားတယ် လို့ သိရတယ်၊ ၂ နာရီအတွင်းပျော့ပျောင်းနေဆဲ၊ နွေးနေဆဲမို့၊ ရေချိုးပေးတာ၊ အ၀တ်အစား လဲလှယ်ပေးတာ လုပ်နိုင်ကြသေးတယ်၊ အချိန်ကြာသွားတော့မှ တောင့်တင်း အေးစက်သွားတာ ထုံးစံပါ၊
ဗုဒ္ဓစာပေသဘော တရားအရ စုတိစိတ်ချုပ်တာနဲ့ကမ္မဇရုပ် လဲ ချုပ်သွားပြီ၊ သို့သော် အချိန်အတိုင်းအတာတခုအထိ အာဟာရဇရုပ်ေ တွ၊ ဥတုဇရုပ်တွေ မချုပ်သေးဘူး၊ အလုပ်လုပ်နေ သေးတယ်၊ ဒါကြောင့် ခန္ဓာကိုယ်မှာ အနွေးဓာတ်ရှိနေသေးတယ်၊ အဲ စောစောကလို ၂နာရီနောက်ပိုင်း ဆိုရင်တော့ ရုပ်အားလုံး သေဆုံးသွားတယ်၊ အေးစက်တောင့်တင်းသွားတယ်ပေါ့၊
အဲဒီတော့.. အခုသူရဲဝင်စီးခံရသူမှာ လက်ကအနွေးဓာတ်ရှိနေသေးတာ မထူးဆန်းပါဘူး၊ သူ့မှာ အသက်လဲ မသေသေး ဘူး၊ စောစောက ရုပ်တွေအားလုံး ပုံမှန်အလုပ်လုပ်နေ သေးတယ်၊ စက္ကန့်ပိုင်းလေးအတွင်းနဲ့ အေးစက်နေရမယ်ဆိုတာ လုံးဝမဖြစ် နိုင်သေးဘူး လို့ ဆိုရပါမယ်၊ အဲဒီအတွက် သံသယဖြစ်စရာမလိုပါဘူး။
နံပါတ် (၅) မေးခွန်းက တပည့်တော်ကြုံလိုက်ရတဲ့ တစ်ယောက်ကတော့ ရေတောင်းသောက်သွားလို့ဘုရား။ အဲဒါ မေးကြည့်တာ။
(၅) အဖြေ။ အင်း .. ဒါလဲ ဖြစ်နိုင်ပါတယ်၊ တကယ်ဝဋ်ကြွေးပါလာတဲ့သူတွေက ပါးစပ်ထဲ ရေတွေလောင်း ထည့်ပေးတာတောင် လုံးဝရေတွေမ၀င်ပဲ ရေငတ်တဲ့ဒဏ်ကို ခံကြရတဲ့နာနာဘာဝတွေရှိခဲ့ကြတာပဲ၊ ယခုလဲရှိ ဆဲ၊ နောင်လဲ ရှိနေကြအုံးမှာ၊ “ဘယ်သူမပြု မိမိမှု” ပဲပေါ့။
နံပါတ် (၈) မေးခွန်းက တပည့်တော် အခုကြုံခဲ့တဲ့တစ်ယောက်က မ၀င်ခင်မှာ ထိုင်ရ့က်နေ အရှေ့ ကို မှောက် ချသွားပြီး ပြန်မတ်လာတဲ့အချိန်မှာ ၀င်သွားပြီ။ နောက်ပြန်ထွက်တော့ကျတော့ တစ်လျှောက်လုံး မျက်လုံး တွေမှိတ်ပြီး ငိုနေရာကနေ မျက်လုံးတွေကို ပွတ်လိုက်ပြီး ဖွင့်လိုက်တော့ မူလလူဖြစ်သွားတယ်။ အဲဒါကို လည်း သံသယ၀င်မိတယ်။
(၈) အဖြေ။ ။ မိမိကြုံခဲ့ဖူးတဲ့ လူလဲအတူတူပဲမို့ ဖြစ်နိုင်မှာပါ၊ အဲ.. တကယ်ဝင်ပူးတာလား မပူးဝင်ပါဘဲ ဟန်ဆောင်လုပ်နေတာလား ဆိုတဲ့သံသယကိုတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြည့်ပေတော့..
နံပါတ် (၉) မေးခွန်းမှာ တပည့်တော်နှင့် တခြားလူတွေ ဖြစ်စဉ်တလျှောက်လုံးမှာ ကြက်သီးတောက်လျှောက် ထနေတယ်ဘုရား။ အဲ တစ်ယောက်ကတော့ သူဘာမှ မဖြစ်ဘူးလို့ပြောတယ်။ နောက် သူက အခုဝင်ပူး တဲ့ကိစ္စကိုလည်း ၁၀၀ ရာခိုင်နှုန်း မယုံကြည် ဘူးလို့ပြောတယ်။ အဲဒီမှာ ဘာသတိထားမိလဲဆိုတော့ ယုံတဲ့သူ တွေအကုန်လုံးက ကြက်သီးထပြီး မယုံတဲ့သူက ဘာမှမဖြစ် ဘူးဆိုတာ ထူးခြားနေတယ်။
(၉) အဖြေ။ ။ ကြက်သီးမွေးညှင်းထခြင်း၊ မထခြင်းကတော့ လူတိုင်းဖြစ်ရမယ်လို့ သတ်မှတ်ချက်မရှိဘူး၊ အရင်အဖြေမှာလဲ ပါပြီးသားပါ၊ မိမိလဲ အရင်ကသိပ်အယုံအကြည်မရှိခဲ့ဘူး၊ကိုယ်တိုင်မကြုံတွေ့ခင်ကပေါ့၊ အဲ တကယ်ကြုံပြန်တော့လည်း မယုံသေး လို့လား၊(ဒါမှမဟုတ်)ကြောက်ရကောင်းမှန်းမသိလို့လား မပြောတတ်၊ ကြက်သီးမွေးညှင်း လုံးဝမထခဲ့ဘူး၊ အဲဒါက စိတ်ဓာတ် ခံနိုင်ရည်ရှိမှုနဲ့ သက်ဆိုင်လိမ့်မယ်၊
သာဓကအနေနဲ့ ကြည့်လေ. ငါးရာ့ငါးဆယ် ဇာတ်တော်တွေထဲမှာ ကြောက်စရာကောင်းတဲ့ အရုပ်ဆိုးဆိုး ကြမ်းကြမ်းတမ်းတမ်း ဘီလူသူရဲကြီးတွေကို မြင်ရတော့ သာမာန်လူတွေက ကြောက်လန့်ထွက်ပြေးကြ ပေမယ့် ဘုရားအလောင်းတော်တို့ကျတော့ သူသေကိုယ်သေ ချသင့်ရင် ချမယ် ဆိုပြီး တိုက်ခဲ့တာပဲ၊ ဒါဆို သူက ဘုရားအလောင်းတော်မို့လို့ပါ လို့ ဆင်ခြေပေးစရာရှိတယ်၊ တကယ်တော့သူလဲ အဲဒီအချိန်က သာမာန် ပုထုဇဉ်လူသားတစ်ဦးပဲ ရှိသေးတာပါ၊ ဒါပေမယ့်လုံးဝ ကြက်သီးမွေးညှင်းမထခဲ့ဘူး၊ မကြောက်ရွံ့ခဲ့ဘူး၊ လူချင်းတူသော်လည်း ရဲရင့်တဲ့စိတ်ဓာတ်ချင်း၊ ကြောက်စိတ်ဓာတ်ခံအားနည်းခြင်း၊ မနည်းခြင်းနဲ့ သက်ဆိုင် ပါလိမ့်မယ်။
ဘုန်းဘုန်းရေ
တပည့်တော်မေးခွန်းတွေကို သေသေချာချာ ပြန်ပြီး ဖြေကြားပေးတာကို ကျေးဇူးအထူးတင်ပါတယ်ဘုရား။ ဒီလောက်ဆို တပည့်တော် ပို့စ်ရေးရဲပါပြီ။ပထမရေးဖို့ကို တော်ကြာ မဖြစ်နိုင်တာကြီးရေးတယ်လို့ ပြောကြမှာ စိုးလို့ဘုရား။အခုလောက် ဆို ရေးဖို့ အတွက် အထောက်အထားတော်တော်လေး ခိုင်လုံသွားပါပြီဘုရား။
တပည့်တော် ရေးပြီး tag လိုက်ပါ့မယ်ဘုရား။
ရိုသေစွာဖြင့်
ကိုဝိ
စာကြွင်း။ ။ ပထမပိုင်းနှင့် ဒုတိယပိုင်းကို ဆက်စပ်ဖတ်ရှုမှသာ အဖြေအားလုံးကို ခြုံငုံသုံးသပ်ကာ ပြည့်ပြည့်စုံစုံ နားလည်နိုင်မှာ ဖြစ်ပါတယ်၊ ပထမပိုင်းအမေးအဖြေများကိုဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
 သူရဲဝင်စီးခြင်းဆိုင်ရာ အမေးအဖြေများ ( ပထမပိုင်း)ဖတ်ရန်
ဒီအမေးအဖြေများအပြီးမှာတော့ ကိုဝိဆီက “ကူညီပေးပါလို့ ဆိုလာကြသူများ” ဆိုတဲ့ သူရဲတစ္ဆေ၀င်ပူးခံရပြီး ကျွတ်ချင်လို့ အကူအညီတောင်းတာကို ကြုံခဲ့ရတဲ့ တိုကျိုမြို့က ဂျပန်လူမျိုးမိသားစုတစ်စုရဲ့ နှစ်ပေါင်းငါး ဆယ်ကျော်ကာလပတ်လုံး နာနာဘာဝပရလောကသားအဖြစ်ကျင်လည်ခဲ့ရသည်များကို ရေးသားထားသော၊ ထေရ၀ါဒဗုဒ္ဓဘာသာရဟန်းသံဃာများ နှင့် မဟာယာနဂျပန်ဘုန်းကြီးတို့၏ ဘုန်းကံပါရမီချင်း၊ အရည်အချင်း အကျင့်စာရိတ္တ၊ သီလသမာဓိ၊ပညာဂုဏ်တို့ ကွာခြားကြပုံ၊ ပရလောက၀ိဥာဉ်သားတို့အတွက်မည်မျှအထိအကျိုးကျေးဇူးခံစားရပုံတို့ကိုကိုယ်တွေ့ဖြစ်ရပ်အဖြစ် ဖော်ပြထားသော ဆောင်းပါးကောင်းလေး တပုဒ်ပေါ် ထွက်လာတယ်၊
တစ်ခုခုလုပ်မယ်ဆိုတိုင်း အရာရာမှာ စေ့စပ်သေချာစွာတွေးခေါ်တတ်တဲ့ သူ့စိတ်ကူးလေး များကို နမူနာယူစရာများအဖြစ် မှတ်တမ်းတင်မိပါတယ်၊ အခုလို စေ့စေ့စပ်စပ် တွေးခေါ်ပြီး စာရေးသူကို မေးခဲ့လို့လဲ ပြည့်စုံတဲ့ ဒီလိုအဖြေမျိုးကို ဖြေဖြစ် သွားတာပါ၊ မေးတတ်တဲ့ကိုဝိကို ဒီနေရာကနေ ကျေးဇူး တင်စကား ပြောကြားလိုက်ပါတယ်။
"ကူညီပေးပါလို့ဆိုလာကြသူများ” ဆောင်းပါးကို ဒီနေရာလေးမှာ ဖတ်ရှုနိုင်ပါတယ်။
ကိုဝိမုတ္တိသုခ( တိုကျို) မေး၍ အရှင်သုနန္ဒာလင်္ကာရ M.A(ပန်းကမ္ဘာ) ဖြေကြားသည်။
Tuesday, February 18, 2014
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့ မေးခွန်းတွေမေးလာခဲ့ရင် ပြန်လည်ဖြေကြားနိုင်ရန်အတွက် ဒီပိုစ့်ကို ထပ်ဆင့်မျှဝေ ပေးလိုက်ပါသည်..။။
(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
တချက်ချင်းဆီကိုရှင်းပြပေးထားပါတယ်၊ နည်းနည်းလေးတော့ရှည်တယ် ကျေးဇူးပြု၍ဖတ်ပေးပါ အရမ်းဗဟုသုတရစရာကောင်းပါတယ် ပြီးတော့လေ့လာသင်ယူစရာလည်းကောင်းပါတယ်အဲဒါကြောင့် ကျွန်တော်ဘလော့လေးကို အားပေးတယ်ဆိုရင် ဒီဟာလေးကို ကျေးဇူးပြု၍ဖတ်ပေးပါလို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ....(ချမ်းမြေ့)
(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။
“ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။
ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာတည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင်
ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။
အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။
"sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။
ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။
ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက်
အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။
ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား
တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။
မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရားမယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။
ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ
လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။
ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ်
စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။
အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့
အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။
သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း
ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။
သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ်
အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။
အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့
တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။
(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။
ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။)
ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာတပည့်သာဝကအဖြစ် ခံယူကြပါတယ်။
သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက်ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။)
(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။
သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို
ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့
ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။
ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။
ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို
အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။
ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။
သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။
ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။
သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။
သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ
သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ
ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။
သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။
ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။
သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။
ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်
ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။
ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊
ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။
ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။
ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း
မိန့်ကြားတော် မူပါတယ်။
(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေကရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။
တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။
ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။
အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။
တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ်
တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ဂုဏ်ကျက်သရေရှိတဲ့လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။
အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။
ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။
လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။
ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။
တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့
မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။
အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။
ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။
ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။
ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက်
ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။
အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့
ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့
ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။
ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။
သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။
ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို
အသုံးပြုကြပါတယ်။
ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ
ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။
ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။
ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။
ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကိုဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ်
အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို
ကျွန်ုပ်တို့အား သတိရစေပါတယ်။
ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ
ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊
အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။
(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက်
ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ
အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊
တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ
အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ
တွေ့ရတတ်ပါတယ်။
ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။
ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။
အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။
ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့
“ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့
ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။
ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့
တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။”
ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း
ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။
(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။
သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို
ဝါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက
ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး
ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။
အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက်
မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။
၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့
အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက်
{ နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။
အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက်
ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ
၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ
တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။
ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ
သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။
သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့
ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာဖြစ်ပါလိမ့်မယ်
(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။
သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။
သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။
မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက
သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ၊
ဈင် ဗုဒ္ဓဘာသာ၊
အမိတာဘာ ဗုဒ္ဓဘာသာ၊
ယောဂါစာရ ဗုဒ္ဓဘာသာ၊
ဝဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။
အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။
ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။
အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီးအဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲအားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။
ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။
သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။
သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို
တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။
တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို
တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း
ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။
ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ
အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့
လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။
လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။
ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ္တရားများ ဆောင်ရွက်ခြင်း
စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ
ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို
ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။
အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ
သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။
စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။
အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။
တရုတ်က Pei ၊
အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။
အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီးအကြောက်အကန်ငြင်းခုံးနေကြပါရော။
အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး
မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။
ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှအမောပြေပြီး လန်းဆန်းလာမှာပေါ့၊
အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။
"သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ်
အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့
သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။
ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။
သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။
သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။
ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။
အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။
ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။
ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။
တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။
ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။
ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။
ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။
စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။
သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။
ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။
သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။
ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။
ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။
ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို
အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ
အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။
ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်
အစဉ်အဆက် ယုံကြည်လက်ခံလာတာဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။
သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်
စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊
လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲအဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့
သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။
ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ဒီလိုပြောပါတယ်။
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။
အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံးကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။
တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခုရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။
Monday, February 17, 2014
ထန်းဂွမြောက်ရွာမှ ခိုးယူခံခဲ့ရသည့် ဗုဒ္ဓရုပ်ပွားတော် ထူးခြားအံ့သြဖွယ် ဖြစ်စဉ်များဖြင့် ပြန်လည်ပင့် ဆောင်နိုင်
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ထန်းဂွမြောက်ရွာ အလယ်ကျောင်းတွင် ကိုးကွယ်ထားသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူသည် မသမာသူများ ခိုးယူသွားခဲ့သော်လည်း အံ့သြဖွယ် ဖြစ်စဉ်၊ ဖြစ်ရပ်များနှင့် မူလကိုးကွယ်ရာ ထန်းဂွမြောက်ရွာအလယ် ကျောင်းတိုက် သို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ကြောင်း ထန်းဂွမြောက်ရွာ အလယ်ကျောင်းတိုက် ဆရာတော်၏ မိန့်ဆိုချက်အရ သိရသည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ကိုးကွယ် ထားသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ထန်းဂွရွာသူ၊ ရွာသားများက ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှ လက်ညှိုးတော်အား ဖြတ်တောက် ခိုးယူခြင်း ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်ည လေကြီးမိုးကြီး တိုက်ခတ်နေချိန်တွင် မသမာသူများက ဗုဒ္ဓရုပ်ပွားတော် ၏ ခြေထောက်အောက်ခြေမှ ဖြတ်တောက် ခိုးယူခဲ့ကြသည်။ ထိုသို့ခိုးယူ ခံခဲ့ရပြီး
လေးလကျော်အကြာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ထန်းဂွမြောက်ရွာ အလယ်ကျောင်း ဆရာတော်နှင့် ရွာသူ၊ ရွာသားများက မွန်ပြည်နယ် ကော့ကရိတ်မြို့မှ ပြန်လည် ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''လက်ညှိုးခိုးသွားတာက ကြာပြီ။ ပျောက်ခါစတုန်းကတော့ ကလေးတွေဆော့လို့ ကျိုးတယ် ထင်တာ။ အခုမိလာမှ ခိုးသွားတာ သိရတယ်။ လက်ညှိုးကို နမူနာအနေနဲ့ အရင်ခိုးသွားတာ။ ဘုရား ကြီး ပျောက်တုန်းကလည်း လေကြီးမိုးကြီးကျနေတော့ ဘယ်သူမှ မသိလိုက်ကြဘူး'' ဟု ဆရာတော်က မိန့်သည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင် လာနိုင်ခဲ့ သည့် ဖြစ် စဉ်၊ ဖြစ်ရပ်များမှာ အံ့သြဖွယ်ဖြစ်သည်။ ဂျာနယ်တစ်စောင်တွင် ထိုင်းနိုင်ငံသို့ ခိုးထုတ်ရန် ရုပ်ပွားတော်အား သယ်ဆောင်လာစဉ် ကော့ကရိတ်မြို့၌ သက်ဆိုင်ရာမှ စစ်ဆေး တွေ့ရှိခဲ့ သည့် သတင်းကို နွားထိုးကြီးမြို့နယ် ဖက်ခူးကျေးရွာသား တစ်ဦးက ခရီးသွားရင်းဖတ် ရှုခဲ့ရသည်။ ထန်းဂွကျေးရွာနှင့် ဖက်ခူးကျေးရွာတို့မှာ နွားထိုးကြီး မြို့၏တောင် ဘက်နှင့် မြောက်ဘက် ဆန့်ကျင်ဘက် အရပ်တွင်ရှိနေသော်လည်း ဂျာနယ်မှ သတင်းဖတ်ရှုခဲ့ရသူမှာ ဗုဒ္ဓရုပ်ပွားတော် ခိုးယူခံခဲ့ရသည့် သတင်းကိုကြားသိ နေခဲ့သဖြင့် ဂျာနယ် တွင် ဖော်ပြ ပါရှိနေသည့် ရုပ်ပွားတော်မှာ ထန်းဂွကျေးရွာမှ ခိုးယူခံခဲ့ရသည့် ရုပ်ပွားတော် ဖြစ်လေမလားဟု တွေးထင်ကာ ထန်းဂွကျေးရွာသို့ ဆက်သွယ် သတင်းပေးခဲ့ခြင်း ဖြစ်သည်။
ဆရာတော်နှင့် ရပ်ရွာလူကြီးများက ကော့ကရိတ်မြို့သို့ လိုက်သွားခဲ့ရာ ကော့ကရိတ်မြို့တွင် ရုပ်ပွားတော်အား လွန်ခဲ့သော ဆယ်နှစ်ကျော်က ခိုးယူခံခဲ့ရသည့် လက်ညှိုးတော်နှင့်အတူ ပြန်လည် ဖူးတွေ့ကြရသောအခါ အံ့သြဝမ်းသာ ဖြစ်ခဲ့ရသည်။ ''ရုပ်ပွားတော်ပြန်လည် ပင့်ဆောင်နိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကူ အညီတောင်းခံခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း တရားခံများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး ရုပ်ပွားတော် ပြန်လည်ပင့်ဆောင်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက် ပေးတော့ ပြန်လည် ပင့်ဆောင်လာနိုင်တာ'' ဟု ဆရာတော်က မိန့်ကြား ခဲ့သည်။
''ဒီဘုရားကနှစ်ပေါင်း ၃ဝဝ ကျော်ပြီလို့ သိထားရတယ်။ ခြေထောက်ကနေ လွှနဲ့ဖြတ်ယူ သွားတာပါ။ ကျွန်းသားနဲ့ ထုထားတဲ့ ဘုရားပါ။ နဂိုအတိုင်း ပုံမှန်ပြန်ဆက်ပြီး ဓမ္မာရုံ မှာဖြစ်ဖြစ်၊ ကျောင်း ထဲမှာဖြစ်ဖြစ် ပြန်ပြီးကိုးကွယ် ထားမှာပါ။ ဒီနားပတ်ဝန်းကျင်မှာ ဘုရားပျောက်တာ တွေရှိတယ်။ မြောက်ဘက်ကျောင်းက ကျောက်ဆင်းတု ကိုလည်း ခေါင်းဖြတ်သွား တယ်။ ဒီကျောင်းမှာ လည်း မြတ်စွာဘုရား ဆွမ်းခံသွားတဲ့ ဆင်းတုလည်း အခိုးခံရတယ်။ ဒီဘုရား ကျမှ ထူးထူးခြားခြား ပြန်ရတာပါ'' ဟု ဆရာတော်က မိန့်ကြားခဲ့ သည်။ ဗုဒ္ဓရုပ်ပွားတော်၏ လက် ညှိုးတော်ကို ဦးစွာ ဖြတ်တောက်ခိုးယူ သွားခဲ့ခြင်းမှာ ရုပ်ပွားတော် ထုလုပ်သည့် ကျွန်းသား၏ နှစ်ကြာရှည်မှု အချိန်ကာလကို စစ်ဆေးရန် ခိုးယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ လက်ညှိုးတော် ကျွန်းသား၏ အနေအထား အရ ရုပ်ပွားတော်မှာ နှစ်ပေါင်း နှစ်ရာကျော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း၊ သေချာမှ ဗုဒ္ဓရုပ်ပွားတော်ကို ထပ်မံလာရောက် ခိုးယူခြင်းဖြစ်နိုင်ကြောင်း သိရသည်။
မြ၀တီ
*** မန္တလေး မဟာမြတ်မုနိဘုရား သမိုင်းကြောင်း ***
ဂေါတမဗုဒ္ဓ မြတ်စွာဘုရား သက်တော်ထင်ရှားရိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင် တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများအရ ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပါသည်။
စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်က သွန်းလုပ်ခဲ့သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိခဲ့သည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည် ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထို င်တော်မူသော ဂေါတမမြတ်ဗုဒ္ဓသည ထိုအကြောင်းအရာကို သိရှိလာသောကြောင မြတ်ဗုဒ္ဓက သူ၏တပည့်သာဝက တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ေ ကာင်းသော ရေနဂါးများ အုပ်ချုပ်ထားသည် ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာ "ကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။
ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမမြတ်ဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် မြတ်ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင မြတ်ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးခဲလေသည်။ ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန် တွင်" မဟာပထ၀ီမြေကြီးသည် တုန်လှုပ်လာပြီး ပင်လယ်သမုဒ္ဒရာရေတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့လေသည်။" စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။
ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းအရင်းကို စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမမြတ်ဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား "ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်"ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထို င်တော်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခ လေသည်။
မြို့တော်မှ မြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် မြတ်ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံ လေသည်။ နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်က ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ြ ကလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ် ထည့်လိုက်သောအခါ ဂေါတမမြတ်ဗုဒ္ဓနှ စ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။
အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအ ထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမမြတ်ဗုဒ္ဓသည် သူ၏သာဝက တပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလေသည်။ ယင်းအချိန်အတွင်း စန္ဒသူရိယဘုရင်မင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပခဲ့လေသည်။" ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ြေ ခာက်သွယ် ထွက်ရှိလေသည်။
ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ ရှိသည်"ဟု အဆိုရှိခဲ့လေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည် ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။
ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခ တည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက် လာခဲ့ကြသည်ဟု အဆိုရှိလေသည်။
သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုခဲ့ကြသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်ဆောက်ခဲ့ ကြလေသည်။
မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ များအရ ဘုရားဖူးခရီးစဉ် တစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့ တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။
၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသ ည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော် မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတု ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော် အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာခဲ့သည်။
မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြို က်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည် ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။
ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့် က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း "နာလန္ဒ" ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။
မူရင်း။ ။။။။ဘုရားသမိုင်းစာအုပ်မှ ကောက်နှုတ်တင်ပြသည်။
Sunday, February 16, 2014
မြတ်ဗုဒ္ဓ၏..ဗုဒ္ဓဝင်-အကျဥ်း ***မြတ်ဗုဒ္ဓ၏..ဗုဒ္ဓဝင်-အကျဉ်း
မြတ်ဗုဒ္ဓ၏..ဗုဒ္ဓဝင်-အကျဥ်း ****************************** **************** ၁။လူအမည် =သိဒ္ဓတ္ထ ၂။ဘုရားဘွဲ့= ဂေါတမ ၃။မိဘအမည်= သူဒ္ဓေါဒနမင်းနှင့်မာယာဒေဝီ ၄။ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ) ၅။ရင်သွေးတော် = ရာဟုလာ ၆။ယောက်ဖတော် = ဒေဝဒတ် ၇။မိထွေးတော် = ဂေါတမီ ၈။နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊မဇ္ဈိမဒေသ) ၉။ဖွားရာဌာန= လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား) ၁၀။နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ) ၁၁ ။နိမိတ်ကြီးများ= သူအို၊သူနာ၊ သူသေ၊ရဟန်း ၁၂။ဗျာဒိတ်ခံယူသောဘဝ= သုမေဓာရသေံဘဝ ၁၃။ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ၁၄။ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း) ၁၆။ပါရမီဖြည့်ရာကာလ= လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ) ၁၇။ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုး ဆောင်ရွက်ရန် ၁၈။ဒုက္ကရစရိယာကျင့်ရသောကာလ = ၆နှစ်ကြာ(၉၇ မှ ၁၀၃အထိ) ၁၉။ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော ၂၀။ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ် ၂၁။ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း ၂၂။အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး(ဒုက္ကရစရိယာ ကျင့်ခိုက်) ၂၃။တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော ၂၄။ပထမဆုံးသာဝက= ပဉ္စဝဂ္ဂီငါးဦး ၂၅။နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ် ၂၆။လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ၂၇။လက်ဝဲရံအဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန် ၂၈။အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ပဋိဝေဓ ၂၉။ကျင့်စဉ်သိက္ခာ = သီလ၊သမာဓိ၊ပညာ ၃၀။ချမှတ်သောလမ်းစဉ်= မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်) ၃၁။သန္ဓေယူသောနေ့= မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ ၃၂။ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ကဆုန်လပြည့်၊ သောကြာနေ့ ၃၃။တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ ၃၄။ဘုရားဖြစ်သောနေ့= မဟာသက္ကရာဇ်၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ ၃၅။ဓမ္မစကြာဟောသောနေ့= မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့ ၃၆။ပရိနိဗ္ဗာန်စီသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ၃၇။တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့ ************************************* ဂေါတမမြတ်စွာဘုရားကို ကုလားဆိုပြီးပြောနေကြတဲ့သူတွေ (အထူးသဖြင့်)ဖတ်တဲ့သူတွေ အထောက်အကူရမယ်ထင်လို့ပါ။
"သတ္တဒ္ဓဂေါတမ" ဆိုတဲ့ ဗုဒ္ဓဘာသာ ဘုရားက အာရီယာန်အနွယ်တွေကနေဆင်း သက်လာတဲ့ ဝေသာလီလူမျိုး။အသားဖြူတယ်။ အရပ်အမောင်းကောင်းတယ်။အတိုက်အခိုက်ကျွမ်းကျင်တယ်။
ဒရာဗီးဒီယန်းလို့ခေါ်တဲ့အသားမည်းတဲ့ ရှေးအရင်အိန္ဒိယတိုက်ငယ်မှာ(အခုအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊နီပေါတဝိုက်) နေတဲ့သူတွေနဲ့ မတူဘူး။ဟိန္ဒူ ဇာတ်ခွဲတာအဲဒီအပေါ်အများကြီး မူတည်ပါတယ်။ အာရီယာန်နွယ်တွေကဇာတ်မြင့်ပြီးဒရာဗီးဒီးယန်းတွေကဇာတ်နိမ့်တယ်။
အခုမြန်မာတွေ ခေါ်နေကြတဲ့ ကုလားဆိုတာ အကုန်လုံးကို ပေါင်းခေါ်တာ(ဘင်္ဂလီ၊ ဆင်ဟာလီ၊အီန္ဒိယနွယ်၊နီပေါ၊ အာရပ်၊ပါရှန်း၊ပထန်၊ ပါကစ္စတန်အကုန်ပါတယ်)။ ပါရှန်းနဲ့ ပါကစ္စတန်ဖက်က သူတွေကလည်း အာရီယာန်နွယ်တယ်။ဒီတော့ကုလားလို့သိမ်းကျုံးခေါ်တဲ့ အထဲမှာပါသွားတယ်။
ဒါပေမယ့် မြန်မာတွေအများစုက ကုလားလို့ခေါ်နေကြတဲ့ သူတွေနဲ့မတူဘူး။ကုလား ဆိုတာကူးလာဆိုတဲ့စကားကလာတာ။ အသားမည်းသူလို့အဓိပ္ပါယ်ရတယ်။လူမျိုးက အရေးမကြီးပါဘူး။အကျင့်သီလ၊ခံယူချက်၊ သဘောတရားတွေကပိုအရေးကြီးတယ်။
မြန်မာတွေကမူဆလင်ကိုမကြိုက်တာက လုံးဝသဘောတရားချ င်းမတူလို့ပဲ။အဓိက အချက်က ကုသိုလ်၊ အကုသိုလ်ကို အဓိပ္ပါယ်ဖွင့်တာ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။ ကုလား မဟုတ်ကြောင်းကိုသိစေအပ်ပါသည်။
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း
သက်နိုင်ထွန်းရေ Sunday Dhamma School သင်ရင်လည်းအထောက်အကူဖြစ်တာပေါ့ကွာ
ုဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း
Monday, April 1, 2013
မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်း သောဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော် မူပြီးနောက် ရွှေခွက်ကိုအဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့ သည် ။
ညနေချမ်းအချိန်တွင် မဟာဗောဓိညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမားလှူဒါန်း ခဲ့သောမြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူ ခဲ့သည်။
ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြ စ်သည်။(ပရာဇိတ- ရှုံးအပ်ရာ၊အ-မဟုတ်)။
အပရာဇိတပလ္လင်မြတ်
အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊အပြန့် အကျယ်လားဟုလည်းမေး ကြသည်။အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုးရှိကြတယ်။ မဏိဒီပဋီ ကာကျမ်းပြုဆရာတော်၊တောင်ခွင်သာသနာပိုင်ဆရာတော်တို့ က (၁၄) တောင်အပြန့်အကျယ်ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။
ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊မုံရွေးဇေတဝန်ဆရာတော်တို့ကတော့ (၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင်လို့ မိန့်ဆိုကြပါသည် ။ အကြောင်းအသီးသီးပြ လို့ မိန့်ဆိုထားခြင်းဖြစ်၏။မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။
ကုသိုလ်ရဖို့ကအဓိကပင်ဖြစ်၏။၎င်းအပရာဇိတပလ္လင်ေ ပါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူ ခဲ့သည်။
၁။ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွမာရ်စစ်သည်အ ပေါင်းကို အောင်တော်မူသည် ။(အပြင်ရန်များကို အောင်မြင်ခြင်းဖြစ်၏)။
၂။ကိလေသာမာရ်-(၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။
၃။အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။
၎။ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ဗြဟ္မာခန္ဓာ၊အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။
၅။မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။ (အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။
ကျမ်းကိုး။။တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ဗုဒ္ဓဂယာဘုရားဖူးများသို့ကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ် လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မင်္ဂလသုတ်တော် ဖြစ်ပေါ်လာပုံ
မင်္ဂလသုတ်တော် ဖြစ်ပေါ်လာပုံ =========================== မင်္ဂလသုတ်တော် ဖြစ်ပေါ်ရာနေရာဒေသသည်ကား သာဝတ္ထိပြည်မွန် ဇေတ၀န် ကျောင်းတော်တွင် ဖြစ်လေသည်။
ဂေါတမ ဗုဒ္ဓဘုရားရှင်သည်အနာထပိဏ် သူဌေး ဆောက်လုပ်လှူဒါန်းသောဇေတ၀န်ကျောင်းတော် မှာစံနေခိုက်လူ့လောက တွင် မင်္ဂလာဆိုတာ ဘာလဲဟူသောပြဿနာပေါ်ပေါက်လာသည်။
မည်သည့်အချက်သည် မင်္ဂလာဖြစ်သည်ဟု တိတိကျကျမဆုံးဖြတ်ရသေးသောကာလဖြစ်သဖြင့် မိမိတို့ ထင်ရာမြင်ရာကိုက်ရာကို မင်္ဂလာဟု စွဲလမ်းနေကြသောအုပ်စုကြီး(၃) ခု ရှိလေသည်။
တစ်အုပ်စုမှာကြားသောအသံကို စွဲ၍ရယ်မောသံ ၊ ကျက်သရေရှိသောစက်မောင်းသံ ၊ ခရုသင်းသံ စသောက္ကုဋ္ဌာရုံ ဖြစ်ဖွယ်အသံကြားလျှင်မင်္ဂလာဟု ဆိုဧ။်။
တစ်အုပ်စုကကြားရုံနှင့် မင်္ဂလာဘယ်မှာဖြစ်ပါ့မလဲ မျက်စိနှင့်တပ်အပ်ထင်ထင်မြင်မှာသာမင်္ဂလာ ဖြစ်မှာပေါ့၊ လှပသောပန်းကိုမြင်ခြင်း ၊ ရေပြည့်သော အိုး၊ သွေးရောင်လှပသော နွားမ၀၀ စသည်တို့ ကို မြင်မှမင်္ဂလာဖြစ်သည်ဆိုပြန်ဧ ။်။
ကျန်တစ်အုပ်စုက ကြားရုံ၊ မြင်ရုံ နှင့် မင်္ဂလာ မဖြစ်သေး၊ ကိုယ်တိုင်ဒိဋ္ဌ မြင်တွေ့ရမှ မင်္ဂလာ ဖြစ်ရပေမည်။ပန်းလှလှကို မြင်ရရုံမဟုတ် လုက်နှင့ိကိုင် ၊နှာခေါင်းနှင့် နမ်းရှူရမှမင်္ဂလာ၊ ရေပြည့်အိုးမြင်ရတာထက် ၊ ရေကို သောက်ရမှပေါ့ ။ နွားမ ၀၀ မြင်ရတာထက် နွားနို့ မလိုင်ခဲ စားရမှ မင်္ဂလာဟုဆိုကြဧ။်။
ထိုအုပ်စု (၃) စု သည်သူ့ အယူမှန်သည်၊ ကိုယ့် အယူမှန်သည်ဟု ငြင်းခုံကြရာတစ်ဖက်နှင့်တစ်ဖ က် စင်မြင့်ဆောက်၍ရက်ရှည်လများဟောပြောပွဲကြီးများ နှင့်ငြင်းခုံကြရာလူပါမကနတ်ချင်းပင်ငြင်းခုံကြဧ။်။
ယင်းကဲ့သို့  ပြဿနာစခဲ့ ခြင်းမှဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ် များမှ တစ်ဆင့်အာလိန်ငါးဆင့်ကိ ကျော်ကာတာဝတိံသာနတ်များထိ အုပ်စုဖွဲ့ကာ ငြင်းခုံပွဲကူးစက်လာလေတော့ဧ ။်။ထိုသို့ သော ပြဿနာကြီးမားမှုကြောင့်မည်သူမှန်သည်၊ မည်သူ မှားသည် အဆုံး အဖြတ်ပေးပါရန်သိကြားမင်းထံ ၀င်၍ရင်ဆိုင်ကြလေတော့သည်၊
ကျွ်တွင် သိကြားမင်းကကျွ်မင်္ဂလာကိစ္စသည် ကျယ်ဝန်းနက်နဲ လှသည် ။ငါလည်းအမှန်မသိ ၊ ထို့  ကြောင့် လူ့ပြည်တွင်အထင်အရှားပွင့် တော်မူသော ဂေါတမမြတ်စွာဘုရားသည် သိရှိနိုင်ရာဧ။်။ခေတ္တ စောင့်ကြဟုဆိုကာနတ်သားတစ်ဦးအား ဘုရားရှင်ထံ မေးမြန်းရန်လွှတ်လိုက်လေသည်။
ထိုနတ်သားမေးလျှောက်ချက်အရ ဘုရားရှင် ပြန်လည် ဟောကြားဖြေဆိုသောမင်္ဂလာတရား(၃၈) ပါး ပါဝင်သည့် ကျွ်မင်္ဂလသုတ်တော်ဖြစ်ပေါ်လာရခြင်း ဖြစ်သတည်း။
ပရိတ်ကြီးမြန်မာပြန်
(နတ်ပင့်နှင့်တိုက်တွန်းချက်)
၁။သမန္တာ စက္က၀ါဠေသု၊ *(သမန်တာစက်က၀ါဠေသု၊)
အတြာ’ဂစ္ဆန္တု ဒေ၀တာ။ *(အတရာ’ဂစ်ဆန်တု ဒေ၀တာ။)
သဒ္ဓမ္မံမုနိရာဇဿ၊ *(သတ်(သဒ်)ဓမ်မံ မုနိရာဇတ်သ၊)
သုဏန္တုသဂ္ဂမောက္ခဒံ။ *(သုဏန်တု သက်(သဂ်)ဂမောက်ခဒံ။)
၂။ဓမ္မဿဝနကာလောအယံဘဒ္ဒန္တာ။ *(ဓမ်မတ်,သ၀န,ကာလောအယံဘတ်(ဘဒ်)ဒန်တာ။)
(ဘုရားရှိခိုး) ===================== ၃။နမောတဿဘဂ၀တောအရဟတော သမ္မာသမ္ဗုဒ္ဓဿ။ *(နမောတတ်သ ဘဂ၀တောအရဟတော သမ်မာ,သမ်ဗုတ်(ဗုဒ်)ဓတ်သ။)
(တဖန်-နတ်ပင့်) ================ ၄။ယေသန္တာ သန္တစိတ္တာ၊ တိသရဏသရဏာ *(ယေ သန်တာသန်တစိတ်တာ,၊ တိသရဏ,သရဏာ)
ဧတ္ထ လောကန္တရေ ၀ါ *(အစ်ထ လောကန်တရေ ၀ါ၊)
ဘုမ္မာ,ဘုမ္မာစ ဒေ၀ါ ၊ ဂုဏ ဂဏ ဂဟဏ *(ဘုမ်မာ,ဘုမ်မာ စ ဒေ၀ါ ၊ ဂုဏ ဂဏ ဂဟဏ)
ဗျာဝဋာသဗ္ဗကာလံ။ *(ဗျာဝတာ(ဋာ) သတ်(သဗ်)ဗကာလံ။)
ဧတေ အာယန္တုေ၀၀ါ ၊ ၀ရ ကနကမယေ,
*(အေတေ အာယန်တုဒေ၀ါ,၊ ၀ရ ကနကမယေ,)
မေရုရာဇေ ၀သန္တော၊ *(မေရုရာဇေ ၀သန်တော၊)
သန္တော သန္တောသဟေတုံ၊ မုနိ ၀ရ၀စနံ,သေုတုမဂ္ဂံ သမဂ္ဂါ။ *(သန်တောသန်တောသဟေတုံ,၊ မုနိ ၀ရ ၀စနံ, သောတုမက်(မဂ်)ဂံ သမက်(မဂ်)ဂါ။)
အမျှဝေနှင့် - တိုက်တွန်းချက် ၅။သဗ္ဗေသု စက္က၀ါဠေသု ၊ ယက္ခာဒေ၀ါစ ဗြဟ္မနော။ *(သတ်(သဗ်)ဗေသု စက်က၀ါဠေသု ၊ ယက်ခါ ဒေ၀ါ စ ဗြမနော။)
ယံ အမှေဟိ ကတံ ပုညံ ၊ သဗ္ဗသမ္မတ္တိသာဓကံ။ *(ယံအံမှေဟိ ကတံပုန်ညံ၊ သတ်(သဗ်)ဗ,သမ်ပတ်တိ,သာဓကံ။)
၆။သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေရတာ။ *(သတ်ဗေ တံအနုမောဒိတ၀ါ ၊ သမက်(မဂ်)ဂါ သာသနေ ရတာ။)
ပမာဒရဟိတာဟောန္တု၊ အာရက္ခာသု ၀ိသေသတော။ *(ပမာဒ,ရဟိတာဟွန်တု၊ အာရက်ခါသု ၀ိသေသတော။)
၇။သာသနဿစ လောကဿ၊ ၀ုဍ္ဎိ ဘ၀တုသဗ္ဗဒါ။ *(သာသနတ်သ စ လောကတ်သ ၊ ၀ုတ်ဒိ ဘ၀တု သတ်(သဗ်)ဗဒါ။)
သာသနမ္မိ စ လောကဉ္စ ၊ ဒေ၀ါရက္ခန္တု သဗ္ဗဒါ။ *(သာသနမ်ပိ စ လောကင်(ကဉ်)စ ၊ ဒေ၀ါ ရက်ခန်တု သတ်ဗဒါ။)
၈။သဒ္ဓိံဟောန္တု သုခီ သဗ္ဗေ ၊ ပရိဝါရေဟိ အတ္တနော။ *(သတ်(သဒ်)ဓိန် ဟွန်တုသုခီသတ်(သဗ်)ဗေ ၊ ပရိဝါရေဟိ အတ်တနော။)
အနီဃာသုမနာဟောန္တု၊ သဟ သဗ္ဗေဟိ ဥာတိဘိ။ *(အနီဂါ(ဃာ) သုမနာဟွန်တု၊ သဟ သတ်(သဗ်)ဗေဟိ ညာတိဘိ။)
၉။ရာဇတောဝါ စောရတောဝါ *(ရာဇတောဝါ ၊ စောရတောဝါ)
မနုဿတောဝါ အမနုဿတောဝါ *(မနုတ်သတောဝါ ၊ အ-မနုတ်သတောဝါ)
အဂ္ဂိတောဝါဥဒကတောဝါ *(အက်(ဂ်)ဂိတောဝါ ၊ ဥဒကတောဝါ)
ပိသာစတောဝါ ခါဏုကတောဝါ *(ပိသာစတောဝါ ၊ ခါဏုကတောဝါ)
ကဏ္ဍကတောဝါ နက္ခတ္တတောဝါ *(ကန်တကတောဝါ၊ နတ်ခတ်တတောဝါ)
ဇနပဒရောဂတောဝါ အသဒ္ဓမ္မတောဝါ *(ဇနပဒ,ရောဂတောဝါ ၊ အသတ်ဓမ်မတောဝါ)
အသန္ဒိဋ္ဌိတောဝါ အသပ္ပုရိသတောဝါ *(အသန်ဒိတ်ထိတော ၀ါ၊ အသတ်ပုရိသတောဝါ)
စဏ္ဍဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ၀ိစ္ဆိက-မဏိသပ္ပဒီပိ အစ္ဆ *(စန်ဒ ဟတ်ထိ အတ်သ မိဂ ဂေါဏ ကုတ်ကုရ အဟိ ၀ိတ်စိက-မဏိသတ်ပဒီပိ အစ်ဆ)
တရစ္ဆသူကရ မဟိံသ ရက္ခ ရက္ခသာဒီဟိ *(တရစ်ဆ သူကရ မဟိန်သ ယက်ခ ရက်ခသာဒီဟိ၊)
နာနာဘယတောဝါနာနာရောဂတောဝါ *(နာနာဘယတောဝါ ၊ နာနာရောဂတောဝါ)
နာနာဥပဒ္ဓ၀တောဝါ အာရက္ခံ ကဏှန္တု။ *(နာနာဥပတ်ဒ၀တော ၀ါ၊ အာရက်ခံ ကဏှန်တု ။)
မင်္ဂလသုတ် ============== ၁၀။ယံမင်္ဂလံဒွါဒသ ဟိ ၊ စိန္တယိံသုသဒေ၀ကာ။ *(ယံမင်ဂလံ ဒ၀ါဒသ ဟိ ၊ စိန်တယိန်သု သဒေ၀ကာ။)
သောတ္ထာနံ နာဓိဂစ္ဆန္တိ ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။ *(သွတ်ထာနံ နာဓိဂစ်ဆန်တိ ၊ အတ်ထတိန်သင်(သဉ် )စ မင်ဂလံ။)
၁၁။ဒေသိတံ ဒေ၀ဒေဝေန ၊ သဗ္ဗပါပ၀ိနာသနံ။ *(ဒေသိတံဒေ၀,ဒေဝေန၊ သတ်ဗပါပ,၀ိနာသနံ ။)
သဗ္ဗလောက ဟိတတ္ထာယ ၊ မင်္ဂလံတံ ဘဏာမ ဟေ။ *(သတ်ဗလောက,ဟိတတ်ထာယ ၊ မင်ဂလံ တံ ဘဏာမ ဟေ။)
၁၂။ဧ၀ံ မေ သုတံ-*(အေ၀ံမေ သုတံ-)
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိရဟတိ ဇေတ၀နေ *(အေကံ သမယံ ,ဘဂ၀ါ သာဝတ်ထိယံ,၀ိဟရတိ ဇေတ၀နေ,)
အနာထပိဏ္ဍိကဿအာရာမေ *(အနာထပိန်ဒိကတ်သ အာရာမေ။)
အထ ခေါအညတရာဒေ၀တာ *(အထ ခေါ ,အင်ညတရာဒေ၀တာ)
အဘိကန္တာယ ရတ္တိယာအဘိက္ကန္တ၀ဏ္ဏာ *(အဘိတ်ကန်တာယ ရတ်တိယာ အဘိတ်ကန်တ၀ဏ်ဏာ)
ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ *(ကေ၀လကတ်ပံ ဇေတ၀နံ သြဘာသစ်တွာ)
ယေနဘဂ၀ါ တေနုပသင်္ကမိ ၊ ဥပသင်္ကမိတွာ *(ယေန ဘဂ၀ါတေနုပသင်ကမိ ၊ ဥပသင်ကမိတ၀ါ)
ဘဂ၀န္တံ အဘိဝါဒေတွာဧကမန္တံအဋ္ဌာသိ။ *(ဘဂ၀န်တံအဘိဝါဒစ်တ၀ါ ၊ အေကမန်တံ အတ်ဌာသိ။)
ဧကမန္တံ ဌိတာခေါ သာဒေ၀တာ *(အေကမန်တံ ထိတာခေါ,သာဒေ၀တာ)
ဘဂ၀န္တံ ဂါထာယအဇ္ဈဘာသိ။ *(ဘဂ၀န်တံဂါထာယ အစ်ဇဘာသိ။)
၁၃။ဗဟူ ဒေ၀ါမနုဿာစ ၊ မင်္ဂလာနိ အစိန္တယုံ။ *(ဗဟူ ဒေ၀ါမနုတ်သာစ ၊ မင်ဂလာနိ အစိန်တယုန်။)
အာကင်္ခမာနံသောတ္ထာနံ ၊ ဗြူဟိ မင်္ဂလ’မုတ္တမံ။ *(အာကင်ခမာနာသွတ်ထာနံ၊ ဗြူဟိ မင်ဂလ’မုတ်တမံ။)
၁၄။အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ *(အသေ၀နာစ ဗာလာနံ ၊ ပန်တိတာနင်စ သေ၀နာ။)
ပူဇာစ ပူဇနေယျာနံ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(ပူဇာစ,ပူဇနေယျာနံ ၊ အေတံ မင်ဂလ’မုတ်တမံ။)
၁၅။ပတိရူပဒေသ၀ါသောစ ၊ ပုဗ္ဗေစ ကတပုညတာ။ *(ပတိရူပ,ဒေသ၀ါေ သာ စ ၊ ပုတ်ဗေ စ, ကတပုန်ညတာ။)
အတ္တသမ္မာပဏိဓိ စ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အတ်တသမ်မာပဏိဓိ စ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၁၆။ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ၊ ၀ိနယောစ သုသိက္ခိတော။ *(ဗာဟုသစ်စင်စ သိတ်ပင်စ ၊ ၀ိနယောစ သုသိတ်ခိတော။)
သုဘာသိတာစ ယာဝါစာ၊ ဧတံမင်္ဂလ’မုတ္တမံ။ *(သုဘာသိတာစ,ယာဝါစာ၊ အေတံ မင်ဂလ’ မုတ္တမံ။)
၁၇။မာတာပိတုဥပဋ္ဌာနံ ၊ ပုတ္တဒါရဿသင်္ဂဟော။ *(မာတာပိတုဥပတ်ထာနံ ၊ ပုတ်တ,ဒါရတ်သ သင်ဂဟော။)
အနာကုလာစ ကမ္မန္တာ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အနာကုလာစ,ကမ်မန်တာ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၁၈။ဒါနဉ္စ ဓမ္မစရိယာစ ၊ ဥာတကာနဉ္စ သင်္ဂဟော။ *(ဒါနင်စ ဓမ်မစရိယာစ ၊ ညာတကာနင်စ သင်ဂဟော။)
အန၀ဇ္ဇာနိ ကမ္မာနိ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အန,၀စ်ဇာနိ ကမ်မာနိ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၁၉။အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာစ သံယမော။ *(အာရတီ ၀ိရတီ ပါပါ ၊ မစ်ဇပါနာစ,သံယမော။)
အပ္ပမာဒေါစ ဓမ္မေသု ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အပ်ပမာဒေါစ,ဓမ်မေသု ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၀။ဂါရဝေါ စ နိဝါတောစ ၊ သန္တုဋ္ဌိ စ ကတညုတာ။ *(ဂါရဝေါ စ, နိဝါတောစ ၊ သန်တုတ်ထိ စ, ကတင်ညုတာ။)
ကာလေန ဓမ္မဿဝနံ ၊ ဧတံမင်္ဂလ’မုတ္တမံ။ *(ကာလေနဓမ်မတ်သ၀နံ၊ ၊ အေတံမင်ဂလ’ မုတ်တမံ။)
၂၁။ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။ *(ခန်တီ စ,သောဝစတ်သတာ၊ သမဏာနင်စ ဒတ်သနံ။)
ကာလေန ဓမ္မသာကစ္ဆာ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(ကာလေနဓမ်မသာကစ်ဆာ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၂။တပေါ စ ဗြဟ္မစရိယဉ္စ ၊ အရိယာသစ္စာနဒဿနံ။ *(တပေါ စ ဗြဟ္မစရိယင်စ ၊ အရိယာသစ်စာန ဒတ်သနံ။)
နိဗ္ဗာနသစ္ဆိကိရိယာစ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(နိတ်ဗာန,သစ်ဆိကိရိယာစ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၃။ဖုဋ္ဌဿလောကဓမ္မေဟိ ၊ စိတ္တံယဿန ကမ္မတိ။ *(ဖုတ်ထတ်သ လောကဓမ်မေဟိ ၊ စိတ်တံ ယတ်သ န ကမ်ပတိ။)
အသောကံ ၀ိရဇံ ခေမ ၊ ဧတံမင်္ဂလ’မုတ္တမံ။ *(အသောကံ ၀ိရဇံခေမံ၊ ၊ အေတံမင်ဂလ’ မုတ်တမံ။)
၂၄။ဧတာဒိသာနိ ကတွာန ၊ သဗ္ဗတ္ထ မပရာဇိတာ။ *(အေတာဒိသာနိ ကတ၀ါန၊ သတ်ဗတ်ထ မပရာဇိတာ။)
သဗ္ဗတ္ထ သောတ္ထိံဂစ္ဆန္တိ ၊ တ တေသံမင်္ဂလ’မုတ္တမံ။ *(သတ်ဗတ်ထ သွတ်ထိန်ဂစ်ဆန်တိ ၊ တံတေသံ မင်ဂလ’မုတ်တမံ။)
မင်္ဂလသုတ္တံနိဋ္ဌိတံ။ *(မင်ဂလသုတ်တံ နိတ်ထိတံ။)
အဓိပ္ပါယ် ============= မင်္ဂလာတရား၃၈ ပါး ၁။အသေ၀နာစ ဗာလာနံ =လူမိုက်တို့ကို မဆည်းကပ်ခြင်း။ ၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။ ၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။ ၄။ ပတိရူပဒေသ ၀ါသောစ=သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။ ၅။ ပုဗ္ဗေစ ကတပုညတာ =ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။ ၆။ အတ္တသမာပဏီဓိ=မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။ ၇။ ဗာဟုဿစ္စ =အကြားအမြင်များေ သာ သူ၏ အဖြစ် ဖြစ်ခြင်း။ ၈။ သိပ္ပ= လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။ ၉။ ၀ိနယောစ သုသိက္ခိတော =ကောင်းစွာသင်အပ် သော ၀ိနည်းတရားရှိခြင်း။ ၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။ ၁၁။ မာတာပိတုဥပဋ္ဌာန =အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။ ၁၂။ ပုတ္တဒါရဿသင်္ဂဟ=သားမယားတို့အားသင်္ဂြိုဟ်ထောက်ပံ့ခြင်း။ ၁၃။ အနာကုလ ကမ္မန္တာ =အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။ ၁၄။ ဒါနဉ္စ=အလှူပေးခြင်း။ ၁၅။ ဓမ္မစရိယ =မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။ ၁၆။ ဉာတကာနဉ္စ သင်္ဂဟ=ဆွေမျိုးတို့အား ထောက်မခြင်း။ ၁၇။ အန၀ဇ္ဇာနိကမ္မာနိ= အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။ ၁၈။ ပါပ အာရတီ =မကောင်းမှုမှဝေးစွာ ရှောင်ကြဉ်ခြင်း။ ၁၉။ ပါပ ၀ိရတီ=မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။ ၂၀။ မဇ္ဇပါန သံယမော =သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။ ၂၁။ အပ္ပမာဒေါစ ဓမ္မေသု= ကောင်းမှုကုသိုလ် တို့၌ မမေ့လျော့ခြင်း။ ၂၂။ ဂါရ၀=ရိုသေထိုက်သူတို့ အားရိုသေခြင်း။ ၂၃။ နိဝါတ =မိမိကိုယ်ကို နှိမ့်ချခြင်း။ ၂၄။ သန္တုဋ္ဌီ =ရောင့်ရဲလွယ်ခြင်း။ ၂၅။ ကတညုတ =သူပြုဖူးသော ကျေးဇူးကို သိခြင်း။ ၂၆။ ကာလေန ဓမ္မဿဝန= သင့်တင့်လျောက်ပ တ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။ ၂၇။ ခန္တီ =သည်းခံခြင်း။ ၂၈။ သောဝစဿတာ = သူတော်ကောင်းတို့  ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။ ၂၉။ သမဏာနဉ္စဒဿန=ရဟန်းပုဏ္ဏားတို့ အား ဖူးမြင်ခြင်း။ ၃၀။ ကာလေန ဓမ္မသာကစ္ဆာ =သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။ ၃၁။ တပေါ =ခြိုးခြံစွာ ကျင့်ခြင်း။ ၃၂။ ဗြဟ္မစရိယ=မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။ ၃၃။ အရိယသစ္စာနဒဿန=အရိယသစ္စာတို့ကို သိမြင်ခြင်း။ ၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကိုမျက်မှောက်ပြုရြ ခင်း။ ၃၅။ နကမ္ပတိ =လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။ ၃၆။ အသောက =လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။ ၃၇။ ၀ရဇံ =လောကဓံတရားတို့ေ တွ့သော်စိတ်၌ ရမ္မက်မရှိခြင်း။ ၃၈။ ခေမံ =လောကဓံတရားတို့ေ တွ့သော် စိတ်၌ဘေးမရှိခြင်း။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)