Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Sunday, August 10, 2014

★★ Firework GO launcher EX Theme v2.5 Apk Unlocked (All Android) July 4, 2014 ★★

မိမိဖုန်းမှာမီးတောက်ဒီဇိုင်း launcher နှင့် icons လန်းလန်းလေးထားချင်သူတွေအတွက်တင်ပေးလိုက်ပါ
တယ်။wallpaper လန်းလန်းလေးတွေလည်းများစွာပါဝင်ပါတယ်။Menu>Theme,ကနေကြိုက်တဲ့ theme
ကိုအင်စတောလုပ်ပြီးတာနဲ့ခေါ်ယူအသုံးပြုနိုင်ပါပြီ။ Android 2.0 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါပြီ
။အောက်မှာပုံတွေနဲ့ပြထားပါတယ်။Unlocked လေးဖြစ်တဲ့အတွက် fULL အဖြစ်အသုံးပြုနိုင်ပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

★★ Mountain Sniper 3D FPS Version: 1.1 Mod APK Free Shopping (Android Game) ★★

တိုက်ခိုက်တာဝါသနာပါတဲ့ဘော်ဒါတွေအတွက် Mountain Sniper 3D FPS Version:  1.1 Mod APK Free Shopping လေးပါ ။ ဒီကောင်လေးကတော့ လူဆိုးဂိုဏ်းလူဆိုးစခန်းတွေကိုလိုက်လံနှိမ်နှင်းရမဲ့ဂိမ်း
လေးဖြစ်ပါတယ်။ကြမ်းတမ်းလှတဲ့စစ်ကြောင်းတွေနဲ့ပုံဖော်ထားပြီးရေခဲတောင်တွေပေါ်မှာသွားတိုက်ခိုက်ရတဲ့
တောင်ပေါ်ဂိမ်းလေးပါပဲ ။ဖိုင်ဆိုဒ်က 47mb ရှိပြီး Android : 2.3 နှင့်အထက်ဖုန်းတွေမှာကစားနိုင်ပါယ် ။

Install APK files
Then Lets Play The Game
Version:  1.1 
Android : 2.3

ဖုန်းတစ်လုံးမှာ Viber အကောင့်နှစ်ခုသုံးနိုင်တဲ့ - 2Lines for Viber ★ ROOT v 1.0.1 APK

ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့တင်ဘော်ဒါတွေ စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ တကယ် လည်းမိုက်ပါတယ်။ ဖုန်းတစ်လုံးထဲမှာတင် Viber Account နှစ်ခုသုံးနိုင်တဲ့ Application လေးဖြစ်ပါတယ်။
2Lines for Viber ကိုအသုံးပြုဖို့အတွက် မိမိတို့ရဲ့ဖုန်းက Root Access ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Error မရှိပါဘူး ကျွန်တော်စမ်းပြီး ကလိကြည့်လို့အဆင်ပြေမှ တင်ပေးလိုက်တာပါ။ နောက်ထပ် Account တစ်ခုထပ်ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ကပုံမှာမြင်ရတဲ့ အတိုင်း Add new line for viber ကိုနှိပ်ပြီး Viber ဖွင့်နေကြပုံစံအတိုင်း ထပ်ဖွင့်ရုံပါပဲ။ အသုံးပြုရင်လည်း Viber ကိုနှိပ်ပြီး အသုံးပြုရမှာပါ။ သုံးနေရင်း အခြား Account ပြောင်းပြီးသုံးချင်တယ်ဆိုရင်တော့ 2Line For Viber ကို နှိပ်ပြီး ပြောင်းသုံးချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီးသုံးရမှာပါ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
2Lines for Viber ★ ROOT - screenshot     2Lines for Viber ★ ROOT - screenshot

Ooredoo(ကာတာအခြေစိုက်) နှင့် MPT(မြန်မာ့ဆက်သွယ်ရေး) တို့အပေါ် ကျွန်တော့်၏အမြင်

Ooredoo ကဒ်နဲ့ MPT ကဒ်ရဲ့ အင်တာနက်အကြောင်းအရင်ပြောရအောင်ဗျာ

- အင်တာနက်လိုင်းဆွဲအားက ပြောစရာမလိုအောင်ကိုကောင်းပါတယ် ကျွန်တော်တို့မြန်မာပြည်မှာ အင်တာနက်လိုင်းမှာလောလောဆယ်အနေအထားအရဆိုရင်တော့ လိုင်းအကောင်းဆုံးလို့ပြောရမယ်ဗျ ဒါပေမဲ့ Ooredoo က အင်တာနက်ကို မိနစ်နဲ့ ပိုက်ဆံမဖြတ်ပဲ MB နဲ့ဖြတ်တယ်။ 1000 MB ကို 12500 ကျပ်ကျတယ်။ စဉ်းစားကြည့်တော့ 100 MB ဆိုရင် 1250 ကျပ်ကုန်မယ်။ 10MB ကို 125 ကျပ်ကုန်မယ်။ 1 MB ကို 12.5 ကျပ်ဆိုတော့ 13 ကျပ်ပဲထားပါတော့ ကုန်တယ်ပေါ့ အခုဆိုရင် 20 MB တနေ့ကို free ပေးထားတယ်။ 8 မိနစ်လောက်ပဲသုံးလို့ရတယ်။ 8 မိနစ်ကို 20 MB ဆိုတော့ 100 MB ဆိုရင် 40 မိနစ်သုံးလို့ရမယ်။ အဲတော့ 1 MB ကို 13 ကျပ်ကျတယ်။ ကျွန်တော့တို့ Ooredoo ကဒ်နဲ့ တစ်နေ့ကို အင်တာနက် မိနစ် 40 သုံးမယ်ဆိုရင် ပိုက်ဆံ 1250 ကျပ်ကုန်မယ်နော် သတိထားဗျ။
MPT နဲ့သုံးရင်တော့ အလွန်ဆုံးကုန်မှ 160 ကျပ်ပေါ့ စဉ်းစားသာကြည့်ပေတော့ ဗျာ
အဲတော့ Ooredoo ကဒ်ရဲ့  အင်တာနက်အနေနဲ့ကတော့ လိုင်းကောင်းတယ် ဒါပေမဲ့ ပိုက်ဆံကတော်တော်ကုန်မယ်။
MPT ရဲ့ အင်တာနက်လိုင်းဆွဲအားကတော့ မကောင်းဘူး ဒါပေမဲ့ ပိုက်ဆံက Ooredoo ကဒ်လောက်မကုန်ဘူး ဘယ်ဟာနဲ့သုံးမလဲစဉ်းစားနော် Telenor ကလည်း မလာသေးဘူးနော် သူလာရင်ဘယ်လိုတွေများဖြစ်မလဲ စိတ်ဝင်စားစရာပဲ...................။

- နောက် ဖုန်းပြောတဲ့ကဏ္ဍကို သွားရအောင်
Ooredoo ကဒ်အချင်းချင်းကို 25 ကျပ် တခြား Operator (MPT) တို့ဆိုရင်တော့ 35 ကျပ် ကုန်မယ်
ဒါကတော့ အရင်တုန်းကလိုဆိုရင်တော့ ကျွန်တော်တို့အဖို့ တော်တော်သက်သာလာတယ်ပြောရမယ်။ ဘာလို့လဲဆိုတော့ MPT က 1 မိနစ်ကို 50 ကျပ်နဲ့ လုပ်စားနေတာလေ ည 11 နာရီနဲ့ နံနက် 6 နာရီကြားမှာသာ 25 ကျပ်တဲ့။ ဘာပဲပြောပြောပိုက်ဆံပေးရတာများတာပေါ့ ကိုယ့်ချစ်သူနဲ့ ဖုန်းပြောမယ်ပေါ့ ပိုက်ဆံကဖုန်းထဲမှာသိပ်မကျန်ဘူးဆိုရင် ကိုယ်ကလည်း အများကြီးပြောချင်တာပေါ့ ကိုယ့်ချစ်သူနဲ့ပဲ
သူငယ်ချင်းသက်နိုင်ဆိုရင် သူ့ကောင်မလေးဆီကိုဖုန်းပြောဖို့ဆိုပြီး ညညဆို 12 ကျော်ကျော်လောက်မှအိပ်တယ်တဲ့ အခုတော့သူက အိပ်ရေးမပျက်တော့ဘူးတဲ့ အရင်တပါတ်ကပြောလို့ပါ ဟုတ်တယ်ဗျ အခုတော့ ညဆိုရင် 11 အထိစောင့်စရာမလိုတော့ဘူး အားလုံးအတွက်အဆင်ပြေသွားတယ်ပေါ့ အခုရှေ့လ တယ်လီနော ၀င်လာရင် ဘယ် Operator ကိုဆက်ဆက် 25 ကျပ်ပဲကုန်မယ်လို့ပြောတယ် ဒါပေမဲ့ အင်တာနက်အတွက် ဘယ်လိုပိုက်ဆံဖြတ်မလဲတော့မသိခြင်းများစွားနဲ့ စောင့်စားနေကြရင်း ကျွန်တော်တို့တတွေ စိတ်ဝင်စား......။

အခုလောလောဆယ်အနေအထားကိုသုံးသပ်ရမယ်ဆိုရင် Ooredoo ကဒ်ဟာ အင်တာနက်သုံးရာတွင် ဘယ်လိုမှ မသုံးသင့် MPT ကိုသာသုံးသင့်သည်ဟု ထင်မြင်မိပါတယ် ဖုန်းပြောရာတွင် Ooredoo ကဒ်ကို အနည်းငယ်သုံးသင့်သလို MPT ကိုလည်းသုံးသင့်ဟု သုံးသပ်မိပါသည်။        ။
ရေးသူ - ချမ်းမြေ့(ကောင်းကင်ကောင်လေးများ)

Monday, July 21, 2014

Ooredoo Myanmar ကမြို့ပေါင်း ၆၀ ကျော်နှင့် မြို့နယ်ပေါင်း ၇၀ ကျော်တို့တွင် မိုဘိုင်းဆင်းမ်ကတ်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချမည်

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက မကြာမီရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ငါးခုရှိ မြို့နယ်ပေါင်း ၇၂ ခုနှင့်  ပြည်နယ်နှစ်ခုတို့ရှိ မြို့ပေါင်း ၆၄ မြို့တို့တွင် ၎င်းတို့၏ မိုဘိုင်းဆင်းမ်ကတ်များနှင့် အခြားဝန်ဆောင်မှုများကို ကနဦးအနေဖြင့် ရောင်းချသွားမည်ဖြစ်သည်။

မကြာမီလအတွင်း စတင်အသုံးပြုနိုင်တော့မည့် Ooredoo ဆင်းမ်ကတ်များနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးများရှိ မြို့နယ်ပေါင်း ၇၂ မြို့နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ မြို့ပေါင်း ၆၄ မြို့နယ်တို့နှင့် နေပြည်တော်ကောင် စီနယ်မြေဒေသများတွင် ကနဦးအနေဖြင့် စတင်ရောင်းချသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်  မြို့နယ်ပေါင်း ၄၀၊ မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၂၇ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၂ မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ မြို့၊ မကွေးတိုင်းဒေသကြီးတွင် ၉  မြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၇ မြို့နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ မြို့ ၁၀ မြို့တွင်ရောင်းချ သွားမည်ဖြစ်သည်။

ထို့အပြင် မိုဘိုင်းဆင်းမ်ကတ်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချရန် ရက်သတ္တပတ် အနည်းငယ်အလို ယနေ့တွင် Ooredoo Myanmar ကုမ္ပဏီက၎င်းတို့ ရွေးချယ်ထားသည့် တရားဝင်ဖြန့်ချိရေး ကုမ္ပဏီများကို အသိပေးကြေညာလိုက်ပြီ ဖြစ်သည်။

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ်များနှင့် အခြားဝန်ဆောင်မှုများကို အလွယ်တကူ ဝယ်ယူရရှိစေနိုင်ရန်အတွက် ဖြန့်ချိရေးကုမ္ပဏီ ၆ ခုကို ရွေးချယ်ထားခြင်းဖြစ်ပြီး အဆိုပါ တစ်ဆင့်ခံဖြန့်ချိရေး ကုမ္ပဏီများက အထက်ပါ နေရာဒေသများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

ကာတာဆက်သွယ်ရေးကုမ္ပဏီ၏ တစ်ဆင့်ခံဖြန့်ချိရေးကုမ္ပဏီများမှာ Grate Ayerwaddy ကုမ္ပဏီလီမိတက်၏ လက်အောက်ရှိ Great Ayerwaddy Telecom ကုမ္ပဏီ လီမိတက်၊ Myanmar Distribu-tion Group ၏ MDG မိုဘိုင်း ကုမ္ပဏီလီမိတက်၊  Consumer Group Myanmar လီမိတက်ပိုင် Direct Consumer လီမိတက်၊ Capital Dimond Star Group ပိုင် Capital Connect လီမိတက်၊ Myanmar Golden Star နှင့် MDR ကုမ္ပဏီတို့၏ ကုမ္ပဏီခွဲဖြစ်သည့် MDR Golden Myanmar Sea နှင့် UMG ကုမ္ပဏီပိုင် Kiwi & I ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြသည်။

Hi-Q MP3 Voice Recorder Version1.19.0 For android

Android phone/Tablet ကိုင်ဆောင်သူတွေ Hi-Q MP3 Voice Recorderလေးတင်ပေးလိုက်ပါတယ်။ ဒီလေးကတော့မိမိ Android phone/Tablet မိမိဖြစ်သူတစ်ပါးဖြစ်ဖြစ် သံဖိုင်းလေးကို MP3 အသံဖိုင်းလေး
Recorderလေးလုပ်ပေးတဲ့ကောင်းလေးပါ။ မိမိကိုယ်ကိုယ်သီချင်းဆိုးပြီးအသံဖိုင်းလေးပြုလုပ်ပေးတတ်တယ်ကောင်းလေးပေါ့
ဗျာ။အသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်။

Download Here
===

Photo Studio PRO v1.3 For Android

Android phone/Tablet ကိုင်ဆောင်သူတွေအတွက်Photo ​တွေကို အ​ကောင်းဆုံး စိတ်​ကြိုက်​ ပြုပြင်​ဖန်​တီး​ပေးနိုင်​တဲ့"Photo Studii PRO v1.3  ဆိုတဲ့ ​နောက်​ဆုံးထွက်​ Version ​လေး တင်​​ပေးလိုက်​ပါပြီ-​နောက်​ဆုံးထွက်​ ဗားရှင်း​လေးမို့ စုံလင်​တဲ့ features ​တွေကို အသုံးပြုခွင့်​ရမှာပါ-ဒီကောင်းလေးကိုတော့ Android os 2.2 အထက်ကိုကောင်းကောင်းလေးသုံးနိုင်ပါတယ်ဗျာ။အသုံးပြုမယ်ဆို၇င်အောက်မှာယူနိုင်ပါတယ်ဗျာ။

Downlaod Here

အသိပေးစာ

အခု ကျွန်တော်တို့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် 19 July application တစ်ခုကို ကျွန်တော်တို့ သူငယ်ချင်းတွေလည်း ဖုန်းထဲကိုထည့်ပြီး အထိမ်းအမှတ်အဖြစ် ထည့်ခဲ့တဲ့သူငယ်ချင်းတွေတော်တော်များများရှိမယ်နဲ့တူတယ်ဗျ အဲဒီ့ App က ဖုန်းနဲ့ မန်မိုရီကဒ်ကို ဖျက်ဆီးနိုင်တဲ့  Virus  တစ်မျိုးကို ထည့်သွင်းထားတယ်လို့ သိရပါတယ် အခု ဖုန်းထဲမှာထည့်ထားမိတယ်ဆိုရင်တောင် ဖျက်ပစ်လိုက်ဖို့ သတိပေးလိုက်တယ်နော်..။

ချမ်မြေ့

Sunday, July 13, 2014

မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။

သူဌေး : “ဘာ… ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?
တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။
တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။
တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။
တစ်ရက်ကို မိနစ်(၃ဝ) မင်း…ကော်ဖီသောက်တယ်။ ဒီလိုနဲ့ တစ်နှစ်မှာ(၂၃)ရက်ရှိတော့ အလုပ်လုပ်ချိန်က (၆၈)ရက်ပဲကျန်တယ်။
တစ်ရက်မှာ(၁)နာရီ မင်းထမင်းစားတယ်။ ဒါနဲ့(၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။
တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။
တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။
ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။
နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။
ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?

ဘ၀အတွက်အဟာရစကားများ(၂၃)ခွန်း

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀တိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။
(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။
(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။
(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။
(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။
(၈)စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။
(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။
(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။
(၁၁)ကံကြမ်မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။
(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်း
နေတာပါပဲ ။
(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။
(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။
(၁၅)ဒုက်ခအနီးတွင် သုခရှိ၏ ။
(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။
(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။
(၁၈)ဘ၀သည်အစမ်းသဘောဖြစ် နေထိုင်ခွင့်မရှိသေားအရာ ။
(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပဲ ။
(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပဲ ။
(၂၁)နာလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။
(၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။
(၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။