Wednesday, June 25, 2014
♪ ဖုန်းခေါ်ဆိုသူရဲ့ပုံကို အပြည့်ပေါ်စေတဲ့ - Ultimate Caller ID Screen HD v10.3.4 APK (Full Version) ♫
Ultimate Caller ID Screen HD Pro v10.3.3 APK ဒီတစ်ခါတော့ Call Screen HD ဆိုတဲ့ Android Application လေးတင်ပေးလိုက်ပါတယ်ဗျာ။ နောက်ဆုံးထွက် Version အသစ်လေးပါဘဲ။ ဒီကောင်လေးကဘာတွေလုပ်ပေးနိုင်သလည်းဆိုရင် ဖုန်းခေါ်ရင်ဘဲဖြစ်ဖြစ် ဖုန်းပြောရင်ဘဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ ပုံကို Screen ပေါ်မှာ အပြည့်ပေါ်စေမှာဖြစ်ပါတယ်ဗျာ။ တစ်ဖက်လူရဲ့ ပုံကိုတော့ Contact မှာထည့်ပေးထားဖို့လိုပါတယ်ဗျာ။ နောက်ပြီး ဖုန်းလက်ခံတဲ့အခါမှာ နှိပ်တဲ့ Answer နဲ့ End ကိုလည်း စတိုင်ပြောင်းပြီး ထားနိုင်ပါသေးတယ်။ ဒါ့အပြင် Call Block Feature ကိုပါထည့်သွင်းထားပါ တယ်ဗျာ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး Phone Call နဲ့ပတ်သက်ပြီး အခြားသော Feature များစွာ ကို အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။ အသေးစိတ်ရေးပေးထားပါတယ်နော်။ နမူနာကြည့်နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။ တစ်ခုဘဲသတိပြုရမှာပါ ။ အခုတင်ပေးလိုက်တဲ့ App ကို Full Version အဖြစ်အသုံးပြုချင်တယ်ဆိုရင်တော့ Ultimate Caller ID Screen HD Pro v10.3.2 ကိုအရင်ဆုံး Install လုပ်ပါ။ ပြီးသွားမှ Ultimate Call Screen License v1.5 ကိုထပ်ပြီး Install လုပ်ပါ။ ဒါဆိုရင် Contact တွေကို ကန့်သတ်ချက်မရှိထည့်သွင်းနိုင်ပြီဖြစ်ပါ တယ်ဗျာ။ Cover art Ultimate Caller ID Screen Pro - screenshot thumbnail Ultimate Caller ID Screen Pro - screenshot thumbnail Ultimate Caller ID Screen Pro - screenshot thumbnail Ultimate Caller ID Screen Pro - screenshot thumbnail Ultimate Caller ID Screen Pro - screenshot thumbnail Ultimate Caller ID Screen Pro - screenshot thumbnail ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ Download Download
X-Men Days of Future Past
မကြာသေးခင် ရက်ပိုင်းကမှ ရုံတင်ထားတဲ့ကားလေးပါ။ တော်တော်လေးတော့ ကြည်ပါတယ်။ မကြည့်ရသေးသော သူများ ဒေါင်းကြည့်လိုက်ပါဗျာ
ဒေါင်းရန်
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
ရည်းစားဟောင်းနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကြိုးစားတဲ့အခါ ကိုယ့်အနေနဲ့သိထားသင့်တဲ့ အချက်(၅ )ချက်
လမ်းခွဲထားပြီးသား ရည်းစားဟောင်းက ခုတလောကိုယ့်ကို ပြန်ဆက်သွယ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပြတ်ထားတာ မကြာသေးတော့ သံယောဇဉ်ကလည်း နည်းနည်းရှိနေသေးတာမို့ သူဖုန်းဆက်ရင်လည်း ကိုင်လိုက်မိတယ်။ sms ပို့ရင်လည်း ပြန်ပို့နေမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောပေမယ့် သူက ခုပြန်ကပ်နေတော့ ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ သူနဲ့ပြန်ကြိုက်ဖို့ လုံးဝမဖြစ်နိုင်တော့ ဘူး။ သူ့ရဲ့ချဉ်းကပ်နည်းတွေထဲက ရှောင်ရမယ့်အရာတွေနဲ့ ကိုယ့်စိတ်ကိုကိုယ် ပြတ်ပြတ်သားသားဖြစ်နိုင်ဖို့ အခြေအနေတွေကို သိထားဖို့လိုပြီပေါ့။
၁။သူငယ်ချင်းလိုပဲ နေကြရအောင် ဆိုတဲ့ ထောင်ချောက်ထဲ ၀င်မသွားမိပါစေနဲ့။
ပြတ်ပြီးခါစ
အတွဲတစ်တွဲဟာ ချက်ချင်းလက်ငင်းကြီး သူငယ်ချင်းဖြစ်သွားတာမျိုး ရှိရင်တောင်
တော်တော်လေးရှားမှာပါ။ သူငယ်ချင်းအမည်ခံပြီး ကိုယ့်ဆီက ပြန်လာဖို့
ထောင်ချောက်တစ်ခု ဖန်တီးနေတာလို့ စိတ်ထဲမှာ သိထားပါ။ သူ့ကြောင့်
ကိုယ်ဘယ်လောက်နာကျင်ခံစားခဲ့ရသလဲ ဆိုတာကို တွေးပါ။
ကိုယ်ခံစားခဲ့ရတာတွေအတွက် ကိုယ်ဟာ သူ့ဆီက ဝေးဝေးပြေးဖို့ လိုနေပြီလို့လည်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
၂။ဖုန်းတွေဆက်၊ ဒရာမာအကွက်တွေထဲ မနစ်မျောပါနဲ့။
ပြတ်သွားကာမှ
ဖုန်းတွေပြန်ဆက်တာမျိုး၊ လက်ဆောင်ပစ္စည်းလေးတွေ ပို့တာမျိုးတွေ လုပ်ရင်
ဒါမျိုးတွေ မလုပ်ဖို့ ပြတ်ပြတ်သားသားပြောပါ။ တိုက်ဆိုက်မှုတစ်ခုခုရှိတိုင်း
ကိုယ့်ကိုအသိပေးနေတာမျိုးတွေ၊ ကိုယ်ကြိုက်တဲ့သီချင်းလေး ရေဒီယိုမှာလာနေလို့
ကိုယ့်ဆီလှမ်းဖုန်းဆက်တဲ့ အကွက်မျိုးတွေ သူလုပ်တဲ့အခါ
မနစ်မျောသွားပါစေနဲ့။
၃။ညဘက်အပြင်ထွက်တဲ့အခါ၊ လျှောက်လည်တဲ့အခါမျိုးတွေမှာ သူငယ်ချင်းတွေ ပါပါစေ။
ဒီလိုအချိန်မှာ
ယောင်္ကျားလေးဆိုရင် ယောင်္ကျားလေးအချင်းချင်း၊ မိန်းကလေးဆိုရင်လည်း
မိန်းကလေးအချင်းချင်း တွဲတာပဲကောင်းပါတယ်။ ညဘက် ကလပ်သွားရင်လည်း မိန်းကလေး
သူငယ်ချင်းအုပ်စုလိုက်ကြီး သွားတာမျိုး၊ နေ့ခင်းဘက်လျှောက်လည်ရင်လည်း
အုပ်စုလိုက် လည်တာမျိုးပဲ ဖြစ်သင့်ပါတယ်။
၎။သူ sms ပို့တဲ့အခါ ပြန်ပို့တာမျိုး လုံးဝမလုပ်ပါနဲ့။
ကိုယ်က
သူနဲ့ပြန်အီတာမျိုး မဟုတ်ရင်တောင် သူ sms ပို့လာရင် ကိုယ့်ဘက်က
ဒေါနဲ့မောနဲ့ sms ပြန်ပို့တာမျိုး၊ ဘယ်လောက်မုန်းကြောင်း၊
ဘယ်လောက်နာကျင်ကြောင်း ပြန်ပို့တာမျိုးတွေ ဘာမှမလုပ်ပါနဲ့။ ဘာဆိုဘာမှ
ပြန်မပို့တာဟာ သူ့ကိုလုံးဝ လျစ်လျူရှုလိုက်ပြီဆိုတာ ပြသခြင်းပါပဲ။
၅။ကိုယ့်အခန်းထဲမှာ ကိုယ့်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် စာသားတွေ ကပ်ထားပါ။
သူမရှိပဲ
ကိုယ်နေနိုင်တယ်၊ ကိုယ်ဟာ ဘာမဆိုလုပ်နိုင်တယ်၊ တစ်ဦးတည်း၊ တစ်ယောက်တည်း
လောကဓံကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ်ဆိုတဲ့ စကားပုံတွေ၊ စာသားတွေ
ကပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် ကြိုးစားပါ။ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
သူနဲ့မြဲပြီဆိုတာ သေချာသွားစေတဲ့ အချက်များ
ကိုယ်တွဲနေတဲ့ ချစ်သူနဲ့ ရေရှည်လက်တွဲသွားနိုင်မှာလား၊ မြဲမှာလားဆိုတာ သူနဲ့ကိုယ်ကြားမှာ ပြုမူနေတဲ့အရာတွေကို ကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်ပါတယ်။
၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်စကားဆိုဖြစ်တယ်။
ကိုယ့်ဘေးမှာ
အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကိုနားလည်ပေးတဲ့အတွက်
ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း သူ့ကိုပြောဖြစ်တယ်။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း
နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင် ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။
၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။
အတွဲတစ်တွဲမှာ
ချစ်သူကောင်လေးက ကျန်းမာရေးကောင်းတယ်။ ကျန်းမာရေးလိုက်စားတဲ့သူ
တစ်ယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။ ကိုယ့်ရည်းစားက
ကျန်းမာရေးချူချာလွန်းလို့ စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။
၃။စကားပြောပုံဆိုပေါက်ကအစ တူနေတယ်။
သူနဲ့ကိုယ်နဲ့တူတဲ့
အချက်တွေ အများကြီးရှိနေတယ်။ သူနဲ့တွေးခေါ်နေတဲ့အရာတွေပါ
တဖြည်းဖြည်းတူလာသလို ပြောလိုက်တဲ့စကားတွေလည်း အတူတူဖြစ်နေတတ်တယ်။
စကားပြောပုံဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့ ဒါဟာ အဆုံးထိလက်တွဲရမယ့်
သူတွေပဲပေါ့။
၎။အမြဲတမ်း နမ်းဖြစ်တယ်။
တစ်လကို
တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ သူနဲ့တွေ့တိုင်း နှစ်ဦးသားကြည်ကြည်နူးနူး
အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။
၅။သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။
ကိုယ်တွေချည်းပဲ
မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ ရုပ်ရှင်ကြည့်ကြတာမျိုး၊
ဒင်နာစားကြတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို
ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့ ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။
၆။ရုပ်ရှင်အတူတူကြည့်ရင်း အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။
ကိုယ့်ချစ်သူနဲ့အတူ
ပေါက်ပေါက်အတူတူစားရင်း အချစ်ဇာတ်လမ်းလေးတွေ၊ အိမ်ထောင်ရေးဇာတ်ကားတွေ
ကြည့်ဖြစ်တယ်။ ဇာတ်ကားအကြောင်းလည်း တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။ ဒါဟာ
နှစ်ဦးသားနားလည်မှုပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။
၇။စိတ်ကအလိုလို ခံစားမိနေတယ်။
ဒီတစ်ခါတော့
ငါသူနဲ့မြဲပြီဆိုတာ စိတ်ခံစားမှုအရသိနေတယ်။ အရင်အခါတွေတုန်းကလို မဟုတ်ဘူး။
သူနဲ့ဘယ်တော့မှ ခွဲမှာမဟုတ်ဘူးဆိုပြီး စိတ်ကအလိုလို သိနေတာမျိုးဟာလည်း
ယုံချင်စရာကောင်းတဲ့အချက်ပါပဲ။ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
ကိုယ့်ချစ်သူကို သ၀န်တိုသင့်တဲ့ အချိန်တွေက ဘယ်လိုအချိန်တွေ ဖြစ်သင့်သလဲ
ကိုယ့်ချစ်သူကောင်လေးကို အကြောင်းမရှိ အကြောင်းရှာပြီး သ၀န်တိုနေတာမျိုး၊ ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ မေးနေတတ်တဲ့သူ ဘယ်သူကမှ မဖြစ်ချင်ပါဘူး။ ဖြစ်နေရင်လည်း ဒါဟာ ရေရှည်မြဲဖို့ မလွယ်တဲ့ ဆက်ဆံရေးအဖြစ်ကို ဦးတည်သွားပါလိမ့်မယ်။ ကိုယ့်ချစ်သူကောင်လေးကို တကယ် သ၀န်တိုသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့
၁။ သူက အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းအတွက် အကြံဥာဏ်ယူရတော့မယ်ဆိုရင် အမေ ဒါမှမဟုတ် သူ့ သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲယူတယ်။
ကိုယ့်ချစ်သူရည်းစားက
အလုပ်အတွက်ပဲဖြစ်ဖြစ်၊ တခြားအရေးကြီးတဲ့အရာတွေအတွက်
ဆုံးဖြတ်ချက်ချရတော့မှာပဲဖြစ်ဖြစ် အကြံဥာဏ်ဆိုရင် ကိုယ့်ဆီက
ဘယ်တော့မှမယူဘူး။ ကိုယ်ပြောသလိုလည်း မလုပ်ဘူး။ သူ့အမေဆီက ဟုတ်ရင်ဟုတ်၊
မဟုတ်ရင် သူ့သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲတောင်းလေ့ရှိတယ်။ ကိုယ်ကလွဲပြီး
တစ်ခြားသူတွေရဲ့ အကြံဥာဏ်အမြဲယူနေတတ်တယ်။
၂။ညဘက်တွေဆိုရင် ကိုယ်နဲ့တွေ့ဖို့ထက် သူ့သူငယ်ချင်းတွေနဲ့ပဲ အမြဲရှိနေတတ်တယ်။
ကိုယ်နဲ့တွေ့ဖို့ဆို
အကြောင်းတစ်ခုခုကြောင့် ပျက်သွားတာမျိုး ရှိနေတတ်ရင်တောင် သူ့သူငယ်ချင်း၊
အပေါင်းအသင်းတွေနဲ့တော့ အမြဲအတူတူရှိနေတတ်တယ်။ ကိုယ်နဲ့ သူငယ်ချင်းတွေနဲ့
တွေ့ဖို့ယှဉ်ရွေးပါဆိုရင် သူငယ်ချင်းတွေဆီပဲ ရောက်သွားတော့တာပဲ။ ဒီတော့
တဖြည်းဖြည်းခံစားလာရတာက ကိုယ်က သူငယ်ချင်းတွေလောက်တောင် အရေးမပါဘူး။
ပထမဦးစားပေးနေရာမှာ ဘယ်တော့မှ မရှိဘူး။
၃။သူရဲ့အောင်မြင်မှုတစ်ခုခုဆို တခြားသူတွေနဲ့ပဲ အတူအောင်ပွဲခံလေ့ရှိတယ်။
အလုပ်မှာ
ရာထူးတိုးတာပဲဖြစ်ဖြစ်၊ အလုပ်မှာ လစာတိုးတာ စတဲ့အရာတိုင်းကို
တခြားသူတွေနဲ့အတူ အောင်ပွဲခံလေ့ရှိပေမယ့် ကိုယ်နဲ့ဆိုရင်တော့ ဒီသတင်းကို
အသိပေးရုံကလွဲပြီး ဘယ်တော့မှ ပွဲလုပ်ပေးတာမျိုး မရှိဘူး။
ကိုယ့်ကိုအဖက်လုပ်ပြီး ပြောနေတာကိုပဲ ကျေးဇူးတင်ဆိုတာမျိုးပေါ့။
အဲ့ဒီအချိန် အောင်ပွဲခံဖို့အတွက် အလုပ်က အတွင်းရေးမှုးမလေး၊
လုပ်ဖော်ကိုင်ဖက်ကောင်မလေးတွေက သူ့ကို စောင့်နေရမှာကို အားနာတယ်ဆိုပြီး
ကိုယ့်ကို ထားသွားခဲ့တာချည်းပဲ။
၎။သူကြိုက်တဲ့ မင်းသမီးအကြောင်း ပါးစပ်မစေ့အောင်ကို ပြောတတ်တယ်။
ကိုယ်နဲ့ရော
သူနဲ့ပါ ဘယ်လိုမှ မပတ်သက်တဲ့ အခြားတစ်ယောက်ကို သ၀န်တိုရတာ နည်းနည်းတော့
အာရုံနောက်စရာပါပဲ။ ဒါပေမယ့် သူက အချိန်တိုင်း အဲ့ မင်းသမီး
ဘယ်လိုလှကြောင်း၊ ဘယ်လိုဆက်စီဖြစ်ကြောင်း၊ ဆံပင်ပုံစံပြောင်းသွားပြန်ပြီ၊
ဘာလုပ်ပြန်ပြီ စတာတွေကို တရစပ်ပြောနေတတ်သူ ဆိုရင်တော့ သ၀န်တိုရတာ
အမှားမဟုတ်ဘူးပေါ့။ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
အချစ်ရေးမှာ နှစ်ဦးသား ပိုနွေးထွေးစိုပြေစေဖို့ သိထားရမယ့် အချက်များ
တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုတာနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်၊ ယုံကြည်မှုတွေ ခိုင်မြဲအောင် ကြိုးစားရတော့မှာပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အချက်ကလေးတွေကြောင့် သင့်ရဲ့အချစ်ရေးဟာ ပျက်ပြားသွားနိုင်သလို အဲ့ဒီ ဘာမဟုတ်တဲ့ အချက်တွေကြောင့်ပဲ သင်တို့ဟာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရရှိနိုင်ပါတယ်။ ကိုယ်ချစ်သူနဲ့ ပိုခိုင်မြဲတဲ့ သံယောဇဉ်မျိုး ရရှိစေဖို့နဲ့ နှစ်ဦးသား ဒီအချစ်ရေးမှာ သက်တောင့်သက်သာနဲ့ ပိုမိုနွေးနွေးထွေးထွေးရှိစေဖို့အတွက် ဒီအချက်ကလေးတွေက ကူညီပေးပါလိမ့်မယ်။
၁။sms ပို့တဲ့အခါ လေး၊ ငါးခြောက်ခါ ဖတ်ပြီးမှ ပို့တာမျိုးရှောင်ပါ။
တစ်ခါတစ်လေ
sms ပို့တော့မယ်ဆိုရင် ငါရေးထားတာ အမှားပါသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့
အထပ်ထပ်အခါခါ ဖတ်ပြီးမှ ပို့တာမျိုးတွေ မလုပ်ပါနဲ့။
ကိုယ်စာလုံးပေါင်းမှားပြီး ပို့လိုက်တာဟာ သူ့အတွက် အနှောက်အယှက်ဖြစ်စရာ
အကြောင်းမရှိပါဘူး။ အတိအကျ၊ ပြည့်ပြည့်စုံစုံကြီးဖြစ်အောင်
ကြိုးစားလုပ်ယူနေမှသာ တစ်ဖက်လူအတွက် ငြီးငွေ့စရာဖြစ်လာမှာပါ။
အထပ်ထပ်အခါခါပြင်ထားတဲ့ sms မှာလည်း ပထမဆုံး ရိုက်ရိုက်ပြီးချင်း
ပို့တာလောက်တော့ ရင်ခုန်ဖွယ် မဖြစ်တော့ဘူးလေ။
၂။သူနဲ့ချိန်းတွေ့တဲ့အချိန်မှာ စားချင်တာစားပါ။
နှစ်ဦးသား
စားစရာမှာခါနီး ငါ ဘာဂါစားရင် ပါးစပ်တွေ ပေကျံကုန်မလား၊
ဟိုဟာစားရင်ကောင်းပါ့မလား၊ ဒီဟာစားရင် ကောင်းပါ့မလာဆိုပြီး
သိပ်တွေးမနေပါနဲ့။ ကိုယ်စားချင်တဲ့အရာကို စားပါ။ ပွင့်ပွင့်လင်းလင်း
ရိုးရိုးသားသားနေပါ။
၃။မိတ်ကပ်မပါပဲ ကိုယ့်ကို ကိုယ့်ချစ်သူ တွေ့သွားမှာ မစိုးရိမ်ပါနဲ့။
ကိုယ့်ကို
တကယ်ချစ်မြတ်နိုးတဲ့သူကတော့ ကိုယ့်မျက်နှာပေါ်မှာ မိတ်ကပ်မပါလည်း
ချစ်မှာပါပဲ။ မိတ်ကပ်မပါတဲ့ ကိုယ့်မျက်နှာကို မြင်ဖူးသွားပြီး ကိုယ့်ကိုသူက
လှလိုက်တာလို့ ဆိုနေတုန်းဆိုရင် သင်လည်း ယုံကြည်မှုပိုတိုးတာပေါ့။ ဒါ့အပြင်
သူ့ရှေ့မှာ ပဲများပြီးနေစရာမလိုတော့ဘူးလေ။ သက်တောင့်သက်သာ
ဘယ်လောက်ဖြစ်သလဲ။
၎။သူရှေ့မှာ အိပ်ပျော်သွားတဲ့အခါ ဟန်ဆောင်ပြီး အိပ်တာမျိုး လုပ်မနေပါနဲ့။
ကိုယ့်ချစ်သူရှေ့မှာ
အိပ်ပျော်သွားလို့ အိပ်နေတုန်း ယောင်တာမျိုးဖြစ်မှာ၊
ဟောက်မိတာမျိုးဖြစ်မှာတွေကို တွေးမကြောက်ပါနဲ့။ ကိုယ်အရင်တုန်းက အိပ်သလိုပဲ
လွတ်လွတ်လပ်လပ်အိပ်ပါ။
၅။ငိုတဲ့အခါ ကိုယ့်ရဲ့မျက်နှာကို ကွယ်ဝှက်ထားတာမျိုး မလုပ်ပါနဲ့။
ငိုနေတဲ့
ကိုယ့်ရဲ့မျက်နှာက ရုပ်ဆိုးတယ်လို့ ခံစားရတယ်ဆိုရင်တောင် ကိုယ့်ချစ်သူရှေ့
ဟန်ဆောင်ပန်ဆောင် ငိုနေတာမျိုးတွေ လုပ်မနေပါနဲ့။ ဟန်ဆောင်ခြင်းက လူကို
ပင်ပန်းစေတာကြောင့်ပါ။
၆။ကိုယ့်ငယ်ငယ်တုန်းက ပုံလေးတွေ သူ့ကိုထုတ်ပြပါ။
ကိုယ်အလယ်တန်းကျောင်းတက်တုန်းက
ပုံတွေ သူကတောင်းကြည့်တဲ့အခါ ပြလိုက်ပါ။ ကိုယ်တကယ်ချစ်တဲ့သူဆိုရင်
ဒါတွေကို သိုဝှက်မထားသင့်ပါဘူး။ သူ့ဆီကလည်း ပြန်တောင်းကြည့်ပေါ့။
၇။ကိုယ့်ဘဏ်ကတ်ထဲက ငွေအကြောင်း သူသိသွားလည်း အရေးမကြီးပါဘူး။
ကိုယ့်မှာ
ပိုက်ဆံဘယ်လောက်ရှိတယ်၊ သူ့မှာဘယ်လောက်ရှိတယ်၊
ကိုယ်ကတစ်လဘယ်လောက်သုံးတယ်ဆိုတာမျိုးတွေက ချစ်သူအချင်းချင်း
ဖွင့်ဟသင့်တဲ့အရာတွေပါ။ ဒါတွေက လိမ်ညာစရာမလိုပါဘူး။ ရှိရင်ရှိတယ်၊ မရှိရင်
မရှိဘူး ပွင့်လင်းသင့်ပါတယ်။ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
ချိန်းတွေ့တဲ့အခါတိုင်း အမျိုးသားတွေကပဲ ကုန်ကျစရိတ်ပေးရမှာလား
ဘိုးဘွားတွေခေတ်တုန်းက သူတို့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ဘယ်သူကုန်ကျခံမယ်ထင်လဲ။ သေချာပါတယ် အဖိုးပဲ ဖြစ်မှာပါ။ တဖြည်းဖြည်း အချိန်တွေကုန်လာပြီး မိဘတွေခေတ်မှာဆိုရင်ရော ဘယ်သူဖြစ်နိုင်လို့လဲ အဖေပဲနေမှာပါ။ အကြာသေးခင်တုန်းက နိုင်ငံခြားတက္ကသိုလ်မှာ အမျိုးသမီး ၁၇၀၀၀ ကို သူတို့ရဲ့ အတွေ့အကြုံအရ မေးခွန်းတွေမေးလိုက်တော့ ၄၄%က ကုန်ကျစရိတ်မျှရှင်းပေးဖို့ မစဉ်းစားခဲ့ပါဘူးလို့ ဆိုခဲ့ကြပါတယ်။ ၃၉%အမျိုးသမီးတွေထွက်ဆိုချက်အရ ငွေရှင်းဖို့ ကမ်းလှမ်းတဲ့အချိန်မှာ အမျိုးသားတွေဘက်ကနေ အစဉ်အလာတစ်ခုအနေဖြင့် ကုန်ကျစရိတ်ကို သူတို့ပေးမယ်ဆိုပြီး အတင်းငြင်းကြတယ် ဆိုပြီး ပြောဆိုခဲ့ကြတယ်။
ကောင်းလေးတစ်ယောက်က “ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ညနေစာစားကြတယ်။ ကျွန်တော်ပဲ ငွေရှင်းလိုက်ပါတယ်။ သိပ်ပြသနာမရှိပါဘူး။ နောက်လေးခါငါးခါချိန်းတွေ့တဲ့နောက်ပိုင်းမှာ ကျွန်တော်ကပဲ ဆက်ပြီးငွေရှင်းခဲ့ပါတယ်။ သူမကနေ ဝိုင်းရှင်းပေးဖို့ ကမ်းလှမ်းတာမရှိသလို ကျွန်တော်ကလည်း မတောင်းခဲ့ပါဘူး။ ပြသနာဖြစ်ပြီး လမ်းခွဲခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်သိပ်ပြီး အဲကိစ္စကို ထည့်မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်တစ်ယောက်တည်းကပဲ ကျွန်တော်တို့ရဲ့ ပတ်သက်ခြင်းအတွက် ရင်းနှီးမြုပ်နှံခဲ့တာပါ။ ငွေရေးကြေးရေးကော၊ ချိန်းတွေ့ဖို့အတွက်ရောပဲ။” ဆိုပြီးတော့ သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြောဆိုခဲ့ပါတယ်။
အဲဒါဆိုရင် သင့်ရဲ့ချိန်းတွေ့တဲ့အချိန်တွေမှာ ငွေကြေးကိစ္စကို ဘယ်လိုလုပ်သင့်သလဲ။ ပထမဆုံးအနေနဲ့ အမျိုးသမီးတွေ သိထားသင့်တာကတော့ အမျိုးသားတွေဟာ သင့်ထက်တော့ ကုန်ကျစရိတ်ရှင်းဖို့ ပိုပြီး အိုကေ ကြတယ်ဆိုတာပါပဲ။ အစောပိုင်းမှာ ဖော်ပြထားတဲ့ မေးမြန်းချက်တွေအရ ၈၄%အမျိုးသားတွေကနေ ကျန်ကျစရိတ်တွေရှင်းဖို့ တတ်နိုင်ကြတယ်။ ၆၄%ကျပြန်တော့လည်း ပထမဆုံးချိန်းတွေ့ပြီးနောက်ပိုင်းတွေမှာ အမျိုးသမီးတွေကလည်း ရှင်းသင့်တာပေါ့လို့ ပြောကြပြန်တယ်လေ။
အကြံပေးချင်တာကတော့ အမျိုးသမီးများအနေဖြင့် သင့်ရဲ့ချစ်သူ(သို့)ရည်းစားကို ဂရုစိုက်တယ် ဒါမှမဟုတ် သင်တို့ရဲ့အနာဂတ် ပတ်သက်မှုတွေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ ပထမဆုံး ချိန်းတွေ့ပြီး နောက်ပိုင်းမှာတော့ သင့်အနေနဲ့လည်း ကုန်ကျစရိတ်တွေကို ခွဲဝေပြီးတော့ ရှင်းဖို့ပဲဖြစ်ပါတယ်။ ကံမဆုံလို့ လမ်းခွဲကြတယ်ဆိုရင်တောင်မှ “နင်က အရမ်းကပ်စေးနှဲတယ်၊ သူ့ရဲ့ပိုက်ဆံတွေနဲ့ပဲ ချိန်းတွေ့ခဲ့ကြတာမလား” ဆိုတဲ့ SMS ကိုယ့်ဆီရောက်မလာဖို့ ကြိုတင်ရှောင်ထားနိုင်တဲ့နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ချစ်ခြင်း နဲ့ ကြာရှည်ခံနိုင်တဲ့ ပတ်သက်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ညနေစာ ကုန်ကျစရိတ်ထက်ဝက်လေးကို သင်အနေနဲ့လည်း ပေးသင့်တယ်မဟုတ်ဘူးလား။

ကိုယ့်ထက် အသက်ပိုကြီးတဲ့ ချစ်သူမမတွေကို မပြောသင့်တဲ့ စကားများ
ကိုယ့်ချစ်သူ
ကိုယ့်ထက်အသက်ပိုကြီးတဲ့ မမဖြစ်နေတယ်ဆိုပါစို့။ သူတို့ရဲ့စိတ်ထဲမှာ တစ်ခါတစ်လေ
ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရည်းစားဖြစ်နေရတာနဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုတွေ၊
အားငယ်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဘေးပတ်ဝန်းကျင်၊ ရွယ်တူသူငယ်ချင်းတွေရဲ့
အပြောအဆိုတွေကို ဆန့်ကျင်ပြီး ကိုယ့်ကိုချစ်ခဲ့ရတဲ့ ချစ်သူမမကို တစ်ခါတစ်လေ
ကိုယ်အပြောမတတ်လို့ ထပ်ပြီး စိတ်ဆင်းရဲသွားရတာမျိုး မဖြစ်စေဖို့
ဒီလိုစကားမျိုးတွေကို ရှောင်ပါ။
၁။
ဟာ ဘာလို့အမြဲတမ်း နောက်မှာဖြစ်နေရတာလဲ။ မောတတ်လိုက်တာလည်း လွန်ပါရောလို့
မရေရွတ်မိပါစေနဲ့။
သူဟာ
အသက်အရွယ်ကြောင့် ကိုယ့်ထက် သွားတာလာတာ နှေးတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်
ကိုယ့်ထက်အသက်ကြီးပေမယ့် ကိုယ့်ကိုရှေ့ဆောင်လမ်းပြပဲဖြစ်စေချင်တာမို့
သူရှေ့မထွက်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၂။အားလုံးတူတူသောက်မယ်ဆို
နည်းနည်းမှ မသောက်နိုင်တာ စိတ်ပျက်တယ်လို့လည်း မဆိုမိပါစေနဲ့။
ငယ်ငယ်တုန်းကလို
one shot သောက်ရမယ့်အလုပ်တွေ မလုပ်ချင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူသောက်ချင်တာလေးကိုပဲ အိနြေ္ဒရရ သောက်ခိုင်းလိုက်ပါ။ ၀ိုင်ခွက်လေးနဲ့ဆိုလည်း
အဆင်ပြေတာပဲလေ။
၃။တညလုံး
သောင်းကျန်းမယ်ဆို အမြဲတမ်း ငြင်းနေတာပဲလို့ အပြစ်မတင်ပါနဲ့။
ရှိုးပွဲတွေသွားမယ်။
ပြီးရင် သောက်မယ်။ ပြီးတာနဲ့ ကလပ်ဆက်သွားပြီး တစ်ညလုံးကဲမယ့်အလုပ်တွေ
သူစိတ်မ၀င်စားရင် အပြစ်မတင်ပါနဲ့။ သူ့အသက်အရွယ်ကြောင့် သူဒါတွေ
မလုပ်ချင်တော့ဘူးဆိုတာ နားလည်ပေးပါ။
၎။တစ်နေရာရာသွားရင်
ပိုက်ဆံပေးပြီး ဒါလေး ရေတွက် ပေးပါဦးဆိုပြီး မလုပ်ပါနဲ့။
ရှော့ပင်သွားတယ်ဆိုပါစို့။
အင်္ကျံဖိုးရှင်းတာကအစ မုန့်စားလို့ မုန့်ဖိုးရှင်းတာကအဆုံး အားလုံး သူမကိုချည်း
မလုပ်ခိုင်းပါနဲ့။ သူမက ငွေကိုင်ဆိုရင်တောင် ကိုယ်ကအလိုက်သိသိ လုပ်ပေးရမယ်လေ။
၅။ဆုံးမတာမျိုးတွေ
လုံးဝလက်မခံနိုင်ဘူးလို့ သူမကို မဆိုပါနဲ့။
တစ်ချို့အရာတွေမှာ
သူမက အသက်အရွယ်ပိုကြီးနေတာကြောင့် ကိုယ့်ကို ကောင်းစေချင်လို့
စေတနာနဲ့ပြောဆိုတာမျိုးကို လာဆုံးမမနေနဲ့လို့ ပိတ်မပြောလိုက်ပါနဲ့။
ဒီလိုစကားမျိုးက ရွယ်တူမျိုးမှာ ပြဿ နာမဖြစ်ပေမယ့်
ကိုယ့်ထက်ကြီးတဲ့ ကိုယ့်ချစ်သူကို ပြောရင်တော့ သတိထားသင့်ပါတယ်။
၆။နောက်ဆုံးထားခဲ့တဲ့
ရည်းစားက ကိုယ့်ထက်ငယ်တော့ အားလုံးလိုက်ပံ့ပိုးပေးနရတယ်၊ မင်းလိုမဟုတ်ဘူးလို့
မပြောမိပါစေနဲ့။
ချစ်သူမမက
တည်ငြိမ်တာ ဟုတ်ပါတယ်။ ရင့်ကျက်တာမို့ ကိုယ့်ဘာသာကိုရပ်တည်နိုင်နေပြီဆိုတာလည်း မှန်ပါတယ်။
ဒါကို အရင်ရည်းစားနဲ့ နှိုင်းပြီး မပြောပါနဲ့။ ကိုယ့်ဘက်က
ဘာမှမထောက်ပံ့ပေးရတော့လို့ ၀မ်းသာလွန်းနေတယ်ဆိုတာမျိုးကလည်း မဖြစ်သင့်ဘူးလေ။
၇။လက်ထပ်ချင်နေပြီလား
(သို့) ကလေးလိုချင်နေပြီလား။ ဒီမှာက အဆင်သင့်မဖြစ်သေးဘူးလို့ လုံးဝ လုံးဝ
မဆိုမိပါစေနဲ့။
ကိုယ့်ထက်အသက်ကြီးတယ်ဆိုတာကို
ထည့်ထည့်တွက်ပြီး ကိုယ်နဲ့လက်ထပ်ချင်နေပြီလား။ ကလေးယူချင်နေပြီလား။ ကိုယ်ကတော့
မဖြစ်နိုင်သေးဘူး။ အဆင်သင့်မဖြစ်သေးလို့ ဆောရီးပါလို့ သူတို့ကို ပြောရင်
သူတို့ဘက်က ဘယ်လောက် စိတ်မကောင်းဖြစ်သွားမလဲဆိုတာ ထည့်စဉ်းစားပါ။
ဒဲ့ထိုးပြောလိုက်တာထက်စာရင် အချိန်နည်းနည်းပိုယူပြီး ကြိုးစားကြမယ်လို့
ပြောသင့်တယ် မဟုတ်လား။
အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။ ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါတစ်လေ အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက်ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ်တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။

ယနေ့အကြိုက်ဆုံး ဟာသ
"ဆန္ဒမစောပါနဲ့"
မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...
"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...
"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"
"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"
"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...
"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"... တဲ့ဗျာ ကောင်းရော ပြောလိုက်ပုံများ

Subscribe to:
Posts (Atom)