Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Friday, March 21, 2014

ဘီယာ ခွံ နဲ့ တီဗီ အင်တာနာ ဘယ်လို လုပ်မလဲ ?

ခုခေတ် အင်တာနာတွေ ဈေးကြီးတယ် တချို ကျတော့လည်း ကောင်းကောင်း မမြင်ရဘူး ..အဲ့တော့ ဘီယာခွံဘူးနဲ့ အင်တာနာတစ်ခု လုပ်ပီးတော့ ချွေတာလိုက်ကြတာပေါ့ … ။ လိုအပ်တဲ့ အရာတွေကတော့
၁။ဘီယာဘူး အခွံ ၂ ခု (အလူမီနီယံ ဘူး) များသောအားဖြင့် အလူမီနီ ပဲများပါတယ် ပေါ့ပါးအောင့် လုပ်ထားတဲ့ အတွက်ပါ။
၂။တီဗီအင်တာနာ ကြိုး (ဘာလို့လဲ ဆိုတော့ signal တွေ ဟာ ဒီအကြိုးအတိုင်း ၀င်ရောက် လို့ဖြစ်ပါတယ် ..အဲ့ကြိုးမရှိရင် ဘယ် Signal မှ ၀င်ရောက်နိုင်မှာမဟုတ်ပါ)
၃။သစ်သား
၎။ တိတ် (တိတ် အကြည်ဖြစ်ဖြစ် ဘာလိုဟာဖြစ်ဖြစ်ရပါတယ် ဘီယာဘူးကို သစ်သားမှာချည်နောင်ရန်အတွက်)
၅။မူလီ ၂ချောင်း
ကဲစပြီးလုပ်ကြရအောင်
အင်တာနာ ကြိုးမှာ တစ်ဖက်အစွန်က တီဗီမှာထိုးတဲ့ အပိုင်းပါတယ် ။ အဲ့ပိုင်းကို ထားပါ ။ကျန်တဲ့ တစ်ဖက်ကို ၂လက်မ လောက် ဓားနဲ့ ခြစ်လိုက်ပါ ။ကြိုးက ၂ထပ်ပါ ။ကြိုးအတွင်းပိုင်းမှာ ကြေးနန်းကြိုးတစ်ချောင်းနဲ့ အပြင်ဘက်အကာမှာ အလူမီနီကြိုး များ ပါရှိပါတယ် ။အလူမီနီကြိုးကို ၈ စင်တီမီတာလောက်အရှည်မှာ ခြစ်ထုတ်ပါ။ကြေးနန်းကြိုးဟာ + လက္ခဏာကိုဆောင်ပြီးတော့ အလူမီနီကြိုးကတော့ အနုတ် ပါ ။အဲ့ကြိုးနှစ်မျိုးကို ဘီယာဘူး တစ်ဖက်စီ ချိတ်ဆက်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် မူလီချောင်းလေး၂ ချောင်းကို အသုံးပြုမှာပါ ။မူလီတစ်ခုမှာ ကြေးနန်းကြိုးကိုပတ်ပီးတော့ ဘီယာဘူးခွံ အ၀ (ထောင်ထားလျင်အပေါ်ပိုင်း) မှာ ရိုက်ပီးချိတ်ဆက်လိုက်ပါ။ နောက်မူလီတစ်ခုမှာ အလူမီနီကြိုး အဲ့ အထက်ပါအတိုင်းပြုလုပ်ပါ။ပီးလျင် ဘီယာဘူး၂နှစ်ကို မျက်နှာချင်းဆိုင် အဖြစ် သစ်သားမှာ ကပ်ချည်ပါ။ ဘီယာခွံ ၂ခုကြား အကွာ အဝေးက တော့ ၇စင်တီမီတာလောက်ထားပါ (ဒါက စမ်းသပ်မှုတွေ ပြုလုပ်ထားတဲ့ အကောင်းဆုံးအကွာ အဝေးပါပဲ နီးရင် Signalသက်ရောက်မှုနည်းတယ်။၇ကတော့ အကောင်းဆုံးပါပဲ)။
အင်တာနာမြင့်လေ Signal ပိုဖမ်းနိုင်လေ ဖြစ်ပါတယ် ။အဲ့ဒီ့ကပ်ချည်ထားတဲ့အင်တာနာကို အပြင်ဘက်ကို ထုတ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ တိုင်နဲ့ကပ်ချည်ပြီးထောင်ရင်လည်းရပါတယ်။ သစ်သားအကျီင်္ ချိတ်ကို အသုံးပြုရင်လည်းရပါတယ်။ ဘီယာဘူးကို သစ္သားအက်ီၤၤခ်ိတ္မွာ ကပ္ခ်ည္လိုက္ပါ။ ပြီးရင်အင်တာနာကြိုးကို တီဗီမှာ ထိုးလိုက်ပါ ။ ဆဂနယ် ကောင်းကောင်းဖမ်းယူပေးပါ လိမ့်မယ်။ စမ်းသပ်ချင်သူ အားလုံး အဆင် ပြေပါစေ။။...
စမ်းကြည့်ချင်တဲ့သူတွေစမ်းကြပါ။ အဆင်ပြေပါစေ

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

Facebook ရဲ့ Connection Lost Tap to Retry ပြသနာဖြေရှင်းနည်း

မိမိဖုန်းရဲ့ Language မှာ မြန်မာစာစနစ်ကို ရွေးချယ်ပြောင်းလဲ ထားမယ်ဆိုရင် Facebook ဗားရှင်းအသစ်မှာ အသုံးပြုလို့မရပဲ ထိုကဲ့သို့စာပေါ်နေမှာဖြစ်ပါတယ် ။

အသစ်ထွက် Facebook V5.0.x.x ဗားရှင်းနောက်ပိုင်းကိုက ဖုန်းကိုမြန်မာစာနစ်ချိန်းထားရင် သွားညိနေတာလို့ထင်ပါတယ် ။ FB ဆော့ဝဲနဲ့ မြန်မာစာစနစ်နဲ့ ချိတ်ဆက်မှုရှိနေလို့ ပြသနာဖြစ်နေတာပါ ။ 

ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ ဟိုးအရင်က ကျနော့်ဖုန်းကို မြန်မာစာစနစ်ချိန်းထားပြီး Facebook သုံးရင် အထဲက Menu စာတစ်ချို့တွေ နေ့ရက်ဒိတ်တွေက မြန်မာစာစနစ် သူ့အလိုလိုတွေ ပြောင်းပြီးပြနေတယ် ။ နောက်ပိုင်းဗားရှင်းတွေမှာ အဲ့လိုမပြတော့သလို Facebook V5.0.x.x အဆင့်ရောက်လာတဲ့အခါမှာ ဖွင့်လို့ပါမရတော့တဲ့ ပြသနာဖြစ်လာတော့ပါတယ် ။

ထို့ကြောင်း မိမိဖုန်းရဲ့ Language မှာ မြန်မာစာစနစ်ကိုချိန်းပြီး အသုံးပြုချင်ပါက Facebook ဗားရှင်းအဟောင်းနဲ့ အသုံးပြုလို့ရပါတယ် ။

Facebook V5.0.x.x မထွက်မှီ သူ့ရှေ့ကထွက်ရှိခဲ့တဲ့ Facebook V4.0.0.26.3 ကို လိုချင်သူများအတွက် တင်ပေးလိုက်ပါတယ် ။ 

+++ Official ဖြစ်သည့်အတွက် Video များကို ဖွင့်ရာတွင်လဲ မည်သည့် Player နှင့် ဖွင့်မလဲဆိုတာကိုလဲ ရွေးချယ်ခွင့်ပေါ်မှာဖြစ်ပါတယ် +++ 

Facebook V4.0.0.26.3 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။

Facebook V4.0.0.26.3 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ 14 MB ဆိုဒ်က ရှိပါတယ် ။

Facebook V4.0.0.26.3 ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။

Facebook V4.0.0.26.3 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။

Facebook V4.0.0.26.3 ကို Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 14 MB ရှိပါတယ် ။

မိမိ တို.၏ iDevices ကိုအလန်းဇယားဖြစ်စေမည် ..... ProWidgets

မိမိ တို.၏ iDevices ကိုအလန်းဇယားဖြစ်စေမည် ....." ProWidgets" .....ကိုပြန်ရှယ်ပေးလိုက်ပါတယ်..... alarm clock,  browser, calendar, dictionary, mail, messages, notes, reminders, and timer စသည်တို.ကို widgets ပြုလုပ်ထားပြီး....အလုပ်မရှုပ်စေပဲ လျှင်မြန်စွာ အလုပ်တစ်ခုပြီးမြောက်စေရန်ကူညီပါလိမ်မည်.....ဥပမာ.....Safari ကိုအသုံးပြု.နေရင်း မိမိမှတ်လိုသောအကြောင်းအရာတွေကို Copy လုပ်ပြီးမှတ်ထားလိုပါက.....Safari App မှာပြန်ထွက်ကာ Note App အတွင်းသို.ဝင်ပြီး Paste လုပ်/Note App အတွင်းမှ ပြန်ထွက်ရမည်....ပြီးရင် မိမိတို.  Safari အတွင်ပြန်ဝင်.....စသဖြင်.အချိန်ပေး / အလုပ်ရှုပ်ရပါလိမ်မည်......ထိုသို အလုပ်မရှုပ်စေရန် Note App ကို Prowidgets Cydia Tweak ကို အသုံးပြုကာ....widget လုပ်ထားပြီး....အလွယ်တကူမှတ်သားနိုင်ပါလိမ်မည်........အရမ်းအသုံးဝင်သော ProWidgets Cydia Tweak ကို  Cydia’s BigBoss repo တွင်  $2.99 ဖြင်.ပေးဝယ်ရမည် ဖြစ်သော်လည်း...
အသုံးပြုချင်ပါက ကျွန်တော် repo ကို cydia မှာ add ပြီး install ပါ ခင်ဗျ

Cydia>Manage>Sources>Edit>Add>http://cydia.myrepospace.com/komin27/

ProWidgets Use Case

ကျွန်တော် Repo လေးအား အသုံးပြု အားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်....ခင်ဗျ.....အားလုံးကို ဒီထက်မက ကူညီနိုင်အောင်.လေ.လာသင်ယူနေလျှက်ပါ.........

Samsungတွေကိုအတုအစစ်ကိုစစ်ဖို့

Samsungတွေကိုစစ်မစစ်Secret Codeနဲ့စမ်းသပ်ကြည့်ရအောင်
ပထမဦးဆုံး*#0011#ကိုဖုန်းခေါ်တဲ့နေရာကနေရိုက်ခေါ်လိုက်ပါ
SIM Cardမရှိရင်လည်းလိုင်းမိအားကို
ပြသနိုင်ပါတယ်
အောက်ကပထမပုံအတိုင်းတွေ့ရပါလိမ့်မယ်
အတုတွေမှာမပြနိုင်ပါဘူး
Clone တစ်ခုကတော့SIM Cardရှိနေလျှင်ပြပြီး မရှိလျှင်မပြနိုင်တာကို
ပါတွေ့ရပါတယ်**
ဒု
တိယစစ်ဆေးချက်လေးကတော့ *#0*#ပဲဖြစ်ပါတယ်။ဒုတိယပုံအတိုင်းတွေ့ရပါလိမ့်မယ်။Testလုပ်ဖို့တွေဖြစ်ပါတယ် လောလောဆယ်တော့Cloneဖုန်းအားလုံး ထိုစနစ်မပါရှိပါဘူး။ ဒါပေမဲ့နောက်ပိုင်းမှာထည့်လာနိုင်ပါတယ်။ ထည့်တာကအနည်းငယ်လွယ်ပါလိမ့်မယ်။ တစိခုလေ့လာမိသည်မှာထိုအထဲမှ Receiver(White)ဆိုတာကိုတော့တုပရန် Codeရေးဖို့မဖြစ်နိုင်ပါ။ မူရင်းICပေါ်မှာမူတည်ပြီးထည့်သွင်းထား တာကြောင့်ပါ။ Receiver(white)ကိုနှိပ်ကြည့်ပါ။ အသံမြည်ပါတယ်
ရေနီဟက်ကာလေး

Huaweiအားလုံးအတုအစစ်ဟုတ်မဟုတ်Codeလေးနဲ့စစ်မယ်

အခုHuaweiကိုင်ဆောင်ထားတဲ့သူတွေ
ကိုယ့်ဖုနိးလေးကအတုလာအစစ်လားစမ်း
သပ်ကြည့်ပေါ့။
အခုကျွန်တော်ပြောပြတဲ့နည်းလေးက
Android Versionမရွေးစစ်ဆေးနိုင်ပါတယ်။SIM
Card ထည့်ထားရန်မလိုပါဘူး။
အခုပဲစလိုက်ရအောင်
ပထမဆုံးဖုနိးခေါ်တဲ့နေရာကိုဖွင့်ပြီး
*#*#2846579#*#*ဆိုပြီးရိုက်လိုက်ပါ။

အထက်ပါအတိုင်းTestingထဲရောက် သွားပါလိမ့်မယ်။ထိုထဲမှProjectMenuကိုနှိပ်ပါ။ဒုတိယပုံမှာတော့Network settingsကိုပထမအကြိမ်စစ်ဖို့နှိပ်လိုက်ပါ။ Network Settingsကိုနှိပ်ပြီးရင် ထိုထဲမှOperator and country infroကိုနှိပ်ပါ။ OperatorမှာVodafoneဆိုပြီးတွေ့ပါလိမ့်မယ်။Country မှာgbတွေ့လျှင်Huaweiစစ်ပါတယ်။ ***မှတ်ချက်=ကျွန်တော်ကHuawei P1ကိုစမ်းသပ်ထားတာပါ အချို့ဖုန်းတွေမှာOperatorမှာChinatecomပါ။Countryမှာcnဆိုပြီးပေါ်နေပါတယ်
ဒုတိယအကြိမ်ကြိမ်းသေအောင်ထပ်စစ်ပါမယ်။ Backနဲ့ပြန်ဆုတ်ပြီးProjectMenuထိရောက်အောင်သွားပါ။Veer information queryကိုရွေးချယ်ပေးပါ။အောက်ကပုံအတိုင်းတွေ့ရပါမယ်
ထိုထဲမှOther queryကိုနှိပ်လိုက်ပါ။ နှိပ်ပြီးရင်MEIDနံပါတ်နဲ့ဖုန်းနောက်ကျောBatteryဖြုတ်ကြည့်မှတွေ့ရမည့်S/N Numberကိုတွေ့ရပါမယ်။မှတ်သားလိုက်ပြီးBattery ဖြုတ်ကာတိုက်စစ်ကြည့်ရပါမယ် မှားနေလျှင်ထိုဟာကHuaweiအတုပါ။

မိန်းကလေးများအတွက် သီးသန့် ဗေဒင်

မြန်မာ့ ရိုးရာ လက်ဆန်း နည်းလေးပါ။

မိန်းခလေးတွေ အတွက် သီးသန့်ပါ အရွယ်ရောက်တဲ့
မိန်းခလေး တွေက အစ အရွယ်လွန် အပျိုကြီးတွေ ...
တခါတရံ တခုလပ် အိမ်ထောင်ပျက်အစရှိတဲ့ အမျိုးသ
မီး တွေမှာ ချစ်စကား ကမ်းလှမ်း ခံရတာ မေတ္တာ ရှိ
ကြောင်းပြောလာတာ၊ လက်ထပ်ခွင့် ပန်လာ တာ
တွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက်၊ ကြည်နူးရ
တာ တမျိုးနဲ့ နောက်ဆုံး တကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာ
စမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။
တကယ်ချစ်မချစ် တွက်စစ် ကြည့်ကြမယ်နော်...။

အဆင့်(၁)
ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင် သင်္ချာဂဏန်းတွေ အဖြစ်
ပြောင်းပါ။အက္ခရာနဲ့ သင်္ချာ ဂဏန်း တွဲပြထားပါတယ် ဗျည်း ကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ ၁
က ခ ဂ ဃ င ၂
စ ဆ ဇ စ် ည ၃
ယ ရ လ ၀ ၄
ပ ဖ ဗ ဘ မ ၅
သ ဟ ၆
ထ တ ဒ ဓ န ၇
ဥပမာ ကို အောင်ကျော် ဌေး ဆိုပါတော့ ရှေ့က (မောင်၊ကို၊ဦး) အစရှိတာ တွေကိုဖယ်။
အောင်ကျော်ဌေး= အ +က+ ဌ
= ၁ + ၂+ ၇
=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူအသက်=၂၅
ချစ်ရေးဆိုခံရသူ၏မွေးနေ့ သင်္ချာ နံ =ကြာသပတေး= ၅
အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့
အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်...။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။
အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်
ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လို
ရာသုံးပေရော့..။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ဒါပေမယ့် လက်
ထပ်တဲ့အထိတော့ ကိယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ 
လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။ တကယ် လက်ထပ်နိုင်တဲ့အခြေအ
နေ လတ်တလော သူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ မိဘ အသိုင်း အ
ဝိုင်း ကြားထဲက ချစ်နေရတာ။ ချစ်သူဘဝနဲ့ တွဲသွား တွဲလာ အဖော်အနေနဲ့ တော့ကောင်း
ပါတယ်။ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။
ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို သတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ 
သူတကယ်ကို့ကိုချစ်နေတာ။သနားဖို့ကောင်းပါတယ်။သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ
အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်
တဲ့ အနေအထား ကိုလိုလားတဲ့ အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိ
တယ်နော်။သူက တကယ်လက်ထပ်မှာလို့ပဲပြောတာ။ ကိုက မစဉ်းစားသေးဘူးဆိုလည်း
သူက နေက်ဆုတ်သွားမှာပါ..။အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်
လဲလို့မေးလိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျတွဲချင်တာ ပဲ ရှိပါတယ်။
လေးလေး နက်နက်ချစ်တဲ့အနေအထားတော့မဟုတ်ဘူးနော်။လက်ထပ်ပေါင်းသင်းဖို့နေနေ
သာသာ ရေရှည် ချစ်ပါ့မလားတောင် မသိ။ ကိုက လက်ခံမိရင် ကို့ အပြင်သူနောက်ထပ်တ
ယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့ လုပ်
အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှချစ်ပေါ့။ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေး
ဘူးနော်..။မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ကို့ကိုမြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင် တော်တော်အ
ရှိန်ယူ ရပုံပဲ။ ကို့ အပေါ် သူတတ်အားသလောက် တင့်တင့်တယ်တယ် ထားမှာ အမှန်ပဲ။
သဘောကျရင်စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေ
အထားတွေကိုမိန်းကလေးပီပီထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့  အမှတ်ပြည့်တ
ကယ်ပေး ထားတယ်။ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင်
 သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ လက်ခံလို့ ရတယ်။ သူဘက်ကလက်ထပ်ဖို့ 
သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့..။

အကြွှုင်း၅။ ။ ရပါက သူကိုယ်တိုင်တောင် ဒီစကားပြောတာ သေချာရဲ့လား  မသိနိုင်ဘူး။ တခါတလေကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ရည်းစားစ
ကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။တခါလောက်ပြောပြီး ကိုက မူပြီး
အချိန် ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာ မဟုတ်ဘူး။သူက တကယ်ချစ်
တတ်သူမှ ဟုတ်ရဲ့လား။သူ့ရင်ထဲမှာ အသည်းနလုံးရော ရှိရဲ့လား..။ဆိုတာကိုလေ့လာ
သူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကိုယ် အဆင်ပြေပါ့မလား..။ တွေးကြည့်ပေါ့။ ငြင်းစရာ မရှိ
လောက်အောင်ပြည့်စုံလို့ လက် ခံမယ်။ ကိုက ချစ်သာနေပြီး မဆွတ်ခင်က ညွတ် ချင်ချင်
ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေး ခဲ့မိရင် လက်ထပ်ဖို့ တော့အချိန်လေး ယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ် ကောင်းတဲ့သူဆိုတာသတ်မှတ်လိုက်ပါ။သူ့မေတ္တာ
က အမှန်တည်ငြိမ်ပါတယ်။ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ပြီးခဲ့တဲ့ အ
တိတ်မှာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ ကျမှ တည်တည်ငြိမ် ငြိမ်ဖြစ်မှာ။ အသက်အနေအထား 
ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ်လက်ထပ်
သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ရေရှည်တည်မြဲပါ
တယ်။ကို့မိဘ ကို့အသိုင်းအ၀ိုင်းသူ့မိဘ သူ့အသိုင်းအ၀ိုင်းသာစပ်ဟပ် လို့ရရင်တော့
ကောင်းပြီးသားအောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်း ပါပဲလို့။ သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်

တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ်ထုတ်ထဲကိုယ့်ပါ ဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိ
လို့ ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကားနဲ့ ပြောတာ မှတ်မိသေးတယ် ဒူးနဲ့ မျက်
ရေသုတ်နေရမယ်။ သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မညလမ၀ယ် မိန်းကလေးများဆိုရင်တော့..တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ယောင်လို့ များ
သွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက်ဒုက္ခပေးပြီး အရှက်ခွဲ
မယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီးပြန်
အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး
တွက်ကြည့်ချင်ရင် တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်းဘယ် အသက်မှာဘယ်နာမည်မျိုးနဲ့ လူက အချစ်စစ် ကမ်း
လှမ်း လာမယ်ဆိုတာ ဥာဏ်ကစားပြီး တွက်ကြည့်ပေါ့နော့်..။

Follow us: @SimonRau on Twitter | OnlineReading on Facebook

Android Devices တွေအတွက် မြန်မာဖေါင့်မျိုးစုံ နှင့် ဒီဇိုင်းဖေါင့်ပေါင်း (1000)

မြန်မာဖောင့်မျိုးစုံနှင့် ဒီဇိုင်းပေါင်း တစ်ထောင် (1000)  TTF ကို လိုချင်သူများအတွက်ပါ ။

ဖေါင့် 1082 ခုပါ Zip ဖိုင်ကို ဒီမှာဒေါင်းပါ  Download Here

HTC ဖုန်းမှာပါတဲ့ Sanpya မြန်မာဖောင့်ကို ဒီမှာဒေါင်းပါ Download Here

Post By : DjjoeMan(MMF)

ငွေဖြည့်သည့်အကြိမ်အရေအတွက် များလွန်း၍ ငွေဖြည့်မရသည့် GSM ဖုန်းများ ဒီနည်းလေးနှင့် ငွေဖြည့်ကြည့်ပါ

             မင်္ဂလာပါ...........
      မိတ်ဆွေ တစ်ယောက်က မေးထားလို့ပါ အကြိမ်အရေအတွက် များလွန်းလို့ ဖုန်းငွေဖြည့်

မရတဲ့အခါ ဘယ်လိုလုပ်ရမလဲတဲ့......ယခင်က ဖုန်းငွေကဒ်တွေ ငွေဖြည့်တဲ့အခါ
အကြိမ်အရေအတွက် သတ်မှတ်ချက် ဖုန်းလိုင်းပိတ်ဆို့ခြင်းပြဿနာများ မကြုံတွေ့ခဲ့ရပေမယ့်
    ယခုအခါ ငွေဖျတ်တောက်တဲ့ နေရာမှာတော့ အရန်းတိကြလွန်းတဲ့ မြန်မာဆက်သွယ်ရေးမှ
ဖုန်းငွေဖြည့်သည့်အခါ 3 မှ 5 ကြိမ် မှားယွင်းခွင့်ပြုထားပါတယ် မရတဲ့အခါ ဆက်တိုက်ငွေဖြည့်

  မည်ဆိုပါ ဖုန်းလိုင်း 24 နာရီ ပိတ်ထားခြင်း ငွေဖြည့်ကဒ်ကို မိမိဖုန်းနံပတ်မှာ အသုံးပြုခွင့်
မပေးတော့ခြင်းများ ကြုံတွေ့ရပါမည်။

          အကြိမ်အရေအတွက် များလွန်း၍ ဖုန်းမှငွေဖြည့်ကဒ်အား လက်မခံတော့တဲ့ခါ
ယခုပြေားပြမည့် နည်းလေးနှင့် လက်မခံသည့် ဖုန်းငွေကဒ်အား ထဲ့ကြည့်ပါ ဒီနည်းလမ်းကတော့
  GSM တွေပဲ စမ်းသပ်လို့ရပါမည်။ ဖုန်းငွေကဒ် ဖုန်းမှလက်မခံတော့တဲ့အခါမှ ဒီနည်းလမ်းနှင့်
 စမ်းကြည့်ပါ အောက်ကပုံလေးတွေအတိုင်း လုပ်ကြည့်လိုက်ပါ

ဒီနည်းလမ်းနှင့်မှ ငွေဖြည့်မရခဲ့ပါက 24 နာရီကျော်မှ ပြန်လည်ငွေ ပြန်ဖြည့်ကြည့်ပါနော် ငွေဖြည့်လို့
  မရတဲ့ဖုန်းတွေ ကျွန်တော်ဒီနည်းလေးနဲ့ စမ်းကြည့်တာအဆင်ပြေပါတယ် ဒါပေမယ့် ဖုန်းအမျိုးစား
အပေါ်နှင့် မိမိအပေါ်တွင့် မှုတည်၍ မရတဲ့အခါမျိုးရှိခဲ့ရင် အအော်ခံနေရမှာစိုးလို့ကြိုပြေားထားတာပါ

ငွေဖြည့်ကဒ်မှ pin   နံပတ် (၁၈)လုံးကို ကွက်လက်ထဲမှာရိုတ်ထဲ့ပါ ပြီးရင်တော့
အောက်မှာ send ဆိုတာကို နှိပ်လိုက်ပါ နောက်ထက်ပေါ်လာတဲ့ အကွက်ထဲမှာတော့
နံပတ် 1 လို့ရိုတ်ထဲ့ပြီး send ကိုထက်နှိပ်ပေးလိုက်ပါ အောက်မှာဆက်ကြည့်ပါ
အိုကေသွားလိမ့်မယ် ကျန်တော့ဘေတော့ မကြည့်နဲ့ဗျ
လစာနည်းတော့ ဖုန်းဘေမထဲ့နိုင်ဘူး....
အမှားပါရင် နားလည်ပေးကြပါ သိသမျှပြန်လည်ဝေမျှ ပေးနေပါသည်။

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေး ချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်း အတွက်ကတော့ ကြက်သွန်ဖြူကို ဆားနဲ့ရောပြီး သောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေး နိုင်ပါတယ်။ အကြောကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများ ဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့ လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီး ရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ် အထောက်အကူ ပေးပါတယ်။

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။

White oion နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။
by myawady
Photo: ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်
Monday, January 27, 2014

ချစ်သူတွေအတွက် ဟာသလေးတွေပါ....

 တုံးလို့ကြိုက် 
ဧဒင်ဥယျာဉ်တွင်ဖြစ်သည်။
အာဒံက ဘုရားသခင်ကိုမေး၏ ။
" ဘာကြောင့်များ ဧဝကို သိပ်လှအောင်ဖန်တီးခဲ့ရတာလည်း ဘုရား"
" မင်း အာရုံစိုက်မိအောင်လို့"
"ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှ မင်း သူ့ကိုချစ်မိမှာပေါ့"
ဤအချက်ကို အာဒံသည် ခေတ္တမျှစဉ်းစား၏ ။
"ဒါဖြင့် ဘာကြောင့်များ ဧဝကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှပဲ မင်းကို ကြိုက်တော့မှာပေါ့ကွာ"ဟူသတည်း...။

 ငါ့ဟာကွ 
ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်အိပ်ခန်းကို
ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြငွေသည်
တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏ ။မန်နေဂျာက ထိုအခန်းသို့
သမီးရည်းစား စုံတွဲတတွဲအတွက် နေရာပေးလိုက်၏ ။ မိမိနေရမည့်
အခန်းသို့ရောက်ခါမှ ယခင်အခန်းတွင် ကုတင်ခြေရင်း၌ မိမိ၏
ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏။ထို့ကြောင့် ထီးပြန်ယူရန်
ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက် တံခါးသို့အရောက်တွင် အတွင်းမှ
သမီးရည်းစားစုံတွဲ၏ စကားပြောသံများကို ကြားရသဖြင့် ခေတ္တနားစွင့်မိ၏ ။
" ခင်ရယ်၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလည်းဟင်"
" အို...မောင့်ဟာပေါ့ မောင်ကလည်း.."
" ဟောဒီ သမင်မျက်လုံးလေးကရော"
" မောင့်ဟာပဲပေါ့"
" ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်"
" မောင့်ဟာ၊မောင့်ဟာ"
" ဒီဆင်ဆွယ်လို လက်မောင်းလေးကရော"
" အို ...မောင့်ဟာပဲပေါ့"
ထိုကဲ့သို့ မေးလာရာ ပဉ္စငါးပါး ကုန်ခါနီးလာ၏ ။ အပြင်ကနားထောင်နေသော
ကိုမြငွေ အတော်ကို စိုးရိမ်စိတ်ဝင်လာ၏ ။ ထို့ကြောင့် အပြင်မှ နေ၍
လှမ်းအော်ပြောလိုက်လေ၏ ။
"အထဲက ကျေးဇူးရှင်လေး၊ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့
မင်းဟာမဟုတ်ဘူးနော်၊ အဲ့ဒါ ငါ့ဟာကွ" တဲ့.....

 ကျုပ်ကိုလည်း ကုပေးပါလား 

ပန်းခြံတစ်ခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ
ထိုင်နေ၏ ။ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏ ။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို အဘိုးကြီး အတိုင်းသား
ကြားနေရ၏ ။
"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်.."
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏ ။ ထို့နောက်..
"မူးသေးလားဟင်..."
"ဟင့်အင်း၊ ပျောက်သွားပြီ..."
အတန်ကြာသောအခါ မိန်းခလေးက..
"မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ..."
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ ။
"ဘယ်လိုနေသေးလည်း"
"အင်း၊ သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏ ။ တစ်ဖက်တွင် ထိုင်နေသော
အဖိုးကြီး အတော်ကို နားကြားပြင်းကပ်လာ၏ ။ ထို့ကြောင့် လှမ်းပြောလိုက်၏ ။
"ဟေ့ ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွာ၊ ဦးမှာ
လိပ်ခေါင်းဖြစ်နေလို့" တဲ့

လှောင်တာလေလား 
ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူးချစ်နေကြ၏ ။
ချစ်စကားလေးတွေလည်း တီတီတာတာပေါ့။
"ဟိုအရင်ကလေ မောင်က တစ်ယောက်ထည်းသီးသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ၊
အခုတော့ မောင့်စိတ်တွေပြောင်းလာရပါပြီ။ မောင့်အတွက် သစ္စာရှိတဲ့
အဖော်တစ်ယောက်ကို လိုချင်လာပြီ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့
ကြိုနေမဲ့သူ တစ်ဦးဦး ရှိနေစေချင်ပြီ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့
မောင့်ကို ကြည့်မယ့် တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ်"
မိန်းခလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏်...
"လာမောင်၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင်
သွားဝယ်ကြမယ်နော် "တဲ့......

လက်တွေ့သမားကွ   

"ရှင်က ကျွန်မကို တစ်ကယ်ချစ်လို့လား"
"ချစ်တာပေါ့"
"ကျွန်မသေရင် ရှင်ငိုမှာလား"
"ငိုမှာပေါ့"
"ဘယ်လောက်ငိုမှာလည်း၊ မယုံပါဘူးနော်..၊ လက်တွေ့ငိုပြ..."
"ဒါဆို အရင်သေပြလေ"

 ရေလာမြောင်းပေး
"ရှင် ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော်"
"ကိုယ် မင်းကို မနမ်းရပါလား"
"ဟုတ်ပါတယ်၊ တကတည်းမှပဲ....နမ်းမယ်ဆိုရင်ပြောတာပါ...."