Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, December 25, 2013

ှScreenshot.apk လာပြီနော်

  မင်္ဂလာပါခင်ဗျာ......
         android ဖုန်းမှာ screen short ရိုတ်ချင်တဲ့ သူငယ်ချင်းများ အကြိုက်ဆော့ဝဲလေးပါ
Huawei Y300C တွေမှာ screen short ရိုတ်ဖို့အတွက် ထဲ့ပေးထားတာရှိပေမယ့် Game တွေဖွင့်လိုက်ရင် ရိုတ်လို့မရတော့သလို ဖုန်းဝင်ရင်လည်း ရိုတ်မရပါဘူး ကျွန်တော် scren short ရိုတ်တဲ့ ဆော့ဝဲ တော်တော်များများ စမ်းသုံးကြည့်ဘူးပါတယ် ဒီကောင်းလေးလောက် မကောင်းပါဘူး ဒီဆော့ဝဲက ဘာပဲဖွင့်ဖွင့် ရိုတ်လို့ရတယ်ဗျာ blogger အကိုဆရာများအတွက် အသုံးပြုလို့
ကောင်းတဲ့ ဆော့ဝဲလေးပါ အောက်ကလင့်မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်
Download : MB

Shwebook Dictionary Pro 3.1.1 APK Latest Version (Dec-23)

Shwebook Dictionary Pro - screenshot

Android Phone ပေါ်မှာ Dictionary ကောင်းကောင်းဆိုလို့ ကျွန်တော်လေ့လာဖူးသလောက် Shwebook Dictionary Pro တစ်မျိုးသာ မြင်ပါတယ်။ Shwebook Dictionary Pro ထက်ကောင်းတာတော့ ကျွန်တော်လည်း မတွေ့ဖူးသေးပါဘူးဗျာ။ Dictionary ဆိုတာကလည်း ဖုန်းတစ်လုံးမှာရှိထားသင့်ပါတယ်။ မိမိသိလိုတာများကို Eng လိုဘဲဖြစ်ဖြစ် Myanmar လိုဘဲဖြစ်ဖြစ် လွယ်ကူစွာရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် Chinese ဘာသာစကားကို ပါ Translate လုပ်ပေးနိုင်ပါတယ်။ English - Myanmar - Chinese Dictionary ပေါ့ဗျာ။ English နဲ့ Chinese ကို အသံပါထွက်ဆိုပေးနိုင်ပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Key Features,
- English - Myanmar - Chinese Dictionary
- Speech to English and Chinese
- User Friendly Mobile User Interface
- Real-Time data synchronization
- Bookmark your favorite definition
- Add your definition to Shwebook Dictionary Pro.

Shwebook Dictionary Pro - screenshot

Shwebook Dictionary Pro - screenshot

Shwebook Dictionary Pro - screenshot

Shwebook Dictionary Pro - screenshot

Tiral Version Software တွေကို အမြဲတမ်းအသုံးပြုလို့ရအောင် (Make All Softwares Full Version )

Tiral Version Software တွေကို အမြဲတမ်းသုံးလို့ရအောင် အချိန်ကို ဆွဲဆန့်ပေးတဲ့ Software လေးပါ... အရင်တင်ထားတာ ဒေါင်းမရတော့ဘူးပြောလာလို့ Version နှစ်မျိုးကို ထပ်တင်ပေးလိုက်ပါတယ်...။

အသုံးပြုပုံကတော့ အောက်မှာတင်ပေးထားတဲ့ Time stopper ကို ဒေါင်းယူပါ.. Time stopper.exe လေးကို Install လုပ်ပြီး Run လိုက်ပါ..

နံပါတ် (1) ကို နှိပ်ပြီး စက်ထဲမှာ Install လုပ်ထားတဲ့ Tiral Version Software ကို C: > Program File မှ တဆင့် Software နာမည်ရဲ့ .EXE ဖိုင်လ်ကို ထည့်ပေးပါ...

နံပါတ် (2) မှာ 2014 (သို့) 2020 ထိ ရွှေ့ပေးလိုက်ပါ..

နံပါတ် (3) မှာ Software နာမည်ကို ခပ်ဆင်ဆင် နာမည်တစ်ခု ရေးထည့်ပေးပါ...

နံပါတ် (4) က Create desktop shortcut  နှိပ်လိုက်ပါ...

Tiral Version Software ကို အသုံးပြုတော့မယ်ဆိုရင် Desktop ပေါ်က အရင်ရှိပြီးသား Original Shortcut ကို Delete လုပ်ပြီး စောစောက လုပ်ထားတဲ့ Shortcut ကို နှိပ်ပြီး အသုံးပြုပါ ... ဒါဆိုရင် အဲ့ဒီ Software ရဲ့ Tiral ရက်ဟာ ဘယ်တော့မှ မကုန်ဆုံးတော့ပဲ အမြဲတမ်းသုံးလို့ရသွားစေမှာပါ... ။

အဆင်ပြေကြပါစေ

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net
 
Download Time Stopper: Click here (or) Click Here

Ultimate Guitar Tabs & Chords v2.1.1 Apk

Android Device ပေါ်မှာ Guitar Cords နဲ့ Tab တွေကို ဖေါ်ပြပြီး ကိုယ်တိုင် တီးခတ်နိုင်တဲ့ Ultimate Guitar Tabs & Chords v2.1.1 Apk ဖြစ်ပါတယ်.. GooglePlay ပေါ်မှာ 2.99 ဒေါ်လာ ပေးရတဲ့ ပေးရတဲ့ Application ဖြစ်ပေမယ့် ကျွန်တော့်ဆီမှာတော့ အလကားရယူနိုင်ပါတယ်..

Purchase in GooglePlay : $2.99 >>>  https://play.google.com/store/apps/details?id=com.ultimateguitar.tabs

free ဒေါင်းလို့ရတယ်နော် အောက်ကပေးထားတဲ့လင့်ကနေပြီးတော့
 
Download : MB

Fast Burst Camera v4.4.8 Apk ( တစ်စက္ကန့်မှာ ပုံ ၃၀ ရိုက်နိုင်တဲ့ ကင်မရာ app )

Fast Burst Camera v4.4.8 Apk ဟာ Android သုံး Device တွေမှာ တစ်စက္ကန့်ကို ပုံ ၃၀ ထိ ရိုက်နိုင်တဲ့ အမြန်ဆုံး ကင်မရာဖြစ်ပါတယ်.. ရုတ်တရက် ဓါတ်ပုံပေါင်းများစွာကို စက္ကန့်အနည်းငယ်အတွင်းမှာ ရိုက်နိုင်ပါတယ်.. Google Play မှာ DKK 20 ကျသင့်ပါတယ်..
 
Fast Burst Camera v4.4.8

What’s New
- Added Night Mode shooting option

Purchase in Google Play : DKK20>>> https://play.google.com/store/apps/details?id=com.spritefish.fastburstcamera

Download : MB

မြန်မာအမျိုးသမီး ဘောလုံးအသင်းနည်းပြ AFC ကို ကန့်ကွက်စာပို့မည်

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လု ပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံးနည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက် စာမျက်နှာက ဖေါ်ပြပါတယ်။

အဲဒီပွဲမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သူ Maria Robello နဲ့ သူ့ရဲ့ စည်းကြပ်ဒိုင် နှစ်ဦးရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ် AFC ကို သက်သေအထောက်အထား မှတ်တမ်းမှတ်ရာနဲ့တကွ တိုင်ကြားမှာဖြစ်တယ်လို့ မြန်မာအမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

အကြိုဗိုလ်လုပွဲမှာ အိန္ဒိယ ဒိုင်လူကြီး Maria Robello ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရလဒ်တစ်မျိုး ပြောင်းလဲ သွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အခုလို တိုင်ကြားလို့ ပြိုင်ပွဲရလဒ်ပြောင်းလဲသွားမှာ မဟုတ်ပေ မယ့် နောင်မှာ ဒီလိုအလားတူ အဖြစ်မျိုးမဖြစ်ရအောင် တိုင်ကြား ရတာဖြစ်ကြောင်း လည်း မြန်မာ အမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

ဒီအတွင်း လာမယ့် ၂၀၁၆ခုနှစ် ဆူဇူကီး ဖလားဘောလုံးပြိုင်ပွဲကို မြန်မာနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံက အိမ်ရှင်နိုင်ငံတွေအဖြစ် ပူးတွဲကျင်းပကြမယ်လို့ သိရပါတယ်။ အဲသလို ပူးတွဲကျင်းပဖို့ အာဆီယံဘောလုံး အဖွဲ့ချုပ် AFF က စနေနေ့က သဘောတူ အတည်ပြုလိုက်တာဖြစ်ပါတယ်။

RFA

New Year ည ဘယ်မှသွားဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ

New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ
Monday, December 24, 2013

ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး နာမည်အထွက်ဆုံး အငယ်ဆုံး စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။ ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ သူမနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့ ပြောဖြစ်တာလေးတွေကတော့ ‘အကယ်ဒမီကတော့ သွားအားပေးမှာပါ။ အားလုံးကိုရစေချင်ပါတယ်။ ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသေချာသေးဘူး။ အကယ်ဒမီပေးပွဲက ဒီနှစ်ဆို ၂ နှစ်မြောက်ပေါ့။ အကယ်ဒမီပေးပွဲတက်ရတာ ပျော်လဲပျော်တယ်။ အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ရတဲ့သူတွေကို ကြည့်ပြီးသူတို့နဲ့ လိုက်ပျော်တယ်’တဲ့။

သူမဖြတ်သန်းမဲ့ Happy New Year နဲ့ ၂၀၁၄ခုနှစ်အတွက် ခုကတည်းက ချထားတဲ့ အစီအစဉ်တွေကိုလည်း သူမက ‘New Year ကအိမ်မှာပဲရှိမှာပါ။ အပြင်ထွက်ရတာလဲ သိပ်မကြိုက်တော့လေ။ အိမ်မှာပဲမိသားစုနဲ့ဖြတ်သန်းဖြစ်မယ။် ၂၀၁၄ မှာတော့ ၁၀ တန်းစာမေးပွဲဖြေမယ။် ကားတွေရိုက်မယ်။ ၁၀တန်း အောင်စရင်းစောင့်မယ်’လို့ပြောပါတယ်။

Trend Myanmar

သူမဖြတ်သန်းမဲ့ Happy New Year နဲ့ ၂၀၁၄ခုနှစ်အတွက် ခုကတည်းက ချထားတဲ့ အစီအစဉ်တွေကိုလည်း သူမက ‘New Year ကအိမ်မှာပဲရှိမှာပါ။ အပြင်ထွက်ရတာလဲ သိပ်မကြိုက်တော့လေ။ အိမ်မှာပဲ မိသားစုနဲ့ဖြတ်သန်းဖြစ်မယ။် ၂၀၁၄ မှာတော့ ၁၀ တန်းစာမေးပွဲဖြေမယ။် ကားတွေရိုက်မယ်။ ၁၀တန်း အောင်စရင်းစောင့်မယ်’လို့ပြောပါတယ်။

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများ

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများစိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်းလိုလို ကြုံတွေ့နေ ရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင်တာ အ ကောင်းဆုံး ဆိုပေမယ့်လည်း ဖြစ်လာပါ က အမြန်ဆုံးပြေပျောက် သွားအောင် လုပ် ဆောင်နိုင်တဲ့ နည်းလမ်းတွေ ကို ရေးသား လိုက်ပါတယ်။

(၁) ဇက်ကြောလျှော့ပေးပါ

စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အ ခါ ပထမ ဆုံး စသိနိုင်တာက သင့်လည်ပင်းပါ။ အ များစုက ဇက်ကြောတက်တယ် လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့် ညာဘက်
လက်နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘက်နားရွက်အနောက်နားကို ထိ ထားပြီး ဦးခေါင်းကို ညာဘက် ပခုံးဆီ ဖြည်းဖြည်းချင်း ဆွဲပါ။ အဲဒီပုံစံအတိုင်း တစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးပါ။ စိတ်ဖိ စီးမှုကြောင့် ဇက်ကြောတောင့် တင်းတာ သက်သာသွားစေပါတယ်။

(၂) တေးဂီတ နားဆင်ပါ

ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့ လာမှုအရ နေ့စဉ် စိတ်ညစ်ညူး စရာတွေ တွေ့ကြုံရ တာကြောင့် သွေးပေါင်အနည်းငယ်တက်တာ ဖြစ်ပေါ်စေ တယ်လို့ တွေ့ ရပါတယ်။ လေ့လာ သူတွေက တေးဂီတ နားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တာကို ယှဉ်ပြီး လေ့လာကြည့်တဲ့ အခါ တေးဂီတ နားဆင်တာက သွေး ပေါင် ပိုမိုကျဆင်းစေတာကို တွေ့ရပါ တယ်။ သင်က စိတ်ဖိစီးမှုတွေ များပြီး စိတ်ညစ်ညူးနေတဲ့အခါ တေးဂီတကို နား ဆင်တာက စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းပါ။

(၃) အသက်ရှုသွင်း ရှုထုတ်ဖို့ သတိရပါ

သက်သောင့်သက်သာ ထိုင်ပြီး သင့် မျက်လုံးတွေကို မှိတ်ထားကာ အာရုံစိုက် ပြီး အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်တာ က စိတ်ဖိစီးမှု ကို လျှော့ချနိုင်တဲ့ အ ကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခု ပါ။ ရှူသွင်း လိုက်တဲ့ လေတွေက ခန္ဓာ ကိုယ်အနှံ့ကို ဝင်ရောက်သွားပြီး ရှူထုတ် လိုက်တဲ့အခါ ခန္ဓာကိုယ်မှ မလိုအပ်တာ တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

(၄) ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့ကို မိနစ် ၄ဝ ကြာအောင် လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေ ပါတယ်။ လေ့ ကျင့်ခန်း လုပ်ဖို့ အဆင်မပြေပါက ရေချိုးလိုက် တာ၊ နေ့လယ်စာ စားတာတွေ ပြုလုပ် လိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေ လျော့စေပါတယ်။ ရုံးကနေ အိမ်ပြန် ရောက်တဲ့အခါ အိမ်အနီးအနားပတ်ဝန်း ကျင်ကို လမ်းပတ်လျှောက်တာမျိုးတွေ လည်း လုပ်ပေးနိုင်ပါတယ်။ ဒါတွေအား လုံးက စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ခံစားမှုကောင်းစေပါတယ်။

(၅) နေ့ခင်း တစ်ရေးအိပ်ပါ

ဖြစ်နိုင်မယ်ဆိုရင် နေ့ခင်းတစ်ရေး အိပ်တာက သင်ရဲ့ စိတ်ဖိစီးမှုတွေ ကို မောင်းထုတ်နိုင် ပါတယ်။ လေ့ လာမှုတွေ အရ နေ့ခင်းဘက်မှာ နာရီဝက်လောက် တစ်ရေးအိပ်စက်တာက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ ၃ဝ ရာခိုင်နှုန်း လျော့နည်းစေ တယ်လို့ ဆိုပါတယ်။

(၆) ရေခဲကပ်ပါ

ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်ဟော် မုန်းထုတ် လုပ်မှုကို များစေပြီး စိတ်ကို တည်ငြိမ်ေ စပါတယ်။ သင့် အလုပ်မှာစိတ် ဖိစီးမှုများတဲ့ အခါ ရေခဲကို တဘက်လေး နဲ့ ထုပ်ပြီး ဇက်ပေါ်မှာ ၁၅ မိနစ်ကြာတင် ထားပေးပါ။ စိတ်တည်ငြိမ်မှုရစေပြီး ဖိစီး မှုတွေ ပြေပျောက်သွား စေပါတယ်။

ဘောလုံးမင်းသား Cristiano Ronaldoရဲ့ Biography လေးပါ (ချမ်းမြေ့)

Photo
 
နာမည်အပြည့်အစုံ - Cristiano Ronaldo dos Santos Aveiro
မွေးနေ့ - ၁၉၈၅၊ ဖေဖော်ဝါရီ၊ ၅
အသက် - ၂၈ နှစ်
မွေးဖွားရာဇာတိ - Funchal, Madeira – Portugal
အရပ်အမြင့် - ၁၈၆ စင်တီမီတာ
အလေးချိန် - ၈၄ ကီလိုဂရမ်
ကစားသည့်နေရာ - အလယ်နှင့် ညာတောင်ပံ၊ တိုက်စစ်
ပထမဆုံးကစားသည့်ကလပ် - Sporting Clube de Portugal
ဗွေဇော်ဦးကစားသည့်ခုနှစ် - ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ၊ Moreirense နှင့်ကစားသည့်ပွဲ
လက်ရှိကစားသည့် ကလပ် - ရီးရဲလ်မက်ဒရစ်
နိုင်ငံလက်ရွေးစင် - ပေါ်တူဂီ
နိုင်ငံလက်ရွေးစင်ပထမဆုံးကစားသည့်ပွဲ - ၂၀၀၃ ခုနှစ်၊ သြဂုတ် ၂၀ ရက်တွင် ကစားသည့် ကာဇစ္စတန်နှင့်ပွဲ ချစ်စနိုးဖြင့် ခေါ်သည့်နာမည် - CR7, CR9, Ronny
Christiano Ronaldo တွင် Liliana Catia နှင့် Elma ဆိုသည့် အမနှစ်ဦးနှင့် Hugo ဟု ခေါ်သည့် အကိုတစ်ဦး ရှိသည်။ အသက်(၈)နှစ်အရွယ်ကတည်းက ဘောလုံးစတင်ကစားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် Christiano Ronaldo ဟု လူသိရှင်ကြား ဖြစ်လာခဲ့သည်။ အသက်(၁၆)နှစ်တွင် ကလပ်အသင်း၏ ပထမဆုံးပွဲကို ကစားခဲ့ သည်။ အဆိုပါပွဲမှာပင် ကြည့်ရှု့သည့်ပရိတ်သတ်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အသက်(၁၇)နှစ် အရွယ်တွင် ကမ္ဘာ့တစ်လွှား၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ UEFA ၏ အသက် (၁၇)နှစ်အောက် ချန်ပီယံ လိဂ်ပြိုင်ပွဲတွင် ပေါ်တူဂီလူငယ်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သည်။ ၂၀၀၃ ခုနှစ် ရာသီကြို တွင် မန်ယူအသင်းသို့ ရောက်ရှိခဲ့သည်။ မန်ယူသို့ရောက်ရှိစဉ် ပထမဆုံး ပို့စ်မောက်ကလပ်နှင့် ကစားခဲ့ပြီး ၃ ဂိုး ၀ ဖြင့် အနိုင်ရရှိ ခဲ့သည်။ ပထမဆုံးဂိုးကို အလွတ်တည်ကန်ဘောမှ တစ်ဆင့် ရရှိခဲ့သည်။ ဘောလုံးနည်းပညာ ကြွယ်ဝမှုကြောင့် သူ့ကိုများစွာချီးကျူးကြသည်။ ရန်ဖန်ရန်ခါတွင် လည်း မှားယွင်းသည့် ဆုံးဖြတ်ချက်များ ကြောင့် ဝေဖန်မှုများကို ခံရသည်။
၂၀၀၅ ခုနှစ်တွင် Christiano Ronaldo ၏ ဖခင် အရက်ကြောင့် အသဲရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ အသက် (၂၀) အရွယ်တွင် သူဘဝ၏ အခက်အခဲအကြပ်တည်းဆုံး အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖခင်၏ အဖြစ်အပျက်က Christiano Ronaldo ကို အရက်မသောက်ရန် သက်သေပြခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပိုမို နာမည်ကျော်ကြားလာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Christiano Ronaldo Football Writers Association မှ ချီးမြှင့်သော လူငယ်ကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံးသမားဆု တို့ကို ရရှိခဲ့သည်။
၂၀၀၇-၂၀၀၈ ခုနှစ် တွင်လည်း သူ၏စွမ်းရည်များကို ဆက်လက်ပြသခဲ့ပြီး အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲ (၃၁)ပွဲတွင် ၄၂ ဂိုး သွင်းယူ ခဲ့သည်။ UEFA ချိန်ပီယံလိဒ်ကို ရရှိပြီးနောက် ၂၀၀၈ ခုနှစ်တွင် FIFA World Player ဆုနှင့် ဥရောပ၏ တစ်နှစ်တာ အကောင်းဆုံးသမားဆုကို ရရှိခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဖြစ်လာပြီး ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်မှ ရီးရဲမက်ဒရစ်သို့ ယူရို ၉၄ သန်း၊ အမေရိကန်ဒေါ်လာ ၁၃၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့လာချိန်တွင် ပရိတ်သတ်ပေါင်း (၈)သောင်းကျော်တို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ရီးရဲမက်ဒရစ်တွင်လည်း တာထွက်ကောင်းခဲ့ပြီး ဂိုးများစွာ သွင်းယူနိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် ပထမဆုံးအကြီးအကျယ် ဒဏ်ရာရရှိခဲ့သည်။ ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိစဉ် ပထမ ရာသီတွင် ၃၃ ဂိုး သွင်းယူနိုင်ခဲ့သည်။ သို့သော် ၂၀၀၉-၂၀၁၀ ရာသီတွင် မည်သည့်ဖလားမ ရရှိခဲ့ခြင်း မရှိ။
သူ့သည် သားတစ်ဦး၏ ဖခင်ဖြစ်နေပြီ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် သူ၏ facebook မှ တစ်ဆင့် ကြေညာခဲ့သည်။ အဆိုပါကြေညာမှုကြောင့် ပရိတ်သတ်များကို အံ့အားသင့်သွားစေခဲ့ပြီး မိခင် မည်သူဖြစ် သနည်းဟု မေးခွန်းထုတ်လာကြသည်။ လက်ရှိအချိန်တွင် အဆိုပါကလေးမှာ Christiano Ronaldo ၏ အုပ်ထိန်းမှုအောက်တွင်ရှိပြီး ကလေးကို မိခင်ဖြစ်သူနှင့် ညီမဖြစ်သူတို့က ကူညီစောင့်ရှောက်ပေးနေကြ သည်။
၂၀၁၀-၂၀၁၁ ခုနှစ်တွင်လည်း Christiano Ronaldo သည် ထူးချွန်သည့်ဘောလုံးသမားအဖြစ် စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့ သူ ဖြစ်သည်။ လာလီဂါတွင် ၄၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး Hugo Sanchez နှင့် Telmo Zarra တို့ သွင်းယူ ခဲ့သည့် ၃၈ ဂိုး စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ စုစုပေါင်း ၅၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး Lionel Messi ကို ကျော်၍ ရွှေဖိနပ်ဆု ရရှိခဲ့သည်။ သို့သော် ဘိုင်ယံမြူနစ်နှင့် Penality အဆုံးအဖြတ်တွင် ရှုံးနိမ့်ပြီး ချိန်ပီယံ လမ်းကြောင်း အဆုံးသတ်ခဲ့ရသည်။ ရီးရဲမက်ဒရစ်ရောက် (၄)ရာသီမြောက် (၂၀၁၂-၂၀၁၃) တွင် Christiano Ronaldo တစ်ယောက် Spanish Super Cup ရရှိသည်ကလွဲ၍ စွမ်းဆောင် ချက် မရှိသေး။ သို့သော် အဆိုးကြီး လည်းမဟုတ်။ ပွဲပေါင်း (၅၅)ပွဲတွင် (၅၅)ဂိုး သွင်းယူနိုင်ခဲ့သည်။ ချိန်ပီယံလိဂ်တွင် ၁၂ ဂိုး သွင်းယူပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် တည်ရှိနေဆဲဖြစ်သည်။ ထုံးစံအတိုင်း ရာသီကုန်လျင်တော့ Christiano Ronaldo ၏ အနာဂတ်နှင့် ပတ်သက်၍ ကောလဟလများ ထွက်လာဦးမည်သာ ဖြစ်သည်။