Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, April 2, 2014

အမြဲသတိရနေရမဲ့ အချက် (၂၄) ချက်

 သင့်ရဲ့ဖြစ်တည်မှုဟာ လောကကြီးအတွက် လက်ဆောင်တစ်ခုပါ။
သင်ဟာ ပြိုင်စံကင်းတဲ့ လူတစ်ဦးပါ။
သင့်ဘဝဆိုတာ သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်နိုင်ပါတယ်။
နေ့ရက်များစွာကို တစ်ကြိမ်မှာ တစ်ရက်သာလျှင် အသုံးချပါ။
သုခတွေကိုသာတွေးပြီး ဒုက္ခတွေကို မေ့ထားပါ။

ဖြစ်ပျက်လာသမျှ အရာရာတိုင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
သင့်ဆီမှာ ဖြေရှင်းချက်ပေါင်းမြောက်မြားစွ
ာ ရှိပါတယ်။
နားလည်မှုပါ၊ သတ္တိရှိပါ၊ ခံနိုင်ရည်ရှိပါ။
သင့်အပေါ် ကန့်သတ်ချက်တွေ မထားပါနှင့်။
လက်တွေ့အကောင်အထည်ဖေါ်ပေးဖို့ အိပ်မက်ပေါင်းများစွာ စောင့်ကြိုနေပါတယ်။
ဆုံးဖြတ်ချက်တွေဟာ ကံကြမ္မာကို အခွင့်အရေးမပေးနိုင်လောက်အောင် အရေးပါလွန်းပါတယ်။
သင့်ရဲ့ပန်းတိုင်အတွက် အောင်မြင်မှု အမြင့်မားဆုံးရအောင် ကြိုးပမ်းပါ။
စိုးရိမ်ပူပန်ခြင်းထက် စွမ်းအားဖြုန်းတီးသောအရာ မရှိပါ။
ပြဿနာတစ်ခုကို အချိန်အတော်ကြာ သယ်ဆောင်လေ၊ အဲဒီအကျိုးဆက်ကို ပို၍ခံစားရလေပါပဲ။
အရာရာတိုင်း ပြင်းပြင်းထန်ထန် မလုပ်ဆောင်ပါနှင့်။
ငြိမ်းချမ်းတဲ့ဘဝမျိုးအဖြစ် ရှင်သန်ပါ၊ ဝမ်းနည်းစရာ ဘဝမျိုးမဖြစ်ပါစေနှင့်။
မေတ္တာအနည်းငယ် ပေးကမ်းခြင်းက ခရီးအတော်ရောက်တယ်ဆိုတာ သတိရပါ။
မေတ္တာအမြောက်အများ ပေးကမ်းမယ်ဆိုရင်တော့ ထာဝရတည်တံ့မယ်ဆိုတာ သတိရပါ။
မိတ်ဆွေစိတ်ဆိုတာ အကျိုးကျေးဇူးများတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ သတိရပါ။
ဘဝရဲ့ ရတနာဆိုတာ လူတွေအားလုံး ပူးပေါင်းနေထိုင် လုပ်ကိုင်ခြင်းပါ။
ဘယ်တော့မှ အလွန်အမင်း နောက်မကျသေးဘူးဆိုတာ သဘောပေါက်ပါ။
သာမန်အကြောင်းကိစ္စတွေကို ထူးထူးခြားခြား နည်းလမ်းနဲ့ လုပ်ကိုင်ဆောင်ရွက်ပါ။
မိသာစုစိတ်ဓါတ်၊ မျှော်လင့်ချက်၊ ပျော်ရွှင်မှုတွေ ရှိပါစေ။
ပြန်လည်စတင်နိုင်ဖို့ အချိန်ပေးပါ။
ပြီးတော့...
သင်ဟာ အလွန်ထူးခြားတယ်ဆိုတာကို
တစ်နေ့မျှပင် မမေ့ပါနှင့်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

စောင့်ရှောက်ရေး v4.1.1 For Android

ဒီ စောင့်ရှောက်ရေး apk လေးကို MyanmarMobleForum မှ ကို YangCracker က Advanced Mobile care ကိုပြန်ပြီးမြန်မာမှူပြု ထားတာဖြစ်ပါတယ်။ android ဖုန်းသုံးသူတိုင်းဆောင်ထားသင့်တဲ့ Apk တစ်ခုပါ။ PC တွေမှာဆိုရင် Advanced Systemcare ကိုမသိတဲ့သူရှိပါဘူး။ ဒါလေးကတော့ Android သမားတွေအတွက် တစ်ကယ်ကို ရှိထားသင့်ပါတယ်။ ကျွန်တော်ကတော့ တစ်ခြား Antivirus တွေထက် ဒီကောင်လေးကိုပိုကြိုက်ပါတယ်။ ကဲ ကို YangCracker ရဲ့ စောင်ရှောက်ရေး Apk ကိုအားပေးလိုက်ကြပါအုံး.......

Tuesday, April 1, 2014

ရည်းစားဟောင်းက ကိုယ့်ဆီပြန်လာဖို့ ကြိုးစားနေသလား

အကြောင်းကြောင်းကြောင့် ပြတ်သွားတဲ့ ရည်းစားဟောင်းက ကိုယ့်ဆီပြန်လာဖို့ ကြိုးစားနေသလားဆိုတာ သိစေနိုင်တဲ့ အချက်တွေရှိပါတယ်။ အဲ့ဒီအချက်တွေကို ကြည့်ပြီး သူ့ကို ပြန်စဉ်းစားမယ်ဆို စဉ်းစားနိုင်သလို ပြန်တွဲဖို့ စိတ်ကူးမရှိတော့ရင်လည်း သူနဲ့ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အပြတ်ပြောပစ်လိုက်ရုံပဲပေါ့။ ကဲ ဘယ်အချက်လေးတွေက ကိုယ့်ရည်းစား ကိုယ့်ဆီပြန်လာဖို့ ကြိုးစားနေတယ်ဆိုတာ သိသာစေသလဲဆိုတော့
၁။ကိုယ့်ရဲ့ instagram က ပုံတွေတိုင်း သိပ်မိုက်တယ်လို့ ကွန်မန့်ပေးလာပြီဆိုရင်
ဖေ့စ်ဘွတ်ခ်ကပုံတွေပဲဖြစ်ဖြစ်၊ instagram ကပုံတွေပဲဖြစ်ဖြစ် ကိုယ့်ပုံတိုင်းကို မိုက်တယ်၊ လှတယ်စသဖြင့် ကွန်မန့်တွေ ပေးနေပြီဆိုရင်တော့ သူကိုယ့်နားပြန်လာဖို့ စဉ်းစားနေလို့ပါပဲ။
၂။အရင်က အကြောင်းလေးတွေကို ပြန်ပြောလာပြီဆိုရင်
ဖုန်းနဲ့ sms ပို့တာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ chat တာပဲဖြစ်ဖြစ် သူနဲ့ကိုယ် အရင်က ပျော်ရွှင်စရာ အဖြစ်အပျက်လေးတွေကို သတိရကြောင်း ပြန်ပြောလာပြီဆိုရင် ဒါဟာ သူ့ကိုယ့်ဆီ ပြန်လာချင်လို့ပဲပေါ့။
၃။အမှတ်တမဲ့ တွေ့ဆုံတဲ့ အကြိမ်အရေအတွက်များလာရင်
ကိုယ့်အိမ်နားမှာလည်း သူနဲ့အမှတ်တမဲ့ ဆုံတယ်။ ကျောင်းနားမှာ၊ အလုပ်နားမှာ ခဏခဏ ဆုံလာတာမျိုးဟာ တိုက်ဆိုင်တာပဲလား၊ ရေစက်လား၊ သူတမင်ဖန်တီးတာလား။ တစ်ခုခုပဲပေါ့။ ဖြစ်နိုင်ခြေများတာကတော့ နောက်ဆုံးတစ်ချက်ပါပဲ။
၎။ကိုယ့်နားက တစ်ခြားဘဲတွေကို မမိုက်ဘူးလို့ ဖွင့်ဟပြောလာရင်
သူ့အပြင် ကိုယ့်နားမှာရှိနေတဲ့ ကောင်လေးတွေကို စသလိုလို၊ နောက်သလိုလိုနဲ့ မမိုက်ကြောင်း၊ အခြေအနေမကောင်းကြောင်း ဝေဖန်လာပြီဆိုရင်တော့ သူကလွဲပြီး ကိုယ်တွဲစရာ တစ်ခြားမရှိဘူးဆိုတာ သိစေချင်လို့ပါပဲ။
Ref:seventeen.com

ဘယ်လိုအခြေအနေမျိုးတွေမှာ ရည်းစားမထားပဲ တစ်ယောက်တည်းနေသင့်သလဲ

ကိုယ်က မချစ်တတ်တဲ့သူလည်း မဟုတ်ဘူး။ ကိုယ့်ရည်းစားဆို တုန်နေအောင်ချစ်ပါရက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရပြီဆိုပါစို့။ နောက်ထပ် ရည်းစားထားဖို့တောင် တော်တော်ကြောက်နေရပြီ။ အရင်လို ထပ်ဖြစ်မှာ စိုးရတာနဲ့၊ စိတ်တွေရှုပ်ထွေးနေတာမို့ ကိုယ့်ဘေးနားမှာ ဘယ်သူတွေ ရှိနေတယ် ဆိုတာတောင် သတိမထားမိတော့တာနဲ့ စသဖြင့် အခြေအနေတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ဖို့ လိုပြီပေါ့နော်။ ကိုယ့်မှာ သုံးသပ်ကြည့်စရာ အချက် သုံးချက်ရှိပါတယ်။ ကိုယ်ဖြစ်နေတာတွေနဲ့ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ရည်းစားမထားသေးဘဲ ငြိမ်ငြိမ်လေး နေလိုက်ပါဦးနော်။
၁။ကိုယ်သိပ်ချစ်ရတဲ့သူနဲ့ လမ်းခွဲတာ သိပ်မကြာသေးဘူးဆိုရင် ဒါမှမဟုတ် အိမ်ထောင်ကွဲထားတာဆိုရင်
သူနဲ့ကိုယ်နဲ့ တွဲလာခဲ့တဲ့ ရည်းစားသက်တမ်းက တော်တော်ရှည်ကြာနေပါပြီ။ ဒါတောင် အနှောင့်အယှက်တွေ၊ အတားအဆီးတွေ၊ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် သေမလောက်ခံစားပြီး ချစ်သူနဲ့ လမ်းခွဲခဲ့ရတယ်ဆိုရင်တော့ ရည်းစားထပ်ထားဖို့ လုံးဝမစဉ်းစားပါနဲ့ဦး။ တစ်ယောက်တည်းနေပြီး လုပ်စရာရှိတာလေးတွေ လုပ်ရင်းသာ နေ့စဉ်ဘ၀ကို ဖြတ်သန်းပါ။ ဒီဒဏ်ရာကို ကုစားဖို့ အချိန်မယူရဘူးဆိုရင် အနည်းဆုံး ၈လကနေ တစ်နှစ်အထိ အချိန်ယူရပါလိမ့်မယ်။ အိမ်ထောင်ကွဲထားတာဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။
၂။ခုလောလောဆယ် ကိုယ့်ရဲ့စိတ်အခြေအနေတွေ သိပ်ဆိုးရွားနေတယ်လို့ ခံစားမိနေရင်
ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ တစ်ခြားမိသားစုရေးရာ စိတ်ညစ်စရာကိစ္စတွေရှိနေတာပဲဖြစ်ဖြစ်  စိတ်ဓာတ်ကျသလို ခံစားနေရတာမျိုး၊ စိတ်အလိုမကျတာတွေ ခံစားနေရတာမျိုး၊ အားနေ သူများတွေကို ရန်လိုစိတ်တွေဝင်နေတာမျိုးတွေ စတဲ့ စိတ်အခြေအနေတွေ ခံစားနေရပြီဆိုရင်တော့ ရည်းစားထားခြင်းဟာ ကိုယ့်ကို ပိုလို့တောင် စိတ်ဒုက္ခများစေပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်ပြီ၊ အေးအေးဆေးဆေးဖြစ်ပြီဆိုမှသာ ကိုယ်စဉ်းစားထားတဲ့သူနဲ့ ဒိတ်လုပ်ပါ။
၃။ကိုယ်က ရည်းစားကံမကောင်းဘူးဆိုရင်
ကိုယ်က ကိုယ့်ထားခဲ့ဖူးတဲ့ ချစ်သူ၊ ရည်းစားတွေအပေါ် အကောင်းဆုံး နားလည်မှုတွေ ပေးခဲ့တယ်။ ကိုယ်ကစပြီး သစ္စာဖောက်တာမျိုး မရှိဘူး။ အမှားလည်း မလုပ်ခဲ့ဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ထားခဲ့တဲ့ ရည်းစားတွေနဲ့ ပြတ်သွားခဲ့ရပြီဆိုရင် သေချာတာကတော့ ရည်းစားထပ်မထားသေးဘဲ သေသေချာချာ စဉ်းစားကြည့်လိုက်ပေါ့။ ဘာကြောင့်များ ငါရည်းစားတွေနဲ့ ခဏခဏ ပြတ်နေရသလဲဆိုတဲ့ မေးခွန်းမျိုးကို စဉ်းစားရင်း နောက်ထပ် ရည်းစားသစ်ထပ်ထားဖို့ အချိန်ယူလိုက်ပါ။ တစ်ယောက်ပြီး တစ်ယောက်၊ တစ်လ တစ်ယောက်ထားတာမျိုးက ကိုယ့်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူးလေ။
Ref:womenshealthmag.com

မျှော်လင့်၍မထားသော အချစ်စစ်

နီနီဟာ ဟိတ်ဟန်မများတဲ့ မိန်းမတစ်ယောက်ပါ။ ချစ်သူနဲ့ ၅နှစ်လောက်တွဲပြီးမှ လမ်းခွဲခဲ့သူပေါ့။ နောက်ထပ် ရည်းစား မထားတော့ဘူးလို့လည်း သူမ ဆုံးဖြတ်ထားတယ်။ လူမှန်နဲ့ တွေ့ပါစေလို့ သူမ ဆက်တိုက်၊ ဆက်တိုက် ဆုတောင်းနေခဲ့တယ်။ ဒါမဲ့ သူမအတွက်တော့ ထူးလာမယ့် ပုံမပေါ်ပါဘူး။
ယောကျာ်းတစ်ယောက် အတွက် သူမရဲ့ အရည်အချင်းကိုပြဖို့ ဆိုတာကလည်း ခဲယဉ်းပါတယ်။ ဒီလိုနဲ့ ၃နှစ်လောက် ဆုတောင်းပြီးတဲ့ လူမှား တစ်ယောက် (သူမ မကြိုက်တဲ့သူ) နဲ့ကြုံဆုံခဲ့တယ်။ သူမကို လက္ခဏာ တစ်ခုခုပြဖို့အတွက် ဘုရားထံမှာ ဆုတောင်းခဲ့တယ်။ နောက်နှစ်ပတ်လောက်ကြာတော့ လူငယ်တစ်ယောက် သူမရှေ့ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ သူမ မကြိုက်မနှစ်သက်ခဲ့ဘူး။ သူမအတွက်တော့ ဒါဟာ သူမ ဆုတောင်းထားတဲ့ အမျိုးသား မဟုတ်ဘူးလေ။ တစ်စုံတရာ ဖြစ်လာတဲ့အထိ သူမရဲ့ ခံစားချက်အစစ်တွေကို ငြင်းပယ်မြဲ ငြင်းပယ်နေခဲ့တယ်။ အဲ့ဒီ့ အမျိုးသားက သူမကို ချစ်ကြိုက်သွားတဲ့အခါမှာတော့ သူ့ကို အမှန်တွေ ထုတ်ပြောရဖို့ ဖြစ်လာတော့တယ်။
အဲ့ဒီ့နောက်မှာတော့ သူမတို့နှစ်ယောက် စုံတွဲဟာ ပြီးပြည့်စုံတဲ့ ချစ်သူတွေ မဖြစ်ခဲ့တောင် တပူးပူး တတွဲတွဲ ရှိနေခဲ့ကြတယ်။ သူတို့ရဲ့ အချစ်အတွက် ကြိုးစားခဲ့ကြတယ်ပေါ့။ သူတို့ရဲ့ ချစ်ခြင်းကို လက်မခံတဲ့သူတွေ ရှိပေမဲ့ ကြိုးစားပြီး ကြံ့ကြံ့ခံခဲ့ကြတယ်။
(အချစ်စစ်ဆိုတာ ဖန်တီးယူလို့မရပါဘူး။ ဆုတောင်းပြီး သူလေလား၊ သူလေလား ထိုင်မျှော်နေလို့လည်း မရပါဘူး။ သူကတော့ ငါ့အကြိုက်မဟုတ်သေးဘူး ဆိုပြီးတော့လည်း ငြင်းပယ်လို့မရပါဘူး။ အချစ်စစ်တို့မည်သည် မထင်မှတ်ထားသော အချိန်၊ မထင်မှတ်ထားသူတွေထံ ကျရောက်လာတတ်တယ်ဆိုတာ သိထားပါ။)
Ref:dulya.com

ရည်းစားမထားခင် သိထားသင့်၊ ကန့်သတ်ထားသင့်တဲ့ အရာများ

ကိုယ့်ကို ချစ်ကြိုက်နေတဲ့ ကောင်လေး၊ လိုက်နေတဲ့ ကောင်လေးရှိတယ် ဆိုပါစို့။ သူ့ကိုလည်း ကိုယ်က ပြန်စိတ်ဝင်စားနေပြီ။ ဒါပေမယ့် သူ့ကိုတန်းပြီးတော့ အဖြေမပေးချင်သေးဘူး။ အနည်းဆုံး သူနဲ့ ဒိတ်ကြည့်ဦးမယ်။ ပြီးတော့မှ အဖြေပေးမယ်လို့ စဉ်းစားထားတဲ့ ပျိုမေတွေအတွက် ကိုယ့်ကိုယ်ကို ကန့်သတ်ထားသင့်တဲ့အရာတွေ ရှိနေပါတယ်။ စည်းမျဉ်းစည်းကမ်းတစ်ချို့ကို ကိုယ်တိုင်ချမှတ်ထားမှသာ နောက်ပိုင်းအတွက် အဆင်ပြေမှာပေါ့။
၁။ပထမဆုံး ဒိတ်တဲ့နေ့မှာ မနမ်းမိပါစေနဲ့။

သူနဲ့ကိုယ်နဲ့ စဒိတ်တဲ့နေ့မှာ အတူတူ မုန့်တွေသွားစားကြမယ်၊ ရုပ်ရှင်ကြည့်ရင်လည်း ကြည့်မယ်။ ဒါမှမဟုတ် စာအုပ်သွားဝယ်မယ်၊ ရှော့ပင်သွားမယ် စသဖြင့်ပေါ့။ အဲ့ဒီလို နှစ်ယောက်တည်းရှိနေချိန်တွေမှာ သူ့ဘက်ကတော့ ကိုယ်နဲ့ ဒီ့ထက်ပိုမြန်မြန်လေး ချစ်ကြိုက်သွားဖို့ ကြိုးစားမှာပဲ။ သူ ကြိုးစားတာကို ဘာမှမပြောလိုပေမယ့် သူနဲ့ နှစ်ယောက်တည်း အပြင်သွားတဲ့ ခုလိုပထမဆုံးအကြိမ်မှာ သူနဲ့ နမ်းမိသွားတာမျိုးတော့ မဖြစ်ပါစေနဲ့။ ဒါဆို ကိုယ်ဘယ်လောက်ထိ သူ့ကို ကြိတ်ကြွေနေမှန်း သိသွားပြီပေါ့။
၂။SMS ပို့တဲ့အခါ နှစ်ခါ မပို့မိပါစေနဲ့။

သူက ကိုယ့်ကို ဘာလုပ်နေလဲ။ ထမင်းစားပြီးပြီလား။ သတိရလို့ SMS ပို့လိုက်တာ စသဖြင့် ဖုန်းကနေ စာတိုလေးတွေနဲ့ ဆက်သွယ်လာပြီဆိုရင် ကိုယ့်ဘက်ကလည်း သူမေးတာလေးတွေ ပြန်ဖြေပေးနိုင်ပါတယ်။ ဒါပေမယ့် ထမင်းစားပြီပြီလို့ ပြန်ဖြေတဲ့အခါ အဲ့ဒါကို စိတ်လောပြီး နှစ်ခါပို့လိုက်မိတာတို့၊ တစ်ကြောင်းပို့လိုက်ပြီး ကိုယ့်ဘက်က နောက်တစ်ခါ sms ထပ်ပို့တာမျိုးတွေတော့ မလုပ်မိပါစေနဲ့။
၃။သူငယ်ချင်းနဲ့ ခုကိုယ်ကြွေနေတဲ့သူနဲ့ အရှုပ်အရှင်းရှိတယ်ဆိုရင် အဲ့ဒီကောင်လေးကို ထားလိုက်ပါတော့။

သူနဲ့ကိုယ်နဲ့က ခုအဆင်ပြေစပြုနေပြီ။ ဖုန်းတွေပြော၊ sms တွေပို့ဖြစ်နေတယ်ဆိုပေမယ့် သူက ကိုယ့်သူငယ်ချင်းနဲ့လည်း အီစီကလီအခြေအနေမျိုးတွေ ဖန်တီးတယ်။ ကိုယ့်သူငယ်ချင်းကလည်း သူ့ကို ကိုယ့်လိုကြွေနေတယ်ဆိုရင်တော့ ဒီဂိမ်းကနေ နှုတ်ထွက်လိုက်ပါ။
၎။ကိုယ်သူ့ကိုချဉ်းကပ်စရာမလိုပါဘူး၊ သူချဉ်းကပ်ပါလိမ့်မယ်။
သူက ကိုယ့်ကိုစလိုက်ထားတဲ့သူ၊ စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်း စပြောထားတဲ့သူကို ကိုယ့်ဘက်က အသည်းအသန်ကြီး ဖြစ်ပြနေစရာမလိုပါဘူး။ သူကနည်းနည်းဆို၊ ကိုယ်ကသည်းသည်းလုပ်လို့ကတော့ သူတို့က ကိုယ့်ကို အချဉ်လို့ မှတ်သွားပါလိမ့်မယ်။ အထာတစ်ခုနဲ့နေပါ။
၅။သူ့ကို စာမပြန်ခင် တစ်နာရီလောက် အချိန်ယူလိုက်ပါ။
သူက ကိုယ့်ကို sms ပို့တဲ့အခါ၊ မေးလ်ပို့တဲ့အခါတွေမှာ ကိုယ့်ဘက်က ချက်ချင်းမတုန့်ပြန်မိပါစေနဲ့။ ချက်ချင်းပြန်ပို့လိုက်ရင်တော့ သူ့ဆီက sms ကို ကိုယ်စောင့်နေမှန်း သူသိသွားပါလိ့မ်မယ်။
၆။ဖြစ်နိုင်ရင် ကိုယ့်ရုံးက လူနဲ့ ချစ်ကြိုးမသွယ်မိအောင်နေပါ။
ဒီအကြံဥာဏ်က နည်းနည်းတော့ အာရုံနောက်စေနိုင်ပါတယ်။ ဒါပေမယ့် တရုံးထဲ အတူတူ အလုပ်လုပ်တဲ့သူနဲ့ ရည်းစားဖြစ်ရတာ တကယ်ကို မလွယ်ကူတဲ့အချက်ပါ။ အဆင်ပြေဖို့ဆိုတာလည်း ရာခိုင်နှုန်းနည်းပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ အပြင်ကလူကိုသာ စဉ်းစားပါ။
၇။သူနဲ့ဒိတ်ပြီးပြီးချင်း ကိုယ်က စပြီး မဆက်သွယ်ပါနဲ့။
သူနဲ့ နှစ်ယောက်တည်းအပြင်မှာ လျှောက်လည်ပြီးသွားပြီ ဆိုပါစို့။ အိမ်ရောက်တာနဲ့ ကိုယ်က ဒင်နာကျွေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီနေ့ အရမ်းပျော်ပါတယ် စတာတွေ sms ပို့တော့မယ်ဆိုရင် ကိုယ့်ဘက်က နည်းနည်းလေး ဈေးကျသွားနိုင်တယ်နော်။ အဲ့ဒီတော့ ချက်ချင်းကြီး တုန့်ပြန်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်လိုက်ပါ။ ဟိဟိဟိ ရေးတင်လိုက်ပြီနော် ဟားဟားဟား ကြည့်ပြီးတော့လုပ်ကျပေါ့နော်

အသည်းကွဲခြင်းကို ပြန်လည်ကုစားပေးနိုင်မယ့် အချက် (၃) ချက်

အသည်းကွဲရောဂါကို ခံစားဖူးတဲ့ လူတိုင်းဟာ အဲ့ဒီလို ခံစားနေရချိန်ကို ငရဲလို့ တင်စားလေ့ရှိကြပါတယ်။ မအိပ်နိုင်၊ မစားနိုင်၊ ဘယ်မှ မသွားချင်မလာချင် ဖြစ်လေ့ဖြစ်ထ ရှိကြပေမယ့် ဒီရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာမျိုးကိုတော့ သူတို့သေချာမသိကြပါဘူး။ အချိန်က ကုစားသွားမယ်ဆိုတာမျိုးက မှန်ပေမယ့် အဲ့ဒီအချိန်တွေကုန်အောင် ဘယ်လိုဖြတ်ကျော်မလဲဆိုတာက အရေးကြီးနေပြန်ပါရော။ အဲ့ဒီတော့ ရောဂါကို ခံစားရတာ မှန်ပေမယ့် သက်သက်သာသာလေးနဲ့ ဖြတ်ကျော်သွားနိုင်မယ့် နည်းလမ်း (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အလုပ်အပြင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပရဟိတလုပ်ငန်းလေးတွေ လုပ်ပေးပါ။ မိဘမဲ့ကလေးတွေဆီ သွားပေးတာမျိုး၊ ဘုန်းကြီးကျောင်းမှာ သွားပြီးကူညီပေးတာမျိုး၊ တိရိစ္ဆာန်ထိန်းသိမ်းရေး စင်တာတွေမှာ သွားကူညီတာမျိုး စသဖြင့် ကိုယ်နဲ့နီးစပ်ရာအသိုင်းအ၀ိုင်းကို အကူအညီတောင်းပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပေးပါ။ ကိုယ့်ဘာသာကိုယ်လည်း စိတ်ချမ်းမြေ့နိုင်သလို ခံစားနေရတာတွေကိုလည်း အထိုက်အလျောက် သက်သာစေမှာပါ။ အချိန်ကို အကျိုးရှိစွာ အသုံးချနည်းတစ်မျိုးပဲပေါ့။

၂။လေ့ကျင့်ခန်းလုပ်ပေးပါ။ မနက်ဖြစ်ဖြစ်၊ ညနေ ကျောင်း၊ ဒါမှမဟုတ် အလုပ်ပြီးတဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ အားကစားလုပ်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတဲ့အပြင် ညဘက် ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့အတွက် အသည်းကွဲနေလို့ ညဘက်အိပ်မပျော်တာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

၃။အိမ်ထဲ အောင်းမနေဘဲ အပြင်သွားပါ။ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး၊ ဆွေမျိုးတွေဆီ သွားလည်တာမျိုးတွေအတွက် အချိန်ပေးလိုက်ပါ။ အဲ့ဒီလိုမှ မလုပ်ချင်ဘူးဆိုရင်တော့ တစ်ယောက်တည်း လေကောင်းလေသန့် ထွက်ရှုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အခန်းအောင်းပြီး တစ်ယောက်တည်းနေခြင်းက စိတ်ကျရောဂါ ဖြစ်နိုင်တာကြောင့်ပါ။

အက်ရှင်ဇာတ်ကား ရိုက်ကူးတော့မယ့် ထားထက်ထက်

Miss Grand Myanmar  ထားထက်ထက်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ထက်ထက် အခု ဒီလအတွင်းကတော့ ပရဟိတအလုပ်တွေ လုပ်ဖြစ်တာ များတာပေါ့။ ဇာတ်ကားရိုက်ကူးဖို့ရှိတယ်။ အဲဒီ့အတွက် ရိုက်ကွင်းတွေကို သွားရောက်လေ့လာတယ်။ အက်ရှင်ကား ရိုက်ကူးမှာပါ။ ဒီနှစ်ထဲမှာပဲ ရိုက်ဖြစ်သွားမှာပါ။ အက်ရှင်ဇာတ်ကား ရိုက်ကူးမှုက ကိုယ့်အတွက် ပထမဦးဆုံး ဖြစ်တာကြောင့် တကယ်ရိုက်တဲ့အခါမှာ ကိုယ့်အတွက် အစိမ်းသက်သက် မဖြစ်ရအောင်လို့ ရိုက်ကွင်းတွေကို လေ့လာတယ်။ အဲဒီ့အတွက် အခက်အခဲတွေ အများကြီး မရှိတော့ဘူးလို့  ထင်တယ်။ နောက်ပြီး ဖိုက်တင်ပိုင်းကျတော့ အရင်ကတည်းက ကိုယ်က ကျွမ်းဘားကစားတယ်။ ကိုယ်လည်း တကယ်လုပ်နိုင်မယ် ထင်တယ်။ အခက်အခဲတွေ မရှိအောင်လို့လည်း ထက်ထက်ဘက်က ကြိုတင် ပြင်ဆင်နေပါတယ်။’လို့ သူမက ပြောပြသွားပါတယ်။         

သင်္ကြန်ရောက်ရင် အိမ်မှာပဲ နေဖြစ်တာများပါတယ်လို့ဆိုတဲ့ အဆိုတော်သီရိဆွေ

 R&B သီချင်းတွေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးမှုကိုရရှိခဲ့တဲ့ အဆိုတော် သီရိဆွေကို လတ်တလော အနုပညာလှုပ်ရှားမှု နဲ့သင်္ကြန်အကြောင်းကို မေးဖြစ်ခဲ့တဲ့အခါ ‘သီရိ လတ်တလောမှာတော့ စိုင်းစိုင်းရဲ့ မန္တလေးရှိုးပွဲပြီးတော့ ရန်ကုန်ရှိုးမှာဖျော်ဖြေဖို့ရှိပါမယ်။ နောက်ထပ် တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး အချိန်နည်းနည်း ယူရဦးမယ်။ ဒီအခွေလေးထဲမှာတော့ မြူးဇစ်ပိုင်းနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ အကုန်လုပ်ကြည့်နေတုန်းပါပဲ။ ထွက်လာမှ အခွေထဲမှာ ဘယ်လိုပုံစံမျိုးတွေ ပါတယ်ဆိုတာကို နားထောင်ကြည့်စေချင်ပါတယ်။ အခွေ Title ပေးဖို့ကလည်း ဘယ်သီချင်းက အဆင်ပြေမှန်း မသိသေးဘူး။ နီးမှပဲဖြစ်တဲ့ ဖီလင်ပေါ်မူတည်ပြီး ပေးဖြစ်သွားမှာပါ။ ဒီနှစ်သင်္ကြန်တော့ ရန်ကုန် Alpine စိုင်းစိုင်းမဏ္ဍပ်မှာပဲ ရှိပါမယ်။ သင်္ကြန်မှာ နှစ်တိုင်း ဖျော်ဖြေဖြစ်ပါတယ်။ ဟိုးအရင်နှစ် သင်္ကြန်အချိန်တွေတုန်းကတော့ အိမ်မှာပဲ နေဖြစ်တာများပါတယ်။ မဏ္ဍပ်ထိုင်ရတာပျင်းလို့ မနက်ပိုင်းပဲ ထိုင်ဖြစ်တယ်။ ညနေပိုင်းရောက်ရင် အိမ်ပြန်တယ်။ ဒါမှမဟုတ် မနက်တစ်နေ့ခင်းလုံး အိမ်မှာနေပြီးတော့ ညနေရောက်မှ မဏ္ဍပ်ထိုင်ဖြစ်ပါတယ်’လို့ သူမက ဆိုပါတယ်။

သင်္ကြန်နီးလာရင် စိတ်တွေ လန်းဆန်းလာတယ်လို့ ပြောတဲ့ နန်းဆုဦး

 အနုပညာခြေလှမ်းတွေ ပိုစိပ်လာတဲ့ နန်းဆုဦးဟာ ခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ မနားတမ်းရိုက်ကူးလာရသူပါ။ သရုပ်ဆောင်ပိုင်းရော၊ ဖက်ရှင်ဘက်မှာပါ ပရိသတ်တွေ အားပေးလက်ခံလာတဲ့ သူမနဲ့ တွေ့ဆုံခိုက် သင်္ကြန်နဲ့ပတ်သက်တဲ့ ဖီလင်လေးတွေရယ်၊ ငယ်ဘ၀ စိတ်ခံစားချက်အကြောင်းလေးတွေပါ မေးမြန်းဖြစ်တဲ့အခါ ‘သင်္ကြန်နား ရောက်ခါနီးကျတော့ စိတ်တွေ လန်းဆန်းတယ်။ ဥပမာ ခရီးထွက်ခါနီး နားရတော့မဲ့ စိတ်ခံစားမှုလေးဆိုတော့ စိတ်လန်းဆန်းမှုကို ဖြစ်စေတယ်။ ဖြစ်နေကျ ဖီလင်တွေမျိုးတော့ မဟုတ်ဘူးပေါ့။ ထူးခြားနေတယ်။ အရင်နှစ်တွေတုန်းကတော့  သင်္ကြန်ဆိုရင် သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာ များတယ်။ ကားနဲ့လျှောက်လည်တယ်။ မဏ္ဍပ်တွေ ထိုင်ဖြစ်တယ်။ ဒီအလုပ်လုပ်တဲ့အခါ သူငယ်ချင်းတွေကို အချိန်သိပ်မပေးနိုင်တော့ဘူး။ အလုပ်က တနေကုန်ဆိုတဲ့အခါကျတော့လေ။ အလုပ်ဆက်တိုက် လုပ်ဖြစ်နေတဲ့ခါကျတော့ အလုပ်နဲ့ပတ်သတ်တာတွေကို ခေါင်းထဲထည့်ထားပြီး ပြန်စဉ်းစားတာမျိုးတွေပဲ ရှိပါတယ်။ ငယ်ဘ၀အမှတ်တရတုန်းကတော့ မှတ်မှတ်ရရ တစ်နှစ်ရှိခဲ့ဖူးတယ်။ အသက်၁၃နှစ်တုန်းက ဗုံးပေါက်တဲ့နှစ်ပေါ့။ မေမေက စိတ်မချလို့အပြင်ပေးမလွှတ်တော့ စိတ်ကောက်ပြီး သီချင်းနှစ်ပုဒ် ရေးဖြစ်သွားတယ်။ အဲ့ဒါကတော့ စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်နေမိတယ်။ ဒီနှစ်သင်္ကြန်က ဒီမှာပဲရှိရင်ရှိမယ်။ မရှိရင် ခရီးသွားဖြစ်မယ်ထင်တယ်။ မသေချာသေးဘူး။’လို့ သူမက ပြောပါတယ်။