Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, February 3, 2014

တပ်မတော်သားတစ်ဦး မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွား

မော်လမြိုင်ဆေးရုံ အမျိုးသမီး ခွဲစိတ်ဆောင် အခန်း(၁)မှာ ရိုက်ထားတဲ့ မိချို ဓါတ်ပုံပါ။ 

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ၀ါရက်ကျေးရွာ အခြေစိုက် အမှတ်(၃၁၅) အမြောက်တပ်ရင်းမှ ဒုတပ်ကြပ်ရဲလင်းထွန်းက ၂၆/၀၁/၂၀၁၄ ရက်နေ့ မနက်(၂)နာရီ အချိန်မှာ ဝါရက်ကျေးရွာနေ မိချို(အသက်-၃၄-နှစ်)ကို မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

ဇန်န၀ါရီလ(၂၆)ရက်နေ့ မနက်(၂)နာရီ အချိန်မှာ မိချို က တပ်ရင်း တောင်ဘက် ၃ ခြံကျော်က ရော်ဘာခြံမှာ အစေးလှီနေတုန်း ဒုတပ်ကြပ် ရဲလင်းထွန်းက အနောက်ဘက်ကနေ မိချိုကို ဝင်လုံးပြီး ကြံစည်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ မိချိုက ဘာလိုချင်လို့ လူကိုဝင်လုံးတာလဲလို့  မေးပါတယ်။ ရဲလင်းထွန်းက ဘာမှမလိုဘူး လူကိုဘဲ လိုချင်တယ်လို့  ပြောပါတယ်။ အဲဒီမှာမိချို မာယာသုံးပြီး ဘောင်းဘီ ချွတ်ခိုင်းပါတယ်။ ရဲလင်းထွန်း ဘောင်ဘီချွတ်တဲ့ အချိန်မှာ မိချို က ယောကျာင်္တန်ဆာကို ဆွဲညှစ်လိုက်ပြီး သူတပြန် ကိုယ်တပြန် သတ်ပုတ်ခဲ့ကြောင်း သိရပါတယ်။

လုံးထွေး သတ်ပုတ်နေစဉ် မိချိုက ရဲလင်းထွန်းရဲ့ လက်ကို ကိုက်ပါတယ်။ ရဲလင်းထွန်းက နာလွန်လို့ လက်ကိုဆွဲနူတ်တဲ့ အချိန်မှာ မိချိုရဲ့ သွားနှစ်ချောင်း ကျွတ်ထွက်သွားပါတယ်။ ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ ရဲလင်းထွန်က မိချိုကို ရိုက်နှက်ထားလို့ ဦးခေါင်းခွံကွဲ ဒါဏ်ရာ၊ ညာမျက်စိ ဖူးရောင်ဒါဏ်ရာ နှင့် လက်ညိုးပြတ်ရှ ဒါဏ်ရာ ရထားပါတယ်။

ရဲလင်းထွန်းလည်း တန်ဆာဆွဲခံထားရတဲ့ ဒဏ်ကြောင့် ထွက်ပြေးသွားပါတယ်။ မိချိုက ခြံနီနားခြင်းတွေကို အကူညီတောင်းပြီး ဝဲရက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိန်အောင်ဆီ သွားရောက် တိုင်ကြားခဲ့စဉ်မှာ အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးလည်း ရဲကို အကြာင်းကြားပြီး အခင်းဖြစ်နေရာကို သွားကြည့်တဲ့ အခါမှာ တပ်မတော်သား ကတ်တစ်ခုနဲ့ ဆိုင်ကယ်သော့တွေ့လို့ သက်ဆိုင်ရာ တပ်ကို သွားအပ်ခဲ့ပါတယ်။ (အခင်းဖြစ်နေရာကို သွားကြည့်တဲ့အချိန်မှာ သံဖြူဇရပ် မြို့ မ ရဲစခန်မှုးဦးစိုးအောင်နဲ့ နယ်ထိန်းပါ ပါတယ်။)ခုချိန်ထိဘာမှ အကြောင်းမှ မထူးသေးပါဘူး။

ရိုက်နှက်ခံထားရတဲ့ မိချို ကတော့ ဒီနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့ မှာ မော်လမြိုင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲပြောင်း ကုသဖို့ ရန်ကုန်မြို့ ကိုသွားနေပြီ ဖြစ်ပါတယ်။

ဒီအမှုကို ရဲစခန်းမှာ အမှူဖွင့်ထား သလားလို့ မေးတဲ့ အခါမှာ ကာယကံရှင်က ကျေအေးလို့ မဖွင့်ကြောင်း သံဖြူဇရပ်စခန်းမှူးဦးစိုးအောင်က ပြန်ပြောပါတယ်။ မိချိုရဲ့ ခင်ပွန်းက တပ်ရင်းမှူးက အမှုဖွင့်ရင် ကုသဖို့ ပိုက်ဆံမပေးဘူး ပြောလို့ လက်မ နှိပ်ရကြောင်း ပြောပါတယ်။

အမှတ်(၃၁၅)အမြောက်တပ်ရင်းဟာ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာမှာ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရော်ဘာခြံ ဧက(၃၅၀)ကျော်ကို သိမ်းယူပြီး အခြေစိုက်ထားတာ ဖြစ်ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

BY THIT HTOO LWIN

အသက်(၇)အရွယ်မိန်းကလေးတဦး လိင်ပိုင်းဆိုင်ရာအဓမ္မ ပြုကျင့်ခံခဲ့ရ (ရုပ်/သံ)

ရန်ကုန်မြို့ ရွှေပြည်သာ ၁၃ ရပ်ကွက်မှာ အသက် ၇ နှစ် အရွယ် မိန်းကလေးတဦး လိင်ပိုင်းဆိုင်ရာအဓမ္မ ပြုကျင့် ခံခဲ့ရပါတယ်။ ဦးသူရိန်က သတင်းပေးပို့ထားပါတယ်။ DVB

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 

ဆိုင်ကယ်ချိန်းကြိုးနှင့် ထမီစညပ်၍ ပြုတ်ကျသေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဆပ်ချောင်းကျေးရွာနေ မောင်ချို(၃၂)နှစ်မောင်းနှင်ပြီး မင်းကုန်းကျေးရွာနေ ဒေါ်ဌေး(၅၂)နှစ်လိုက်ပါလာသည့် ၃၀ယ/xxxxx ဟွန်ဒါနက်ပြာရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် ဒေါ်ဌေး၏ထမီစနှင့် ဆိုင်ကယ်ချိန်းကြိုးညပ်ပြီး ဒေါ်ဌေးမှာ လမ်းပေါ်သို့ပြုတ်ကျသွားသည်။

ထိုသို့ပြုတ်ကျမှုကြောင့် ဒေါ်ဌေးတွင် ၀ဲ/ယာနားထင် ဖူးရောင်၊ ယာနား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိပြီး သတိလစ်သွားသဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားရာ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မောင်ချိုအား ဘောနတ်ကြီး အမြန်လမ်းရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ကင်ဆာရောဂါ မြန်မာနိုင်ငံကို ခြိမ်းခြောက်နေဆဲ

နှစ်တိုင်းနှစ်တိုင်း မြန်မာအမျိုးသမီး ၃၀ဝ၀ နီးပါးဟာ သားအိမ်ခေါင်း ကင်ဆာနဲ့ အသက်ဆုံး နေရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်တဲ့ ကင်ဆာနှင့် အခြားဆက်နွယ်သော ရောဂါများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဌာနရဲ့ မှတ်တမ်းတွေအရ သားအိမ်ခေါင်းကင်ဆာ ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတွေ ဖြစ်ပါတယ်။

နိုင်ငံတော်က ဉီးစားပေး အနေနဲ့ တိုက်ဖျက်နေတဲ့ ရောဂါတွေစာရင်းမှာ ကူးစက်နိုင်စွမ်း နည်းပါးတဲ့ ကင်ဆာလို ရောဂါဟာ တော်တော်လေး နောက်ကို ရောက်နေပြီး နိုင်ငံတကာက အကူအညီတွေ ကင်ဆာရောဂါအတွက် ပေးတာမျိုးလဲ အတော်လေးကို နည်းနေပါသေးတယ်။

နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ကင်ဆာရောဂါနဲ့ ပက်သက်တဲ့ အချက်အလက်တွေ စုဆောင်းကောက်ယူတာနဲ့ သုတေသန လုပ်ငန်း လုပ်ဆောင်တာတွေ မရှိသလောက် နည်းပါးလာပါတယ်။

သုတေသန နဲ့ စစ်တမ်းကောက်ယူမှုတွေ စံနစ်တကျ မရှိတာဟာ ကင်ဆာရောဂါ တိုက်ဖျက်ရေးရဲ့ အဓိက အားနည်းချက် ဖြစ်နေတယ်လို့ ကနေဒါနိုင်ငံမှာ ခေတ္တ ရောက်ရှိနေတဲ့ မြန်မာ ဆရာဝန် ဒေါက်တာ ယဉ်နွယ်အောင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဆေးရုံတွေထက် အပြင်ဆေးခန်းတွေကို လူနာတွေက သွားတာ ပိုများတဲ့အတွက် တိကျတဲ့ အချက်အလက်တွေ ရရှိဖို့ ပိုခက်ခဲလာတယ်လို့ သူက ဆက်ပြောပါတယ်။

လာမယ့် ဘဏ္ဏာရေးနှစ်မှာ အစိုးရက ကျန်းမာရေး စောင့်ရှောက်မှု အတွက် ငွေပိုသုံးမှာ ဖြစ်ပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲပါ။ စစ်ဆေးရုံတွေကို ဖယ်ထားလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တစ်ခုလုံးမှာ ကင်ဆာ ဓာတ်ရောင်ခြည်ကင်တဲ့စက် လေးလုံးပဲ ရှိပါတယ်။ ရောဂါနဲ့ပက်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကိုလဲ ထိထိရောက်ရောက် မလုပ်နိုင်သေးပါဘူး။ ကင်ဆာဟာ အချိန်မီ သိရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါ ဖြစ်ပေမယ့် ပြည်သူလူထု က ကျန်းမာရေး အသိပညာ မရှိကြတာကြောင့် အသိနောက်ကျပြီး မလိုအပ်ဘဲ အသက်သေဆုံးရတာတွေ မြန်မာပြည်မှာ တော်တော်များများ တွေ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က ကင်ဆာရောဂါနဲ့ ပက်သက်တဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကင်ဆာရောဂါကြောင့် လူသေဆုံးမှု ဟာ အမျိုးသားတွေကြားမှာ တတိယအမြင့်ဆုံး ဖြစ်နေပြီး အမျိုးသမီးတွေကြားမှာ ပဉ္စမနေရာမှာ ရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

DVD Slideshow Builder Deluxe 6.1.13 Full (SlideShow ကောင်းကောင်းပြုလုပ်ချင်သူတွေအတွက်)

မိမိတို့ Photo တွေကို နှစ်သက်ရာသံစဉ်တွေနဲ့ DVD Slideshow ပြုလုပ်ချင်သူတွေ အတွက်တော့ တကယ်ကောင်းမွန်တဲ့ကောင်လေးပါ။ File Size သေးငယ်သလောက် အသုံးပြုရတာလွယ်ကူပြည့်စုံတာကြောင့်လည်း ဝါသနာပါသူတွေအတွက် ထူးထူးခြားခြား  တတ်သိနေစရာမလိုပဲ စိတ်ကြိုက် Slideshow ပြုလုပ်ဖန်တီးနိုင်ကြမှာပါ။ Slideshow ကောင်းကောင်းလိုချင်သူများ အောက်မှာဒေါင်းယူလိုက်ကြပါ..။
More Features..

Background Music
Add songs to set the proper tone of slideshow, and use the built-in trimmer to crop music and add fades.

Text Effects
Set captions to different font, size, style and color, and add shadows or more than 30+ premade text effects.

Red-eye Removal
Click and drag the mouse around the area that needs to repair red-eye, then remove red-eyes with one-click.

Transition Effects
Choose from 125+ 2D/3D transitions, and drag & drop the transition between photos or videos to give a fancy effect.

DVD Menus
Add static or dynamic DVD menu templates for various occasions such as Baby, Wedding, Christmas…

Home page : http://www.wondershare.com/pro/dvd-slideshow-builder-deluxe.html

Sunday, February 2, 2014

မန္တလေးဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမည်

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက် ခံရမှုကို ဘယ်အဖွဲ့အစည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ စုံစမ်းဖော်ထုတ်နေတယ်လို့ သမ္မတပြောခွင့်ရ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ အရင်ကတည်းက တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေး အစီအမံတွေ ရှိထားပြီးဖြစ်ပေမဲ့ အခုလိုဝန်ကြီးချုပ်ကို ဦးတည်ချက်ထား တိုက်ခိုက်ခံတာဟာ ပထမဆုံးဖြစ်လို့ ဘာအကြောင်းရင်းကြောင့်ဆိုတာ သိရှိဖို့ စုံစမ်းနေပြီး ဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေးပိုင်းကို  ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ခရီးစဉ်အတွင်း လိုက်ပါသတင်းယူတဲ့ သတင်းထောက်နှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီးမှာ မိုးကုတ်မြို့ကနေပြန်လာတဲ့ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို ချိန်ပြီးတော့ ချိန်ကိုက်မိုင်းဗုံး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ယာဉ်တန်းကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ဒုတိယပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အဲဒီမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ ဒါပေမယ့် အဲဒါကို လုပ်တဲ့အဖွဲ့အစည်းရယ်၊ ဖြစ်တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဆဲဖြစ်ပါသေးတယ်။ အဲဒါကြောင့် အသေးစိတ်သတင်း အချက်အလက်တော့ မရသေးပါဘူး။ ဒါပေမယ့် အဲဒီနေရာက ရှမ်းပြည်မြောက်ပိုင်းနဲ့ ဆက်နေတဲ့နေရာဖြစ်နေတယ်လေ။ ဘယ်အဖွဲ့တွေ ဖြစ်နိုင်လဲဆိုတာတော့ ကျနော်တို့ ဖော်ထုတ်ဆဲပါပဲ။”

တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေးအစီအစဉ် ဆောင်ရွက် ပေးထားမှုနဲ့ အဲ့ဒီ့လို မန္တလေးတိုင်း ဝန်ကြီးချုပ်ကို တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ အချိန် လုံခြုံရေး ယူထားပေးတဲ့ အနေအထား၊ နောက် လုံခြုံရေးပိုင်းကို စိတ်ချရအောင် စီမံဆောင်ရွက်နိုင်ဖို့ ဘာကြောင့် တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိအောင် အရေးတကြီး စုံစမ်းဖော်ထုတ်နေတာဖြစ်တယ်လို့ ဦးရဲထွဋ်က ရှင်းပြပါတယ်။

“နဂိုရ်မူလကတည်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေး အစီအမံတွေက ရှိပြီးသားပါ။ သူနဲ့သွားတဲ့ ယာဉ်တန်းပေါ်မှာပါတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လိုဟာမျိုးလည်းပါပါတယ်။ ဒီအခြေအနေတွေပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဖော်ထုတ်ဆဲဆိုတာ အဲဒါလေ။ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်အဖွဲ့အစည်းလဲ- ဒါတွေကို ကျနော်တို့ ဖော်ထုတ်ပြီးတော့မှ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလို မိုင်းခွဲတိုက်ခိုက်ခဲ့မှုကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ်ခရီးစဉ် ယာဉ်တန်းနဲ့ အတူ လိုက်ပါလာတဲ့ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက အခုချိန်ထိ မန္တလေး  အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှု ခံယူနေရပြီးတော့ ကျန်နှစ်ဦး ကတော့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် ဆေးရုံကဆင်းသွားပြီလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံ၊ ပြင်ပလူနာကုဌာန တာဝန်ကျ တစ်ဦးကလည်း ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းချိန်မှာ ပြောပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ မန္တလေးဝန်ကြီးချုပ်မှာ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိခဲ့ပါဘူး။ မန္တလေးဝန်ကြီးချုပ်ရဲ့ယာဉ်တန်းတိုက်ခိုက်ခဲ့ရမှုနဲ့ ပတ်သက်တဲ့ သတင်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီးတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်း အချက်အလက်အပြည့်အစုံကို အစိုးရအဖွဲ့အနေနဲ့ မကြာခင် သတင်းထုတ်ပြန် ပေးသွားမှာဖြစ်တယ်လို့လည်း ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“အဲဒီလမ်းကတော့ အခုလည်း ခရီးသည်တင်ကားတွေ သွားနေကြတာလေ။ တိုင်းဒေသကြီးအစိုးရရဲ့ သတင်းအဖွဲ့လည်းပါတယ်။ ဒါပေမယ့် ဒေသခံသတင်းထောက်တွေလည်း ပါတယ်လို့ ပြောတယ်။ ကျနော်ကတော့ အဲဒါတော့ confirm မလုပ်နိုင်ဘူး။ ကျနော်က အတိအကျ မသိရလို့လေ။ နှစ်ယောက်ပါတယ်လို့- ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ သတင်းထောက် တစ်ယောက်ပါတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်က သေချာမသိလို့ပါ။ အဲဒီနေရာမှာ စုံစမ်းဖော်ထုတ်ဆဲဖြစ်ပြီးတော့ ကျနော်လည်း လောလောဆယ် ပြောလို့ မရသေးပါဘူးခင်ဗျ။ ရလို့ရှိရင်တော့ အချက်အလက် အပြည့်အစုံတွေ ထုတ်ပြန်ပေးပါ့မယ်။”

မန္တလေးဝန်ကြီးချုပ်ခရီးစဉ်အတွင်း လိုက်ပါသတင်းယူရင်းနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကတော့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက် ဦးအောင်မင်းဦး (ခေါ်) မန်းကိုကို (ခေါ်) ကိုမန်းကြီးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ပြန်ကြားရေးသတင်းထောက် ဦးဇင်မင်းထွန်းတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး အနည်းငယ် ဒဏ်ရာတွေရခဲ့ကြတယ်လို့  မန္တလေးဒေသခံ သတင်းထောက်တွေက ပြောပါတယ်။ မန္တလေးဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းတိုက်ခိုက်မှုမှာ မန္တလေး သတင်းသမားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့က ဒေသခံ သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ပြောပြတာကတော့-

“မိုးကုတ်ကနေ နောင်ချိုပေါ့၊ လမ်းသစ်ရှိတယ်လေ။ အရင်တုန်းက မိုးကုတ်-မန္တလေး ကားလမ်းမဟုတ်သေးဘူး။ မေမြို့ဘက်မှာဖောက်တဲ့ မိုးကုတ် ကားလမ်းကြီး ရှိတယ်လေ။ ကားလမ်းသစ်ကနေ ပြန်လာတာပေါ့ဗျာ။ နောင်ချိုဘက်ကို ပြန်လာတော့ အဲဒီ မိုးကြိုးပစ်ရွာနားမှာ case ဖြစ်တာ။ သတင်းထောက်နှစ်ယောက်က ကိုအောင်မင်းဦးဆိုတာ မန်းကြီး (ခေါ်) မန်းကိုကို (ခေါ်) ကိုအောင်မင်းဦး။ ရန်ကုန်တိုင်းက။ ဒါပေမယ့် သူက တကယ်တော့ မန္တလေးနေ့စဉ်မှာလည်း ပါတယ်။ မန္တလေးနေ့စဉ်သတင်းစာရဲ့ သတင်းထောက်ချုပ်လည်းဖြစ်တယ်။ အခြေအနေကတော့ လက်သန်းလေးထိတယ်လို့ ပြောပါတယ်။ ကောင်းပါတယ်။ အခြေအနေ ကောင်းပါတယ်။”

အခုလို ဒေသဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ တာဝန်နဲ့ သွားလာနေစဉ်အတွင်း ယာဉ်တန်းကို အချိန်ကိုက် ဗုံးခွဲ တိုက်ခိုက်ခဲ့တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး အခုလိုတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး လုံခြုံရေး တာဝန်ရှိသူတွေဘက်က ပေါက်ကွဲမှုဖြစ်စဉ်ကို အရေးတကြီး စုံစမ်းဖော်ထုတ် နေဆဲ အခြေအနေမှာရှိပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ လမ်းခရီးမှာတော့ ယာဉ်အသွားအလာတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ ဒုပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။

မဆုမွန် (ဗွီအိုအေ)

ရာဇာမင်း ခရီးသည်တင်မှန်လုံကား တိမ်းမှောက်၍ ခရီးသည်(၇)ဦးဒဏ်ရာရ

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီ အချိန်တွင် မြ၀တီ -ကော့ကရိတ် ကားလမ်း၊ တောင်ပေါ်လမ်း တွင် ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်(၁)စီးတိမ်းမှောက်ကြောင်း သတင်းရရှိ၍ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းထွန်း၊ တပ်ကြပ်ကြီး အောင်စိန်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃၀ နေ့လည် ၁၂း၃၀ အချိန်ခန့်တွင် ယာဉ်မောင်း စိုးမောင်(၄၉)နှစ်(ဘ)ဦးတင်အေး၊ ဗမာ/ဗုဒ္ဓ ဘဏ် ရိပ်သာရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း နေသူသည် ၈ဈ/……… ရာဇာမင်းခရီးသည် တင်မှန်လုံ ယာဉ်အား မြ၀တီမှ ရန်ကုန်သို့သွားရန် ခရီးသည် ၂၇ဦး၊ သံဃာ ၂ပါး၊ နိုင်ငံခြားသား ၂ဦး တို့ကို တင် ဆောင် မောင်းနှင်လာစဉ် မြ၀တီ-ကော့ကရိတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၈၂/၁ နှင့် ၈၂/၂ ကြားအရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ညာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ခရီးသည်များမှ မဖြိုးအိအောင်(၁၉)နှစ်၊ မျိုးကို(၂၄) နှစ်၊ ဒေါ်စိုးစိုးကြည် (၅၈)နှစ်၊ ဒေါ်ရင်ရင်(၆၃)နှစ်၊ ကိုစိုးနိုင်(၄၂)နှစ်၊ အရှင်ဦးဆန္ဒ(၃၀)နှစ် တို့ ဒဏ်ရာ အသီးသီး (မစိုးရိမ်ရ) ရရှိ၍ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိပြီး ကျန်ခရီးသည်များမှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိပေ။

သို့ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် ခရီးသည်များ ဒဏ်ရာရရှိခဲ့၍ ယာဉ်မောင်းစိုးနိုင်အား ဥပဒေအရ အရေးယူ ပေးပါရန် ဒုရဲအုပ်မျိုးမင်းထွန်းမှ တရားလိုပြု တိုင်တန်း ခဲ့သဖြင့် ကော့ကရိတ်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက် လျက်ရှိကြေင်း သိရှိရပါသည်။

MOI Webportal Myanmar

လိုင်စင်မဲ့ဆိုင်ကယ်များ တရားဝင်လိုင်စင် ပြုလုပ်ပေးဖွယ်ရှိ

တရားမ၀င် တင်သွင်းပြီး စီးနင်းအသုံးပြုနေသည့် ဆိုင်ကယ်များကို အခွန်ပေးဆောင်သော တရားဝင်လိုင်စင်များ ချထားခွင့်ပြုပေးဖွယ်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

““လုပ်နိုင်ခြေတော့ရှိတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ တရားဝင် ဘာမှတိတိကျကျညွှန်ကြားလာတာမျိုးမရှိသေးဘူး””ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဦးက မော်တော်ဆိုင်ကယ်များ လိုင်စင်ချထားနိုင်မှုရှိ၊ မရှိနှင့် ပတ်သက်၍ ပြောသည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် တပ်ဆင်ထုတ်လုပ်ပြီး တရားဝင်အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ ပြည်တွင်းတွင် စီးနင်းအသုံးပြုနေသော ဆိုင်ကယ်များကို လာမည့် ဖေဖော်ဝါရီ တတိယပတ်အတွင်း တရားဝင်လိုင်စင်များ ချထားပေးမည်ဟု လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းစီမံချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကြားသိရခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ဆိုင်ကယ်များကို အခွန်ငွေ ပေးဆောင်စေကာ တရားဝင် လိုင်စင်ချထားပေးခြင်းဖြင့် သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည် နယ်များအတွက် ဘဏ္ဍာငွေရရှိ စေမည်ဖြစ်သည်။ ထို့အပြင် တရားဝင်မှတ်ပုံတင်ချပေးသည့်အတွက် ယာဉ်တိုက်မှုဖြစ်ပွားခြင်းနှင့် အရေးယူရန်လိုအပ်သည့်ကိစ္စရပ်များတွင် စနစ်တကျဖြစ်လာနိုင်မည်ဟု ဦးသိန်းဦးက ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ဆိုင်ကယ်အရေအတွက် နှစ်သောင်းကျော်ခန့် ကျန်ရှိနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်။ လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးခြင်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အ တွင်း (၇)ကြိမ် ပြုလုပ်ပေးခဲ့သည်။ လိုင်စင်များ ချထားပေးမည်ဟူသော သတင်းကြောင့် မန္တလေးမြို့ဈေးကွက်တွင် ထိုင်းနိုင်ငံလုပ် မော်ဒယ်မြင့်ဆိုင်ကယ်အချို့ အရောင်းအ၀ယ်အေးသွားပြီး တရုတ်နိုင်ငံထုတ် လိုင်စင်မဲ့ဆိုင်ကယ်များမှာမူ ရက်ပိုင်းအတွင်း သိသာစွာခေါ်ဈေးမြင့်ကာ အရောင်းအ၀ယ်ဖြစ်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက်မှ သတင်းရရှိသည်။

ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးလျှင် ဆိုင်ကယ်ဈေးနှုန်းကျဆင်းခြင်းနှင့် ပြည်သူလူထုအဆင်ပြေစေနိုင်သော်လည်း တရားဝင်အခွန်ဆောင်ကာ ပြခန်းဖွင့်လှစ်ရောင်းချနေသည့် ကုမ္ပဏီများမှာ အနည်းငယ်ဆုံးရှုံးမှုရှိနိုင်ကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

Author: မောင်တာ
7day Daily

လာမည့် ၂၀၃၀ ပြည်နှစ် အတွင်း မြစ်ဆုံ အနီးတစ်ဝိုက် တွင် ကြီးမားသော ငလျင် တစ်ခု ဖြစ်ပေါ်နိုင်

၁၉၃၀ ပြည့်နှစ် နောက်ပိုင်း ကြီးမား သည့် ငလျင် လှုပ်ခတ်မှု မရှိခဲ့ သောကြောင့် လာမည့် ၂၀၃၀ ပြည့် နှစ် အတွင်း မြစ်ဆုံ အနီး တစ်ဝိုက် တွင် အင်အား ကြီးမား သည့် ငလျင် တစ်ခု ဖြစ်ပေါ် လာ နိုင်ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း က ပြော သည်။

၁၉၃၀ နှစ် မှာ နှစ်တစ်ရာ ပြည့်ခဲ့ တယ်။ အဲဒီတုန်း က ရစ်ချက် တာစကေး ၇ ဒသမ ၅ အင်အား ရှိတဲ့ ငလျင် လှုပ်ရမှာကို မလှုပ်ခဲ့ဘူး။ အချိန်ကြာလာတာနဲ့အမျှ အန္တရာယ် ပိုများလေပဲ။ အင်အား က ၈ လောက်ဖြစ် သွား မယ်။ နှစ် ၂၀၀ ပြည့်မယ့် ၂၀၃၀ မှာ မြစ်ဆုံ နဲ့ အနီးဆုံး အပိုင်း တွေမှာ လှုပ်မယ် ဆိုရင် သူတို့က ဘေး အန္တရာယ် ပိုကြီးတယ်””ဟု ဦးစိုးသူရထွန်းက ပြော သည်။ လက်ရှိတွင် ငလျင်အင်အားပမာဏ ၇ မှ ၇ ဒသမ ၅ အထိ လှုပ်နိုင်သည့် အပိုင်း ၁၀ ပိုင်းနီးပါးရှိရာ အချို့ငလျင်ကြီး များသည် နှစ် ၁၀၀ မှ နှစ် ၁၃၀ ပတ်ဝန်းကျင် အ တွင်း လှုပ်ခတ် ခဲ့ကြောင်း သိရသည်။ မြန်မာ နိုင်ငံ တောင်ဘက်ခြမ်း ရှိ ငလျင် များသည် ၁၉၃၀ ပြည့်နှစ် နောက် ပိုင်း မလှုပ် တော့ဘဲ ၁၉၃၀ ပြည့်နှစ်တွင် ပဲခူး၌ ရစ်ချက်တာစကေး ၇ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ် ခဲ့ ကြောင်း သိရသည်။ သို့သော် မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းတွင် ၁၉၅၆ ခုနှစ်၌ လှုပ်ခတ်ခဲ့ရာ အပျက်အစီး အ ဆုံး အရှုံးနှင့် အသေအပျောက်များခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခဲ့ရင် အခြေအနေ သုံး မျိုး ရှိတယ်။ ငလျင် လှိုင်းတွေကြောင့် ဆည်၊ တာ တမံတွေကို ထိခိုက်မှာရှိတယ်။ ငလျင် လှုပ်တဲ့ အခါ ရေတွေကပါ ရွေ့ပြီးတော့ ပျက်စီးမယ်။ ကြေမွလွယ်တဲ့ ကျောက်တွေရှိတယ်။ တောင် တန်းတွေ ပြိုကျတဲ့အခါ ရေကို မထိန်းနိုင်တော့ ဘဲ လျှံကျပြီး တာတွေကျိုးသွားနိုင်တယ်”” ဟု ဦးစိုးသူရထွန်းက ပြောသည်။

အေဒီ ၁၁၂၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် ကြား ကာလတွင် မြေငလျင်ဒဏ် များ၏ မှတ်တမ်း များကို သုတေ သန ပြုခြင်းများ၊ သိပ္ပံနည်းပညာ ဆိုင်ရာ စာရင်းတွက်ချက်ပါက မြစ်ဆုံ ဆည် အထိ အနီးဆုံး လှုပ်ရှား မှုရှိသော အက် ကြောင်းသည် ၇၇ ကီလိုမီတာ ခန့်ရှိကြောင်း CPI ကုမ္ပဏီမှ ပြုလုပ်ထားသည့် မြစ်ဆုံ ဆည်ကြီး၏ မြေင လျင်ဒဏ်ခံ နိုင်စွမ်းစစ်တမ်း အရ သိရသည်။ အဆိုပါ ဆည်ကြီးအနီး၌ မြေငလျင်လှုပ်ရှားမှု အဆင့်သည် ၇ ဒီဂ ရီသာ ရှိပြီး ဆည်ကြီးအား မြေငလျင် ဒဏ် ခံနိုင်ရန် ၉ ဒီဂရီအဆင့်ရှိအောင် တည်ဆောက်ထား ကြောင်း အဆို ပါ စစ်တမ်းအရ သိရသည်။

Messenger News Journal

တစ်လ အတွင်း အမြန်လမ်း ၌ ယာဉ်တိုက်မှု (၂၃ ) မှု ဖြစ်ပွား၊ ဆယ်ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း ၌ ဇန်န၀ါရီ လ တွင် ယာဉ်တိုက် မှု (၂၃) မှု ဖြစ်ပွား ခဲ့ပြီး၊ (၁၀) ဦး သေ ဆုံး ကာ (၃၇) ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့  မှ သိရသည်။

အမြန်လမ်းမှာက အကွေ့တွေနဲ့ နေပူ တဲ့အချိန်မှာ မောင်းတော့ တာယာ က ပွတ် တိုက်မှုများပြီး၊ ဘီး ပေါက် ပြီးဖြစ်တာတွေ များတယ်။ ဒီလက အရင်လကထက်များ တယ်။ အရင်လ က လေးဦးပဲ သေတယ်။ ဒီလ က(၁၀) ဦးအထိသေဆုံးခဲ့တယ်””ဟု အမြန် လမ်းရဲတပ်ဖွဲ့ မှ ဒုရဲအုပ် ဒေါ်စန်းစန်းလှိုင်က ပြောသည်။အဆိုပါ အမြန်လမ်းတွင် သတ်မှတ် မိုင်နှုန်းထက် ပိုမမောင်းရန် သတိပေးတား မြစ်ထားသော်လည်း ယာဉ်မောင်း သူများ မှာ တစ်နာရီ ကီလိုတစ်ရာထက်ကျော်လွန်၍ မောင်းနှင်မှုများရှိနေကြောင်း၊ အဆိုပါ အရှိန် ပို၍ မောင်းနှင်သော ယာဉ်မောင်းများကို အရှိန် နှုန်းတိုင်းကိရိယာဖြင့် ဖမ်းဆီးခဲ့ရာ အမှုပေါင်း ငါးထောင် နီးပါး ရှိနေပြီဖြစ်ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့ ၏ စာရင်းများအရ သိရသည်။ အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ လျော့နည်းအောင်ဆိုပြီး၊ ကတ္တရာလမ်းတွေ လည်းစခင်းနေပါပြီ။ ယာဉ်တိုက်မှုဖြစ်ရင် လမ်းကြောင့်လို့ပြောကြတာများတယ်။ အဓိက က ယာဉ်မောင်းတဲ့သူပဲ။ လမ်းကြောင့် မဟုတ်ဘူး။ တစ်စီးကိုတစ်စီး ကျော်တက်တဲ့ နေရာတွေနဲ့ ယာဉ်မောင်း တဲ့ အချိန်မှာ အိပ် ငိုက်တာ တွေ ကြောင့် လည်း ယာဉ်တိုက်မှု တွေ မကြာခဏ ဖြစ် တာကို တွေ့ရတယ်””ဟု ဒေါ်စန်းစန်းလှိုင်က ဆက်လက်ပြောကြား သည်။

အမြန်လမ်း၌ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ယာဉ် တိုက်မှု ပေါင်း (၂၂) မှုဖြစ်ပွား ခဲ့ပြီး၊ သေဆုံးမှု (၄) ဦးနှင့် ဒဏ်ရာရသူ(၄၇) ဦး ရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ယာဉ် တိုက်မှုပေါင်း (၂၃) မှုဖြစ်ပွားခဲ့ပြီး (၁၀) ဦး၊ သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ (၃၇) ဦးအထိ ရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့  ၏ စာရင်းများ အရ သိရ သည်။ ထို့အပြင် အမြန် လမ်း ၌ ယာဉ်တိုက်မှုဖြစ်ပေါ်ပါက အမြန်လမ်း ရဲတပ်ဖွဲ့  ၊ ဖုန်း ၀၉၄၂၀၈၈၈၈ သို့ ဆက် သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။