Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, January 30, 2014

မည်သည့်နိုင်ငံရေး သမားကိုမှ ဂရုစိုက်စရာမလို အစိုးရကို ဆန့် ကျင်ပါက ထောင်ထဲပို့ မည်ဟု ပြည်ထောင်စုဝန်ကြီးဆို

ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ ရှင်းတယ်နော် ကျွန်တော်ပြောတာ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား မင်းအချုပ်ထဲနေ ငါတို့အစိုးရထွက်ရင် မင်းထွက်၊ ဒါပဲ ... ... ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ် ... ... ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ ... ... ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှလုပ်မပေးဘူး တိုင်ချင်တဲ့နေရာတိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော်မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ ရှင်းတယ်နော် ...

[မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့် မိန့်ခွန်း ကောက်နုတ်ချက်]

[ယနေ့ထုတ် Unity Weekly News ဂျာနယ်မှ ကောက်နုတ်ဖော်ပြသည်]

မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ

 မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌ ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်-အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ ၀ယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များကို “ (၂၅၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရမ်ပူရပ်ကွက်နေ မတူး(ဘအမည်၊အသက်၊နေရပ်လိပ်စာ) စီစစ်ဆဲမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် ၀တ်ဆင်နေတာကို တွေ့ရှိရသဖြင့် ရွှေညောင်ပင်ရပ်ကွက်မှ မြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးတင်မြင့်၊ ဦးသန်းရွှေ၊ ဦးဝင်းနိုင်၊ ဦးလွှမ်းမိုးတို့ထံသို့ အကြောင်းကြားပြီး အဆိုပါ ပါတိတ်လုံချည်(ချုပ်ပြီးသား)ကို အပ်နှံခဲ့ပါတယ်၊

(၂၆၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၀ နာရီအချိန် ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်မာယာ(အဘအမည်၊ အသက်၊ နေရပ်လိပ်စာ)စီစစ်ဆဲထံမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်နှစ်ထည် တွေ့ရှိသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ ၀ယ်ယူသိမ်းဆည်းခဲ့ပါတယ်။

(၂၇၊၁၊၂၀၁၄)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒေါ်စိန်စိန်လှ (၅၇)နှစ်၊ (ဘ) ဦးကြူးချန်း၊ ၁/မကန(နိုင်)၀၉၇၄၀၇၊ ဗမာ၊ဗုဒ္ဓ၊ ရမ်ပူရပ်ကွက်နေသူမှ ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်အေးမူ၏ အထည်ဆိုင်တွင် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်များ တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုရာ ဒေါ်အေးမူမှ ၉၆၉ တံဆိပ်ရိုက် ပါတိတ်လုံချည် (၅)ထည်နဲ့ ဒေါ်စိန်စိန်လှကလည်း ချုပ်ပြီးသား ပါတိတ်လုံချည် (၂) ထည်အား ဦးတင်မြင့်ထံ အပ်နှံခဲ့ပါတယ်။

ရွှေညောင်ပင်ရပ်ကွက်မှ ဦးတင်မြင့်နှင့်အဖွဲ့သည် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် (၁၀)ထည် တွေ့ရှိမှုနှင့် ပက်သက်၍ မြစ်ကြီးနားမြို့နယ်၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရထံ လျှောက်ထားတင်ပြခဲ့တာဖြစ်တယ်၊ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူပေါင်းကာ မြစ်ကြီးနားမြို့အတွင်း ဆက်လက်ရှာဖွေသွားမယ်”လို့ မြို့နယ်-မဘသ အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

ဧရာဝတီမြစ်ဖျားဆီက

ကျိုင်းတုံ၌ (၁၂) ဘီးယာဉ်နှင့် ဆိုင်ကယ်ချိတ်မိ သူနာပြုဆရာမတစ်ဦးသဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး စေတနာမြင့် ပုဂ္ဂလိက ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၃၀) ရက် နံနက်(၇)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဖရံလုံ ကျေးရွာနေ စေတနာမြင့် ပုဂ္ဂလိက ဆေးရုံ၌ တာဝန်ထမ်း ဆောင်သူ သူနာပြုဆရာမ မဧနွေလှ (၂၄)နှစ် သည် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက် သို့ ANBO အမျိုးအစား ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် ဘိလပ်မြေများတင်ဆောင်၍ ယာဉ်မောင်း ခွန်မောင်သာ (၃၃)နှစ် မောင်းနှင်သော (၁၂)ဘီး ယာဉ်အမှတ် YNG 5F/6983 မစ်ဆူဘီရှီဖူဆို အမျိုးအစားသည် အမှတ်(၁)ရပ်ကွက်၊ တပ်နယ်မှူး ရုံးရှေ့ အနီးအရောက်တွင် မဧနွေလှ၏ ဆိုင်ကယ်ကို ကျော်တက်စဉ် ကားဖြင့် ချိတ်မိကာ မဧနွေလှ၏ ဦးခေါင်းကို ယာဉ်ယာဘက် နောက်ဘီးနှင့် ကြိတ်မိ၍ ဦးခေါင်းခွံရိုးကွဲထွက်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းနေရာ တွင် သေဆုံးသွားသည်။

ယာဉ်အား မဆင်မခြင် ကျော်တက်မောင်းနှင်ပြီး ဆိုင်ကယ်ဖြင့် တိုက်မိကာ အခြားသူများအား သေဆုံးစေခဲ့သော ပြစ်မှု ကျူးလွန်သူ ယာဉ်မောင်းခွန်မောင်သာအား ကျိုင်းတုံရဲစခန်းမှ ယာဉ်(ပ) ၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ - က အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

NetGuide Vol 3 No 21

NetGuide ဂျာနယ်ကိုဖတ်ခြင်တဲ့မိတ်ဆွေများအတွက်
Vol 3 No 21 ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ. အောက်မှာ
ဒေါင်းယူပီးဖတ်နိုင်ပါတယ်နော်.

RoboCop™ v1.0.4 [Money Mod] ( for Android )

unnamed

Robocop ဆိုအားလုံးသိပီးသားဖြစ်မှာပါခင်ဗျာ.
ဒီကောင်လေးကပိုက်ပိုက်ခိုးပီးသားပါနော်.
အောက်မှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ.

Apk ကို  Install လုပ်ပါ ။ obb ဖိုင်ကို Android >>> Obb ထဲထည့်ပေးပါ ။
Obb ဖိုင်မရှိရင် ကိုယ့်ဘာသာဆောက်လိုက်ပါ ။

DOWNLOAD

မြန်မာနိုင်ငံ ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာ ဥပဒေ)

ဥပဒေ နဲ့ပါတ်သတ်လို့စိတ်ဝင်စားတဲ့မိတ်ဆွေများအတွက်
စာအုပ်ကောင်းလေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ. ဒီစာအုပ်
ကိုလူတိုင်းဖတ်သင့်တယ်လို့ယူဆပါတယ်နော်. အောက်မှာ
ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ...

DOWNLOAD

Buddhism Buddha Live Wallpaper ( for Android )

ဒီတစ်ခါ ရွှေမြန်မာတွေအတွက် ဆော့ဖ်ဝဲကောင်းလေး
လက်ဆောင်ပေးလိုက်ပါခင်ဗျာ. ကျွန်တော်တို့ မြတ်စွာဘုရား
ရဲ့ LiveWallpaper လေးကိုပြန်ပီး share ပေးလိုက်ပါတယ်နော်.
မိမိတို့ရဲ့ဖုန်းထဲမှာ ကြက်သရေမင်္ဂလာရှိစွာနဲ့မြင်တွေ့နိုင်ဖို့
အားလုံးပဲအောက်မှာဒေါင်းပီးယူနိုင်ပါတယ်ခင်ဗျာ. 

DOWNLOAD

Alien shooter ( for Android )

ဒီဂိမ်းလေးကတော့ရင်းနှီးပီးသားဂိမ်းလေးပါနော်.. PC 
မှာကစားရတာတော်တော်လေးလန်းတဲ့ဂိမ်းလေးပါ.. 
အခု Android phone တွေအတွက် ဂိမ်းလေးပါ. 
အောက်မှာဒေါင်းပီးကစားကြည့်နိုင်ပါတယ်ခင်ဗျာ.
Screenshots of the Alien shooter for Android tablet, phone.

Special Force Sniper ( for Android )

ပစ်တာခတ်တာဝါသနာပါတဲ့မိတ်ဆွေများအတွက်
shoter ဂိမ်လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ.
Special force Sniper လေးပါ..  စိတ်ဝင်စားရင်
အောက်မှာဒေါင်းပီးကစားကြည့်လိုက်ကြရအောင်ဗျာ.

DOWNLOAD

Highway Crash: Derby ( for Android )

Screenshots of the Highway Crash: Derby for Android tablet, phone.

ကားမောင်းပြိုင်တာဝါသနာပါတဲ့မိတ်ဆွေများအတွက်
အလန်းဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်နော်.