ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၄)
ဒေါက်တာနိုင်ဇော်မှာကား
မြန်မာနိုင်ငံမှာကတည်းက လိုင်စင်နှင့်ကိုင်သော သေနတ်တစ်လက် ရှိရာ ကျန် ၎
လက်သာ ၀ယ်ရလေသည် ။ ကျွန်ုပ်ကား ခြောက်တောင့်သာ ပစ်ခွင့်ရသော
ခြောက်လုံးပြူးသေနတ်ကိုကား အား မရ၍ နှစ်သက်လှခြင်းမရှိပေ ။ ထို့ကြောင့်
Cape Town တွင် ယခုမှ အသစ်ပေါ်သော ၁ တောင်သာသာခန့်ရှိ ကျည်အတွဲလိုက်ပစ်၍
ရသော အူဇီစတိုင်နှင့် လိုအပ်လျှင် စနိုက်ဘာကဲ့သို့ Zoom ဆွဲ၍ ပစ်လို့ရသော
သေနတ်တစ်မျိုးအား ၀ယ်ခဲ့လေသည် ။ သီတာ ၊ ထွန်းလူ နှင့် ညိုမောင်တို့ အတွက်
မူကား ၄င်းတို့ နှစ်သက်သော သေနတ်တစ်လက်ဆီ ရွေးချယ်ကာ ၀ယ်ယူခဲ့ကြလေသည် ။
ထိုနေ့မှစ၍ Cape Town မြို့ရှိ သေနတ် ပစ်လေ့ကျင့်ရေးကွင်းသို့
သွားကာလေ့ကျင့်ကြလေသည် ။ ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်မှာမူ
အပွဲပွဲနွှဲလာဖူး၍ မခက်ခဲလှသော်လည်း ညိုမောင်နှင့် ထွန်းလူတို့မှာမူ
အပြင်းအထန်လေ့ကျင့်ရလေသည် ။ ထိုအတောအတွင်း ကျွန်ုပ်တို့မှာ Ghost City
နှင့်ပတ်သတ်၍ သတင်းများ စုံစမ်းကြရာ ရေရေရာရာ တိတိကျကျ မသိရပေ ။ လူသူအ
သွားအလာနည်းသကဲ့သို့ Ghost City ဆိုသော အသံကြားလျှင်
အချို့အာဖရိကသားများမှာ တီကောင် ကို ဆားနှင့်ပက်သကဲ့သို့
ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့သွားကြလေတော့သည် ။
သို့နှင့်
ကျွန်ုပ်တို့လည်း ဆက်လက်စုံစမ်းမနေကြတော့ပဲ ကားငှားရန်အတွက်
ညနေစောင်းတစ်ခုတွင် Cape Town ရှိ Club Bar တစ်ခုသို့ ထွက်ခဲ့ကြလေတော့သည် ။
ဘားအတွင်းသို့ရောက်၍ စုံစမ်းသောအခါ ကောင် တာမှလူက ထောင့်ကျကျတွင်
ထိုင်နေသော လူတစ်ယောက်အား ညွှန်ပြလိုက်သောအခါ ကျွန်ုပ်နှင့် ဒေါက်တာ
နိုင်ဇော်မှာ ထိုလူဆီသို့ သွားခဲ့ကြလေတော့သည် ။
" မင်္ဂလာ ညနေခင်းပါမိတ်ဆွေ "
" မင်္ဂလာပါခင်ဗျာ "
" ကျွန်တော်တို့ ၂ ယောက်ကို ထိုင်ခွင့်ပြုပါခင်ဗျာ "
" ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ "
" ဒီလိုပါခင်ဗျာ ကျွန်တော်တို့ ကားတစ်စီးငှားဖို့ စုံစမ်းတော့ ကောင်တာက ခင်ဗျားဆီကို လမ်းညွှန်လိုက်လို့ပါ "
" ဟုတ်ပါတယ် ကျွန်တော့်နာမည် Willian လို့ခေါ်ပါတယ် ဒါနဲ့ မိတ်ဆွေ တို့က ဘယ်လို ကားမျိုးငှား ချင်တာ လည်း "
" လူငါးယောက်လောက်ဆန့်တဲ့ ဂျစ်ကားလောက်ဆိုရပါပြီ "
" ဘယ်ကိုသွားမှာလည်းခင်ဗျာ "
" Ghost City "
" ဗျာ "
Willian မှာ ထိုတစ်ခွန်းသာ ပြန်ပြောနိုင်ပြီး ကျွန်ုပ်တို့ ၂ ဦးအား ထူးဆန်းအံ့သြဟန်ဖြင့် စူးစိုက်ကြည့် နေလေ သည် ။
" ခင်ဗျားတို့ ၂ ယောက်က Ghost City ကို ဘာကိစ္စနဲ့သွားချင်ရတာလည်း "
" အင်းဖိတ်ခေါ်မှုတစ်ခုနဲ့ လေ့လာရေးဆိုပါတော့ "
Willian ကား ရှေ့မှ အရက်ခွက်အား မော့လိုက်ပြီး တုန်လှုပ်နေသော စိတ်အား ဖြေဖျောက်နေဟန်ရှိလေသည် ။
ပြီးမှ ၄င်းကထိတ်လန့်သောလေသံဖြင့်
"
ဒီမယ် ခင်ဗျားတို့ ၂ယောက် Ghost City အကြောင်းမသိကြသေးဘူးနဲ့တူတယ်
အဲဒီမြို့ဟာ တကယ်တော့ မကောင်း ဆိုးဝါး သရဲတစ္ဆေတွေနေတဲ့မြို့ဗျ
မြို့နဲ့တောင်မတူပဲ သုဿတစပြင်လိုပဲ အဲဒီမြို့ကသက်ရှိတွေဟာ လူရဲ့သွေးကို
သောက်သုံးရမှ အသက်ရှင်တယ်လို့ကြားဖူးတာပဲ စူးစမ်းပြီးသွားကြတဲ့
လူတွေလည်းတစ်ယောက်မှ ပြန်ရောက် မလာခဲ့ဘူး ဒီတော့ ခင်ဗျားတို့လည်း
အဲဒီမြို့ကိုတော့ မသွားပါနဲ့ဗျာ တခြားနေရာဆို ကြိုက်တဲ့ နေရာကိုပြောပါ
ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ် "
ဟုပြောလေသည် ။
ကျွန်ုပ်တို့ ၂ ဦးလည်း Ghost City ၏ လျှို့ဝှက်ချက်အား တစွန်းတစ
အရိပ်အယောင်သိရပြီမို့ လွန်စွာ ကျေနပ် ၀မ်းမြောက်သွားကြလေတော့သည် ။
ထို့နောက် ကျွန်ုပ်က
" ရပါတယ်ဗျာ ဘယ်လောက်အန္တရာယ်များများ ကျွန်တော်တို့မှာ ကြောက်တတ်တဲ့သွေးမပါပါဘူး ကျွန်တော်
တို့က မြန်မာလူမျိုးတွေပါ ခင်ဗျားသာ ကားငှားနိုင်မငှားနိုင်သာပြောပါ "
ထိုအခါ Willian မှာ လွန်စွာ အံ့သြသွားပြီး
"
အော် မြန်မာလူမျိုးကိုး ခင်ဗျားဆို့ မြန်မာတွေဟာ တယ်လည်းသတ္တိကောင်းကြသကိုး
အန္တရာယ်များ တဲ့နေ ရာကို တောင်သွားပြီး စူးစမ်းချင်ကြတယ် ကောင်းပြီလေ
ကျုပ်ကလည်း မြန်မာလူမျိုးတွေရဲ့စိတ်ဓါတ်ကို ကြား သိထားလေတော့
ခင်ဗျားတို့ရဲ့ ခရီးကို မဖျက်တော့ပါဘူး ။ ကျုပ်ကူညီနိုင်တာ တစ်ခုရှိတယ် ဒီ
Cape Town ကနေ မိုင် ၇၀ ထိတော့ ကျုပ်ရဲ့ဂျစ်ကားနဲ့လိုက်ပို့ပေးပါ့မယ်
အဲဒီဟိုဖက်တော့လမ်းက တအားကြမ်းပြီး ဖုန်းဆိုး မြေဖြစ်တဲ့အတွက် ဘယ်လိုမှ
ကားဆက်သွားလို့ မဖြစ်တော့ဘူး ။ အဲဒီမှာ ဘူတာရုံဟောင်းနဲ့ ရထားပျက်
တွေရှိတယ် ။ အဲဒီရထားလမ်းဟောင်းတွေကနေ ဆက်သွားရင် Ghost City
ကိုရောက်နိုင်ပါတယ် .. ကဲ ကျုပ်က တော့ ဒီလောက်ပဲ ကူညီနိုင်မယ်
ဒါတောင်ခင်ဗျားတို့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ကြိုက်လွန်းလို့ပါ
..ကဲကျုပ် ကို ခွင့်ပြုပါဦး ခင်ဗျားတို့ ခရီးထွက်မယ်ဆိုရင် သဘက်ခါနေ့လည်
ကျုပ် ဒီနေရာကနေစောင့်နေမယ် "
ဟု ဆိုကာ Willan မှာ ဦးထုပ်ကို
ခပ်ငိုက်ငိုက်ဆောင်းကာ ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည် ။ ကျွန်ုပ်တို့
လည်း တည်းခိုရာနေရာသို့ ပြန်လာပြီး အကျိုးအကြောင်းအား အဖွဲ့သားများအား
ပြောပြပြီးနောက် သဘက်ခါ ခရီးအတွက် အသေးစိတ်တိုင်ပင်ကြလေသည် ။ သို့နှင့်
နောက်တစ်နေ့ရောက်သောအခါ ကျွန်ုပ်တို့ လည်း လိုအပ်မည်ဟု ထင်ရသော
ရိက္ခာခြောက်နှင့် အခြားပစ္စည်းများအား ၀ယ်ယူရန်အတွက် ညနေခင်း အချိန်တွင်
ဈေးသို့ ထွက်ခဲ့ကြလေသည် ။ သီတာ ၊ ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်တို့ ၃
ဦးမှာ ဈေးထဲတွင် ပစ္စည်းများ ၀ယ်ရင်း လူစည်ကားနေခိုက်
ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်က တစ်လမ်း ၊ သီတာနှင့် လမ်းကွဲသွား
လေတော့သည် ။ ကျွန်ုပ်မှာ လွန်စွာ စိုးရိမ်ပူပန်သွားကာ
ကိုယ့်မြေကိုယ့်ရေမဟုတ်သော ဒေသတွင် မြန်မာမိန်းမ ပျိုလေးအတွက်
စိုးရိမ်မိလေတော့သည် ။ ဒေါက်နိုင်ဇော်ကား ညီမ၀မ်းကွဲအား လွန်စွာ
စိတ်ချယုံကြည် နေဟန်ရှိကာ စိုးရိမ်မှု လုံးဝမရှိပဲ မျက်နှာမှာ
တည်ငြိမ်လျှက်ရှိသည် ။ ကျွန်ုပ်မှာ ဒေါက်တာနိုင်ဇော်၏ သွေးအေး မှုကို
သိပြီးဖြစ်၍ သီတာကိုသာ ဈေးအတွင်း လိုက်လံရှာဖွေနေမိတော့သည်။
အတော်အတန်
ရှာဖွေနေ ပြီးသည်နှင့် လမ်းကြားတစ်ခုအတွင်းသို့ ရောက်သွားလေတော့သည် ။
မြင်ကွင်းကား စိုးရိမ်ဖွယ်ရာ အပြည့်ပင် ။ လမ်းကား ကျဉ်းမြောင်းလှပြီး
သီတာအရှေ့တွင် ပိတ်ကား အရက်မူးရူးနေဟန်ရှိသော လူရမ်းကား ၃ ယောက် ။
အရက်ခိုးဝေေ၀နှင့် ဘောင်းဘီကျပ်ကျပ်နှင့် လှပနေသော သီတာအား မျက်လုံး
ကျွတ်မတတ်စိုက်ကြည့်နေကာ သီတာအား ၀ိုင်းရံလိုက်ပေသည် ။ ကျွန်ုပ်က
ပြေး၍သွားမည်အပြုတွင် ဒေါက်တာ နိုင်ဇော်က ကျွန်ုပ်အား လှမ်းဆွဲလိုက်ပြီး
"
ထားလိုက်ပါ ကိုသက်တန့် Ghost City မှာ ဒီထက်မကတဲ့
အန္တရာယ်တွေကြုံတွေ့ရမှာပါ ဒီဟာလောက်ကတော့ ထမင်းစားသလောက်ပဲ ရှိမှာပဲ သီတာက
ဘယ်လိုမိန်းကလေးမျိုးလည်း ဆိုတာ မကြာခင်တွေ့ရမှာပါ "
ဟုပြောလေသည် ။
ဒေါက်တာနိုင်ဇော် တားထား၍သာ ကျွန်ုပ်မှာ မသွားရသော်လည်း သီတာအတွက်မှု
စိုးရိမ်ပူ ပန်မှုက လျော့ပါးသွားခြင်းမရှိပေ ။ လူရမ်းကား ၃ ဦးကား သီတာနှင့်
နီးသထက် နီးလာပေပြီ ။
အပိုင်း (၅) မျှော်....
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
Friday, May 30, 2014
ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၄)
Subscribe to:
Post Comments (Atom)

ဒေါက်တာနိုင်ဇော်မှာကား မြန်မာနိုင်ငံမှာကတည်းက လိုင်စင်နှင့်ကိုင်သော သေနတ်တစ်လက် ရှိရာ ကျန် ၄ လက်သာ ၀ယ်ရလေသည် ။ ကျွန်ုပ်ကား ခြောက်တောင့်သာ ပစ်ခွင့်ရသော ခြောက်လုံးပြူးသေနတ်ကိုကား အား မရ၍ နှစ်သက်လှခြင်းမရှိပေ ။ ထို့ကြောင့် Cape Town တွင် ယခုမှ အသစ်ပေါ်သော ၁ တောင်သာသာခန့်ရှိ ကျည်အတွဲလိုက်ပစ်၍ ရသော အူဇီစတိုင်နှင့် လိုအပ်လျှင် စနိုက်ဘာကဲ့သို့ Zoom ဆွဲ၍ ပစ်လို့ရသော သေနတ်တစ်မျိုးအား ၀ယ်ခဲ့လေသည် ။ သီတာ ၊ ထွန်းလူ နှင့် ညိုမောင်တို့ အတွက် မူကား ၄င်းတို့ နှစ်သက်သော သေနတ်တစ်လက်ဆီ ရွေးချယ်ကာ ၀ယ်ယူခဲ့ကြလေသည် ။ ထိုနေ့မှစ၍ Cape Town မြို့ရှိ သေနတ် ပစ်လေ့ကျင့်ရေးကွင်းသို့ သွားကာလေ့ကျင့်ကြလေသည် ။ ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်မှာမူ အပွဲပွဲနွှဲလာဖူး၍ မခက်ခဲလှသော်လည်း ညိုမောင်နှင့် ထွန်းလူတို့မှာမူ အပြင်းအထန်လေ့ကျင့်ရလေသည် ။ ထိုအတောအတွင်း ကျွန်ုပ်တို့မှာ Ghost City နှင့်ပတ်သတ်၍ သတင်းများ စုံစမ်းကြရာ ရေရေရာရာ တိတိကျကျ မသိရပေ ။ လူသူအ သွားအလာနည်းသကဲ့သို့ Ghost City ဆိုသော အသံကြားလျှင် အချို့အာဖရိကသားများမှာ တီကောင် ကို ဆားနှင့်ပက်သကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့သွားကြလေတော့သည် ။
သို့နှင့် ကျွန်ုပ်တို့လည်း ဆက်လက်စုံစမ်းမနေကြတော့ပဲ ကားငှားရန်အတွက် ညနေစောင်းတစ်ခုတွင် Cape Town ရှိ Club Bar တစ်ခုသို့ ထွက်ခဲ့ကြလေတော့သည် ။ ဘားအတွင်းသို့ရောက်၍ စုံစမ်းသောအခါ ကောင် တာမှလူက ထောင့်ကျကျတွင် ထိုင်နေသော လူတစ်ယောက်အား ညွှန်ပြလိုက်သောအခါ ကျွန်ုပ်နှင့် ဒေါက်တာ နိုင်ဇော်မှာ ထိုလူဆီသို့ သွားခဲ့ကြလေတော့သည် ။
" မင်္ဂလာ ညနေခင်းပါမိတ်ဆွေ "
" မင်္ဂလာပါခင်ဗျာ "
" ကျွန်တော်တို့ ၂ ယောက်ကို ထိုင်ခွင့်ပြုပါခင်ဗျာ "
" ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ "
" ဒီလိုပါခင်ဗျာ ကျွန်တော်တို့ ကားတစ်စီးငှားဖို့ စုံစမ်းတော့ ကောင်တာက ခင်ဗျားဆီကို လမ်းညွှန်လိုက်လို့ပါ "
" ဟုတ်ပါတယ် ကျွန်တော့်နာမည် Willian လို့ခေါ်ပါတယ် ဒါနဲ့ မိတ်ဆွေ တို့က ဘယ်လို ကားမျိုးငှား ချင်တာ လည်း "
" လူငါးယောက်လောက်ဆန့်တဲ့ ဂျစ်ကားလောက်ဆိုရပါပြီ "
" ဘယ်ကိုသွားမှာလည်းခင်ဗျာ "
" Ghost City "
" ဗျာ "
Willian မှာ ထိုတစ်ခွန်းသာ ပြန်ပြောနိုင်ပြီး ကျွန်ုပ်တို့ ၂ ဦးအား ထူးဆန်းအံ့သြဟန်ဖြင့် စူးစိုက်ကြည့် နေလေ သည် ။
" ခင်ဗျားတို့ ၂ ယောက်က Ghost City ကို ဘာကိစ္စနဲ့သွားချင်ရတာလည်း "
" အင်းဖိတ်ခေါ်မှုတစ်ခုနဲ့ လေ့လာရေးဆိုပါတော့ "
Willian ကား ရှေ့မှ အရက်ခွက်အား မော့လိုက်ပြီး တုန်လှုပ်နေသော စိတ်အား ဖြေဖျောက်နေဟန်ရှိလေသည် ။
ပြီးမှ ၄င်းကထိတ်လန့်သောလေသံဖြင့်
" ဒီမယ် ခင်ဗျားတို့ ၂ယောက် Ghost City အကြောင်းမသိကြသေးဘူးနဲ့တူတယ် အဲဒီမြို့ဟာ တကယ်တော့ မကောင်း ဆိုးဝါး သရဲတစ္ဆေတွေနေတဲ့မြို့ဗျ မြို့နဲ့တောင်မတူပဲ သုဿတစပြင်လိုပဲ အဲဒီမြို့ကသက်ရှိတွေဟာ လူရဲ့သွေးကို သောက်သုံးရမှ အသက်ရှင်တယ်လို့ကြားဖူးတာပဲ စူးစမ်းပြီးသွားကြတဲ့ လူတွေလည်းတစ်ယောက်မှ ပြန်ရောက် မလာခဲ့ဘူး ဒီတော့ ခင်ဗျားတို့လည်း အဲဒီမြို့ကိုတော့ မသွားပါနဲ့ဗျာ တခြားနေရာဆို ကြိုက်တဲ့ နေရာကိုပြောပါ ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ် "
ဟုပြောလေသည် ။ ကျွန်ုပ်တို့ ၂ ဦးလည်း Ghost City ၏ လျှို့ဝှက်ချက်အား တစွန်းတစ အရိပ်အယောင်သိရပြီမို့ လွန်စွာ ကျေနပ် ၀မ်းမြောက်သွားကြလေတော့သည် ။ ထို့နောက် ကျွန်ုပ်က
" ရပါတယ်ဗျာ ဘယ်လောက်အန္တရာယ်များများ ကျွန်တော်တို့မှာ ကြောက်တတ်တဲ့သွေးမပါပါဘူး ကျွန်တော်
တို့က မြန်မာလူမျိုးတွေပါ ခင်ဗျားသာ ကားငှားနိုင်မငှားနိုင်သာပြောပါ "
ထိုအခါ Willian မှာ လွန်စွာ အံ့သြသွားပြီး
" အော် မြန်မာလူမျိုးကိုး ခင်ဗျားဆို့ မြန်မာတွေဟာ တယ်လည်းသတ္တိကောင်းကြသကိုး အန္တရာယ်များ တဲ့နေ ရာကို တောင်သွားပြီး စူးစမ်းချင်ကြတယ် ကောင်းပြီလေ ကျုပ်ကလည်း မြန်မာလူမျိုးတွေရဲ့စိတ်ဓါတ်ကို ကြား သိထားလေတော့ ခင်ဗျားတို့ရဲ့ ခရီးကို မဖျက်တော့ပါဘူး ။ ကျုပ်ကူညီနိုင်တာ တစ်ခုရှိတယ် ဒီ Cape Town ကနေ မိုင် ၇၀ ထိတော့ ကျုပ်ရဲ့ဂျစ်ကားနဲ့လိုက်ပို့ပေးပါ့မယ် အဲဒီဟိုဖက်တော့လမ်းက တအားကြမ်းပြီး ဖုန်းဆိုး မြေဖြစ်တဲ့အတွက် ဘယ်လိုမှ ကားဆက်သွားလို့ မဖြစ်တော့ဘူး ။ အဲဒီမှာ ဘူတာရုံဟောင်းနဲ့ ရထားပျက် တွေရှိတယ် ။ အဲဒီရထားလမ်းဟောင်းတွေကနေ ဆက်သွားရင် Ghost City ကိုရောက်နိုင်ပါတယ် .. ကဲ ကျုပ်က တော့ ဒီလောက်ပဲ ကူညီနိုင်မယ် ဒါတောင်ခင်ဗျားတို့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ကြိုက်လွန်းလို့ပါ ..ကဲကျုပ် ကို ခွင့်ပြုပါဦး ခင်ဗျားတို့ ခရီးထွက်မယ်ဆိုရင် သဘက်ခါနေ့လည် ကျုပ် ဒီနေရာကနေစောင့်နေမယ် "
ဟု ဆိုကာ Willan မှာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည် ။ ကျွန်ုပ်တို့ လည်း တည်းခိုရာနေရာသို့ ပြန်လာပြီး အကျိုးအကြောင်းအား အဖွဲ့သားများအား ပြောပြပြီးနောက် သဘက်ခါ ခရီးအတွက် အသေးစိတ်တိုင်ပင်ကြလေသည် ။ သို့နှင့် နောက်တစ်နေ့ရောက်သောအခါ ကျွန်ုပ်တို့ လည်း လိုအပ်မည်ဟု ထင်ရသော ရိက္ခာခြောက်နှင့် အခြားပစ္စည်းများအား ၀ယ်ယူရန်အတွက် ညနေခင်း အချိန်တွင် ဈေးသို့ ထွက်ခဲ့ကြလေသည် ။ သီတာ ၊ ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်တို့ ၃ ဦးမှာ ဈေးထဲတွင် ပစ္စည်းများ ၀ယ်ရင်း လူစည်ကားနေခိုက် ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်က တစ်လမ်း ၊ သီတာနှင့် လမ်းကွဲသွား လေတော့သည် ။ ကျွန်ုပ်မှာ လွန်စွာ စိုးရိမ်ပူပန်သွားကာ ကိုယ့်မြေကိုယ့်ရေမဟုတ်သော ဒေသတွင် မြန်မာမိန်းမ ပျိုလေးအတွက် စိုးရိမ်မိလေတော့သည် ။ ဒေါက်နိုင်ဇော်ကား ညီမ၀မ်းကွဲအား လွန်စွာ စိတ်ချယုံကြည် နေဟန်ရှိကာ စိုးရိမ်မှု လုံးဝမရှိပဲ မျက်နှာမှာ တည်ငြိမ်လျှက်ရှိသည် ။ ကျွန်ုပ်မှာ ဒေါက်တာနိုင်ဇော်၏ သွေးအေး မှုကို သိပြီးဖြစ်၍ သီတာကိုသာ ဈေးအတွင်း လိုက်လံရှာဖွေနေမိတော့သည်။
အတော်အတန် ရှာဖွေနေ ပြီးသည်နှင့် လမ်းကြားတစ်ခုအတွင်းသို့ ရောက်သွားလေတော့သည် ။ မြင်ကွင်းကား စိုးရိမ်ဖွယ်ရာ အပြည့်ပင် ။ လမ်းကား ကျဉ်းမြောင်းလှပြီး သီတာအရှေ့တွင် ပိတ်ကား အရက်မူးရူးနေဟန်ရှိသော လူရမ်းကား ၃ ယောက် ။ အရက်ခိုးဝေေ၀နှင့် ဘောင်းဘီကျပ်ကျပ်နှင့် လှပနေသော သီတာအား မျက်လုံး ကျွတ်မတတ်စိုက်ကြည့်နေကာ သီတာအား ၀ိုင်းရံလိုက်ပေသည် ။ ကျွန်ုပ်က ပြေး၍သွားမည်အပြုတွင် ဒေါက်တာ နိုင်ဇော်က ကျွန်ုပ်အား လှမ်းဆွဲလိုက်ပြီး
" ထားလိုက်ပါ ကိုသက်တန့် Ghost City မှာ ဒီထက်မကတဲ့ အန္တရာယ်တွေကြုံတွေ့ရမှာပါ ဒီဟာလောက်ကတော့ ထမင်းစားသလောက်ပဲ ရှိမှာပဲ သီတာက ဘယ်လိုမိန်းကလေးမျိုးလည်း ဆိုတာ မကြာခင်တွေ့ရမှာပါ "
ဟုပြောလေသည် ။ ဒေါက်တာနိုင်ဇော် တားထား၍သာ ကျွန်ုပ်မှာ မသွားရသော်လည်း သီတာအတွက်မှု စိုးရိမ်ပူ ပန်မှုက လျော့ပါးသွားခြင်းမရှိပေ ။ လူရမ်းကား ၃ ဦးကား သီတာနှင့် နီးသထက် နီးလာပေပြီ ။
အပိုင်း (၅) မျှော်....
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:
Post a Comment