(၁၆)
တောင်အောက်ခြေတွင်
မနားဝံ့တော့ပဲ တောင်ပေါ်သို့ ဆက်၍ တက်ခဲ့ကြလေသည် ။ အချိန်ကား ကျွန်ုပ်တို့
စ၍ ထွက်လာ ချိန်မှစ၍ ဆိုလျှင် ၂၄ နာရီကျော်ပြီဖြစ်၏ ။ ကျွန်ုပ်တို့ကား
တောင်တန်းများ အပေါ်သို့မရောက်မီ ကျောက်က လပ်တစ်ခုပေါ်တွင် ခဏနားကာ အောက်သို့
ငုံ့ကြည့်လိုက်ရာ အောက်မှညာသံပေး၍ တက်လာ သော လူရိုင်းအုပ်ကြီးကို
တွေ့လိုက်ရလေသည် ။ လက်ထဲမှာလည်း ဒူးလေး မြှား မှိန်းလှံ စသော လက်နက်များကို
ကိုယ်စီ ကိုင်ထားကြပြီး လွန်စွာ ဒေါသထွက်နေဟန်လည်း ရှိလေသည် ။
ကျွန်ုပ်တို့နှစ်ဦးလည်း ကြာကြာ မနားတော့ပဲ တောင်ထိပ်ဖျားဆီသို့ရောက်ရန်သာ
ကြိုးစား၍ တက်ခဲ့ကြပေတော့သည် ။ တောင်ထိပ်ဖျားဆီသို့ ရောက်လုရောက်ခင်တွင်
အောက်မှ လှမ်းပစ်လိုက်သော မြှားတစ်စင်းက ကျွန်ုပ်၏ ဦး ခေါင်းဘေးမှ ၀ှီးကနဲ
ကျော်ဖြတ် သွားကာ တောင်နံရံ၌ သွားစိုက်နေလေသည် ။ မြှားထိပ်မှ
အစိမ်းရောင်အရေများကား စီးကျ လျှက်ရှိ ပေသည် ။
" ဟိုက် ကိုနိုင်ဇော်ရေ .. ဒါ အဆိပ်လူးမြှားတွေဗျ ..အမြန်တက်ဗျို့ တောင်ထိပ်ပေါ်ရောက်ဖို့ အရေးကြီးတယ် "
ဟုပြောပြောဆိုဆို
ကျွန်ုပ်က တောင်ထိပ်ပေါ်သို့ရောက်ရန် အားစို၍ ပြေးတက်လိုက်လေသည် ။
လူရိုင်းများကား အောက်မှနေ၍ မြှားများဖြင့် ပစ်ခတ်နေတုန်းပင် ဖြစ်၏ ။
ရတနာအထုပ်များနှင့်မို့ အတော်ပင်အားစိုက်၍ တက်ရ လေသည် ။
ကျွန်ုပ်တို့
၂ဦးလည်း တောင်ပေါ်ရောက်မှသာ စိတ်အေးနိုင်ပေတော့သည် ။ ထွန်းလူနှင့်
ညိုမောင်တို့ကားကျွန်ုပ် တို့ကို အသင့်စောင့်နေပြီး တွေ့သောအခါ
အားရ၀မ်းသာဖြင့် လာကြိုကြလေသည် ။ ကျွန်ုပ်တို့လည်း ရတနာ အထုပ် များအား
ထွန်းလူနှင့်ညိုမောင်တို့အား ပေးလိုက်လေသည် ။ ထို့နောက်အချိန်ဆွဲမနေတော့ပဲ
နတ်သစ်ခွ များအား ရသလောက်ခူးယူကြတော့သည် ။ ထိုအခိုက် နားထဲတွင်
ဝီ...၀ီ...ဟု အသံမြည်လာ၍ မသင်္ကာ၍ ကြည့်လိုက် ရာ ပဒေါင်ပျားများကား
အုပ်စုဖွဲ့၍ ကျွန်ုပ်တို့ ဆီသို့ ဦးတည်ပျံသန်းလာကြလေသည် ။ အကောင်
ရေများသောအကြောင့်၎င်းတို့ ချီတက်ရာလမ်းတလျေက် မှိုင်းညို့ကာ နေလေတော့သည် ။
" ပြေးပြေးဟေ့ ကျောက်ဂူထဲ ရောက်အောင်ပြေး "
ဟုကျွန်ုပ်က
သတိပေးလိုက်ပြီး ကျောက်ဂူကြီးရှိရာသို့ လေးယောက်သား ပြေးလွှားခဲ့ကြတော့သည် ။
ယခုမှ အနောက်တွင် လူသားစားလူရိုင်းများ အရှေ့တွင် ဇီဝိန်ချွေမည့်
ပဒေါင်ပျားများ ။ ကျွန်ုပ်တို့မှာ ကြားကြပ် နံကြပ်ဖြစ်နေတော့သည် ။
ကျောက်ဂူကြီးကား အတော်အသင့်ရှည်လျားဟန်ရှိလေသည် ။ ကျွန်ုပ်တို့လည်း
ဇောနှင့်မို့ မရပ်မနားပဲ ကျောက်ဂူအတွင်းပိုင်းသို့ ဆက်၍ ၀င်ခဲ့ကြပေတော့သည် ။
ဂူကြီးထဲသို့ ရောက်သောအခါ တ၀ီဝီအသံ များအားမကြားရတော့ပေ ။ ပျားများ
အဘယ်ကြောင့် ဤ ဂူကြီးအတွင်းသို့ လိုက်မ၀င်ကြသည်ကို ကျွန်ုပ်လည်း
မစဉ်းစားတတ်အောင်ရှိလေသည် ။
ဒေါက်တာနိုင်ဇော်က
" ပျားတွေအသံတော့ မကြားရတော့ဘူးဗျို့ဒီကောင်တွေ ဒီထဲလိုက်မလာကြဘူး ကျွန်တော်တို့တော့ ရှေ့ဆက်တိုး ရတော့မှာပဲ "
ဟုဆိုကာ
ရှေ့မှ ဦးဆောင်၍ သွားလေတော့သည် ။ ဂူကြီး၏ အတွင်းပိုင်း နက်နက်သို့
ရောက်သောအခါ အသက်ရှုရသည်မှာ ပုံမှန်အတိုင်းပင်ရှိသေးသည်ကို
ကြည့်ခြင်းအားဖြင့် အောက်ဆီဂျင်အလုံအ လောက် ရှိကြောင်း တွေ့ရလေသည် ။
ကျွန်ုပ်တို့လည်း နေ့တစ်ဝက်ခဲ့မျှ ဂူကြီးထဲတွင် ဆက်လက်ခရီးဆက်ခဲ့ကြလေသည် ။
ထူးဆန်းသည်မှာ ဂူကြီး၏ ဘေးနံရံများတွင် စိမ်းစိမ်း အပင်များ
တွယ်ကပ်နေသည်ကိုတွေ့ရလေသည် ။ ထိုအပင်များကြောင့်သာလျှင်အောက်ဆီဂျင် မပြတ်
လပ်ခြင်း ဖြစ်သည်ဟု တွေးတောမိလေသည် ။ ကျွန်ုပ်တို့ လည်း နားလိုက်
ဆက်လိုက်နှင့် ဗုံသံများလည်း တဖြေး ဖြေး ဝေးသွားကြပြီ ဖြစ်သည် ။
ဤသို့ဖြင့်
ဇွဲကောင်းကောင်းနှင့် ရှည်လျှားသော ဂူကြီးထဲတွင် ခရီးဆက်ခဲ့ကြသည်မှာ
နာရီပေါင်းအ တော်ကြာခဲ့ လေသည် ။ ဂူကြီး၏ ထောင့်ချိုးတစ်ခုတွင်
မြင်လိုက်ရသောကြောင့် ကျွန်ုပ်တို့အဖွဲ့မှာ လွန်စွာ စိတ်ပျက်အား
ငယ်မိသွားကြလေသည် ။ ဂူကြီး၏ လမ်းကား အဆုံးသို့ရောက်နေပြီး
ကျောက်နံရံကြီးတစ်ခုက ပိတ်ဆို့ထားသော ကြောင့်ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်ကား
ကျောက်နံရံနားသို့သွားကာ စူးစမ်းလေ့လာနေလေသည် ။ ကျွန်ုပ် လည်း မြေပြင်သို့
နားနှင့်ကပ်ကာ နားထောင်ကြည့်သောအခါ မျက်လုံးပင်ပြူးသွားရလေသည် ။
ခြေသံပြင်းပြင်း နှင့် လူရိုင်းသံများကား ကျွန်ုပ်တို့ နောက်သို့
လှိုဏ်ဂူထဲသို့ ၀င်ကာ ဆက်လိုက်လာပြီဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား
လေတိုးသံများကြားနေရသောကြောင့် ဤ ကျောက်နံရံကြီးတစ်ဖက်တွင် ထွက်ပေါက်ရှိရ
မည်ဟု ခန့်မှန်း ရလေသည် ။ ဒေါက်တာနိုင်ဇော်က
"
ကိုသက်တန့်ရေ ၀မ်းသာစရာပဲဗျ ဒီနံရံကြီးက ခြောက်လမ်မလောက်ပဲထူတာ
အပြင်ဖက်မှာ ထွက်ပေါက်ရှိ တယ်ဗျ ကျွန်တော်တို့မှာပါလာတဲ့
လက်လုပ်မိုင်းတွေနဲ့ ခွဲရင်တော့ပြိုနိုင်တယ် "
" ဖြိုမယ်ဆိုလည်း မြန်မြန်ဖြိုမှဗျို့ နောက်မှာ လူရိုင်းတွေလိုက်လာတဲ့ ခြေသံတွေကြားနေရတယ် "
ဟု ကျွန်ုပ်ကပြန်ပြောလိုက်လေသည် ။
သို့နှင့်
ကျွန်ုပ်တို့ အဖွဲ့လည်း မိုင်းများဆင်ကာ ကျွန်ုပ်တို့အဖွဲ့
ရှေ့ဆက်သွားမည့်လမ်းအား ပိတ်ကာထားသော ကျောက်နံရံကြီးအား
ဖြိုခွဲရန်ကြိုးစားကြလေတော့သည် ။ မိုင်းများဆင်ပြီးသော် ကျွန်ုပ်တို့လည်း
ခပ်လှမ်းလှမ်း မှာနေ၍ စောင့်နေလေသည် ။ ဒေါက်တာနိုင်ဇော်က ကျောက်ခဲ၂လုံးအား
ပွတ်တိုက်ကာ မီးကူး စေပြီး လက်လုပ်မိုင်းများဆင်ထားရာသို့
ပစ်ပေါက်လိုက်လေသည် ။
" ၀ုန်း "
တသိမ့်သိမ့်တုန်ပြီး
မည်ဟီးလိုက်သောအသံကြီးကြောင့် ကျွန်ုပ်တို့လည်း ဂူအမိုးမပြိုကျစေရန်
ဆုတောင်းနေရပြီး လွင့်စင်လာသော ကျောက်တုံးကျောက်ခဲများကို သတိထား၍
ဝပ်ပြီးရှောင်နေရလေသည် ။ အတန်ကြာ သောအခါ အလင်းရောင်တန်းကြီးကိုတွေ့လိုက်ရ၍
အားရ၀မ်းသာ ထွက်ကြည့်ကြရာ သဲသောင်ပြင်ကြီးနှင့် ဂူပေါက်ဝတစ်ခုကို
တွေ့မြင်လိုက်ရလေတော့သည် ။ ကျွန်ုပ်တို့လည်း ယခုမှသာ
သက်ပျင်းချနိုင်တော့ပြီး ထွက်ခဲ့ကြပေတော့သည် ။ သို့သော်
တစ်ဖက်ဂူပေါက်ဝရှိမြင်ကွင်းများမှာ ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးသလို
ခံစားရသောကြောင့် လေ့လာကြည့်မိလေရာ ကျွန်ုပ် ဤကျွန်းကြီးပေါ်သို့
စတင်ရောက်ပြီး ပထမဆုံးပုန်းခိုခဲ့ရာ ဂူကြီး
ဖြစ်ကြောင်းအံ့သြဖွယ်ရာတွေ့ရှိရလေသည် ။ ကျွန်ုပ်လည်း ထိုအချိန်က
ကျောက်နံရံကြီးကြောင့် တစ်ဖက် ပိတ်ဂူကြီးဟုသာ ထင်ခဲ့မိရာ ယခုမှာ
ထိုဂူကြီးမှာ အရိုးသဏ္ဍာန်တောင်တန်းများပေါ်မှ ဂူကြီးနှင့် တစ်ဆက်
တည်းဖြစ်ကြောင်းသိရှိရပေသည် ။
ကျွန်ုပ်လည်း ဂူကြီးကို ဟိုဟို
ဒီဒီကြည့်ရင်း ဂူအောက်ခြေကြမ်းပြင်ကိုကြည့်လိုက်ရာ စွပ်ကြောင်းများကို
တွေ့ရ လေသည် ။ ၄င်းစွပ်ကြောင်းများမှာ သိပ်မနက်လှပဲ သဲပြင်ပေါ်တွင်
ရေးရေးလေး ပေါ်နေခြင်းကြောင့်သာ ပထမကျွန်ုပ် ဂူထဲတွင် နေစဉ်က
မတွေ့မိခြင်းပင်ဖြစ်မည် ။ တစ်ဆက်တည်းမှာပင် ကျွန်ုပ်၏ ပုဇွန်ကင်များ
ပျောက်ဆုံး နေမှုမှာ ဤ စွပ်ကြောင်းများပိုင်ရှင်ကြောင့်ဖြစ်နိုင်ပေသည် ။ ဤ
စွပ်ကြောင်းပိုင်ရှင်မှာ ပင်လယ် ခူကြီးများ လော ပင်လယ်ကမ်းစပ်မှနေ၍
ဦးခေါင်းရှည်လျားလှသော ညံသတ္တ၀ါ ကြီးမှ ကျွန်ုပ်၏ ဂူအတွင်းသို့
အစာရှာဖွေသလော ကျွန်ုပ်မှာ မတွေးတောတတ်အောင်ပင် ဖြစ်သွားလေသည် ။
ဒေါက်တာနိုင်ဇော်ကတော့ ညံသတ္တ၀ါလက်ချက်ဖြစ်နိုင်ကြောင်း ခန္ဓာကိုယ်က
ပင်လယ်ထဲမှာနေ၍ ဦးခေါင်းပိုင်းသာ ကျောက်ဂူအတွင်းသို့ ၀င်လာ၍ စွပ်ကြောင်းရာ
သိပ်မထင်တာ ဖြစ်နိုင်ကြောင်းပြောလေသည် ။ ကျွန်ုပ်လည်း ဒေါက်တာနိုင်ဇော်အား
ဤဂူကြီးထဲတွင် ကျွန်ုပ်နေထိုင်ဖူးကြောင်းနှင့် ပုဇွန်ကင်များ
ပျောက်ဆုံးဖူးကြောင်းပြောပြလိုက်လေသည် ။
"
ကိုနိုင်ဇော်ရေ ဒီဂူက ကျွန်တော်ပထမဆုံးပုန်းခိုခဲ့တဲ့ ဂူကြီးပဲဗျ
ဒီဂူကြီးက ဒီလောက်ရှည်လျား မှန်းအခုမှ သိတယ် ဗျာ နောက်ပြီး ဒီဂူထဲမှာ
ကျွန်တော်ပုဇွန်ကင်တွေပျေက်ဖူးတယ်ဗျ "
" ဟုတ်လား ဒါဆိုရင်တော့ ညံကောင်တွေလက်ချက်ပဲ ဖြစ်မယ်ဗျ ကျွန်တော့်အထင်ပေါ့လေ"
"အင်းကိုနိုင်ဇော်ပြောသလိုလည်း ဖြစ်နိုင်ပါတယ်ဒါနဲ့ ဒီအတိုင်းဆို ဒီဂူကြီးက အတော်ရှည်တာပဲဗျနော်"
"အေးဗျာ...အခုမှပဲ လမ်းဆုံးတော့တယ် ဒီဂူအမိုးတွေပါဖြိုခဲ့မှဖြစ်မယ်ဗျို့ နို့ဆို ဟိုလူရိုင်းတွေလိုက်လာနိုင်တယ် "
ဟုပြောပြောဆိုဆို
ဂူနံရံအမိုးများကိုလည်း လက်လုပ်မိုင်းများ သွားဆင်နေတော့သည် ။ သို့နှင့်
မိုင်းများ အားလုံးဆင်ပြီးသောအခါ ကျွန်ုပ်တို့အဖွဲ့လည်း ဂူအပြင်သို့ထွက်ကာ
ထိုလှိုဏ်ဂူကြီးအား ဖြိုချ ဖျက်ဆီး လိုက်ကြ လေတော့သည် ။ လူရိုင်းများလည်း
အထဲမှာ ပိတ်ဆို့ကာ ပြန်ထွက်ပြီး ကျွန်ုပ်တို့အား လိုက်မည် ဆိုလျှင်တောင် ၂
ရက်ခန့်အချိန်ကြာဦးမည်ဖြစ်သည် ။
သို့နှင့် ကျွန်ုပ်တို့လည်း
ညိုမောင်နှင့် ထွန်းလူတို့အား ဖောင်ပြုလုပ်ရန် ၀ါးများခုတ်စေပြီး
ကျွန်ုပ်တို့လည်း ၀ိုင်းကူကာ ဖောင်တစ်ခု အမြန်ပြုလုပ်ကြလေတော့သည် ။
ကျွန်ုပ်ကတော့ စားရေးသောက်ရေးတာဝန်ယူကာ ဒေါက်တာနိုင်ဇော်က အမဲရရန်
တာဝန်ယူပြီး ကျန်သောအချိန်များတွင် ထွန်းလူနှင့်ညိုမောင်တို့ကို
ဝိုင်းကူရလေ တော့သည် ။ ရတနာ အထုပ်များနှင့်နတ်သစ်ခွဖြူများအား
ဒီအတိုင်းပစ်ထားကာ ဖောင်အမြန်ပြီးရေးကိုသာ အားသွန်ခွန် စိုက်ပြုလုပ်ကြလေသည်
။ သို့နှင့် တစ်ရက်ခန့်ကြာသောအခါ ကျွန်ုပ်တို့၏ ဖောင်ဖွဲ့ခြင်း
လုပ်ငန်းစဉ်ကား ပြီးဆုံးသွားလေသည် ။ ထိုအတောအတွင်း ရသော အမဲ ၊ ပုဇွန်နှင့်
ငါးများကို အခြောက်လှမ်း ကာ ပင်လယ်ပြင်ခရီးအတွက် ယူဆောင်ခဲ့လေသည် ။
ကျွန်ုပ်တို့လည်း ဖောင်ဖွဲ့ပြီးသော အခါ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်
အုန်းရေ ၊ ပုဇွန်ကင် ၊ ငါးကင် ၊ ပင်လယ်ရေညှိသုပ် ၊ ချေသားဟင်းနှင့်ပုတတ်ကင်
၊ ကင်းမွန်ပေါင်းစသဖြင့် စုံလင်စွာ ချက်ပြုတ်စားသောက်ကြလေသည် ။
ဟင်းများချက်ပြုတ်ရန်အတွက်မူ ၀ါး ဆစ်ပိုင်းများအား အသုံးပြုလေသည် ။
ထိုတစ်ညတွင် ရောက်တတ်ရာရာများပြောပြီး ကျွန်ုပ်တို့၏ ကျွန်းပေါ်မှ
အတွေ့အကြုံများကို ပြန်လည် စမြုံ့ပြန်ကြလေသည် ။ သို့နှင့်
နောက်တစ်နေ့နံနက်ရောက်သောအခါ ကျွန်ုပ် လည်း အိပ်နေရာမှ
ဗုံသံများကြားလာရသောကြောင့် ကျွန်ုပ်တို့အဖွဲ့မှ လူများအား အမြန်နှိုးကာ
ဖောင် ဆီသို့ သုတ်ချေတင်ကြလေတော့သည် ။ မိုးကား
အုံ့မှိုင်းရွာသွန်းလျှက်ရှိကာ ဒီတစ်ခါမုန်တိုင်းတိုက်ပြီး ဤကျွန်း ပေါ်သို့
ပြန်ရောက်လာလျှင် ကျွန်ုပ်တို့အဖွဲ့ လည်း အသက်ရှင်လမ်းမမြင်ပေ ။
လူရိုင်းများကား ကျွန်ုပ်တို့အဖွဲ့အား အစိမ်းလိုက် စားချင်နေပုံရပေသည်။
ရတနာအထုပ်များနှင့်
ရိက္ခာခြောက်များ ၊ လက်နက်များ နှင့် နတ်သစ်ခွဖြူများအား ယူဆောင်ကာ မနုဿ
လူသား စားကျွန်းကြီးအား စွန့်ခွာခဲ့ကြပေတောသည် ။ ရာသီဥတုက
မကောင်းသောကြောင့်ကျွန်ုပ်တို့မှာ စိုးတထိတ် ထိတ်နှင့်ပင် ။ လှိုင်းများကား
ကျွန်ုပ်တို့ ဖောင်လေးအား မြင့်ချည်နိမ့်ချည်ပြုလုပ်လျှက်ရှိပေသည် ။ မနုဿ
လူသားစားကျွန်းကြီးကား ဟိုးအဝေးမှုံပျပျသာ ။ ကျွန်ုပ်တို့လည်း ဖောင်အား
အားကြိုးမာန်တက် ထိမ်းနေ စဉ် တစ်ချီတွင် ဖောင်ကား တစ်စုံတစ်ခုမှ အောက်မှ
တွန်းထိုးလိုက်သကဲ့သို့ ရေပြင်ပေါ်မှ မြင့်တက်သွားလေသည် ။ အလို...
ဖောင်အောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်ုပ်တို့ တောင်တန်းများပေါ်မှ
ညဖက်မြင်ခဲ့ ရသော ညံကောင်ကြီးပင်ဖြစ်လေသည် ။ ကံကောင်းသည်မှာ ဖောင်မှာ
ရေပြင်သို့ပြန်အကျတွင် မှောက်မသွားပဲ ဆက်လက် ရွေ့နေတုန်းပင်ဖြစ်သည် ။
ဒေါက်တာနိုင်ဇော်လည်း သေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ သတ္တ၀ါကြီး
မည်သည့်နေရာမှ ထွက်ပေါ်လာမည်နည်းဟု စောင့်ဆိုင်းနေလေသည် ။ ကျွန်ုပ်လည်း
ကျောက်မှိန်း ကို ကိုင်ကာ မျက်စိလျှင်လျှင်ထားနေရ၏ ။
မိုးကားသည်းကောင်းတုန်းပင်ရှိလေသည် ။ ထိုအခိုက်ရုတ်တရက်
ကျွန်ုပ်တို့ဖောင်ဘေးမှ မဲမဲခေါင်းရှည်ရှည်ကြီးနှင့်
ညံသတ္တ၀ါကြီးကားရေပြင်ပေါ်မှထွက်ပေါ်လာရာ ကျွန်ုပ်တို့ ဖောင်ပေါ်မှ ပေ ၂၀
ခန့်ထိ အုပ်မိုးသွားလေသည် ။
" ဒိုင်းဒိုင်းဒိုင်း.. "
“ ၀ှီး”
“ ဒုတ်”
ဒေါက်တာနိုင်ဇော်၏
သေနတ်ပစ်သံနှင့် ကျွန်ုပ်၏ ကျောက်မှိန်းပစ်သံကား တစ်ဆက်တည်းပင်ဖြစ်ကာ ညံ
သတ္တ၀ါကြီးကား အထိနာသွားဟန်ဖြင့် ကြောက်မက်ဖွယ် အော်သံကြီးပြုကာ
ရေအောက်ထဲသို့ ပြန်လည်ငုပ် လျှိုးသွားလေတော့သည် ။ ပင်လယ်ရေပြင်ကား
သွေးချင်းချင်းနီလျှက် ။ ကျွန်ုပ်တို့လည်း သတ္တ၀ါကြီး ထပ် ပေါ်လာ ဦးမည်လားဟု
စိုးတထိတ်ထိတ်နှင့်လက်နက်များကိုင်ကာ စောင့်စားနေကြလေတော့သည် ။ တစ်ချီတွင်
သတ္တ၀ါကြီးကား အောက်မှ တွန်းတင်လိုက်ရာ ကျွန်ုပ်တို့ ဖောင်မှာ
မှောက်လုလုဖြစ်သွားလေသည် ။ လွန်စွာ လျှင်မြန်လှသော ဒေါက်တာနိုင်ဇော်လက်မှ
သေနတ်က သတ္တ၀ါကြီး၏ ဦးခေါင်းပိုင်းသို့ ထိမှန်သွားလေသည် ။ သတ္တ၀ါကြီးကား
ရေထဲသို့ နစ်မြှုပ်သွားပြန်ရာ ကျွန်ုပ်တို့မှာ ထပ်၍ အသင့်ပြင်ကာ
စောင့်ရပြန်လေသည် ။
သို့သော် သတ္တ၀ါကြီးကား
နောက်ထပ်ပေါ်ထွက်လာခြင်းမရှိတော့ပေ ။ မုန်းတိုင်းလည်း စဲစပြုကာ ပင်လယ်ပြင်
ကား ငြိမ်သက်လာပြီဖြစ်၏ ။ ဤ တွင် ကျွန်ုပ်တို့
ညံသတ္တ၀ါကြီးနှင့်ရင်ဆိုင်တိုက်ခိုက်စဉ်က ဖောင်အား မမှောက်သွားစေရန်
ကြိုးစားထိမ်းပေးခဲ့သော ထွန်းလူနှင့် ညိုမောင်တို့၏ အစွမ်းအားလည်း အသိအ
မှတ်ပြုရပေသည် ။ သို့နှင့် ကျွန်ုပ်တို့လည်း ဖောင်ကို ထိမ်းကာ
ကျွန်းနီကြီးဆီသို့ ဦးတည်လှော် ခတ်ခဲ့လေ တော့သည် ။
“
ဒီညံကောင်တွေက တအားကြောက်ဖို့ကောင်းတယ်ဗျ အမှန်တော့ ဒီနေရာကို
လူတွေသိပ်မရောက်ကြလို့ နောက်ပြီး ပင်လယ်ထဲမှာမို့လို့
ဒီကောင်တွေကိုတွေ့ရတာကိုသက်တန့်ရေ အထင်တော့မသေးလိုက်နဲ့ဗျ
ပင်လယ်ကူးသင်္ဘောကြီးတွေကို တောင်ဒီကောင်တွေက မှောက်ပစ်နိုင်တယ်
အခုကျွန်တော်တို့တွေ့ခဲ့တာ သားပေါက် အဆင့်ပဲ ရှိသေးတယ်ဗျ”
“ အောင်မလေး ကိုနိုင်ဇော်ရယ် သားပေါက်လေးတောင်ဒီလောက်ဆို အကောင်ကြီးများဆိုရင်တော့ မတွေး ၀ံ့စရာပါပဲ”
သို့နှင့်
ကျွန်ုပ်တို့လည်း ဖောင်ပေါ်တွင် အသားခြောက်များစားလိုက်
ရောက်တက်ရာရာများပြောလိုက်နှင့် မကြာ ခင် ကျွန်းနီကြီးဆီသို့
ဘေးအန္တရာယ်ကင်းစွာ နှင့်ရောက်ရှိခဲ့ကြလေတော့သည် ။
ကျွန်းနီကြီးပေါ်သို့
ငါးဖမ်းစက်လှေများ သုံးလတစ်ကြိမ်လာရောက်သည်ဟု ဆိုသောကြောင့်
ကျွန်ုပ်တို့လည်း ယာယီစခန်း ဆောက်ကာ ကျွန်းနီကြီးပေါ်တွင် ငါးဖမ်းလိုက်
အမဲပစ်လိုက်နှင့် ဒေါက်တာနိုင်ဇော်က သူ၏ သစ်ခွပန်း အား မိန်းမပျိုလေးအား
ကြည့်သကဲ့သို့ နေ့စဉ် ကြည့်နေလေတော့သည် ။
(
ကျွန်းနီကြီးပေါ်တွင် ထူးခြားဖြစ်စဉ်များမရှိပဲ
စားလိုက်အိပ်လိုက်ဖြစ်သောကြောင့် ဤနေ့ရက်များအား မဖော်ပြ တော့ပါ
စာမျက်နှာချုံ့ကြစို့....)
ကံအားလျော်စွာပင် ကျွန်ုပ်တို့
ကျွန်းနီကြီးပေါ်ရောက်ပြီး ၂ ပတ် ခန့်အကြာတွင် ငါးဖမ်းစက်လှေ တစ်စင်း
ဆိုက်ကပ် လာရာ ကျွန်ုပ်တို့လည်း အကျိုးအကြောင်းပြောပြီး
မြိတ်ကျွန်းစုသို့လိုက်ပါခဲ့တော့သည် ။ ကျွန်ုပ်တို့၏ အသက်ဇီဝိန်အား
ကျေပျက်မည့် လုလု အန္တရာယ်များပေးခဲ့သော မနုဿ လူသားစား ကျွန်းကြီးကား..
ဟိုးအဝေးမှုန်ပျပျတွင် ကျန်ရစ်ခဲ့လေတော့သည် ။ ဒေါက်တာနိုင်ဇော်က
“ အခြေအနေကောင်းရင်ကျွန်တော်တို့ လူစုပြီး ဒီကျွန်းကို တစ်ခေါက်လောက်ထပ်လာကြရအောင်ဗျို့ ရတနာ တွေအများကြီးကျန်သေးတယ်”
“ ဟုတ်လို့လားဗျာ ကိုနိုင်ဇော်က ရတနာတွေမမက်ပဲ လူရိုင်းမလေးကို မက်နေတာမဟုတ်လား”
ဟုကျွန်ပ်ကပြောလိုက်ရာ ကိုနိုင်ဇော်က သဘောကျဟန်ဖြင့် ပြုံးနေလေတော့သည် ။
************************************************************************************
သို့နှင့်
ကျွန်ုပ်တို့အဖွဲ့လည်း မြိတ်သို့ရောက်သောအခါ ညိုမောင်အား ရတနာများ
ခွဲပေးလိုက်ရာ ညိုမောင်က ရတနာ များအား သူ၏ မိသားစုထံသို့ ၀င်ပေးကာ
ကျွန်ုပ်နှင့် လိုက်ပါ၍ နေချင်သည်ဟု ဆိုသဖြင့် ကျွန်ုပ်မှာ ထွန်းလူ အပြင်
ညိုမောင်ပါ လက်ဆောင်ရခဲ့လေတော့သည် ။ ရန်ကုန်သို့ရောက်သောအခါ ရရှိလာသော ရတနာ
များအား နိုင်ငံတော်ပိုင်အဖြစ်ပေးအပ်ပြီး ကျန်ရတနာများအား အချိုးကျခွဲယူကာ
ဒေါက်တာနိုင်ဇော်လည်း သုတေ သနအဖြစ် နတ်သစ်ခွဖြူများယူဆောင်ကာ
နိုင်ငံခြားသို့ ထွက်ခွာသွားလေတော့သည် ။စွန့်စားခြင်း များကို ၀ါသနာ
ပါလှသော ကျွန်ုပ်၏ ဆန္ဒလည်း ပြည့်ဝခဲ့ပေတော့သည် ။ ကျွန်ုပ်လည်း ဝေစုရရှိသော
ရတနာများ အား ထုခွဲရောင်းချပြီး ညိုမောင် ၊ ထွန်းလူတို့နှင့်အတူ
မြန်မာပြည်အနှံ့ ဘုရားဖူး ခရီးထွက်ခဲ့ လေတော့သည် ။
ဤတွင် ကျွန်ုပ်ရေးသားသော ( ကျွန်ုပ်နှင့် မနုဿလူသားစားကျွန်း ) ဇတ်လမ်းရှည်ကြီး ပြီးဆုံးလေတော့သည် ။
သက်တန့်ချို (4:45 AM 30 April 2010)
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
Wednesday, May 14, 2014
Subscribe to:
Post Comments (Atom)
Wednesday, May 14, 2014
ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( ဇတ်သိမ်းပိုင်း)
(၁၆)
တောင်အောက်ခြေတွင် မနားဝံ့တော့ပဲ တောင်ပေါ်သို့ ဆက်၍ တက်ခဲ့ကြလေသည် ။ အချိန်ကား ကျွန်ုပ်တို့ စ၍ ထွက်လာ ချိန်မှစ၍ ဆိုလျှင် ၂၄ နာရီကျော်ပြီဖြစ်၏ ။ ကျွန်ုပ်တို့ကား တောင်တန်းများ အပေါ်သို့မရောက်မီ ကျောက်က လပ်တစ်ခုပေါ်တွင် ခဏနားကာ အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်မှညာသံပေး၍ တက်လာ သော လူရိုင်းအုပ်ကြီးကို တွေ့လိုက်ရလေသည် ။ လက်ထဲမှာလည်း ဒူးလေး မြှား မှိန်းလှံ စသော လက်နက်များကို ကိုယ်စီ ကိုင်ထားကြပြီး လွန်စွာ ဒေါသထွက်နေဟန်လည်း ရှိလေသည် ။ ကျွန်ုပ်တို့နှစ်ဦးလည်း ကြာကြာ မနားတော့ပဲ တောင်ထိပ်ဖျားဆီသို့ရောက်ရန်သာ ကြိုးစား၍ တက်ခဲ့ကြပေတော့သည် ။ တောင်ထိပ်ဖျားဆီသို့ ရောက်လုရောက်ခင်တွင် အောက်မှ လှမ်းပစ်လိုက်သော မြှားတစ်စင်းက ကျွန်ုပ်၏ ဦး ခေါင်းဘေးမှ ၀ှီးကနဲ ကျော်ဖြတ် သွားကာ တောင်နံရံ၌ သွားစိုက်နေလေသည် ။ မြှားထိပ်မှ အစိမ်းရောင်အရေများကား စီးကျ လျှက်ရှိ ပေသည် ။
" ဟိုက် ကိုနိုင်ဇော်ရေ .. ဒါ အဆိပ်လူးမြှားတွေဗျ ..အမြန်တက်ဗျို့ တောင်ထိပ်ပေါ်ရောက်ဖို့ အရေးကြီးတယ် "
ဟုပြောပြောဆိုဆို ကျွန်ုပ်က တောင်ထိပ်ပေါ်သို့ရောက်ရန် အားစို၍ ပြေးတက်လိုက်လေသည် ။ လူရိုင်းများကား အောက်မှနေ၍ မြှားများဖြင့် ပစ်ခတ်နေတုန်းပင် ဖြစ်၏ ။ ရတနာအထုပ်များနှင့်မို့ အတော်ပင်အားစိုက်၍ တက်ရ လေသည် ။
ကျွန်ုပ်တို့ ၂ဦးလည်း တောင်ပေါ်ရောက်မှသာ စိတ်အေးနိုင်ပေတော့သည် ။ ထွန်းလူနှင့် ညိုမောင်တို့ကားကျွန်ုပ် တို့ကို အသင့်စောင့်နေပြီး တွေ့သောအခါ အားရ၀မ်းသာဖြင့် လာကြိုကြလေသည် ။ ကျွန်ုပ်တို့လည်း ရတနာ အထုပ် များအား ထွန်းလူနှင့်ညိုမောင်တို့အား ပေးလိုက်လေသည် ။ ထို့နောက်အချိန်ဆွဲမနေတော့ပဲ နတ်သစ်ခွ များအား ရသလောက်ခူးယူကြတော့သည် ။ ထိုအခိုက် နားထဲတွင် ၀ီ...၀ီ...ဟု အသံမြည်လာ၍ မသင်္ကာ၍ ကြည့်လိုက် ရာ ပဒေါင်ပျားများကား အုပ်စုဖွဲ့၍ ကျွန်ုပ်တို့ ဆီသို့ ဦးတည်ပျံသန်းလာကြလေသည် ။ အကောင် ရေများသောအကြောင့်၎င်းတို့ ချီတက်ရာလမ်းတလျေက် မှိုင်းညို့ကာ နေလေတော့သည် ။
" ပြေးပြေးဟေ့ ကျောက်ဂူထဲ ရောက်အောင်ပြေး "
ဟုကျွန်ုပ်က သတိပေးလိုက်ပြီး ကျောက်ဂူကြီးရှိရာသို့ လေးယောက်သား ပြေးလွှားခဲ့ကြတော့သည် ။ ယခုမှ အနောက်တွင် လူသားစားလူရိုင်းများ အရှေ့တွင် ဇီဝိန်ချွေမည့် ပဒေါင်ပျားများ ။ ကျွန်ုပ်တို့မှာ ကြားကြပ် နံကြပ်ဖြစ်နေတော့သည် ။ ကျောက်ဂူကြီးကား အတော်အသင့်ရှည်လျားဟန်ရှိလေသည် ။ ကျွန်ုပ်တို့လည်း ဇောနှင့်မို့ မရပ်မနားပဲ ကျောက်ဂူအတွင်းပိုင်းသို့ ဆက်၍ ၀င်ခဲ့ကြပေတော့သည် ။ ဂူကြီးထဲသို့ ရောက်သောအခါ တ၀ီဝီအသံ များအားမကြားရတော့ပေ ။ ပျားများ အဘယ်ကြောင့် ဤ ဂူကြီးအတွင်းသို့ လိုက်မ၀င်ကြသည်ကို ကျွန်ုပ်လည်း မစဉ်းစားတတ်အောင်ရှိလေသည် ။
ဒေါက်တာနိုင်ဇော်က
" ပျားတွေအသံတော့ မကြားရတော့ဘူးဗျို့ဒီကောင်တွေ ဒီထဲလိုက်မလာကြဘူး ကျွန်တော်တို့တော့ ရှေ့ဆက်တိုး ရတော့မှာပဲ "
ဟုဆိုကာ ရှေ့မှ ဦးဆောင်၍ သွားလေတော့သည် ။ ဂူကြီး၏ အတွင်းပိုင်း နက်နက်သို့ ရောက်သောအခါ အသက်ရှုရသည်မှာ ပုံမှန်အတိုင်းပင်ရှိသေးသည်ကို ကြည့်ခြင်းအားဖြင့် အောက်ဆီဂျင်အလုံအ လောက် ရှိကြောင်း တွေ့ရလေသည် ။ ကျွန်ုပ်တို့လည်း နေ့တစ်ဝက်ခဲ့မျှ ဂူကြီးထဲတွင် ဆက်လက်ခရီးဆက်ခဲ့ကြလေသည် ။ ထူးဆန်းသည်မှာ ဂူကြီး၏ ဘေးနံရံများတွင် စိမ်းစိမ်း အပင်များ တွယ်ကပ်နေသည်ကိုတွေ့ရလေသည် ။ ထိုအပင်များကြောင့်သာလျှင်အောက်ဆီဂျင် မပြတ် လပ်ခြင်း ဖြစ်သည်ဟု တွေးတောမိလေသည် ။ ကျွန်ုပ်တို့ လည်း နားလိုက် ဆက်လိုက်နှင့် ဗုံသံများလည်း တဖြေး ဖြေး ဝေးသွားကြပြီ ဖြစ်သည် ။
ဤသို့ဖြင့် ဇွဲကောင်းကောင်းနှင့် ရှည်လျှားသော ဂူကြီးထဲတွင် ခရီးဆက်ခဲ့ကြသည်မှာ နာရီပေါင်းအ တော်ကြာခဲ့ လေသည် ။ ဂူကြီး၏ ထောင့်ချိုးတစ်ခုတွင် မြင်လိုက်ရသောကြောင့် ကျွန်ုပ်တို့အဖွဲ့မှာ လွန်စွာ စိတ်ပျက်အား ငယ်မိသွားကြလေသည် ။ ဂူကြီး၏ လမ်းကား အဆုံးသို့ရောက်နေပြီး ကျောက်နံရံကြီးတစ်ခုက ပိတ်ဆို့ထားသော ကြောင့်ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်ကား ကျောက်နံရံနားသို့သွားကာ စူးစမ်းလေ့လာနေလေသည် ။ ကျွန်ုပ် လည်း မြေပြင်သို့ နားနှင့်ကပ်ကာ နားထောင်ကြည့်သောအခါ မျက်လုံးပင်ပြူးသွားရလေသည် ။ ခြေသံပြင်းပြင်း နှင့် လူရိုင်းသံများကား ကျွန်ုပ်တို့ နောက်သို့ လှိုဏ်ဂူထဲသို့ ၀င်ကာ ဆက်လိုက်လာပြီဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား လေတိုးသံများကြားနေရသောကြောင့် ဤ ကျောက်နံရံကြီးတစ်ဖက်တွင် ထွက်ပေါက်ရှိရ မည်ဟု ခန့်မှန်း ရလေသည် ။ ဒေါက်တာနိုင်ဇော်က
" ကိုသက်တန့်ရေ ၀မ်းသာစရာပဲဗျ ဒီနံရံကြီးက ခြောက်လမ်မလောက်ပဲထူတာ အပြင်ဖက်မှာ ထွက်ပေါက်ရှိ တယ်ဗျ ကျွန်တော်တို့မှာပါလာတဲ့ လက်လုပ်မိုင်းတွေနဲ့ ခွဲရင်တော့ပြိုနိုင်တယ် "
" ဖြိုမယ်ဆိုလည်း မြန်မြန်ဖြိုမှဗျို့ နောက်မှာ လူရိုင်းတွေလိုက်လာတဲ့ ခြေသံတွေကြားနေရတယ် "
ဟု ကျွန်ုပ်ကပြန်ပြောလိုက်လေသည် ။
သို့နှင့် ကျွန်ုပ်တို့ အဖွဲ့လည်း မိုင်းများဆင်ကာ ကျွန်ုပ်တို့အဖွဲ့ ရှေ့ဆက်သွားမည့်လမ်းအား ပိတ်ကာထားသော ကျောက်နံရံကြီးအား ဖြိုခွဲရန်ကြိုးစားကြလေတော့သည် ။ မိုင်းများဆင်ပြီးသော် ကျွန်ုပ်တို့လည်း ခပ်လှမ်းလှမ်း မှာနေ၍ စောင့်နေလေသည် ။ ဒေါက်တာနိုင်ဇော်က ကျောက်ခဲ၂လုံးအား ပွတ်တိုက်ကာ မီးကူး စေပြီး လက်လုပ်မိုင်းများဆင်ထားရာသို့ ပစ်ပေါက်လိုက်လေသည် ။
" ၀ုန်း "
တသိမ့်သိမ့်တုန်ပြီး မည်ဟီးလိုက်သောအသံကြီးကြောင့် ကျွန်ုပ်တို့လည်း ဂူအမိုးမပြိုကျစေရန် ဆုတောင်းနေရပြီး လွင့်စင်လာသော ကျောက်တုံးကျောက်ခဲများကို သတိထား၍ ၀ပ်ပြီးရှောင်နေရလေသည် ။ အတန်ကြာ သောအခါ အလင်းရောင်တန်းကြီးကိုတွေ့လိုက်ရ၍ အားရ၀မ်းသာ ထွက်ကြည့်ကြရာ သဲသောင်ပြင်ကြီးနှင့် ဂူပေါက်ဝတစ်ခုကို တွေ့မြင်လိုက်ရလေတော့သည် ။ ကျွန်ုပ်တို့လည်း ယခုမှသာ သက်ပျင်းချနိုင်တော့ပြီး ထွက်ခဲ့ကြပေတော့သည် ။ သို့သော် တစ်ဖက်ဂူပေါက်ဝရှိမြင်ကွင်းများမှာ ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးသလို ခံစားရသောကြောင့် လေ့လာကြည့်မိလေရာ ကျွန်ုပ် ဤကျွန်းကြီးပေါ်သို့ စတင်ရောက်ပြီး ပထမဆုံးပုန်းခိုခဲ့ရာ ဂူကြီး ဖြစ်ကြောင်းအံ့သြဖွယ်ရာတွေ့ရှိရလေသည် ။ ကျွန်ုပ်လည်း ထိုအချိန်က ကျောက်နံရံကြီးကြောင့် တစ်ဖက် ပိတ်ဂူကြီးဟုသာ ထင်ခဲ့မိရာ ယခုမှာ ထိုဂူကြီးမှာ အရိုးသဏ္ဍာန်တောင်တန်းများပေါ်မှ ဂူကြီးနှင့် တစ်ဆက် တည်းဖြစ်ကြောင်းသိရှိရပေသည် ။
ကျွန်ုပ်လည်း ဂူကြီးကို ဟိုဟို ဒီဒီကြည့်ရင်း ဂူအောက်ခြေကြမ်းပြင်ကိုကြည့်လိုက်ရာ စွပ်ကြောင်းများကို တွေ့ရ လေသည် ။ ၄င်းစွပ်ကြောင်းများမှာ သိပ်မနက်လှပဲ သဲပြင်ပေါ်တွင် ရေးရေးလေး ပေါ်နေခြင်းကြောင့်သာ ပထမကျွန်ုပ် ဂူထဲတွင် နေစဉ်က မတွေ့မိခြင်းပင်ဖြစ်မည် ။ တစ်ဆက်တည်းမှာပင် ကျွန်ုပ်၏ ပုဇွန်ကင်များ ပျောက်ဆုံး နေမှုမှာ ဤ စွပ်ကြောင်းများပိုင်ရှင်ကြောင့်ဖြစ်နိုင်ပေသည် ။ ဤ စွပ်ကြောင်းပိုင်ရှင်မှာ ပင်လယ် ခူကြီးများ လော ပင်လယ်ကမ်းစပ်မှနေ၍ ဦးခေါင်းရှည်လျားလှသော ညံသတ္တ၀ါ ကြီးမှ ကျွန်ုပ်၏ ဂူအတွင်းသို့ အစာရှာဖွေသလော ကျွန်ုပ်မှာ မတွေးတောတတ်အောင်ပင် ဖြစ်သွားလေသည် ။ ဒေါက်တာနိုင်ဇော်ကတော့ ညံသတ္တ၀ါလက်ချက်ဖြစ်နိုင်ကြောင်း ခန္ဓာကိုယ်က ပင်လယ်ထဲမှာနေ၍ ဦးခေါင်းပိုင်းသာ ကျောက်ဂူအတွင်းသို့ ၀င်လာ၍ စွပ်ကြောင်းရာ သိပ်မထင်တာ ဖြစ်နိုင်ကြောင်းပြောလေသည် ။ ကျွန်ုပ်လည်း ဒေါက်တာနိုင်ဇော်အား ဤဂူကြီးထဲတွင် ကျွန်ုပ်နေထိုင်ဖူးကြောင်းနှင့် ပုဇွန်ကင်များ ပျောက်ဆုံးဖူးကြောင်းပြောပြလိုက်လေသည် ။
" ကိုနိုင်ဇော်ရေ ဒီဂူက ကျွန်တော်ပထမဆုံးပုန်းခိုခဲ့တဲ့ ဂူကြီးပဲဗျ ဒီဂူကြီးက ဒီလောက်ရှည်လျား မှန်းအခုမှ သိတယ် ဗျာ နောက်ပြီး ဒီဂူထဲမှာ ကျွန်တော်ပုဇွန်ကင်တွေပျေက်ဖူးတယ်ဗျ "
" ဟုတ်လား ဒါဆိုရင်တော့ ညံကောင်တွေလက်ချက်ပဲ ဖြစ်မယ်ဗျ ကျွန်တော့်အထင်ပေါ့လေ"
"အင်းကိုနိုင်ဇော်ပြောသလိုလည်း ဖြစ်နိုင်ပါတယ်ဒါနဲ့ ဒီအတိုင်းဆို ဒီဂူကြီးက အတော်ရှည်တာပဲဗျနော်"
"အေးဗျာ...အခုမှပဲ လမ်းဆုံးတော့တယ် ဒီဂူအမိုးတွေပါဖြိုခဲ့မှဖြစ်မယ်ဗျို့ နို့ဆို ဟိုလူရိုင်းတွေလိုက်လာနိုင်တယ် "
ဟုပြောပြောဆိုဆို ဂူနံရံအမိုးများကိုလည်း လက်လုပ်မိုင်းများ သွားဆင်နေတော့သည် ။ သို့နှင့် မိုင်းများ အားလုံးဆင်ပြီးသောအခါ ကျွန်ုပ်တို့အဖွဲ့လည်း ဂူအပြင်သို့ထွက်ကာ ထိုလှိုဏ်ဂူကြီးအား ဖြိုချ ဖျက်ဆီး လိုက်ကြ လေတော့သည် ။ လူရိုင်းများလည်း အထဲမှာ ပိတ်ဆို့ကာ ပြန်ထွက်ပြီး ကျွန်ုပ်တို့အား လိုက်မည် ဆိုလျှင်တောင် ၂ ရက်ခန့်အချိန်ကြာဦးမည်ဖြစ်သည် ။
သို့နှင့် ကျွန်ုပ်တို့လည်း ညိုမောင်နှင့် ထွန်းလူတို့အား ဖောင်ပြုလုပ်ရန် ၀ါးများခုတ်စေပြီး ကျွန်ုပ်တို့လည်း ၀ိုင်းကူကာ ဖောင်တစ်ခု အမြန်ပြုလုပ်ကြလေတော့သည် ။ ကျွန်ုပ်ကတော့ စားရေးသောက်ရေးတာဝန်ယူကာ ဒေါက်တာနိုင်ဇော်က အမဲရရန် တာဝန်ယူပြီး ကျန်သောအချိန်များတွင် ထွန်းလူနှင့်ညိုမောင်တို့ကို ၀ိုင်းကူရလေ တော့သည် ။ ရတနာ အထုပ်များနှင့်နတ်သစ်ခွဖြူများအား ဒီအတိုင်းပစ်ထားကာ ဖောင်အမြန်ပြီးရေးကိုသာ အားသွန်ခွန် စိုက်ပြုလုပ်ကြလေသည် ။ သို့နှင့် တစ်ရက်ခန့်ကြာသောအခါ ကျွန်ုပ်တို့၏ ဖောင်ဖွဲ့ခြင်း လုပ်ငန်းစဉ်ကား ပြီးဆုံးသွားလေသည် ။ ထိုအတောအတွင်း ရသော အမဲ ၊ ပုဇွန်နှင့် ငါးများကို အခြောက်လှမ်း ကာ ပင်လယ်ပြင်ခရီးအတွက် ယူဆောင်ခဲ့လေသည် ။ ကျွန်ုပ်တို့လည်း ဖောင်ဖွဲ့ပြီးသော အခါ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အုန်းရေ ၊ ပုဇွန်ကင် ၊ ငါးကင် ၊ ပင်လယ်ရေညှိသုပ် ၊ ချေသားဟင်းနှင့်ပုတတ်ကင် ၊ ကင်းမွန်ပေါင်းစသဖြင့် စုံလင်စွာ ချက်ပြုတ်စားသောက်ကြလေသည် ။ ဟင်းများချက်ပြုတ်ရန်အတွက်မူ ၀ါး ဆစ်ပိုင်းများအား အသုံးပြုလေသည် ။ ထိုတစ်ညတွင် ရောက်တတ်ရာရာများပြောပြီး ကျွန်ုပ်တို့၏ ကျွန်းပေါ်မှ အတွေ့အကြုံများကို ပြန်လည် စမြုံ့ပြန်ကြလေသည် ။ သို့နှင့် နောက်တစ်နေ့နံနက်ရောက်သောအခါ ကျွန်ုပ် လည်း အိပ်နေရာမှ ဗုံသံများကြားလာရသောကြောင့် ကျွန်ုပ်တို့အဖွဲ့မှ လူများအား အမြန်နှိုးကာ ဖောင် ဆီသို့ သုတ်ချေတင်ကြလေတော့သည် ။ မိုးကား အုံ့မှိုင်းရွာသွန်းလျှက်ရှိကာ ဒီတစ်ခါမုန်တိုင်းတိုက်ပြီး ဤကျွန်း ပေါ်သို့ ပြန်ရောက်လာလျှင် ကျွန်ုပ်တို့အဖွဲ့ လည်း အသက်ရှင်လမ်းမမြင်ပေ ။ လူရိုင်းများကား ကျွန်ုပ်တို့အဖွဲ့အား အစိမ်းလိုက် စားချင်နေပုံရပေသည်။
ရတနာအထုပ်များနှင့် ရိက္ခာခြောက်များ ၊ လက်နက်များ နှင့် နတ်သစ်ခွဖြူများအား ယူဆောင်ကာ မနုဿ လူသား စားကျွန်းကြီးအား စွန့်ခွာခဲ့ကြပေတောသည် ။ ရာသီဥတုက မကောင်းသောကြောင့်ကျွန်ုပ်တို့မှာ စိုးတထိတ် ထိတ်နှင့်ပင် ။ လှိုင်းများကား ကျွန်ုပ်တို့ ဖောင်လေးအား မြင့်ချည်နိမ့်ချည်ပြုလုပ်လျှက်ရှိပေသည် ။ မနုဿ လူသားစားကျွန်းကြီးကား ဟိုးအဝေးမှုံပျပျသာ ။ ကျွန်ုပ်တို့လည်း ဖောင်အား အားကြိုးမာန်တက် ထိမ်းနေ စဉ် တစ်ချီတွင် ဖောင်ကား တစ်စုံတစ်ခုမှ အောက်မှ တွန်းထိုးလိုက်သကဲ့သို့ ရေပြင်ပေါ်မှ မြင့်တက်သွားလေသည် ။ အလို... ဖောင်အောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်ုပ်တို့ တောင်တန်းများပေါ်မှ ညဖက်မြင်ခဲ့ ရသော ညံကောင်ကြီးပင်ဖြစ်လေသည် ။ ကံကောင်းသည်မှာ ဖောင်မှာ ရေပြင်သို့ပြန်အကျတွင် မှောက်မသွားပဲ ဆက်လက် ရွေ့နေတုန်းပင်ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်လည်း သေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ သတ္တ၀ါကြီး မည်သည့်နေရာမှ ထွက်ပေါ်လာမည်နည်းဟု စောင့်ဆိုင်းနေလေသည် ။ ကျွန်ုပ်လည်း ကျောက်မှိန်း ကို ကိုင်ကာ မျက်စိလျှင်လျှင်ထားနေရ၏ ။ မိုးကားသည်းကောင်းတုန်းပင်ရှိလေသည် ။ ထိုအခိုက်ရုတ်တရက် ကျွန်ုပ်တို့ဖောင်ဘေးမှ မဲမဲခေါင်းရှည်ရှည်ကြီးနှင့် ညံသတ္တ၀ါကြီးကားရေပြင်ပေါ်မှထွက်ပေါ်လာရာ ကျွန်ုပ်တို့ ဖောင်ပေါ်မှ ပေ ၂၀ ခန့်ထိ အုပ်မိုးသွားလေသည် ။
" ဒိုင်းဒိုင်းဒိုင်း.. "
“ ၀ှီး”
“ ဒုတ်”
ဒေါက်တာနိုင်ဇော်၏ သေနတ်ပစ်သံနှင့် ကျွန်ုပ်၏ ကျောက်မှိန်းပစ်သံကား တစ်ဆက်တည်းပင်ဖြစ်ကာ ညံ သတ္တ၀ါကြီးကား အထိနာသွားဟန်ဖြင့် ကြောက်မက်ဖွယ် အော်သံကြီးပြုကာ ရေအောက်ထဲသို့ ပြန်လည်ငုပ် လျှိုးသွားလေတော့သည် ။ ပင်လယ်ရေပြင်ကား သွေးချင်းချင်းနီလျှက် ။ ကျွန်ုပ်တို့လည်း သတ္တ၀ါကြီး ထပ် ပေါ်လာ ဦးမည်လားဟု စိုးတထိတ်ထိတ်နှင့်လက်နက်များကိုင်ကာ စောင့်စားနေကြလေတော့သည် ။ တစ်ချီတွင် သတ္တ၀ါကြီးကား အောက်မှ တွန်းတင်လိုက်ရာ ကျွန်ုပ်တို့ ဖောင်မှာ မှောက်လုလုဖြစ်သွားလေသည် ။ လွန်စွာ လျှင်မြန်လှသော ဒေါက်တာနိုင်ဇော်လက်မှ သေနတ်က သတ္တ၀ါကြီး၏ ဦးခေါင်းပိုင်းသို့ ထိမှန်သွားလေသည် ။ သတ္တ၀ါကြီးကား ရေထဲသို့ နစ်မြှုပ်သွားပြန်ရာ ကျွန်ုပ်တို့မှာ ထပ်၍ အသင့်ပြင်ကာ စောင့်ရပြန်လေသည် ။
သို့သော် သတ္တ၀ါကြီးကား နောက်ထပ်ပေါ်ထွက်လာခြင်းမရှိတော့ပေ ။ မုန်းတိုင်းလည်း စဲစပြုကာ ပင်လယ်ပြင် ကား ငြိမ်သက်လာပြီဖြစ်၏ ။ ဤ တွင် ကျွန်ုပ်တို့ ညံသတ္တ၀ါကြီးနှင့်ရင်ဆိုင်တိုက်ခိုက်စဉ်က ဖောင်အား မမှောက်သွားစေရန် ကြိုးစားထိမ်းပေးခဲ့သော ထွန်းလူနှင့် ညိုမောင်တို့၏ အစွမ်းအားလည်း အသိအ မှတ်ပြုရပေသည် ။ သို့နှင့် ကျွန်ုပ်တို့လည်း ဖောင်ကို ထိမ်းကာ ကျွန်းနီကြီးဆီသို့ ဦးတည်လှော် ခတ်ခဲ့လေ တော့သည် ။
“ ဒီညံကောင်တွေက တအားကြောက်ဖို့ကောင်းတယ်ဗျ အမှန်တော့ ဒီနေရာကို လူတွေသိပ်မရောက်ကြလို့ နောက်ပြီး ပင်လယ်ထဲမှာမို့လို့ ဒီကောင်တွေကိုတွေ့ရတာကိုသက်တန့်ရေ အထင်တော့မသေးလိုက်နဲ့ဗျ ပင်လယ်ကူးသင်္ဘောကြီးတွေကို တောင်ဒီကောင်တွေက မှောက်ပစ်နိုင်တယ် အခုကျွန်တော်တို့တွေ့ခဲ့တာ သားပေါက် အဆင့်ပဲ ရှိသေးတယ်ဗျ”
“ အောင်မလေး ကိုနိုင်ဇော်ရယ် သားပေါက်လေးတောင်ဒီလောက်ဆို အကောင်ကြီးများဆိုရင်တော့ မတွေး ၀ံ့စရာပါပဲ”
သို့နှင့် ကျွန်ုပ်တို့လည်း ဖောင်ပေါ်တွင် အသားခြောက်များစားလိုက် ရောက်တက်ရာရာများပြောလိုက်နှင့် မကြာ ခင် ကျွန်းနီကြီးဆီသို့ ဘေးအန္တရာယ်ကင်းစွာ နှင့်ရောက်ရှိခဲ့ကြလေတော့သည် ။
ကျွန်းနီကြီးပေါ်သို့ ငါးဖမ်းစက်လှေများ သုံးလတစ်ကြိမ်လာရောက်သည်ဟု ဆိုသောကြောင့် ကျွန်ုပ်တို့လည်း ယာယီစခန်း ဆောက်ကာ ကျွန်းနီကြီးပေါ်တွင် ငါးဖမ်းလိုက် အမဲပစ်လိုက်နှင့် ဒေါက်တာနိုင်ဇော်က သူ၏ သစ်ခွပန်း အား မိန်းမပျိုလေးအား ကြည့်သကဲ့သို့ နေ့စဉ် ကြည့်နေလေတော့သည် ။
( ကျွန်းနီကြီးပေါ်တွင် ထူးခြားဖြစ်စဉ်များမရှိပဲ စားလိုက်အိပ်လိုက်ဖြစ်သောကြောင့် ဤနေ့ရက်များအား မဖော်ပြ တော့ပါ စာမျက်နှာချုံ့ကြစို့....)
ကံအားလျော်စွာပင် ကျွန်ုပ်တို့ ကျွန်းနီကြီးပေါ်ရောက်ပြီး ၂ ပတ် ခန့်အကြာတွင် ငါးဖမ်းစက်လှေ တစ်စင်း ဆိုက်ကပ် လာရာ ကျွန်ုပ်တို့လည်း အကျိုးအကြောင်းပြောပြီး မြိတ်ကျွန်းစုသို့လိုက်ပါခဲ့တော့သည် ။ ကျွန်ုပ်တို့၏ အသက်ဇီဝိန်အား ကျေပျက်မည့် လုလု အန္တရာယ်များပေးခဲ့သော မနုဿ လူသားစား ကျွန်းကြီးကား.. ဟိုးအဝေးမှုန်ပျပျတွင် ကျန်ရစ်ခဲ့လေတော့သည် ။ ဒေါက်တာနိုင်ဇော်က
“ အခြေအနေကောင်းရင်ကျွန်တော်တို့ လူစုပြီး ဒီကျွန်းကို တစ်ခေါက်လောက်ထပ်လာကြရအောင်ဗျို့ ရတနာ တွေအများကြီးကျန်သေးတယ်”
“ ဟုတ်လို့လားဗျာ ကိုနိုင်ဇော်က ရတနာတွေမမက်ပဲ လူရိုင်းမလေးကို မက်နေတာမဟုတ်လား”
ဟုကျွန်ပ်ကပြောလိုက်ရာ ကိုနိုင်ဇော်က သဘောကျဟန်ဖြင့် ပြုံးနေလေတော့သည် ။
************************************************************************************
သို့နှင့် ကျွန်ုပ်တို့အဖွဲ့လည်း မြိတ်သို့ရောက်သောအခါ ညိုမောင်အား ရတနာများ ခွဲပေးလိုက်ရာ ညိုမောင်က ရတနာ များအား သူ၏ မိသားစုထံသို့ ၀င်ပေးကာ ကျွန်ုပ်နှင့် လိုက်ပါ၍ နေချင်သည်ဟု ဆိုသဖြင့် ကျွန်ုပ်မှာ ထွန်းလူ အပြင် ညိုမောင်ပါ လက်ဆောင်ရခဲ့လေတော့သည် ။ ရန်ကုန်သို့ရောက်သောအခါ ရရှိလာသော ရတနာ များအား နိုင်ငံတော်ပိုင်အဖြစ်ပေးအပ်ပြီး ကျန်ရတနာများအား အချိုးကျခွဲယူကာ ဒေါက်တာနိုင်ဇော်လည်း သုတေ သနအဖြစ် နတ်သစ်ခွဖြူများယူဆောင်ကာ နိုင်ငံခြားသို့ ထွက်ခွာသွားလေတော့သည် ။စွန့်စားခြင်း များကို ၀ါသနာ ပါလှသော ကျွန်ုပ်၏ ဆန္ဒလည်း ပြည့်ဝခဲ့ပေတော့သည် ။ ကျွန်ုပ်လည်း ဝေစုရရှိသော ရတနာများ အား ထုခွဲရောင်းချပြီး ညိုမောင် ၊ ထွန်းလူတို့နှင့်အတူ မြန်မာပြည်အနှံ့ ဘုရားဖူး ခရီးထွက်ခဲ့ လေတော့သည် ။
ဤတွင် ကျွန်ုပ်ရေးသားသော ( ကျွန်ုပ်နှင့် မနုဿလူသားစားကျွန်း ) ဇတ်လမ်းရှည်ကြီး ပြီးဆုံးလေတော့သည် ။
သက်တန့်ချို (4:45 AM 30 April 2010)
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:
Post a Comment