Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Sunday, February 9, 2014

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ထွက်မယ်ဆိုတဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ဗီဒစ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် နီမန်ဂျာ ဗီဒစ် ဟာ ဒီပရီးမီးယားလိဂ်ရာသီကုန်မှာ အသင်းက ထွက်ခွာမှာဖြစ်တယ်လို့ တရားဝင်ပြောကြားလိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဆာဘီးယားလူမျိုး နောက်ခံလူ ဗီဒစ်ဟာ ၂၀၀၅ ခုနှစ်က မန်ယူအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး နွေရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဗီဒစ်က အခုလိုပြောကြားခဲ့ပါတယ်။
“ ကျွန်တော် မန်ယူအသင်းနဲ့ ဆုတံဆိပ် ၁၅ ခုတောင် ရရှိခဲ့ဖို့ စိတ်ကူးတောင်မယဉ်မိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီရာသီကုန်မှာတော့ အသင်းကနေ ထွက်ခွာရပါလိမ့်မယ်။ ကျွန်တော့်ကိုယ် ကျွန်တော် နောက်ထပ် စိန်ခေါ်မှုတစ်ခု လုပ်ချင်လို့ ပါ”
ဗီဒစ်ဟာ ပေါင် ၇ သန်းနဲ့ စပါးတပ်မော်စကို အသင်းကနေ မန်ယူကို ၂၀၀၅ ခုနှစ် ခရစ္စမတ်နေ့ မှာ ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကို မနှစ်က ဖလားရရှိအောင် ခေါင်းဆောင်ပေးနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
အသင်းနဲ့ ရှစ်နှစ်ကြာ လက်တွဲပြီးနောက်ပိုင်းမှာ အခုလို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
“ ဒီလိုအကောင်းဆုံးကလပ်အသင်းနဲ့ အတူကစားခဲ့ရတဲ့အချိန်တွေဟာ ကျွန်တော့်ကစားသမားဘ၀ တစ်လျှောက်လုံးမှာ အကောင်းဆုံးနှစ်တွေအဖြစ် အမြဲအမှတ်တရဖြစ်နေမှာပါ။ အရမ်းစိတ်လှုပ်ရှားခဲ့ရတဲ့ မော်စကိုညတစ်ည ( ၂၀၀၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချယ်လ်ဆီးကို မန်ယူအနိုင်ယူခဲ့တဲ့ည) ကိုလည်း ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကျွန်တော် နဲ့ ပရိတ်သတ်တွေ ရင်ဘတ်ထဲမှာ ဒီအမှတ်တရတွေက ထာဝရ ရှင်သန်သွားမှာဖြစ်ပါတယ်” လို့ ဗီဒစ်က အကြိုနှုတ်ဆက်စကား ဆိုခဲ့ပါတယ်။
Ref: bbc.com

No comments:

Post a Comment