Wednesday, February 26, 2014
AC/DC အဖွဲ့ ရဲ့ ဂန္တ၀င်ရော့ခ်တေးသွား Thunderstruck ကို တယောကြီးနဲ့ ပြန်လည်တီးခတ်ခဲ့တဲ့ 2CELLOS အဖွဲ့  ဂီတဗီဒီယို တစ်ပါတ်အတွင်း ၀င်ရောက်ကြည့်ရှုသူ ငါးသန်းကျော်ရရှိ
ခရိုအေးရှားတယောကြီး(ချယ်လို)အတွဲ Luker Sulic နဲ့ Stjepan Hauser တို့ ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ ပြန်လည်တီးခတ်မှု ဖြစ်တဲ့ Thunderstruck ဂီတဗီဒီယိုဟာ Youtube မှာတင်ပြီး တစ်ပါတ်အတွင်းမှာပဲ ၀င်ရောက်ကြည့်ရှုသူပေါင်း ငါးသန်းကျော် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
2CELLOS လို့ အမည်ပေးထားတဲ့ သူတို့ နှစ်ယောက်အတွဲဟာ သြစတြေးလျ ရော့ခ်တီးဝိုင်း AC/DC ရဲ့ ၁၉၉၀ ခုနှစ် အယ်ဘမ် The Razors Edge ထဲက နာမည်ကြီးသီချင်း Thunderstruck ကို ချယ်လိုတယောနဲ့ ပြန်လည် တီးခတ်ခဲ့တာဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ရဲ့ Smooth Criminal သီချင်းကို ကာဗာပြန်လည်တီးခတ်ပြီး နာမည်ကျော်လာခဲ့တဲ့ Luker Sulic နဲ့ Stjepan တို့ ဟာ တခြားဂန္တ၀င်ရော့ခ်တေးသွားအများအပြားကိုလည်း ချယ်လိုတယောနဲ့  ကာဗာ ပြန်လည် တီးခတ်ခဲ့သူတွေဖြစ်ပါတယ်။
AC/DC အဖွဲ့ ရဲ့ Thunderstruck ကို ကာဗာပြန်လည်တီးခတ်ရာမှာတော့ သူတို့ နှစ်ယောက်ဟာ ၁၈ ရာစု အနောက်တိုင်းဝတ်စုံတွေဝတ်ဆင်ကာ ဂီတဗီဒီယိုကို ၁၈ ရာစုခေတ်မှာ ပွဲကြည့်ပရိတ်သတ်ကို ဖျော်ဖြေနေပုံနဲ့  ရိုက်ကူးထားတာဖြစ်ပါတယ်။
2CELLOS ဟာ လွန်ခဲ့တဲ့လတွေတုန်းက Hard Rock တီးဝိုင်း Guns N Roses ရဲ့ နာမည်ကြီးသီချင်း Welcome to the Jungel ကို ကာဗာပြန်လည်တီးခတ်ခဲ့မှုက နာမည်ကြီးခဲ့ပါသေးတယ်။
2CELLOS ချယ်လိုတယောအတွဲရဲ့ AC/DC သီချင်း Thunderstruck ကို ပြန်လည်တီးခတ်မှုကို အောက်ပါလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment