ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၀)
"
Ghost City Hopital " ဟုရေးထားသော အဆောက်အအုံကြီးတစ်ခုပင် ဖြစ်သည် ။
တိုက်ကြို တိုက်ကြား များတွင် မထင်မရှား ဆောက်လုပ်ထားခြင်းပင် ။ ဆေးရုံ၏
ရှေ့တွင် မြေကွက်လပ်ကြီးတစ်ခုရှိလေ၏ ။ ဆေးရုံ ကား
နံရံတွင်သွေးများပေစွန်းကာ မှန်ပြတင်းများကား ကွဲလျှက်ရှိပေ၏ ။ ထိုအခိုက်
မြေကွက်လပ် အား အသေအချာကြည့်မိရာ ကျွန်ုပ်၏ မျက်လုံးတို့
ပြူးကျယ်သွားရလေတော့သည် ။
" သီတာ"
မျက်နှာမှာ
လွန်စွာ တည်ငြိမ်လှပြီး ခါးတွင်သေနတ်ကို ထိုးကာ လက်နှစ်ဖက်က ဓါး
နှစ်ချောင်း ကိုကိုင် ထားလေသည် ။ ကျွန်ုပ်လို ဓါးမြှောင်တော့မဟုတ်ပေ ။ ၂
ပေသာသာခန့်ရှိသည့် ကင်တိုဓါးများပင် ။ ၀ိုင်းအုံနေ ကြသော
သွေးစုပ်ကောင်များကား ၁၀ ကောင်တိတိ ။ ကျွန်ုပ်လည်း ထိုမြေကွက်လပ်ကို
အပြေးသွားလိုက်၏ ။ အတော်အလှမ်းဝေးသဖြင့်သီတာနှင့် သွေးစုပ်ကောင်များ၏
တိုက်ပွဲကား စနေချေပြီ ။ ဓါးချက်များက ပိရိသေသပ်လှစွာ သွေးစုပ်ကောင်များအား
တစ်ကောင်ပြီးတစ်ကောင် လှဲသိပ်ချနေလေပြီ ။ ကျွန်ုပ်လည်း
တိုက်ပွဲအတွင်းသို့ခုန်ဝင်သွားကာ နီးရာအကောင်များအား ဓါးဖြင့်ထိုးချရင်း
သီတာနှင့်ကျောချင်းကပ်လိုက်၏ ။
" ဟင်...အ..အကို သက်တန့် အစ်ကို မသေသေးဘူးနော် ၀မ်းသာလိုက်တာအစ်ကိုရယ် ညီမလေအကို့ကို စိုးရိမ် လိုက်ရတာ "
ဟုမျက်ရည်ဝိုင်းစွာ
ကျွန်ုပ်အား ပြောလေသည် ။ သွေးစုပ်ကောင်များကား ကျွန်ုပ်တို့ကို အခြေအနေ
စောင့်ကြည့် နေဟန်ဖြင့် ရှေ့သို့ ရမ်းပြီး တိုးဝင်မလာကြပေ ။
" သီတာဘာမှမကြောက်နဲ့နော် အကိုမသေပါဘူး သီတာ .သတိထားနော် ဒီကောင်တွေကို အကိုရှင်းလိုက်မယ် "
ဟုပြောပြီး
သီတာ့ထံမှ ကင်တို ဓါးတစ်ချောင်းအား ပြောင်းယူပြီးနောက် ရှေ့တွင်ကာဆီးနေသော
သွေးစုပ်ကောင်များအားငှက်ပျောပင်အား ဓါးနှင့်ပိုင်းချလိုက်သကဲ့သို့
ဆိုက်တိုက် ပိုင်းချလိုက်လေတော့သည် ။ လေ့ကျင့်မှု ပြင်းထန်သောကြောင့်
ဓါးချက်များက စိတ်နှင့်တစ်ထပ်တည်းကျကာ သွေးစုပ်ကောင်များကား အတုံး အရုံး ။
စက္ကန့် ၃၀ အတွင်းမှာ ပင် သွေးစုပ်ကောင်များကား လုံးဝငြိမ်သက်သွားပေသည် ။
သီတာမှာ ကျွန်ုပ်အား မျက်ရည်များဝိုင်းလျှက် အံ့သြနေဟန်ဖြင့်
ကြည့်ရှူနေလေသည် ။
" သီတာ ..လာသွားကြစို့ ဒီဆေးရုံထဲကို အကိုတို့ဝင်ရမယ် "
ဆိုကာ
ကျွန်ုပ်က သီတာ၏ နုနယ်သော လက်ကလေးအား ပိုင်ပိုင်ဆွဲခေါ်ကာ ဆေးရုံဆီသို့
လှမ်းခဲ့ လေ တော့သည် ။ ဆေးရုံထဲတွင်တော့ ခုံများက ဖရိုဖရဲ ။
သွေးကွက်များကလည်း ဟိုတစ်ကွက် ဒီတစ်ကွက် နှင့် အန္တရာယ် ကောင်များကတော့
ရှိဟန်မတူပေ ။ ကျွန်ုပ်တို့လည်း ဆေးရုံရှိအခန်းများအား သတိကြီးစွာဖြင့်
တစ်ခန်းဝင်တစ်ခန်းထွက် ဆေးရုံရှိ ဆရာဝန်များ၏ Register မှတ်တမ်းအာ
းရှာဖွေလေတော့သည် ။
" Medical Practitioner's Record "
အခန်းတစ်ခန်းရှိ
ဘီဒိုအတွင်းမှ အဆိုပါ စာအုပ်လေးအား ကံကောင်းထောက်မစွာ တွေ့ရလေသည် ။
ကျွန်ုပ် လည်းစာအုပ်အား လှန်လှောရှာကြည့်ရာ ရှေ့ဆုံးစာရွက် ၂
ရွက်မြောက်မှာပင်
" Professor Dr. Thomas , Haematologist ,No. AD 1182 , Bloody Street "
ဟုရေးသားထားလေသည်
။ လိပ်စာကို ရှာတွေ့ပြီဖြစ်သဖြင့် ဒေါက်တာသောမတ်စ်အား ရှာတွေ့ရန် မခက်ခဲ
လှတော့ပေ ။ ကျွန်ုပ်တို့လည်း ထိုအခန်းထဲတွင်ခေတ္တမျှ အနားယူလေသည် ။
" သီတာ ရထားတွဲပျက်ပြီးဘယ်ပျောက်သွားတာလည်းဟင် အကို လိုက်ရှာတော့ သီတာကို မတွေ့တော့ဘူး "
"
အင်း ဟုတ်တယ် အကို သီတာလေ ၀ုန်းကနဲအသံကြားရပြီး အတော်ဝေးဝေးကို
လွင့်သွားတယ် နောက်ပြီး လမ်းကြား တစ်ခုထဲ မှာ မေ့မျောနေခဲ့တယ်
ခေါင်းမှာလည်း ဒါဏ်ရာရထားတယ်လေ ဒီမှာ "
ဟု သူ၏ ဦးခေါင်းအား ပြလေရာ
အနည်းငယ်ပေါက်သွားပြီး သွေးများပင်ခြောက်နေပြီဖြစ်၏ ။ ကျွန်ုပ်လည်း
စတိုခန်းတွင်ပင် ဂွမ်း ၊ ပတ်တီး၊ ဆေးရည်ကိုယူကာ အနာအား ဆေးထည့်ပေးလိုက်၏ ။
ဆေးထည့်နေစဉ်မှာပင် သီတာမှာ မျက်ရည်များဝိုင်းလျှက် ကျွန်ုပ်အား
စိုက်ကြည့်နေလေ၏ ။ မည်မျှပင် စိတ်ဓါတ်မာစေကာမူ မိန်းမသားသည်မိန်းမသားပင်
မဟုတ်ပါလော ။
" အကို ..အကိုနဲ့တွေ့တာ သီတာလေ အရမ်းဝမ်းသာတာပဲသိလား
အကို နိုင်ဇော်ကတော့ ဘယ် အန္တရာယ်ပဲဖြစ်ဖြစ် ရှင်းတတ်တယ်ဆိုတော့ သူ့အတွက်
သိပ်ပြီးစိတ်မပူမိဘူး အကို့ကိုပဲ စိတ်ပူနေတာ ညီမလည်းလမ်းကြားထဲမှာ
သတိပြန်ရလာပြီး အကိုတို့ကို ရှာပါသေးတယ် ဒါပေမယ့် သွေးစုပ် ကောင်တွေ
နဲ့တိုက်ခိုက်ရပြီး ကျည်ဆန်တောင်ကုန်သွားပြီ ..နောက်ပြီး
စားသောက်ဆိုအဟောင်းတစ်ခုကနေ ပေါင်မုန့် အကောင်းနည်းနည်းတွေ့တယ်
အဲဒါပဲစားပြီး အကိုတို့ကို လိုက်ရှာနေတာ အခုထိပဲ နောက်ပြီး ဒီမြို့ထဲမှာ
သတ္တ၀ါမျိုးစုံအမျိုးမျိုးနဲ့ပဲ ဘာတွေဖြစ်ကုန်ကြတာလည်းမသိဘူး "
"
ဟုတ်တယ်ညီမ တစ်မြို့လုံးကလူတွေ သွေးစုပ်ကောင်ဖြစ်ကုန်ကြတဲ့အကြောင်းအရင်းရယ်
သတ္တ၀ါတွေပေါ်ပေါက် လာတဲ့ကိစ္စရယ်ကို အကိုတို့ရှင်းရမယ် ကဲအကိုတို့
ခဏနားပြီးရင် ဒေါက်တာ သောမတ်စ် အိမ်ကို သွားရှာကြတာပေါ့ "
ဟုကျွန်ုပ်ကပြောလိုက်လေသည်
။ ကျွန်ုပ်တို့ ၂ ဦးမှာ စကားတပြောပြောနှင့် ခေတ္တအနားယူနေခိုက် သီတာမှာ
မနေ့ညကတည်းက တစ်ညလုံးအိပ်ခဲ့ဟန်မတူပေ ။ ကျွန်ုပ်၏ ပခုံးပေါ်အသာမှီရင်း
အပစ်ကင်းစင်စွာ အိပ်ပျော် သွားလေသည် ။ ကျွန်ုပ်လည်းသူမအား မနှိုးရက်သဖြင့်
သွေးစုပ်ကောင်တို့၏ အန္တရာယ်မှကာကွယ်ရန် အသင့်အနေအထားဖြင့် ရှိနေလေရာ၃
နာရီခန့်ကြာမြင့်ခဲ့လေသည် ။ ၃ နာရီစွန်းစွန်းတွင်သီတာမှာ နိုး လာလေသည် ။
" ဟယ်..အကို့ကို အားနာလိုက်တာ အကို့ပေါ်မှာ အိပ်ပျော်သွားမိတယ် "
" ရပါတယ် သီတာရယ် ပြောနေစရာမှမဟုတ်တာ ကဲသီတာ အိပ်ရေးဝရင် အကိုတို့ ဒီကနေသွားကြမယ်လေ "
" ဟုတ်ကဲ့အစ်ကို "
သို့နှင့်
ကျွန်ုပ်တို့ နှစ်ဦးလည်း ဆေးရုံအားစွန့်ခွာကာ မြေကွက်လပ်အား
ကျော်ဖြတ်ခဲ့ကြလေသည် ။ သို့သော် မြင်ကွင်း က မလှပပေ ။
ကျီးကန်းမည်းမည်းများက ကောင်းကင်တွင်ဝဲပျံလျှက်ရှိရာ မြေကွက်လပ်မှာ
မည်းမှောင် လျှက်ရှိသည် ။ ဤအတိုင်းဖြတ်ကျော်လျှင်ကျွန်ုပ်တို့
နှစ်ဦးစလုံးအဖို့ မလွယ်လှပေ ။ ကျီးကန်းများမှာ တစ်ကောင်လျှင်
တစ်ပေသာသာခန့်ရှိပြီး လွန်စွာ အရုပ်ဆိုး အကျည်းတန်လှကာ နှုတ်သီးများမှာလည်း
သွေးများပေ ကျန်နေပြီး အသားများအား ထိုးဆွ စားသောက်ခဲ့ဟန်တူလေသည် ။
အသားစားကျီးကန်းများ ဖြစ် ဟန်တူ၏ ။
" ကဲသီတာ
နှစ်ယောက်စလုံးမြေကွက်လပ်ကို ကူးဖို့တော့ မဖြစ်နိုင်ဘူး အကို့မှာလည်း
ကျည်ငါး တောင့်ပဲ ကျန်တော့တယ် သီတာအမြန်ကူးပေတော့ သီတာ့ကို ကာပစ်ပေးထားမယ် "
အပိုင်း (၁၁) မျှော်.......။
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
No comments:
Post a Comment