တခါတုန်းက မျက်မမြင် ကောင်မလေးတစ်ယောက်ရှိတယ် ။ သူ့စိတ်ထဲမှာ အရာအားလုံးကို
အထင်သေးမှုတွေ မလိုမုန်း တီးမှုတွေ စက်ဆုပ်မှုတွေနဲ့ ပြည့်နေလေ့ရှိတယ် ။
သူမမှာ သူငယ်ချင်း များများစားစားမရှိဘူး ။ သူ့ကို တခြား
သူတွေမချစ်နိုင်တဲ့အချစ်မျိုးနဲ့ နက်ရှိုင်းစွာချစ်တဲ့ ကောင်လေးတစ်ယောက် ပဲ
ရှိတယ် ။ မျက်မ မြင်ကောင် မလေးက ကောင်လေးကို
အမြဲပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ။
“
ငါ့မျက်လုံးတွေ ပြန်မြင်ရတဲ့တစ်နေ့ နင့်ကိုလက်ထပ်မယ် ” တဲ့ ။ ဒီလိုနဲ့
တစ်ရက်မှာ သူ့အတွက် မျက်လုံး တစ်စုံလှူမယ့် လူတစ်ယောက်ပေါ်လာခဲ့တယ် ။
နောက်ဆုံးမှာ သူမမျက်လုံးတွေပြန်မြင်ပြီး သူ့ကောင်လေး ကို လည်း
မြင်ခွင့်ရခဲ့တယ် ။ အဲဒီအချိန်မှာ သူမ အလွန်အံ့အားသင့်သွားခဲ့တယ် ။
ဘာကြောင့်လည်းဆိုတော့ သူမ ကောင်လေးကလည်း သူမလိုပဲ
မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပါပဲ ။
ကောင်လေးကမေးတယ် ။ “ နင်အခု ငါ့ကိုမြင်ရပြီမဟုတ်လား ငါတို့လက်ထပ်ကြမလားဟင် ”
ဒီတော့ကောင်မလေးကပြန်ပြောတယ်
။ “ အို.. ဘယ်လိုဖြစ်နိုင်မှာပလဲ ငါတို့ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး အခု
ငါ့မျက် လုံးတွေပြန်မြင်နေရပြီလေ ဒါပေမယ့် နင်ကတော့ အခုထိ ကန်းနေတုန်းပဲ
ဒါကြောင့် စိတ် မကောင်း ပါဘူး ငါတို့ မဖြစ်နိုင်ဘူး ” တဲ့ ။
ကောင်လေးရဲ့
မျက်ဝန်းထဲမှာ မျက်ရည်တစ်ပေါက် စီးကျလာတယ် ။ ပြီးတော့ ကောင်လေး က ကောင်
မလေးကိုပြုံးပြပြီး “ ငါနားလည်ပါတယ် ငါက နင့်ကိုပျော်
ရွှင်စေချင်ခဲ့ယုံသက်သက်ပါ ကျေးဇူးပြုပြီး နင့်ကိုယ် နင် ဂရု စိုက်ပါ
ပြီးတော့ငါ့မျက်လုံးတွေကိုလည်းဂရုစိုက်ပေးပါ ”
ပြီးတော့ကောင်လေး က ကောင်မလေးရှေ့ကနေ လှည့်ထွက်သွားခဲ့တယ် ။
###############################################
တကယ်တော့အချစ်ဆိုတာ
အမြင်သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲတတ်တာမျိုးမဟုတ်ပါဘူး ။ မြင်နေ ရ သည်
ဖြစ်စေ မမြင်ရသည်ဖြစ်စေ ရင်ခုန်သံချင်းနားလည်နေဖို့သာလိုတာပါ ။ ကောင်မလေးဟာ
ရဲ့အချစ်ဟာ အမြင် သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲသွားခဲ့တယ် ။ လောကကြီးမှာ
အချစ်ဆိုတာဟာလည်း အဲဒီလို အသွင် သဏ္ဍာန် နဲ့ အခြေအနေ ၊
အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါသလား လို့ ကောင်လေး စိတ်ထဲ တွေးနေ
မိမှာပါပဲ ။
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
No comments:
Post a Comment