တစ်ခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း
တဲ့သစ်တစ် ပင်အောက် မှာ လှဲနေရင်း ဆေးလိပ်ဖွာလို့ နေတယ် ။ အဲဒီအချိန်မှာ
သူ့အနားကို လုပ်ငန်းရှင်သူဌေးကြီး တစ် ဦးရောက် လာပြီး
ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ ဆေးလိပ်ထိုင်သောက်နေသလဲလို့မေးပါတယ် ။ အဲဒီတော့
ငါးဖမ်း သမားက ဒီနေ့အတွက် လုံလောက်တဲ့ငါးဖမ်းမိပြီဖြစ်တဲ့အတွက်
အနားယူနေကြောင်း ပြန်ပြောတယ် ။
သူဌေးကြီးဟာ ငါးဖမ်းသမားအပေါ် အားမလိုအားမရဖြစ်ပြီး ဒေါသလည်းထွက်သွားခဲ့တယ် ။
“ ဘာကြောင့်နောက်ထပ်ငါးတွေမဖမ်းပဲနဲ့ အရိပ်ထဲမှာ သင့်အချိန်တွေကို ကုန်ဆုံးစေရတာလဲ ”
“ ကျွန်တော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”
“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ အဲဒီအခါ မင်း ငါး ဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ငွေတွေထပ်ရလာတဲ့အ ခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ့ ပြီးတော့ ငါးဖမ်းလုပ် သားတွေခေါ် ယူရမယ် ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ အဲဒီအခါ မင်းငါ့လို လုပ်ငန်းရှင်သူဌေးကြီးဖြစ်လာမှာပေါ့ ”
“ သူဌေးကြီးဖြစ်လာတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဟ .. အဲဒီအခါ မင်း ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့အေးဆေးနေလို့ရပြီပေါ့ ”
“ အခုရော ... ကျွန်တော်ဘာလုပ်နေတယ်လို့ ထင်ပါသလဲ သူဌေးမင်းခင်ဗျား ”
###############################
ဘ၀မှာ
ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့အတွက် နက်ဖြန်ဆိုတဲ့ နောက်တစ်နေ့အထိ
စောင့်စရာမလိုပါဘူး ။ ပျော်ရွှင်ချင် ယုံသက်သက်သာဆိုရင်တော့ သင်
ချမ်းသာဖို့မလိုအပ်သလို စွမ်းအားကြီးဖို့လည်းမလိုအပ်ဘူး ။
ဘ၀ ဆို ယခု အချိန်လေးပဲလေ --- သင် အပြည့်အ၀ ပျော်ရွှင်နိုင်ပါတယ် ။
လူတချို့ကပြောတယ်
“ ငါ့ရဲ့စည်းစိမ်ချမ်းသာတွေက ငါရဲ့ တကယ့်ပိုင်ဆိုင်မှုတွေမဟုတ်ဘူး ဒါပေမယ့်
ငါ့လိုအင် ဆန္ဒတွေရဲ့ အနည်းငယ်မျှသာ ဖြစ်တယ် ” တဲ့ ။
ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ သင်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ပါဘူး ။
“ သင့်ရဲ့ ယခုအချိန် လေးပါပဲ ”
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
No comments:
Post a Comment