မြန်မာနိုင်ငံမှာ ဖုန်းကိုအသုံးများလာကြပါပြီ.. ဒီတော့ ဖုန်းရဲ့ Network
အကြောင်းလေး သိထားဖို့ လိုမယ်ထင်တယ်.. ဒါကြောင့် Mobile Phone Network
တွေအကြောင်း ဖတ်မိတာလေး မျှဝေလိုက်ပါတယ်..
ကျနော်တို့မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုရင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။

GPRS(General Packet Radio Service)GPRS
ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို
အခြေခံထားပါတယ်။ကျနော်တို့ အသိများတာကတော့ 2G Network
လို့ခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုရင် Download Speed 144 Kbps
လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန့်သက်ချက်တွေရှိပါတယ်
ကျနော်တို့ဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
EDGE(Enhanced
Data GSM Evolution)GPRS နဲ့ EDGE ဆိုတာ 2G
နက်ဝက်နည်းပညာတစ်တည်းပါပဲ။ဒါပေမယ့် EDGE က GPRS ထက် Download Speed
ပိုများပါတယ်။384Kbps နီးပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G
Network လို့လည်းခေါ်ဆိုကြပါတယ်။3G3G နက်ဝက်ဆိုတာကတော့ Video Calling,MMS
စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့
ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps
အထိရနိုင်ပါတယ်။
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment