အထူးအဖြင့် မိန်းကလေးတွေ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြတယ် ၊ နားလည်ပါတယ် ကိုယ့်ချစ်သူရဲ့ ချော့တာလေးခံချင်လို့၊ နွဲ့ဆိုးလေးဆိုးချင်လို့ စိတ်ကောက်ကြတယ်ဆိုတာ ၊ ဒါပေမဲ့ဗျာ စိတ်ကောက်တိုင်းမကောင်းပါဘူး ၊ စိတ်ဆိုးသင့်တဲ့နေရာ ကောက်သင့်တဲ့နေရာမှာ ဘဲ ကောက်ပေါ့ ၊ နေရာတကာ တော့ အချော့ခံချင်လို့ စိတ်ကောက်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး ၊ ဒီနေရာမှာလည်း နားလည်မှုလေးတွေ လိုအပ်နေတာပါ အရာရာကို နားလည်ပေးပြီး အကောင်းမြင်လေးနဲ့ မြင်ပေးမယ်ဆိုရင်အကောင်းဆုံးပေါ
ဥပမာပြောရရင်တော့
ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက် ကြိုးတစ်ချောင်းကို အစွန်းနှစ်ဖက်စီကဆွဲနေသလိုဘဲ နှစ်ဖက်လုံးက တင်းတင်းဆွဲရင် ကြိုးက ပြတ်ထွက်သွားမယ် ၊ နှစ်ဖက်လုံးလျော့လွန်းနေပြန်ရင်
အထူးသဖြင့် ယောက်ျားလေးတွေကို ဦးတည်ပြောချင်ပါတယ် ၊
ချစ်သူတွေမှာ ပထမဆုံးကြုံတွေ့ရမဲ့ ပြသာနာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ နားလည်မှုဟာ ချစ်သူတွေအတွက် အလွန်အရေးကြီးပါတယ် ၊ သတိထားရမဲ့ အချက်ကလေးတွေ ရှိပါတယ် ၊ အမျိုးသားတွေ ကိုယ့်ချစ်သူနဲ့တွေ့တဲ့ အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောမိပါစေနဲ့ ၊ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားလေး ၊ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးကို အစဉ်ပြောပေးရပါမယ် ၊ အချိန်တိုင်းကြီး ၊ နေတိုင်း ပြောရမယ်လို့လည်း မဆိုလိုပါဘူး ၊ ပြောပါများလာရင်လည်း ရိုးသွာတာတွေ မလေးနက်တာတွေ ဖြစ်လာပါလိမ့်မယ် ၊ ကိုယ့်ချစ်သူရဲ့ မွေးနေ့ ၊ ကိုယ်ကို့ အဖြေပေးတဲ့ နေ့ အဲဒီနေ့ တွေကိုတော့ စွဲစွဲမြဲမှတ်ထားဖို့တော့ အရေးကြီးပါတယ် ၊ တခြားဟာတွေ အမှတ်မရရင် နေပါစေ ၊ ဒီ နှစ်ရက်ကိုတော့ ဦးနှောက်ထဲမှာ စွဲနေဖို့လိုအပ်ပါတယ် ၊ ကိုယ့်ချစ်သူအတွက် ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်း သိစေဖို့ မထင်မှတ်တာလေးတွေ ၊ အံသြစေတာလေးတွေ ကို မကြာခဏဖန်တီးပေးသင့်ပါတယ် ၊ ဒါမှလည်း ကိုယ့်ချစ်သူက ကိုယ့်ဆီမှာဘဲ စိတ်ရောက်နေမှာပါ သာယာနေမှာပါ ၊ တခြားသော သူစိမ်းတစ်ယောက်စီ စိတ်ရောက်နေတာမျိုးလုံးဝအဖြစ်
အရေးကြီးတဲ့ နောက်တစ်ချက် ၊ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု ၊ အလွန်အရေးပါ ပါတယ် ၊ (အသွင်တူမှ အိမ်သူဖြစ်မယ် ) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား ၊ အဓိပ္ပာယ်ကိုကော သေချာသိပါသလား ၊ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထားမတိုက်ဆိုင်တဲ့ ပြသာနာလေးတွေရှိပါတယ် ၊ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့ ၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့ ၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှားပြသာနာလေးတွေက အစ ပြသာနာရှာတက်ကြတယ် ၊ အသွင်တူမှအိမ်သူဖြစ်မှာ ဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်တာလွဲပြီး ဒီလိုပြသာနာလေးတွေ ဖြစ်လာတာပါ ၊ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ ၊ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာစဉ်းစားကြည့်ပါ အသွင်တူမှလို့ပြောတာပါ အကြိုက်တူမှ လို့ပြောတာ မဟုတ်ပါဘူး ၊ အသွင်တူတယ်ဆိုတာကလည်း ၊ သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဖြစ်အောင်လုပ်ပေးနိုင်တာေ

အချစ်ဦးတို့အတွက်
တချို့ကျသော်လည်း ဒီလိုရှိတယ်ဗျ.ကျွန်တော့်သူငယ်
ကျွန်တော်ပြောချင်တာကတော့ လောကမှာ မိမိအပေါ်နားလည်ပေးနိုင်တဲ့သူ ရှိသလို နားမလည်ပေးနိုင်သူလည်း ရှိနေနိုင်ပါတယ်။ဒါပေမယ့် ဒဏ်ရာတိုင်းမှာတော့ အမာရွတ်ဆိုတာ ကျန်စမြဲပါဘဲ။ဒါပေမယ့် ဒီအမာရွတ်ကိုကြည့်ပြီး အတိတ်က အရာတွေကိုတမ်းတနေမည့်အစား နောက်ထပ်တစ်ကြိမ် မကြုံနိုင်အောင် ဖန်းတီးတာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။နောက်ပြီး တယူသန်မုန်းတီးမှုဆိုတာ မထားရှိသင့်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။
ဒါ့ကြောင့် ချစ်သူတွေမှာ အရေးကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့နဲ့ ယုံကြည်မှုရှိဖို့ပါဘဲ ၊ ဒီနှစ်ချက်သာ သင်တို့ဆီမှာရှိမယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ဘ၀ခရီးကြမ်းကို ချစ်သူလက်တွဲပြီး အတူလျှောက်လှမ်းနိုင်မှာပါဗျာ။
ချစ်သူတိုင်း ပေါင်းဖက်စုံမက်နိုင်ပါစေ။ ဟိဟိဟိ အဟိ အဟိ အဟိ
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment