Pages

▼

Wednesday, March 19, 2014

Myanmar APN (Beta) for Android

 ကဲ ကျွန်တော်လည်း ဖုန်း App လေးတွေမတင်ဖြစ်တာ နည်းနည်းတော့ကြာသွားပြီဗျ ဒါကြောင့် အကောင်းဆုံးဖြစ်စေတာတွေနဲ့ အသုံးဝင်တဲ့ App လေးတွေကို တင်ပေးသွားပါမယ် ကျေးဇူပြု၍ မတင်ဖြစ်တဲ့အခါလေးတွေမှာ ခဏတော့စောင့်ဆိုင်းပေးစေလိုပါတယ်ခင်ဗျာ...

ဖုန်း internet setting ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ auto ထည့်ပေးမှာပါ ။ GSM/WCDMA / CDMA 800 / CDMA 800 (1500 Ks) တို့ရဲ့ အင်တာနက် setting များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ထည့်သွင်းပေးပါမယ်။ ဒီ app လေးကိုအသုံးပြုဖို့အတွက် ဖုန်းမှာ Root access တော့ရှိဖို့လိုပါလိမ့်မယ်။ အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။

သုံးပုံသုံးနည်းအနေနဲ့ အခုပေးထားတဲ့ Application လေးကိုဖုန်းမှာ install လုပ်ပြီး check root access ကိုနှိပ်ပါ။ ဖုန်းမှာ root access ရတယ်ဆိုရင် system ထဲကိုနည်းနည်းဝင်နှိုက်ပြီး application ထဲကနေပြန်ထွက်သွားပါမယ်။ All Application ထဲမှာကြည့်လိုက်ပါ ။ Myanmar Apn ဆိုတဲ့နာမည်နဲ့ ဆော့ဝဲလေးတစ်ခုရောက်နေတာကိုတွေ့ရပါမယ်။ Myanmar Apn ထဲကိုဝင်ပြီး ကိုယ့်ဖုန်းအမျိုးအစားအလိုက် Apn setting ခလုတ်တစ်ချက်နှိပ်ရုံလေးပါပဲ။ setting ထည့်ပြီးဖြစ်ပါလိမ့်မယ်။
Myanmar Apn (Beta) for Android ကိုအောက်က link မှာရယူပါ။

http://d-h.st/HqV
(or)
hotfile
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment