Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, March 10, 2014

CDMA 800-MHz Android ဖုန်းတွေမှာ မိုဘိုင်း အင်တာနက် ( MPT Network - Access Point ) ဘယ်လို ချိတ်ဆက်မလဲ

 မြန်မာ ဆက်သွယ်ရေးမှ ချထားပေးတဲ့၂ သိန်း ၊ ၂ သိန်းခွဲ ၊ ၅ သိန်း တန် ဖုန်းတွေ အတွက် အင်တာနက် လျောက်ထားပြီးတဲ့အခါ လိုင်းပွင့် ပြီးနောက် အင်တာနက် အသူံးပြုချင်လျှင် မိမိ ဖုန်းကို Mobile Data Access ဖြစ်ဖို့ နဲ့ MPT Access Point ထည့်သွင်းဖို့ လိုအပ်ပါတယ်။

CDMA 800-MHz Android ဖုန်းတွေမှာ Data Access ဖြစ်ဖို့ နဲ့  Access Point ထည့်ဖို့  ဘယ်လို ထည့်သွင်းရတယ် ဆိုတာ ဖော်ပြပေးပါမယ်။

1 - Menu Key နှိပ်ပြီး Setting ထဲ ဝင်ပါ။
2 - Setting ထဲ ဝင်ပြီးရင် Wireless & Networks ထဲ ဝင်ပါ။
3 - Wireless & Network ထဲက Mobile Networks ထဲ ဆက်ဝင်ပါ။
4 - ပြီးလျှင် Access Point Names ထဲဝင်ပါ။
5 - Menu Key နှိပ်ပြီး New APN ကိုဝင်ပါ။
6 - Name ကို ထပ်ဝင်ပါ။ Name မှာ ကိုယ်ကြိုက်တဲ့ နာမည် ရိုက်ထည့်ပါ။ ပြီးလျှင် Ok နှိပ်ပါ။
7 - APN ကိုဆက်ဝင်ပါ။ CDMA 800-MHz ဖုန်း အမျိုးအစား အတွက် #777 လို့ ရိုက်ရပါ့မယ်။ ပြီးလျှင် Ok နှိပ်ပါ။
8 - CDMA 800-MHz ဖုန်း အမျိုးအစား အတွက် Username ထဲမှာ အဆင့်-၆ (No.6) မှာ ပေးခဲ့တဲ့ Name - နာမည် နောက်မှာ @c800.mm ကိုပါ ပေါင်းထည့်ပါ။ ဥပမာ - နာမည်မှာ zkt လို့ ပေးခဲ့လျှင် zkt@c800.mmလို့ ရိုက်ထည့်ပေးရ ပါမယ်။ ပြီးလျှင် Ok နှိပ်ပါ။
9 - CDMA ဖုန်းများအတွက် Password ထည့်ပေးရပါမယ်။ ကိုယ်ကြိုတ်တဲ့ Password ပေးလိုက်ပါ။ ပြီးလျှင် Ok နှိပ်ပါ။
10 - CDMA ဖုန်းများအတွက် Authentication Type မှာ PAP (or) CHAP ကို ရွေးချယ်ပေးရပါမယ်။
11 - CDMA ဖုန်းများအတွက် APN Protocol မှာ Internet (သို့ မဟုတ်) * ကို နှိပ်ပါ။ IPV4 Setting ပါလျှင် IPV4 ကိုသာ ရွေးပေးပါ။
12 - အဆင့် ၁ မှ ၁၁ ထိပြီးလျှင် Menu Key နှိပ်ရ်ျ Save လုပ်ပါ။
13 - ပြီးလျှင် APNs နေရာမှာ MPT Network ကို ခုနက ကိုယ် ထည့်သွင်းလိုက်တဲ့ အမည် နဲ့ ပေါ်လာပါလိမ့်မယ်။ အဲ့ဒါလေးကို နှိပ်လိုက်ပါ။ ငွေကျပ် ၁၀၀၀၀ နဲ့ လိုင်းလျှောက်ထားပြီးလို့ သင့်နံပါတ်ကို လိုင်းဖွင့်ပြီးလျှင် အစိမ်းရောင်လေး ပေါ်လာပါလိမ့်မယ်။
14 - အားလူံးပြီးလျှင် Mobile Network Setting ထဲပြန်ဝင်ပြီး Data Enable (အမှန်ခြစ်) ပေးလိုက်တာနဲ့  ဖုန်းမှာ E (သို့ မဟုတ်) H ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုလျှင် ကိုယ့်ဖုန်းမှာ ချိတ်ဆက်ထားတဲ့ MPT အင်တာနက် အသူံးပြုနိုင်ပါပြီ။

မှတ်ချက် - လိုင်းလဲ လျှောက်ထားမယ် ၊ လိုင်းလဲ ပွင့်တယ် ၊ လိုင်းလဲ ချိတ်ပြီးရဲ့ သားနဲ့ မှ အင်တာနက် အသူံးပြုလို့ မရလျှင် ဖုန်းကို Restart ပါဝါ ပိတ်ပြီး ပြန်ဖွင့်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

အားလူံးအဆင်ပြေပါစေလို့ - -

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment