Pages

Tuesday, March 11, 2014

မှော်ဝင်အိမ်

ကျတော်တို့မြို့မှာနာမည်ကြီးလုမိုက် ရေချမ်းဆိုတာရှိတယ်။သေမထူးနေမထူးကြီး ပေါ့ အသက်က ၃၅ ဝန်းကျင် လောက် ရှိပြီ။သူနဲ့ မိုက် ဖော်မိုက်ဖက် သေဖေါ် သေဖက် မျောက်ကြီးဆိုတဲ့ လူမိုက်ကြီးတ ယောက်လဲရှိ သေးတယ်။သူတို့နစ် ယောက်က ထောင် ထဲမှာ တွေ့ခဲ့ကြတာ ဆို ပေမဲ့ တကယ် ညီအကို အရင်း တွေနဲ့ မခြား ချစ်ကြ သစ္စာ ရှိကြတယ်။
တနေ့မှာ သူတို့ လူမိုက်ဘဝကို လက်စ တုံးနိုင် မဲ့ အခွင့်အ ရေး တခုကို တခြား မြို့ က လူတ ယောက်ဖြစ်တဲ့ ကို မိုးကျော် ဆိုတဲ့လူ ရောက်လာတယ်။လူ သတ်ဖို့ ရိုက်ခိုင်းမလို့မဟုတ်ပဲ အိမ် တလုံးထဲမှာ ရှိတဲ့ လှို့ဝှက်ချက် ကို ဖေါ်ခိုင်းလိုက်တယ်။အဲ့ဒါက အိမ်ကြီးရဲ့တ နေရာမှာရှေးဘုရင် တပါးရဲ့အရိုး အိုးကို ဖေါ်ခိုင်းတယ်။ အောင်မြင်ရင် ဆု ကြေး ငွေက တသက် သုံး မကုန်နိုင်တဲ့ ငွေ ကြေး။သူတို့ အလုပ် လက်ခံပြီဆိုတာနဲ့ ငွေ ကိုလို သ လောက် ထုတ်ယူခွင့် ရှိတယ်။
သူတို နစ်ယောက်တခါမှ မသောက်ဖူတဲ့အရက်ကောင်း တွေ သောက်ကြပြီး ပျော်နေကြတာ ပေါ့။သူတိ့ ပျော် နေတာကို မနာလိုသူတွေအများ ကြရှိကြပေမဲ့ လူမိုက်ကြီး တွေဆို တော့ မကဲ့ရဲ့ ရဲကြဘူး။သူတို့ ခရီး စထွက်ဖို့ လာ ခေါ် တော့ သူတိုက ပျော် ပျော်ကြီး လိုက်သွားကြတာ ပဲ။
သူတို့ လုပ်ငန်းစရမဲ့ အိမ်ကြီး ကို ရောက်တော့ ကားသမားက တခုသတိ ပေးခဲ့တယ်။အ ရာရာ သတိရှိပါတဲ့။သူတို့ အိမ်ထဲစဝင် ဝင်ချင်းမှာပဲ တခါမှ မ ဖြစ်ဘူးတဲ့ ကြောက်စိတ်တွေ ဖြစ်လာခဲ့တယ်။
တ ယောက်မျက်နှာ တ ယောက် မတိုင်ပင်ပဲ ကြည့်မိကြတယ်။သူတို့ လဲ ပေါက်တဲ့နဖူးဟမထူးဆိုပြီး သေ မြေကြီး ရှင် ရွှေထီး သ ဘောထားပြီးစွန့်စားကြတော့ မယ် ပေါ့။သူတို့ လိုအပ်တဲ့ စား သောက်စရာ တွေ အိပ်ရာ တွေ ထွက်ဝယ်ပြီး ပြန်လာကြတယ်။ည နေ စောင်းလောက်ရှိပြီ သူတို့ ကြန် ရောက် ကြတော့။သူတို့ စားစရာ တွေ နေရာ ချပြီး ရေမိုးချိုးကြဖို့ ပြင်ဆင်ကြတယ်။ရေချိုး ခန်းက တခန်းထဲ ဆို တော့ ရေချမ်းက အရင် ဝင်ချိုး တယ်။သူ ရေချိုး နေတုန်း အခန်း တခါးကို တဒုန်းဒုန်း ထု သံကြားရတယ်။ရေချမ်းက မျောက်ကြီး စ နေတာပဲ ထင်ပြီး ဆဲတာ ကျမ်းတ စောင် တောင်ထုတ်လို့ရတယ်။ရေချမ်း ပြန်ထွက်လာ တော့ မျောက်ကြီးက ရေ တောင်ချိုးပြီး နေပြီ။ရေချမ်းက မင်း ဘယ်မှာ ရေသွားချိုးတာလဲဆို တော့ မင်း ခုနက ရေချိုးတဲ့ အခန်းထဲမှာ မင်းထွက်လာပြီး တော့ သွားချိုး တာ လေ ဒါနဲ့ မင်းက နောက် တ ခေါက် ထပ်ချိုး တာ လားတဲ့။ရေချမ်းက ငါက ခုမှ ရေချိုး ပြီးတာကွ ဆို တော့ သူတို့ တော် တော် အံ့သြ သွားကြတယ်။တပြိုင်ထဲ အခန်းတခုထဲမှာ ရေအတူ ချိုး ကြပြီး တ ယောက်ကို တ ယောက် မ တွေ့ ကြဘူးလေ။
သူတို့ နစ် ယောက် ညဘက်ကျရင် အလုပ်စ ကြဖို့ တိုင်ပင်ကြတယ်။ပြီးတော့ ဘာလုပ်လုပ် အတူ လုပ်ကြမယ် ပေါ့။
သူတို့ ပထမ ဦးဆုံး အိမ် ရှေ မှာ ရှိတဲ့ ရေတွင်းပျက် ဘေးက အုတ်ခုံ အောက်ကို စပြီး တော့ တူးကြတယ်။သူတို့ တူးလိုက် သောက်လိုက်နဲ့ တွင်းလဲ တော် တော် နက်လာပြီ ဘာမှ မ တွေ့ ကြဘူး။လူတွေကလဲ မူးသ လောက်ရှိလာကြပြီ။ညကနက်သ ထက်နက်လာတော့ သူတို့ အိမ် ပေါ် ပြန်တက်ကြတယ်။မော မောနဲ့ခန အနားယူ နေတုန်းမှာ အသံတသံကြားလိုက်ရတယ်။အိမ် အဝင် ပေါက် အ ရှေက နဂါး ရုပ် အောက်ကို တူးပါတဲ့။အဲ့ဒီအချိန်မှာ နစ် ယောက်လုံးခေါင်း တွေ ကြီးသွားကြတယ်။သူတို့က မမူးကြ သေးဘူး အိပ်လဲ မ ပျေည်ကြသေးဘူးလေ။အသံကြီးက ထင်ထင် ရှားရှားကြီး။သူတို့နစ် ယောက်လဲ မီးအိမ်ကိုယ်စီ စွဲပြီး အိမ်အ ဝင် ရှေက နဂါးရုပ် ကိုတူးကြတာပေါ့။နဂါးရုပ်က နစ်ရုပ်ဆိုတော့ တ ယောက်ကို တရုပ်တူးကြတယ်။တွင်းကသာနက်လာတယ် ဘာမှမထူးခြား သေးဘူး။စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေကြတုန်းမှာ တွင်းထဲက ကြွက် တွေ လင်းနို့ တွေ ထွက်လာတယ်။ပြီး တော့ အနံ့ဆိုးကြီး တခု နောက်တော့ လူမျက်လုံး မခံနိုင် လောက် အောင် စူးရှ တဲ့ အလင်းတန်း ကြီးထွက်လာတယ်။သူတို့ နစ် ယောက် တ ယောက် လက်ကို တ ယောက် ကျစ် ကျစ်ပါ အောင် ဆုတ်ထားကြပြီးမျက်လုံး တွေကို မှိတ်ထားလိုက်ကြတယ်။နောက်တော့ သူတို့ လောက ကြီးနဲ့ အဆက်အသွယ် ပျက်သွားကြတယ်။
သူတို့ သတိရလာတဲ့ အချိန်ကျတော့ မိုးစင်စင် လင်း နေပြီ။အိမ် ရှေကြီးမှာ နစ် ယောက်သား အိပ် လျှက် အ နေအထား ပေါ့။ညက သူတို့ တူးထားကြတဲ့ နဂါးရုပ် အောက်က တွင်းကြီးက လဲ ဘာမှမရှိ အ ကောင်းပကတိ အတိုင်း ခြေရာ လက်ရာ မပျက် တွေ့လိုက် ကြရတယ်။သူတို့ တွေ အံ့ သြလွန်းလို့ နှုတ် တွေ ဆွံ့အ နေကြတယ်။နောက် ထူးခြားတာ တခုက သူတို့ တူးထားတဲ့ ရေတွင်း ဘေးက အုတ်ခုံ ကလဲ အ ကောင်း အတိုင်းပဲ ရှိ နေသေးတာပဲ။သူတို့ နစ် ယောက် ဒီ လောက် ထူးဆန်းတဲ့ အဖြစ် အပျက် အတွက် ကြောက်အားထက် မခံ ချင်စိတ် တွေသိချင် စိတ် တွေသာ ပို လာခဲ့တယ်။သူတို့ တည လုံး ပင်ပန်း သမျှ အရာ မထင်ခဲ့ကြဘူး။
နောက် နေ့ ည ကျ တော့ သူတို့ နစ် ယောက် သောက် လဲ မ သောက် ကြဘူး။ည နေ စောင်း တော့ သူ တို့ ကို ပြောတဲ့ အသံရှင် ကို စောင့် နေကြတယ်။ည နက် တဲ့ အထိ ဘာမှမထူးခြားဟတော့ သူတို့ တွေ အိမ် အ နောက် ဘက်က အုတ်ဂူ ကို တူးကြဖို့ ဆုံး ဖြစ် လိုက်ကြတယ်။သူတို့ လို အပ်တာ တွေ ယူပြီး အုတ် ဂူ ကို စဖွင့်ကြတာ ပေါ့။အုတ်ဂူက ရှေး လက် ရာ ဆို ပေမဲ့ တော် တော် ကို ခိုင် ခံ့ တယ်။နစ် ယောက်လုံး ချွေး သီး ချွေး ပေါက် ကျတဲ့ အထိ အားကုန် ထု ရိုက် နေတာ တောင် အရာ မထင် သေးဘူး။သူတို့ ကလဲ ဇွဲ ကြီး ကြီးနဲ့ ဖွင့်ကြတာ့ အုတ်ဂူ ထိပ် ဖက်က ပွင့်သွားတယ်။အဲ့ ဒီ အပွင့် ထဲ မှာ လူ တ ပိုယ်စာ ဝင်ဆံ့ နိုင် လောက်တဲ့ အထိ ကျယ်တဲ့အ ပေါက် တခု ရှိ တယ်။ဒါနဲ့ သူတို့ တွေ ဝင် ကြည့် ကြဖို့ မျောက် ကြီးက ဓာတ် မီး ကြီး ကိုင် ပြီး ဝင် ကြည့် လိုက် တယ်။အ ပေါက်က စောက် လျှော ကြီး မ ဟုတ် တောင် အတန် လျှော တယ်။မျောက် ကြီး အထဲ ရောက် တော့ ရေချမ်းကို လှမ်း ခေါ် ပြီး ဝင်ခဲ့ ဖို့ ပြောတယ်။ရေချမ်းလဲ အထဲ ကို လျှော ဆင်း ဝင် ပြီးအထဲရောက် တော့ လမ်း ကျည်း လေး တခု ထဲ ရောက် နေ သလို ပဲခံစာုးကြရတယ်။သူတို့ အတန်ကြာလျှောက် သွားမိကြတယ်။လမ်း ဆုံး လို့ ထင် ရတဲ့ နေ ရာ မှာ အိုး တလုံး ရှန တယ် အဲ့ ဒီ အိုး ပတ်လည်မှာ ဓား နစ် ချောင်း ကြက် ခြေ ခတ် အ နေ အထား နဲ့ ရှစ် လက် ရှိ တယ်။ရေချမ်းက အိုး ကို ဝင် ယူ မယ် အလုပ်မှာ မျောက် ကြီးက အနားမှာ ရှိ တဲ့ ရွှေဓား တ ချောင်း ကို အရင် ပစ် ထဲ့ လိုက်တယ်။စော စောက ကြက် ခြေ ခတ် ပုံ ဓား ရှစ် လက်က မထင် မှတ် လောက်တဲ့ အမြန် နှုန်း နဲ့ မျောက် ကြီး ပစ် လိုက်တဲ့ ဓား ကို ဖျက်ထုတ် ကာ ကွယ် သွားတယ်။လူသာ င် မိ လိုက် ရင် တော့ အ သက် ဘယ်က င်္ထက် သွား မှန်း တောင် သိလိုက်မယ် မထင်။ကြောက် မက် ဖွယ် ဓား စက် အစွမ်း တွေပါပဲ။
သူတို နစ် ယောက် ကြံ ရာ မရ ဖြစ် နေကြတုန်း မှာ နံရံ လေး ဘက်က မြည် ဟီး တုန်ခါ လာတယ်။ကြောက် မက် ဖွ ယ် အသံ တွေနဲ့အတူ မီတောက် တခုက ကပ် ငြိ ပါလာတယ်။ ရေချမ်းက သေ ကာမှ သေဆိုတဲ့ စိတ်နဲ့ ဓား စက် ကြား က အိုး ကို ပြေး ယူ ပြီး အထွက် ကြောက် မက် ဖွယ် ရန်လိုမှု အပြည့်နဲ့ ကြည့် နေတဲ့ မျောက် ကြီး ကို တွေ့ လိုက် ရတယ်။ ရေချမ်းက မျောက် ကြီး ရဲ့ ထူးခြားမှု ကြောင့် ကြောက် လန့်တကြား နဲ့ လာရာ လမ်း အတိုင်း ဇွတ် တိုး ပြေး လာခဲ့ တယ်။သူ အ နောက်မှာ လဲ ကြောက် မက်ဖွယ် အော်သံ တွေနဲ့ အတူ မီး တောက် ကြားက မျောက် ကြီး ကို တွေ့ ခဲ့ ရ သေးတယ်။ရေချမ်းက ကျစ် ကျစ် ပါ အောင် ဆုတ် ထားတဲ့ အိုးနဲ့ အတူ ထွက် ပေါက် ရှိရာ ကို ပြေး လာခဲ့ တယ်။ဝင် ကာစ က လျှော လျှော လျှူလျှူ ဝင် လာခဲ့ပေမဲ့ အထွက် ခက် နေ လေရဲ့။နောက်ဆုံး တော့ အော် ဟစ် အ ကူအ ညီ တောင်း လိုက် တဲ့ နောက် လက် တစုံ က သူ ကို အ ပေါ် ကို ဆွဲ တင် လိုက် နိုင် ခဲ့ တယ်။အဲ့ ဒီ လက် ပိုင် ရှင်က တော့ သူ့ရဲ့ သေ ဖော် မျောက် ကြီး ပါပဲ။မျောက် ကြီး လက်ထဲ မှာ လဲ ကျ တော့ နည်းတူ အိုး တလုံး ကို တွေ့ ရ သေးတယ်။မျောက် ကြီး ဘာ တွေ ကြုံ ပြီး ကျ တော် တို့ ဘယ်လို ပြန်ခဲ့ ကြ သလဲ ဆို တာ ကတော့ မျောက် ကြီး ရဲ့ သ ဘော အရ ပြန် မ ပြောပြ ဖြစ် ခဲ့ တာ ခွင့် လွှတ် ပေး စေ ချင် ပါတယ်။
ကျတော် တို့ အိုး နစ်လုံး ကို အလုပ် အပ်တဲ့ သူ တွေ ဆီကို ပြန် အပ် လိုက် နိုင် ခဲ့ ပါတယ်။
ခုချိန်မှာ မျောက် ကြီး က တော့ လောကီ ဘဝ ကို အပြီး စွန့် ခွာ ပြီး သာသ နာ့ ဘောင် ကို ဝင် သွားခဲ့ ပါပြီ။


ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment