Pages

Tuesday, March 11, 2014

စိတ်ဖိစီးမှုတွေ များနေသလား သိရအောင် အောက်မှ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်.....



သင့်မှာစိတ်ဖိစီးမှုဘယ်လောက်ရှိလဲသိချင်ရင် ဒါလေးကိုမှန်အောင်ဖြေကြည့်လိုက်ပါ။
အရမ်း အရမ်းရှည်တဲ့ အုန်းပင်တစ်ပင် နဲ့ မျောက်အမျိုးအစား လေးကောင်ရှိသတဲ့ ...

ကင်းကောင် ၊ မျောက်ဝံ ၊ အော်ရင်အူတန် (လူ့ဦးနှောက်နီးပါး ရှိသောမျောက်)၊ မျောက်ငယ် ..
သူတို့တွေက အဲအပင်မှ ဌက်ပျောသီးကို အမြန်ဆုံး ဘယ်သူခူးနိုင်မလဲလို့ ယှဉ်ပြိုင်ကြတယ် ..

သင်ကောဘယ်လိုထင်လဲ .. ဘယ်မျောက်က အနိုင်ရမလဲဆိုတာ ..
ကဲ- သေချာ စဉ်စားပြီး seconds 30 အတွင်း ရအောင်ဖြေကြည့်လိုက်ပါ....


အဖြေမှန်မမှန် အောက်မှာ ကြည့်လိုက်ရအောင်-

သင့်အဖြေက ...
အော်ရင်အူတန် ဆိုရင် = သင်စိတ်ဖိစီးမှု တွေရှိနေပြီ ..
မျောက်ဝံ ဆိုရင် = သင်အနားယူဖို့ လိုအပ်နေပြီ ..
မျောက်ငယ် ဆိုရင် = တော်တော်ကြီးကို မှားနေပြီ .. စိတ်ရောဂါကုဆေးရုံသွားသင့်ပြီနဲ့တူတယ် ...
ကင်းကောင် ဆိုရင် = သင် တစ်နှစ်လောက် ကောင်းကောင်း အနားယူသင့်ပြီ ...
ဘာဖြစ်လို့လဲဆိုတော့ ....

အုန်းပင်ပါဆိုမှ ဘယ်ကငှက်ပျောသီးက လာသီးနေရမှာလဲ

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment