Pages

▼

Monday, February 17, 2014

သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှား ဖုန်းဒေတာတွေကို ထောက်လှမ်းနေတဲ့ အကြောင်း ဖော်ထုတ်လိုက်တဲ့ Snowden


အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊  အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။
 အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSA) နဲ့ သြစတြေးလျ အစိုးရ သတင်းစုဆောင်းရေး အေဂျင်စီ (ASD) တို့ ပူးပေါင်းပြီး  အင်ဒိုနီးရှား တယ်လ်လီဖုန်းလိုင်း အချက်အလက်တွေကို ၀င်ရောက်ထောက်လှမ်းနေတဲ့အကြောင်း အသေးစိတ်ကို ဖော်ပြထားပါတယ်။

ထိပ်တန်းလျှို့ဝှက် တွေကတော့ သြစတြေးလျ ASD ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်တွေကို ထောက်လှမ်း ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ အချက်အလက်တွေ ပါပဲ။ 
 
၂၀၁၂ခုနှစ် NSAရဲ့ ဖိုင်တွဲတွေအရ သြစတြေးလျ ASD ဟာ Indosat (အင်ဒိုနီးရှားပိုင် ဂြိုလ်တု) ရဲ့အဝေးဆက်သွယ်မှု တစ်ပြုံကြီးကို ထောက်လှမ်းနေကြောင်း ပါဝင်ပါတယ်။ အစိုးရ ၀န်ကြီးရုံးတွေရဲ့ ဆက်သွယ်မှုတွေက အစပေါ့။
 
၂၀၁၃ခုနှစ် ဖော်ထုတ်လိုက်တဲ့ နောက်ထပ်ဖိုင်တွဲတစ်ခုမှာတော့ သြစတြေးလျ ASD ဟာ အင်ဒိုတယ်လီဖုန်းကွန်ယက်(Telkomsel) က အတွင်းရေးဆက်သွယ်မှုတွေကို အုပ်ထားတဲ့  ၁ ဒဿမ ၈ သန်းသော မာစတာကီးတွေကို  ဖြည်ထုတ်ထားတဲ့ အကြောင်း ပါလာပါတယ်။ 
 
Ref:bbc.co.uk

No comments:

Post a Comment