Pages

Wednesday, February 5, 2014

အရက်သောက်နည်း

ကျွန်တော်အရက်သောက်တတ်အောင်လည်း သက်နိုင်ထွန်းသင်ပေးတယ်၊ ပေါက်ကရတွေ ပေါတောတောတွေလုပ်တတ်အောင် ကျော်လင်းဦးသင်ပေးတယ်၊ ဖွန်ကြောင်တတ်အောင်ရယ် ဆေးလိပ်သောက်တတ်အောင်ရယ် ထက်ကောင်းဝေသင်ပေးတယ်ဗျ ကြော်ငြာဝင်တာနော် ကဲအောက်ကဟာသလေးကို ဖတ်လိုက်အုံးနော်


မြို့လေးတစ်မြို့မှာရှိတဲ့ ဘား ဆိုင်ထဲကိုလူစိမ်းတစ်ရောက်ဝင်လာတယ်ဗျ...
လူစိမ်းဆိုတော့လဲ ဆိုင်ထဲကလူတွေက ကျိတ်ရှိုးလေးရှိုးကြတာပေါ့
အဲ့ဒီလူက အေးဆေးအထာမျိုးနဲ့ ခုံမှာဝင်ထိုင်ပြီးတော့ အရက်မှာလိုက်တယ်...
''' ၀ီစကီ နှစ်ပတ် နှစ်ပတ် နှစ်ပတ်...သုံးခွက်ပေးပါ."""
ဆိုင်ရှင်ရော ဆိုင်ထဲကလူတွေပါ ဘာလဲဟ ဆိုပြီး ၀ိုင်းကြည့်တာပေါ့
အဲ့ဒီလူက ဘာမှ မပြောပဲနဲ့သူဟာသူသောက်စရာရှိတာသောက်ပြီးလစ်သွားတယ်
ဒီလိုနဲ့ ၂ ရက် ၃ ရက်လောက်
နေတော့ဆိုင်ရှင်က မနေနိုင်မထိုင်နိုင် စပ်စုပါလေရော
""" နေပါဦးဗျ...ခင်ဗျားက ၀ီစကီကို တစ်ခွက်ထဲသောက်ရင်လည်းရရဲ့သားနဲ့
ဘာဖြစ်လို့ သုံးခွက် သုံးခွက် မှာမှာသောက်တာတုန်းဗျ"""
အရက်သမား ------ ဒီလိုဗျ..ကျွန်တော့်မှာအကိုနှစ်ယောက်ရှိတယ်ဗျ
ကျွန်တော့အကိုတွေကိုသိပ်လေးစားတာ...ဒါကြောင့် ကျွန်တော်ဂါရ၀ပြုတဲ့အနေနဲ့
သူတို့ဖို့
တစ်ခွက်စီ သောက်ပေးတာပါဗျာ...
ဆိုင်ရှင် ----- သြော်....ဟုတ်လား...&^$#$(&^%#@
နောက်တစ်ပတ်လောက်လဲနေရော...
အရက်သမား -- ၀ီစကီကို နှစ်ပတ် နှစ်ခွက်ပဲပေးပါတော့ဗျာ....
ဆိုင်ထဲကလူတွေရော..ဆိုင်ရှင်ပါ အံသြသွားတယ်...အားလုံးထင်ကြတာက သူ့အကိုတစ်ယောက်
ယောက်တော့ရှော(သေ)သွားပြီပေါ့
ဒါနဲ့ဆိုင်ရှင်က အရက်ခွက်သွားချရင်းနဲ့ "''
စိတ်မကောင်းစရာပါပဲဗျာ...ကျွန်တော်တို့ခင်ဗျားအကို
အတွက်ဝမ်းနည်းပါတယ်'''''''
အရက်သမား ----- အင်...ကျုပ်အကိုက ဘာဖြစ်နေလို့လဲဗျ
ဆိုင်ရှင် ----- ခင်ဗျားအကိုဆုံးသွားတာမဟုတ်ဘူးလား
အရက်သမား -- ဘာလို့ဆုံးရမှာလဲဗျ..အိမ်မှာအကောင်းကြီး....
ဆိုင်ရှင် -- နေပါဦးဗျာ..ဒါဆိုခင်ဗျားက ဘာလို့ဒီနေ့မှ ၀ီစကီကို
နှစ်ခွက်ပဲမှာရတာလဲ
နှစ်ခွက်ပဲမှာတော့ ကျုပ်က
ခင်ဗျားအကိုတစ်ယောက်ယောက်များတစ်ခုခုဖြစ်တာများလားလို့ပေါ့
အဲဒါကြောင့်မေးမိတာပါဗျာ.....
အရက်သမား ------ သြော်ဒါလား....ဟင်းဟင်း...ဒီလိုဗျ..ကျွန်တော်ကအရက်ဖြတ်လိုက်ပြီလေ..
ဒီသောက်နေတဲ့ခွက်တွေက ကျွန်တော့အကိုတွေအစားသောက်ပေးနေတာပါတဲ့ ကဲ...။

____________________________________
Reference and Credit to - စိုးဇေယျာထွန်း,မိုးဇော်
Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)
မြို့လေးတစ်မြို့မှာရှိတဲ့ ဘား ဆိုင်ထဲကိုလူစိမ်းတစ်ရောက်ဝင်လာ
တယ်ဗျ...
လူစိမ်းဆိုတော့လဲ ဆိုင်ထဲကလူတွေက ကျိတ်ရှိုးလေးရှိုးကြတာပေါ့
အဲ့ဒီလူက အေးဆေးအထာမျိုးနဲ့ ခုံမှာဝင်ထိုင်ပြီးတော့ အရက်မှာလိုက်တယ်...
''' ၀ီစကီ နှစ်ပတ် နှစ်ပတ် နှစ်ပတ်...သုံးခွက်ပေးပါ."""
ဆိုင်ရှင်ရော ဆိုင်ထဲကလူတွေပါ ဘာလဲဟ ဆိုပြီး ၀ိုင်းကြည့်တာပေါ့
အဲ့ဒီလူက ဘာမှ မပြောပဲနဲ့သူဟာသူသောက်စရာရှိတာသောက်ပြီးလစ်သွားတယ်
ဒီလိုနဲ့ ၂ ရက် ၃ ရက်လောက်
နေတော့ဆိုင်ရှင်က မနေနိုင်မထိုင်နိုင် စပ်စုပါလေရော
""" နေပါဦးဗျ...ခင်ဗျားက ၀ီစကီကို တစ်ခွက်ထဲသောက်ရင်လည်းရရဲ့သားနဲ
ဘာဖြစ်လို့ သုံးခွက် သုံးခွက် မှာမှာသောက်တာတုန်းဗျ"""
အရက်သမား ------ ဒီလိုဗျ..ကျွန်တော့်မှာအကိုနှစ်ယောက်ရှိတယ်ဗျ
ကျွန်တော့အကိုတွေကိုသိပ်လေးစားတာ...ဒါကြောင့် ကျွန်တော်ဂါရ၀ပြုတဲ့အနေနဲ့
သူတို့ဖို့
တစ်ခွက်စီ သောက်ပေးတာပါဗျာ...
ဆိုင်ရှင် ----- သြော်....ဟုတ်လား...&^$#$(&^%#@
နောက်တစ်ပတ်လောက်လဲနေရော...
အရက်သမား -- ၀ီစကီကို နှစ်ပတ် နှစ်ခွက်ပဲပေးပါတော့ဗျာ....
ဆိုင်ထဲကလူတွေရော..ဆိုင်ရှင်ပါ အံသြသွားတယ်...အားလုံးထင်ကြတာက သူ့အကိုတစ်ယောက်
ယောက်တော့ရှော(သေ)သွားပြီပေါ့
ဒါနဲ့ဆိုင်ရှင်က အရက်ခွက်သွားချရင်းနဲ့ "''
စိတ်မကောင်းစရာပါပဲဗျာ...ကျွန်တော်တို့ခင်ဗျားအကို
အတွက်ဝမ်းနည်းပါတယ်'''''''
အရက်သမား ----- အင်...ကျုပ်အကိုက ဘာဖြစ်နေလို့လဲဗျ
ဆိုင်ရှင် ----- ခင်ဗျားအကိုဆုံးသွားတာမဟုတ်ဘူးလား
အရက်သမား -- ဘာလို့ဆုံးရမှာလဲဗျ..အိမ်မှာအကောင်းကြီး....
ဆိုင်ရှင် -- နေပါဦးဗျာ..ဒါဆိုခင်ဗျားက ဘာလို့ဒီနေ့မှ ၀ီစကီကို
နှစ်ခွက်ပဲမှာရတာလဲ
နှစ်ခွက်ပဲမှာတော့ ကျုပ်က
ခင်ဗျားအကိုတစ်ယောက်ယောက်များတစ်ခုခုဖြစ်တာများလားလို့ပေါ့
အဲဒါကြောင့်မေးမိတာပါဗျာ.....
အရက်သမား ------ သြော်ဒါလား....ဟင်းဟင်း...ဒီလိုဗျ..ကျွန်တော်ကအရက်ဖြတ်လိုက်ပြီလေ..
ဒီသောက်နေတဲ့ခွက်တွေက ကျွန်တော့အကိုတွေအစားသောက်ပေးနေတာပါတဲ့ ကဲ...။

No comments:

Post a Comment