Pages

Thursday, February 6, 2014

ဘောလုံးလောကမှာ လက်ရှိအမြန်ဆုံးကစားသမား(၁၀)ယောက်က ဘယ်သူတွေ ဖြစ်မလဲ။


ကမ္ဘာ့ဘောလုံးအဖွဲ့ အချုပ် ဖီဖာက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို မူတည်ပြီး နည်းစနစ်တကျတွက်ချက်ကြည့်တဲ့အခါမှာ မန်ယူတောင်ပံကစားသမား အန်တိုနီယို ဗလင်စီယာ ဟာ လက်ရှိဘောလုံးသမိုင်းတစ်လျှောက်အမြန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ဒီရလဒ်တွေဟာ ဘောလုံးပွဲတစ်ပွဲအတွင်းမှာ ဘောလုံးနဲ့ အတူ အမြန်ဆုံးပြေးနိုင်တဲ့ စံချိန်တစ်ခုကို တွက်ချက်ဖော်ထုတ်ထား တာဖြစ်တယ်လို့ ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ က ရှင်းလင်းပြောကြားခဲ့ပါတယ်။
၁။ အန်တိုနီယို ဗလင်စီယာ  - မန်ချက်စတာယူနိုက်တက်
ဖီဖာရဲ့ တရားဝင်အချက်အလက်တွေအရ ဗလင်စီယာဟာ လက်ရှိအချိန်ထိ ဘောလုံးလောကမှာ အမြန်ဆုံးကစားသမား တစ်ယောက်ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် အီကွေဒေါ ကစားသမားဟာ ဘောလုံးပွဲအတွင်းမှာ ဘောလုံးနဲ့ အတူ တစ်နာရီ ၃၅.၂ ကီလိုမီတာနှုန်း ဆွဲပြေးခဲ့ပြီး ဒါဟာ တစ်နာရီ ၂၁.၉ မိုင်နှုန်းနဲ့ ညီမျှပါတယ်။
၂။ ဂါရတ်ဘေး - ရီးယဲလ်မက်ဒရစ်
ပရီးမီးယားလိဂ်ကနေ လာလီဂါပြောင်းရွှေ့ ခဲ့ပြီးနောက် ဒဏ်ရာပြဿနာအနည်းငယ်နဲ့ ရုန်းကန်နေရပေမယ့် ဂါရတ်ဘေးလ်ဟာ လက်ရှိအချိန်ထိ ကမ္ဘာ့ဒုတိယအမြန်ဆုံးဘောလုံးသမား တစ်ယောက်ဖြစ်ပါတယ်။ စပါးအသင်းမှာ ရှိစဉ်တုန်းက တစ်နာရီ ၃၄.၇ ကီလိုမီတာ (၂၁.၆ မိုင်) နှုန်း စံချိန်တင်ဆွဲပြေးနိုင်ခဲ့တာဖြစ်ပါတယ်။
၃။ အာရွန် လန်နွန် - တော့တင်ဟမ်ဟော့စပါး
အင်္ဂလန်လူမျိုး တော့တင်ဟမ်ကလပ် တောင်ပံကစားသမားဟာ ပေါ့ပါးတဲ့ခန္ဓာကိုယ်နဲ့ အတူ လျင်မြန်စွာ ပြေးကစားလေ့ရှိပါတယ်။ တစ်နာရီ ၃၃.၈ ကီလိုမီတာ ( ၂၁ မိုင်) နှုန်း အထိ စံချိန်ရောက်ရှိခဲ့ပြီး ကမ္ဘာ့တတိယ အမြန်ဆုံး ဘောလုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
ကျန်တဲ့ ကစားသမား (၇) ယောက်ကို အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment