Pages

Thursday, February 6, 2014

နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသားများ စီးလာသည့် ကျောင်းကားတစ်စီးကို အခြားကားတစ်စီးက ခြိမ်းခြောက်ရန်ပြု

ရန်ကုန်-ဖေဖော်ဝါရီ ၆

ယနေ့ နံနက် ၉း၀၀ အချိန်ခန့် က နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ ကျောင်းသားများ စီးလာသည့် ကျောင်းကားတစ်စီးကို အခြားကား တစ်စီးက ကားကိုဒုတ်နှင့်ထု၍ လည်ကောင်း ဆဲဆို၍လည်ကောင်း ရွှေဂုံတိုင်ဂုံးကျော်တံတားအဆင်းထိ လိုက်၍ ခြိမ်းခြောက်ရန်ပြုခြင်း ခံခဲ့ရကြောင်း ဗဟန်မြို့ နယ်ရဲစခန်းမှ သိရသည်။

နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) မှ  ကျောင်းသားများ စီးလာသည့် လိုက်ထရပ်အဖြူရောင် ကျောင်းကားသည် လစ်လမ်းမှ ရွှေဂုံတိုင်ဘက်သို့ ချိုးကွေ့ စဉ်တစ်ဖက်ယာဉ်ကြောမှ Honda Fit အဖြူရောင်ကားနှင့်ဘေးချင်းကပ်လျက်ဖြစ်ပြီးအဆိုပါ Honda Fit မှကျောင်းကားနားသို့ ကပ်လာသဖြင့် ကျောင်းကားမှ ဟွန်းတီးရာ--

"မင်းကဘာလို့ တီးတာလဲ ငါကဘယ်အထိဘေးချပေးရမှာလဲ"ဟုပြောကာ ကားကိုဒုတ်နှင့် ထု၍ လည်ကောင်း ဆဲဆို၍ လည်ကောင်း ရွှေဂုံတိုင်ဂုံးကျော်တံတား အဆင်းထိလိုက်၍ ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသူတစ်ဦးထံမှ သိရသည်။
"သူကအဲ့လိုလုပ်တော့ ကားပေါ်မှာနှလုံးရောဂါသည် အမကြီး တစ်ယောက်ပါတယ်၊ သူကအရမ်းလန့် သွာပြီးသူ့ ယောကျာ်းကို ခေါ်ပြီး ဆေးခန်းတောင်သွားရတယ်"ဟုအဆိုပါ ကျောင်းသူက ထပ်မံ၍ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Honda Fit ယာဉ်းမောင်းအား ဗဟန်းမြို့ နယ်ရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။
Popular Myanmar News Journal


No comments:

Post a Comment