မင်းဟာ ကဗျာတစ်ပုဒ်
အဆုံးသတ်ထိ ရေးခွင့်မရခဲ့တဲ့
ငါ့ ရင်ဘတ်ထဲက ကဗျာတစ်ပုဒ်
သံစဉ်တွေ ဖွင့်ထုတ်
တေးသွားတစ်ပုဒ် ပြီးအောင်
မဆိုရသေးခင် ကြိုးပြတ်သွားတဲ့
ဂစ်တာညိုတစ်လုံးလဲ ဖြစ်သေးတယ်
ပြန်ပြောကြစတမ်းဆို
ဟော့ဒိ ကင်းဗတ်စပေါ်မှာ
စိတ်ရှိလက်ရှိ ငါရေးဆွဲသမျှ
အနုပညာ အလှအပများစွာဟာ
မင်းနဲ့ ပတ်သက်တဲ့
ဘယ်ဘက်ရင်အုံ တစ်ခြမ်းရဲ့
မှတ်တမ်းတွေချည်းပါပဲ
သြော် ....... တကယ်ဆို
ပြန်မပြောချင်တော့ဘူးကွယ်
အ ရာ ရာ ဟာ ......
ငါ့ နှလုံးသွေးတွေနဲ့ ချင်းချင်းနီအောင်
ခြယ် မှုန်း ထု ဆစ် ခဲ့ ရ
လှပတဲ့ အနာဂတ်ဘ၀တစ်ခုပေါ်မှာ
နင်းလျှောက်သွားတဲ့
မင်း ခြေထောက်နုနုတစ်စုံသာ
အသိဆုံးပါပဲ
No comments:
Post a Comment