Pages

▼

Tuesday, February 25, 2014

ရတနာမိုင်နဲ့ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှု

မိုင်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ ရတနာမိုင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကို တီးခေါက်ကြည့်တဲ့အခါ ‘တောင်ငူကနေ သီချင်းဆိုပြီး ပြန်လာတယ်။ ပြီးတော့ သန်းခေါင်စာရင်းနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတိုလေး ရိုက်ပေးဖို့ရှိတယ။် အဲ့ဒီအထဲမှာက ကျောင်းဆရာမပုံစံပေါ့။ ပြီးတော့ hello music နဲ့ မန္တလေး၊ မေမြို့မှာ သင်္ကြန်ခွေပရိုမိုးရှင်းရှိတယ်။ ရှေ့လထဲမှာပေါ့။ ပြီးတော့ မိုင်လေး Entertainment ကထွက်မယ့် အဆိုတော်ရှိုင်းရှိုင်း အခွေအတွက်လဲ ရှေ့လထဲမှာပဲ မန္တလေးနဲ့ မေမြို့ကို သွားဖို့ရှိတယ်။ နောက် နေပြည်တော်က မြန်အောင်မှာ သီချင်းသွားဆိုဖို့ရှိတယ်။ ပြီးတော့ မိုင်လေးရဲ့ပုံရိပ်များ အမ်တီဗီကိုလည်း အကောင်းဆုံး ကြိုးစားသွားဖို့ရှိပါတယ်။ ရိုက်ကူးမယ့်နေရာတွေကတော့ ငွေဆောင်၊ မေမြို့နဲ့ ဘန်ကောက်မှာလဲ သွားရိုက်ဖို့ စီစဉ်ထားတယ်။ သရုပ်ဆောင်တွေကိုလဲ အကောင်းဆုံး လူတွေကို ရွေးချယ်ပြီး ဒါရိုက်တာဝင်းလွင်ထက်နဲ့ အကောင်းဆုံး ဖန်တီးပြသသွားပါမယ်’လို့ ရတနာမိုင်က ပြောပြခဲ့ပါတယ်။

No comments:

Post a Comment