ဥပေက္ခာပြုခံရတာတွေများလာတဲ့အခါ
တစ်ယောက်ထဲ နေသားကျအောင် ကြိုးစားတတ်လာတယ်
အလေးအနက်ထားပေးခြင်းမခံရတာတွေ
များလာတဲ့အခါ…ကိုယ်ဖြစ်ချင်တဲ့အရာတွေကို
ဖွင့်မပြောဖြစ်ပဲမြိုသိပ်တတ်လာတယ်
ဒီလိုပါပဲ…ပိုင်ဆိုင်ခွင့်မရှိတော့ဘူးဆိုတာ
သေချာနေတဲ့အခါ နင် ပျော်ရွှင်ဖို့တစ်ခုထဲအတွက်
ငါ စွန့်လွှတ်ပေးဖို့ ဆုံးဖြတ်တတ်လာတယ်
ဒါပေမဲ့ အဲဒါတွေဟာ အချိန်အကန့်အသတ် တစ်ခုအတွင်းပါပဲ
နောက်ဆုံးတော့ ဘာဖြစ်လာလဲဆိုတော့ စိတ်တွေအရမ်းညစ်လာတဲ့အခါ
ပေးဆပ်ခဲ့တာတွေအားလုံးပြန်တွေးကြည့်လိုက်တော့ ကိုယ့်ကိုကိုယ်ရှက်တတ်လာတယ် မိန်ကလေးတစ်ယောက်အတွက်နဲ့ အဲလောက်ထိမလိုဘူးလို့ထင်လာတာပါပဲ............။
(ကိုယ်ပိုင်ဒဿနလေးပါ) ချမ်းမြေ့
No comments:
Post a Comment