ပထမဆုံး CIA ၀င်သွားတယ်။
သူတို့က
သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။ တိရိစ္ဆာန် သတင်းပေးတွေကို နေရာအနှံ့
ချထားတယ်။ သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ ဒါပေမယ့် လုံးဝ
မတွေ့ဘူး။ ရှုံးတယ်။အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA
ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။
FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။ မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ပစ်ခဲ့တယ်။း)) နောက်ဆုံးကျတော့ မြန်မာစစ်ထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွားတာပေါ့။ သိပ်မကြာပါဘူး။ မိလာတယ်။ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ ၀က်ဝံတစ်ကောင်။ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ... အမလေးဗျ... ကြောက်ပါပြီဗျ... ကျနော် ယုန်ပါခင်ဗျ... မနှိပ်စက်ပါနဲ့တော့.. ကြောက်ပါပီ..ကျနော် ယုန်အစစ်ပါခင်ဗျ တဲ့။
No comments:
Post a Comment